တောင်းဆိုမှုမရရှိခြင်းကြောင့် မြန်မာဝန်ထမ်းများ အစည်းအဝေးမတက်သဖြင့် တိုတယ် မြန်မာအစည်းအဝေးပျက်
တိုတယ်မြန်မာ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ ၏ နှစ်ပါတ်လည် ၀န်ထမ်းများ တွေ့ဆုံ
တိုတယ်မြန်မာ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ ၏ နှစ်ပါတ်လည် ၀န်ထမ်းများ တွေ့ဆုံ
ဆွေးနွေးသည့်
အစည်းအဝေးပျက်သွားခြင်းကြောင့် မြန်မာဝန်ထမ်းများ မိမိ တို့
အခက်အခဲများနှင့် လုပ်ငန်းခွင် အခက်အခဲများပြောပြခွင့်မရရှိသဖြ င့်အခက်များရှိနေကြောင်းစုံစမ်း သိရှိရသည်။”ဒေါ်လာဈေးလည်းတောက်ေ လျှာက်ကျတယ်…ကုန်ဈေးနှုန်းကတိုး လာတော့ ကျွန်တော်တို့ရရှိတဲ့ နှစ်တိုးငွေကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးခြင်းမ ရှိဘူး၊လုပ်ငန်းခွင်အန္တရာယ်ကင်း အောင် တောင်းဆိုထားပါတယ်။ကျွန်တော်တို့ 
အချိန်ပိုတွေဆင်းရရင်လည်း လုပ်အားခပေးအောင် ကျွန်တော်တို့က
အုပ်ချုပ်ရေးအဖွဲ့ကို ကြိုတင်တောင်းဆိုပေမဲ့ ကျေနပ်လောက်အောင်
တုံ့ပြန်မှုမပေးတဲ့အတွက်..မြန်မာ ၀န်ထမ်းများအားလုံး
တစ်ညီတစ်ညွတ်တည်း အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ခြင်းဖြစ်တယ်” အဆိုပါ
ကုမ္ပဏီ မှ မြန်မာဝန်ထမ်းတစ်ဦးက Online မှပြောသည်..။မြန်မာနိုင်ငံ၏
နိုင်ငံခြားဝင်ငွေကို နှစ်စဉ်အများဆုံးရှာဖွေပေးနေသည့် 
လုပ်ငန်းဟု နာမည်ရနေသော ရတနာသဘာဝဓါတ်ငွေ့ စီမံကိန်းကို
တာဝန်ယူလုပ်ဆောင်လျက်ရှိသော တိုတယ်မြန်မာ သဘာဝဓါတ်ငွေ့ကုမ္ပဏီ
တွင်နှစ်စဉ်ပုံမှန်ကျင်းပလျက်ရှိသော
နှစ်ပါတ်လည်ညီလာခံ ဟုဆိုနိုင်သည့် Annual Meeting ခေါ်
နှစ်ပါတ်လည်ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပြန်ကြားရေး အစည်းအဝေးမှာ
မြန်မာဝန်ထမ်းများက အစည်းအဝေးတက်ရောက်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဒီဇင်ဘာ(၁၁)
ရက် က ဖျက်သိမ်းလိုက်ရကြောင်းသိရသည်။” ဒီိအစည်းအဝေးပျက်သွားတာတော့ဟုတ် ပါတယ်..ဒါပေမဲ့ဘာကြောင့်ပျက်သွားတယ်ဆိုတာကို ပြောပိုင်ခွင့်တော့မရှိပါဘူး။အစ ည်းအဝေးကတော့ တစ်နှစ်ကို နှစ်ကြိမ် အစည်းအဝေးလုပ်ဖြစ်ပါတယ်။ဒီတစ်ခေါက်မလုပ်ဖြစ်လည်း နောက်တစ်ခေါက်လုပ်ဖြစ်မှာပါ”ဟု အထက်ပါ ကုမ္ပဏီဆက်သွယ်ရေးနှင့်ပြန်ကြားေ ရးအရာရှိ ဒေါ်ခိုင်မာထွန်းက ယခုလ (၁၇) ရက်တွင် ပြောကြားခဲ့သည်။
hotnews
hotnews

No comments:
Post a Comment