Monday, October 22, 2012

"ရခိုင်အရေးနှင့်ပတ်သတ်သော သ၀ဏ်လွှာ နိုင်ငံတော် သမ္မတ ပြန်ရုပ်သိမ်း"


Monday, October 22, 2012

ရခိုင်အရေးနှင့်ပတ်သတ်၍ နိုင်ငံတော် သမ္မတ မှ ပေးပို့သော သ၀ဏ်လွှာ အား နိုင်ငံတော် သမ္မတ မှ ပြန်လည်ရုပ်သိမ်းလိုက်သောကြောင့် ရခိုင်တိုင်းရင်း
သားများ အပါအ၀င် သံင်္ဃာတော် များပါ ကြိုဆိုကြောင်း ယင်းသ၀ဏ်လွှာ ကို ကန့်ကွက်ခဲ့သော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ဒေါက်တာအေး
မောင်ကပြောသည်။
ပြီးခဲ့သည့် စတုတ္ထပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရခိုင်ဘင်္ဂလီ အရေးနှင့် ပတ်သတ်သော သ၀ဏ်လွှာ တစ်စောင်အား နိုင်
ငံတော် သမ္မတမှ သြဂုတ်လ ၁၇ ရက်နေ့တွင် စာအမှတ် ၁၀၇(၁)/၈/ဖြင့်ပေးပို့ခဲ့ပြီး အမျိုးသားလွှတ်တော် နှင့် ပြည်သူ့လွှတ်တော်တို့တွင် ကြိုတင် ဖြန့်ဝေထားခဲ့
ကြောင်း၊ထို့သ၀ဏ်လွှာ ပါ ဘဘောထားမှတ်ချက် တွင်ပဠိပက္ခ ဖြစ်ပွားပြီးသည့် အချိန်တွင် ရခိုင် ပြည်သူတို့ သည် ဘင်္ဂလီ တို့၏ ပိုင်ဆိုင်ရာ လုပ်ငန်းအချို့ နှင့်
ပစ္စည်းအချို့တို့ကို တရားမ၀င်သိမ်းယူထားသော အချက်နှင့် ရခိုင်တိုင်း၇င်းသားများလက်မခံနိုင်သော အချက်အလက် အချို့တို့ပါဝင်သောကြောင်
့ ဒေါက်တာအေးမောင် အပါအ၀င် ကိုယ်စားလှယ် ၁၄ ဦး တို့က ကန့်ကွက် ခဲ့ကြောင်း၊ထို့ကြောင့် ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်တွင် တရား
ဝင် တင်သွင်းဖတ်ကြားခြင်း မပြုခဲ့ပေ။
"ကျွန်တော် အနေနဲ့ ရုပ်သိမ်းလိုက်တော့ ပိုကောင်းပါတယ်၊တဖက်သတ်ဆန်လွန်းတဲ့ စွပ်စွဲချက်တွေ လို့ယူဆတယ်လေ၊ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်ေ၇ှ့မှာ ကာကွယ်ရေးဝန်ကြီးပြောခဲ့တာတွေရှိတယ် ၊ဒီသဘောထားတွေက ကာကွယ်ရေးဝန်ကြီးရဲ့ သညောထားတွေလို့မှတ်ပါတယ်၊ရခိုင်လူထုကလည်းမကြေ
နပ်ဘူး၊သင်္ဃာထုကလည်းမကြေနပ်ဘူး၊ကုန်သည်တွေကလည်း မကြေနပ်ဘူး၊ခုလို ရုပ်သိမ်းလိုက်တော့ ကြိုဆိုကြပါတယ်" ဟု ဒေါက်တာအေးမောင်က ယနေ့ည
၉ နာ၇ီတွင် ပေါ်ပြူလာနယူးစ် ၏ မေးမြန်းချက်ကို ပြန်လည်ပြောကြားခဲ့သည်။
အထက်ပါ သ၀ဏ်လွှာ ကိစ္စကို ယနေ့ပြည်ထောင်စု လွှတ်တော်တွင်
ပြန်လည် ရုပ်သိမ်းကြောင်းကြေညာခဲ့ခြင်းဖြစ်သည်။

No comments: