Tuesday, October 2, 2012

ရခိုင်ဒုက္ခသည်အလှူ ဖြန့်ဖြူးမှု မမှန်ကန်ကြောင်း ကန့်ကွက်စာပေးပို့


ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့
ပဋိပက္ခ ဖြစ်စဉ်ကာလတွေ အတွင်း
ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေး တိမ်းရှောင်
လာခဲ့ကြတဲ့ ဒုက္ခသည်တွေ အတွက်


 စေတနာရှင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ဆန်အိတ်ပေါင်း ၃၀၀ ကျော်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပဋိပက္ခဖြစ်စဉ်မှာ ပါဝင်ခဲ့ခြင်း မရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာကို ပေးအပ်ဖို့ စီစဉ်နေတဲ့အတွက် ပုဏ္ဏားကျွန်းမြို့ခံ လူထုတစ်ရပ်လုံးက မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
လက်ရှိ အတိဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကိုသာ ပေးအပ်ဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို မြို့ခံလူထု ၅၀၀ ကျော်က စုပေါင်းလက်မှတ် ရေးထိုးပြီး ဒီကနေ့ရက်စွဲနဲ့ ကန့်ကွက်စာ ပေးပို့လိုက်တယ်လို့ လက်မှတ်ရေးထိုးပေးပို့ရာမှာ ပါဝင်တဲ့ မြို့ခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက RFA ကိုပြောပါတယ်။



" ဒီမှာက ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့မှာ ဒုက္ခသည်စခန်း ရှိပါတယ်။ ဒါပေမယ့်
ဝန်ကြီးချုပ် လမ်းညွှန်ချက်နဲ့ နေပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကုလားကျေးရွာတွေကို
ပို့ပေးမယ်လို့ သိရပါတယ် ဆန်အိတ်တွေကို ။ အဲဒါကြောင့် မြို့နယ် လူထုတစ်ခုလုံးက မကျေမနပ်ဖြစ်ပြီးတော့   ကန့်ကွက်ကြတာပါ"

ပဋိပက္ခကာလ အတွင်းက ပုဏ္ဏားကျွန်းမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့
ဒုက္ခသည်တွေကို မြို့ပေါ်မှာရှိတဲ့ လောကမာရဇိန်သိမ်မှာ ဒုက္ခသည်စခန်း
ဖွင့်လှစ်ပြီး ထားရှိခဲ့ပါတယ်။




                               ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ 
                                        ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ်
                                        စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ 
                                        ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် 
                                        ခိုလှုံနေကြသော ဒုက္ခသည်များ

 ဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဒုက္ခသည်တွေဟာ နေရပ်အသီးသီးကို ပြန်လည် ထွက်ခွာသွားခဲ့ကြပြီး ဖြစ်တာကြောင့် ကျန်ရှိနေသေးတဲ့ ဆန်အိတ် အလှူတွေကို တစ်ခြားမြို့နယ်တွေက နေအိမ်မီးရှို့ခံရတဲ့ ဒုက္ခသည်တွေ အတွက် ပေးအပ်သွားဖို့ကိုလည်း ဝန်ကြီးချုပ်ဆီ ပေးပို့တဲ့စာထဲမှာ ရေးသားထားကြောင်း မြို့ခံတွေကပြောပါတယ်။


RFA (မြန်မာပိုင်း) 


အကြမ်းဖက်မှုရပ်ရေး မြန်မာနှင့် ဘင်္ဂလားဒေ့ခ်ျသံဃာများ တောင်းဆို

ဘင်္ဂလားဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား
ခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီး
ခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ သံရုံးရှေ့မှာ

 ဗုဒ္ဓဘာသာ သံဃာတော်တွေက ဒီကနေ့ မနက်ပိုင်းမှာ
 ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်သူ မြန်မာ ဆရာတော် တစ်ပါးက အခုလို မိန့်ကြားခဲ့ပါတယ်။

"လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ ဘင်္ဂလား ရဟန်းတော်တွေပေါ့လေ။
 ဒီလိုမျိုး အကြမ်းဖက်နေတာတွေကို ရပ်တန့်ပေးဖို့အတွက် အဲဒါကို အချိန်ကြာကြာကြီး သံရုံးထဲမှာ ပြောဆိုနေကြတယ် အပြန်အလှန်လေ။ ဟိုက ပြန်ပြောတာက
ထိုင်းနိုင်ငံမှာ ငါတို့ သံရုံး ရှိနေတာ ဒီကိစ္စတွေကို ဆောင်ရွက်ဖို့ မဟုတ်ဘူးတဲ့။
 နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးဖို့တဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် နက်ဖြန်ဆိုရင်
 ယူအင်န်ရုံးကို ဆက်သွားမယ်လေ။ ဗမာ ရဟန်းသံဃာတချို့နဲ့ ဘင်္ဂလားဒေ့ခ်ျ
 နိုင်ငံက ရဟန်းသံဃာ အပါး ၂၀၀ ပေါ့။"

ဒီဆန္ဒပြပွဲမှာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေကြတဲ့  မြန်မာသံဃာတွေ၊ ဘင်္ဂလားဒေ့ခ်ျ

နိုင်ငံက သံဃာတွေ ပါဝင်ခဲ့ကြပါတယ်။


စက်တင်ဘာလ ၂၉ ရက်နေ့ နဲ့ ၃၀ ရက်နေ့ ကဖြစ်ခဲ့တဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ
 ကော့စ်ဘဇား နဲ့ ရာမူး ခေါ် ပန်းဝါဒေသမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း (၁၁) ကျောင်းနဲ့ အနည်းဆုံး ဗုဒ္ဓဘာသာ
လူနေအိမ် ၂၀ လောက် မီးရှို့ ဖျက်ဆီးခံရတယ်လို့  နိုင်ငံတကာ
သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက တပ်အင်အား တစ်ထောင်နီးပါးလောက်နဲ့ ပန်းဝါ နဲ့

 ကော့စ်ဘဇား ဒေသက ဗုဒ္ဓဘာသာဝင် ကျေးရွာတွေ ရပ်ကွက်တွေကို လုံခြုံရေး
တင်းတင်းကြပ်ကြပ်ချပြီး အကာအကွယ် ပေးထားတယ်လို့ သိရပါတယ်။


RFA (မြန်မာပိုင်း) 
 

ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကျောင်းများ ကို အကြမ်းဖက် ၍ ဒါကာတက္ကသိုလ် ကျောင်း သူကျောင်းသား ၃၀၀ ကျော် ချီတက် ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်အနီးက Ramu နဲ့
Cox’s Bazaar မြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်း
ဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူတွေကို
 အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံး အရေး

ယူပေးဖို့နဲ့ လူနည်းစု ရခိုင် ဗုဒ္ဓဘာသာဝင်တွေကို အကာကွယ်ပေးဖို့တို့အတွက် ရာနဲ့ချီတဲ့ ဒါကာတက္ကသိုလ် ကျောင်း သားတွေ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီအကြမ်းဖက်မှုတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရကရိုဟင်ဂျာတွေလက်ချက်ဖြစ်တယ်လို့

 ပြောဆိုထားပေမဲ့ ပြည်ပရောက် ရိုဟင်ဂျာတွေကတော့ ဒီ စွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

Ramu လို့ခေါ်တဲ့ ပန်းဝါမြို့နဲ့ Cox’s Bazaar လို့ ခေါ်တဲ့ ဖလောင်းချိန် ဒေသတွေမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ တာဝန်ရှိသူတွေကို အမြန်ဆုံး ဖမ်းဆီး အရေးယူပေးဖို့ အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်တဲ့ ဒါကာ တက္ကသိုလ် က ကျောင်းသား ၃၀၀ လောက် ဒီကနေ့မနက်ပိုင်းက သူတို့ ကျောင်းဝင်းအတွင်းမှာ ချီတက် ဆန္ဒပြခဲ့ကြတာပါ။


အခု ချီတက် ဆန္ဒပြကြတဲ့ ကျောင်းသားအများစုဟာ Ramu နဲ့ Cox’s Bazaar ဒေသတွေက ကျောင်း လာတက်ကြတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul Karam Azad က ဗွီအိုအေကို ပြောပြပါတယ်။


“သူပြောသွားတာကတော့ - ဒီမနက်ပဲ Ramu နဲ့ Cox’s Bazaar ဒေသက ကျောင်းသားတွေဟာ တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာပဲ ချီတက် ဆန္ဒပြခဲ့ကြတာပါ-တဲ့။ သူတို့က အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့သူတွေကို ချက်ချင်း ဖမ်းဆီး အရေးယူဖို့၊ အိုးအိမ်ပျက်စီး ဆုံးရှုံးသွားသူတွေ အတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့တွေကို တောင်းဆိုခဲ့ကြပါတယ်-လို့ ပြောသွားတာပါ။”


ဒီဆန္ဒပြပွဲကို သတင်းထောက် ဘာသာရပ်ကို သင်ကြားနေကြတဲ့ တခြား ကျောင်းသား အတော် များများလည်း ပူးပေါင်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။


တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ရှိအာဏာရပါတီဖြစ်တဲ့ Awami League ပါတီ ရဲ့ ကျောင်းသားလူငယ်အဖွဲ့ကလည်း အလားတူ တောင်းဆိုချက်တွေနဲ့တူ သီးခြား ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ Abdul Karam Azad က ပြောပါတယ်။


အစိုးရအနေနဲ့ ဒီကိစ္စမှာ အဓိက တာဝန်ရှိသူတွေလို့ သံသယ ဖြစ်သူတွေအထဲ ရိုဟင်ဂျာတွေလည်း ပါတယ်လို့ Abdul Karam Azad က ဆက်ပြောပြပါတယ်။


သူပြောသွားတာကတော့- “  ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတဲ့ အစိုးရအရာရှိတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ တရားမ၀င် လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေရဲ့ လက်ချက်ဖြစ်နိုင် တယ်ဆိုပြီး သံသယ ရှိနေကြပါတယ်- တဲ့။ အစိုးရအနေနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည် နယ်အတွင်းမှာ ဖြစ်ခဲ့ တဲ့ ပဋိပက္ခတွေလို အဖြစ်မခံနိုင်ဘူးဆိုတာကို ပထမဆုံး အကြိမ်ပြသလိုက်တာလည်း ဖြစ်တယ် - လို့ ပြောသွားတာပါ။


ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ရှိနေကြတဲ့ ရိုဟင်ဂျာတွေက သူတို့အပေါ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မူဝါဒတွေကို သဘောမကျတဲ့အတွက် အခုလို အကြမ်းဖက် ဆူပူမှုတွေဖြစ်အောင် ဖန်တီး လုပ်ဆောင်တဖြစ်နိုင်တယ်ဆိုပြီး အစိုးရ အရာရှိတွေက သံသယ ရှိနေကြတာပါ- လို့ ပြောသွားတာပါ။ ”


ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အခုလို တဘက်သတ် ပြောဆိုနေတာတွေဟာ မဟုတ် မှန်ကြောင်းနဲ့ သူတို့ ရိုဟင်ဂျာတွေအနေနဲ့ သူတပါး နိုင်ငံအတွင်းမှာ ခိုလှုံနေထိုင်တဲ့သူတွေဖြစ်တဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို လုပ်ဆောင်ခြင်း မရှိဘူးလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာ လူ့အခွင့် အရေးအဖွဲ့က ဥက္ကဋ္ဌ Zafar Ahmad bin Abdul Ghani က ပြောပါတယ်။


“ဒီ ရိုဟင်ဂျာတွေဟာ ကျနော်တို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ သူတို့ ထွက်ပြေးခိုလှုံနေတယ်၊ ဒုက္ခသည် အနေနဲ့ နေ နေတယ်။ ဒီ ရိုဟင်ဂျာတွေဟာ တချို့ဘာသာကို သွားပြီးတော့ နှိပ်စက်ဖို့ ရိုဟင်ဂျာတွေ စိတ်ထဲမှာ လုံးဝ မရှိဘူး၊ အခုကိစ္စက ကျနော်တို့လူမျိုးနဲ့ ဘာမှမဆိုင်ဘူး၊ ဒီရိုဟင်ဂျာတွေ မပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ဆိုင်တယ်၊ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေနဲ့ပဲ ဆိုင်တယ်။ ကျနော်တို့လူတွေကတော့ ဘာမှ မပါဘူး။”


အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့ထားတဲ့ ဓာတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြလိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက် မှုတွေ ပြုလုပ်ခဲ့တာလို့ ဒီအထဲမှာ ပါတဲ့သူတွေက ပြောတာကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် သတင်းစာ တချို့မှာ ဖော်ပြခဲ့ကြတာပါ။


လက်ရှိအခြေအနေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ပုဒ်မ ၁၄၄ ညမ ထွက်ရအမိန့်ထုတ်ထားပြီး အခြေအနေတွေဟာ ဒီကနေ့အထိ တည်ငြိမ် အေးချမ်းမှု ရှိနေပေမယ့် Ramu မြို့ ရဲစခန်းက စခန်းမှူး ရာထူးက နှုတ်ထွက်သွားတယ်လို့ Abdul Karam Azad က ပြောပါတယ်။


သူပြောသွားတာကတော့ - “Ramu မြို့က အခြေအနေတွေဟာ တည်ငြိမ် အေးချမ်းနေပြီး အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတွေကို အာဏာပိုင် တွေက ဖမ်းဆီး အရေးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ် - တဲ့။ ဒါပေမယ့် Ramu မြို့ ရဲစခန်းကို ကြီးကြပ် ကွပ်ကဲရတဲ့ အရာရှိကတော့ ဒီကနေ့ပဲ ရာထူးကနေ နှုတ်ထွက်သွားပါတယ် - လို့ ပြောသွားတာပါ။”


အခုချိန်ထိတော့ ဒီ အကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ ၁၆၆ ဦးကို ဘင်္ဂလာ ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဖြစ်တယ်လို့ ပြည်ထဲရေး

ဝန်ကြီး Muhiuddin Khan Alamgir က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

Ramu ခေါ် ပန်းဝါမြို့မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေခဲ့တဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအ၀င် ကျောင်းပေါင်း ၂၂ ကျောင်းလောက်နဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘုရားဆင်းတုတော်တွေလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။


ပြီးခဲ့တဲ့ စနေနေ့ညမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး နောက်တနေ့ တနင်္ဂနွေနေ့မနက်မှာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားရာကို သွားရောက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အစ္စလာမ်ဘာသာကိုးကွယ်သူ သက်ကြီး ရွယ်အိုနှစ်ဦးလည်း သေဆုံးခဲ့ပြီး လူအတော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ဒေသ ကျွဲ၊ နွား ပျာက်ဆုံးမှု ပိုများလာ

ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများ
ဖြစ်ပေါ်ခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊
 ကျောက်တော် ရသေ့တောင်၊ ပေါက်တော မြို့နယ်များတွင် ဒေသခံလယ်သမားများ၏
 ခိုင်းကျွဲ ခိုင်းနွားများမှာ လွန်ခဲ့သည့်လမှ


စ၍ ဆက်တိုက်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။


ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ်တွင် မိုးရာသီစိုက်ပျို်းချိန်ပြီးဆုံးသည်နှင့် ကျွဲနွားများကိုမယူ တောင်တန်းပေါ်တင်ပြီး ထိန်းကျောင်းလေ့ရှိရာ ယခင်က ပျောက်ဆုံးမှုမရှိသော်လည်း ယခုလပိုင်းအတွင်းမှာ ကျွဲနွားအကောင် နှစ်ဆယ်ကျော်ပျောက်ဆုံးခဲ့သည်။

'' အရင်က ကျနော်တို့်ရဲ့ ကျွဲနွားတွေကို မယူမြစ်ထဲမှာရှိတဲ့ သရက်ပြင်ကျွန်းပေါ်ကိုတင်ပြီး လွှတ်ကျောင်းစနစ်နှင့် ထိန်းကျောင်းခဲ့တယ်။ တချို့က ရွာအနီး စားကျက်တွေမှာ လွှတ်ပေးထိန်းကျောင်း ထားကြတယ်။ အချို့က မေယုတောင်ပေါ်သို့တင်ပြီး လွှတ်ကျောင်းတာမျိုးရှိခဲ့ပါတယ်။ အခုအခါ သရက်ပြင်ကျွန်းမှာလဲ ပုစွန်မွေးကန် အဖြစ်ပြုလုပ်ထားတယ်။

ရွာအနီးအနားက ကျွဲနွားစားကျက်မှာလဲ လူနေအိမ်တွေတိုးချဲု တည်ဆောက်ပြီး

သီးနှံစိုက်ခင်း လုပ်ငန်းတွေ လုပ်ကိုင်ထားတာကြောင့် ကျွဲနွားတွေ အတွက်အစာ ရှားပါးလာပြီး နောက်ဆုံးတော့ မေယုတောင်တန်းအပေါ်ကိုတင်ပြီး ထိန်းကျောင်းရတဲ့ အခြေအနေထိ ကျရောက်လာရာကနေ ကျွန်တော်တို့ ကျွဲနွားတွေ အခုလို မကြာခဏ ပျောက်ဆုံးမှုနှင့် ရင်ဆိုင်နေရတာပါပဲ။ " ဟု ရသေ့တောင်မြို့နယ် သရက်ချောင်းကျေးရွာမှ လယ်သမား ဦးလှထွန်းတင်က ဆိုသည်။

အလားတူ ပေါက်တောမြို့နယ် ငပြီကျွန်းကျေးရွာအုပ်စု များအတွင်းတွင်လည်း လွန်ခဲ့သည့် ဇွန်၊ ဇူလိုင် လများအတွင်း ကျွဲနွားခိုးယူခြင်း ခံရမှုများရှိခဲ့ပြီး ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြိုနယ်တို့တွင်လည်း ယင်းကဲ့သို့ ပျောက်ဆုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

" ကျနော်တို့ ရခိုင်လယ်သမားတွေက ဒီနေ့အထိ ကျွဲ၊ နွားတွေပဲ အားကိုးနေရတာပါ။ အခုကျွဲတွေ၊ နွားတွေ အားလုံးအခိုးခံနေရတော့ လာမယ့်နှစ် ဘာနဲ့လယ်ထွန်ရတော့မှာလဲ။ သက်ဆိုင်ရာက အလေးထားဆောင်ရွက် ပေးဖို့လိုနေပြီဗျာ။ " ဟု ပေါက်တောမြို့နယ်၊ ငပြီကျွန်းမှ လယ်သမားတစ်ဦးက စိတ်ပျက်လက်ပျက် ပြောသည်။


ရခိုင်လယ်သမားများ၏ ကျွဲ၊ နွားများ ပျောက်ဆုံးနေသည့် ဒေသများမှာ ဘင်္ဂလီများနေထိုင်ရာ ရွာများအနီးတွင်ဖြစ်နေပြီး၊ သက်ဆိုင်ရာအာဏာပိုင်များထံ ကျွဲနွားများပျောက်ဆုံးနေခြင်းအား တိုင်ကြားထားသော်လည်း စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းသိရသည်။


Arakan Time သတင်းဌာန

 

No comments: