Saturday, December 15, 2012

ကြေးနီ၊ ပလက်တီနမ်၊ စိန်နှင့် သံတို့အဓိက ထုတ်လုပ်သည့် အင်္ဂလန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး တွင်းထွက်ကုမ္ပဏီစာရင်းဝင် Anglo American မြန်မာ့သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်

Sunday, December 16, 2012

ကမ္ဘာ့အကြီးဆုံး သတ္တုတွင်းထွက်ကုမ္ပဏီဖြစ်ပြီး ကြေးနီ၊ ပလက်တီနမ်၊ စိန်၊ နီကယ်နှင့်သံတို့ အဓိကထုတ်လုပ်သည့် အင်္ဂလန်အခြေစိုက် Anglo American Mining Company သည် မြန်မာနိုင်ငံ၏ သတ္တုတွင်းထွက်
ကဏ္ဍတွင် မြှုပ်နှံရန် လာရောက်လေ့လာ ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

Anglo American Mining Company သည် လန်ဒန်စတော့အိတ်ချိန်း၏ အကြီးဆုံးကုမ္ပဏီ ၁၅ ခုစာရင်းဝင်တွင် ပါဝင်သည့်ကုမ္ပဏီဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်လာရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများနှင့်
Anglo American Mining Company ၏ Group Head of Business Development မှ Mr.Paul Cahill ဦးဆောင်သည့်အဖွဲ့တို့သည်
မြန်မာနိုင်ငံ၏ သတ္တုတွင်းထွက်ကဏ္ဍတွင် မြှုပ်နှံမည်ဆိုပါက လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်၊ သတ္တုတွင်းထွက်
ကဏ္ဍတွင် မြှုပ်နှံနိုင်မည့် အခွင့်အလမ်းကိုဆွေးနွေးလေ့လာခဲ့ကြောင်း
သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ကြေးနီနှင့်သတ္တုတွင်းထွက်ကဏ္ဍတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီများက အများစုရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေခြင်း
ဖြစ်ကြောင်း သိရသည်။

အင်္ဂလန်အခြေစိုက် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံမှု
မပြုသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယခုအစိုးရသစ်
လက်ထက် ရောက်ရှိမှသာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လာရောက် မြှုပ်နှံခဲ့ခြင်း ဖြစ်သည်။

ယခင်က အင်္ဂလန်အနေဖြင့် မြန်မာနိုင်ငံတွင် မြှုပ်နှံမှုမှာ တတိယအများဆုံးမြှုပ်နှံသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း
ဟောင်ကောင်နှင့်ကိုရီးယားနိုင်ငံတို့မှ အလုံးအရင်းဖြင့် မြှုပ်နှံခဲ့ပြီးနောက် အင်္ဂလန်နိုင်ငံမှာ အဆိုပါနိုင်ငံများ၏ ကျော်တက်ခြင်းကို ခံခဲ့ရသည်။ အင်္ဂလန်အနေဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၇၉၉ ဒသမ ၁၈၅ သန်း မြှုပ်နှံထားပြီး လုပ်ငန်းပေါင်း ၅၄ ခုတွင် မြှုပ်နှံထားသည်ဟု သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလီယံ)

၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆ .၀၅ ဘီလျံ

၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်ထိ - ၃၆ .၀၅၄ ဘီလျံ

၁၉၉၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၁ ရက်ထိ - ၄၁ .၄၄၂ ဘီလျံ

သတ္တုကဏ္ဍတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံထားမှု (အမေရိကန်ဒေါ်လာ-သန်း)
ရက်စွဲ ပမာဏ
၃၁-၃-၂၀၁၀ ၁၃၉၈ .၃၉
၃၁-၃-၂၀၁၁ ၂၇၉၄ .၄၆၃
၃၁-၇-၂၀၁၀ ၂၃၉၅ .၃၈၆
၃၁-၁၀-၂၀၁၁ ၂၃၉၅ .၃၈၆
၃၁-၃-၂၀၁၂ ၂၈၁၄ .၃၆၀
၃၁-၁၁-၂၀၁၂ ၂၈၁၄ .၃၆၀

Eleven Media Group
ကြေးနီ၊ ပလက်တီနမ်၊ စိန်နှင့် သံတို့အဓိက ထုတ်လုပ်သည့် အင်္ဂလန်အခြေစိုက် ကမ္ဘာ့အကြီးဆုံး တွင်းထွက်ကုမ္ပဏီစာရင်းဝင် 
Anglo American မြန်မာ့သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်

No comments: