အပန်းဖြေနားရက်များ - ၁ (အောင်ဆန်းစုကြည်)
(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)
ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။
မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။
ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။
မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ. ..။
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ သားငယ် ထိန်းလင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။
ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေးချမ်းချမ်းနဲ့အ နားရလိမ့်မယ်
ထင်ခဲ့ပါတယ်။ ကျွန်မတို့သားအမိအတွက် ပုဂံကို ပထမဆုံးအကြိမ်သွားခြင်း
မဟုတ်တာကြောင့်၊ ဘာသာရေးအဆောက်အဦတွေ အများကြီးကို လှည့်လည်ဖို့
မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မအတွက် လေးနက် အဓိပ္ပာယ်ရှိတဲ့၊ ထူးခြားတဲ့နေရာ
အနည်းငယ်မျှကိုသာ သွားကြမှာပါ။ အရေးကြီးဆုံးတစ်ချက်က ကင်မ်ရယ်၊ ကျွန်မရယ်၊
ကျွန်မတို့ရဲ့ ခွေးလေး တိုက်ချီဒိုရယ် (ဒါဟာ မိသားစု
အပန်းဖြေခရီးဆိုရင်တော့ ခွေးလေးကို အိမ်မှာ ထားရစ်ခဲ့ဖို့ မစဉ်းစားသင့်ဘူး
မဟုတ်လား)၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင်ပြေပြေ နေနိုင်မယ့်နေရာ တစ်ခုကို
ရှာဖို့ပါပဲ။ ဒါအတွက် အကောင်းဆုံးနေရာတစ်ခုကို ဦးခွန်သာမြင့်က
ကျွန်မတို့အတွက် ရှာဖွေပေးခဲ့ပါတယ်။ ဒီနေရာမှာ တိုက်ဆိုင်လို့
တခြားအကြောင်းအရာ တစ်ခုကို ပြောင်းပြီး ပြောပြချင်ပါတယ်။
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို နိုင်ငံရေးလမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး၊ နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေးပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက ခုလိုမိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။
အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁

(ဒီတပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးပါ။ ဖေ့စ်ဘုတ်မှာ စာစီပြီး မျှထားတာတွေ့လို့ ကူးယူပါတယ်။)
ယခုနှစ်များစွာ အတွင်းမှာ အပန်းဖြေနားရက်တွေဆိုတာ ကျွန်မအတွက်တော့ အတိတ်ကာလက ဖျိုးခနဲ ဖျတ်ခနဲ မှတ်တမ်းထားမိလိုက်တဲ့ အမှတ်ရစရာ ဓာတ်ပုံတစ်ချို့ လိုပါပဲ။ ပြန်ကြည့်လိုက်တိုင်း ကြည်လင်ထင်ရှားနေတယ်။ ဒါပေမဲ့ အဖြစ်အပျက်တွေက ဟိုးအဝေးကြီးကလိုပါပဲ။
ဟိမ၀န္တာမှာ...
ရေညှိတွေ ဖုံးလွှမ်း စိမ်းမြနေတဲ့ တောအုပ်ကြီးတွေကြား၊ တောင်တက် တောင်ဆင်းလမ်းတွေပေါ်က မျက်တောင်ရှည်မြည်းကြီး တစ်ကောင်ရဲ့ ကျောကုန်းထက်မှာ။
မြက်ခင်း၊ ဆင်ခြေလျှောပေါ်မှာ ထိုင်ပြီး၊ ထမင်းခြောက်၊ ကြက်ဥပြုတ်နဲ့ နေ့လယ်စာ စားရင်း ရှုမြင်ရတဲ့ မြူတွေဆိုင်းနေတဲ့ ရိုးတိုးရိတ်တိပ် မြေခင်းအနေအထားကို ငေးကြည့်နေခဲ့တာ..။
ခတ္တမန္ဒူမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတွေကနေ၊ ဟိန္ဒူပုထိုးတွေအထိ လှည့်ပတ်လွင့်မျောရင်း အမေရိကန် ကိတ်မုန့်ညို.. နာမည်ကြီးတဲ့ကော်ဖီဆိုင်လေးကို ရောက်သွားခဲ့တာ...။
မြန်မြတ်ကြမ်းကြမ်း စီးဆင်းနေတဲ့ ရေပြင်ထက်က ဖောင်လေးပေါ်မှာ၊ အလေ့ကျ ချုံတွေထဲက ဆွတ်ခူးထားတဲ့ ဆီးဖြူသီး၊ ချဉ်ဖြုံးဖြုံးကို မြုံ့ရင်း ဆင်တစ်ကောင်ရဲ့ကျောကုန်းပေါ်မှာ.
အိန္ဒိယ အရှေ့မြောက်ဘက်မှာ၊ မျက်တောင် ခတ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ဆွဲဆောင်ထားတဲ့ တိဘက် ဘုန်းတော်ကြီးတွေရဲ့ ညင်သာနူးညံ့လှတဲ့ သေခြင်းရဲ့အနုပညာ သရုပ်ဖော်ကတစ်ကွက်၊
ဆွစ် (ဆွစ်ဇာလန်) က ရေကန်ကြီးတစ်ကန်ကို စီးမိုးထားတဲ့ ရဲတိုက်တစ်ခုပေါ်မှာ၊ အရသာပြည့်စုံလှတဲ့ အစားအသောက်တွေ ကြားထဲက မမေ့နိုင်တဲ့ လက်ဖက်ရည်ချိန် အိမ်လုပ် နှင်းဆီးသီးယိုကို စားနေခဲ့တာ....။
အင်္ဂလန်ရဲ့ မြစ်ကြိုချောင်းကြား တစ်လျှောက်က တူးမြောင်းသွား သင်္ဘောတစ်စီးပေါ်မှာ၊ ကျွန်မက စိမ်းမြ၀န်းကျင်ကို ငြိမ်သက် အေးချမ်းစွာကြည့်မော့လို့၊ မိသားစုဝင် ခွေးငယ်လေးက အမိုးပေါ်မှာ …။
တိုင်ရီကျွန်းလေးပေါ်က သဲသောင်ပြင်စခန်းမှာ၊ ကျယ်ပြန့်ပြောတဲ့ စကော့တလန်ရဲ့ မီးခိုးရောင် သမုဒ္ဒရာ မြင်ကွင်းမှာ ဖျံလေးတစ်ချို့ ကစားမြူးထူး၊ နေကြတာ။
ပြန်တွေးလိုက်တိုင်း ဒီမြင်ကွင်းတွေဟာ မယုံနိုင်လောက်အောင် အသက်ဝင် တောက်ပလှပေမယ့် တကယ်မဟုတ်သလို ခံစားရပါတယ်။ အဲဒါကြောင့်ပဲ သားငယ် ထိန်းလင်း (ကင်မ်) တစ်ယောက် ဇွန်လထဲမှာ ကျွန်မရဲ့မွေးနေ့ကို ရောက်လာပြီး၊ အပန်းဖြေခရီးတစ်နေရာရာကို ခေါ်သွားမယ်လို့ ပြောတဲ့အခါ ကျွန်မအတွက် တော်တော်မဖြစ်နိုင်တဲ့ အဆိုပဲလို့ စိတ်ထဲမှာ ဖြစ်သွားခဲ့ပါတယ်။
နောက် နည်းနည်းပါးပါး တိုင်ပင်ကြ၊ စဉ်းစားကြည့်ကြပြီးတဲ့ အခါမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံး အပန်းဖြေခရီးတို သွားဖို့ဆိုတာ သဘာဝမကျတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ အစီအစဉ်ဆွဲကြည့်ခဲ့ကြတယ်။
မုတ်သုံရာသီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း တစ်နေရာကိုပဲ ရွေးချယ်ဖို့ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခြောက်သွေ့တဲ့ ဒေသကို ရွေးချယ်တာဟာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်မှာပါ။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ စစ်တပ် ရောက်လာပြီး မြန်မာဘုရင်ကို ဖယ်ရှားခဲ့တဲ့ မန္တလေးမြို့ရှိတယ်။ ဒါမှမဟုတ် ကာလာကြာမြင့်စွာက ကွယ်ပျောက်သွားပြီဖြစ်သော ကြီးကျယ်ခမ်းနားခဲ့မှုကို သက်သေပြနေတဲ့ ထောင်ပေါင်းများစွာသော ဘုရားများနဲ့ ဖွဲ့တည်ထားတဲ့ ရှေးမြို့တော်ပုဂံ။ ဘာကြောင့်များ ဒီလောက်များပြားတဲ့ ဘုရားပုထိုးတွေ တည်ခဲ့ကြတာလဲဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းလှပြီး၊ အဖြေရဖို့လည်း မလွယ်တဲ့ မေးခွန်းပေါ်စေတဲ့ ပုဂံ။ ဒါဟာ ဘာသာရေး၊ ယုံကြည်မှုကြောင့်လား၊ ချမ်းသာကြွယ်ဝမှုကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်အတွက်လား၊ ဒါမှမဟုတ် အဲဒီသုံးခုစလုံး အချိုးအစားအမျိုးမျိုးနဲ့ ပါဝင်ပတ်သက်နေမှုလား။
ပုဂံကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ ရွေးချယ် ဆုံးဖြတ်ခဲ့ပါတယ်။ မြောက်မြားစွာသော ထူပါ၊ ပုထိုးစေတီတွေနဲ့ မြို့ဟောင်း ပုဂံဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေကို အင်မတန် ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ သွားမယ့်အချိန်က ဧည့်သည် ပါးလျားလေ့ရှိတာမို့၊ ကျွန်မတို့အေးအေးချမ်းချမ်းနဲ့အ
ဦးခွန်သာမြင့်ဆိုတာက ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်တဲ့၊ ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာ ဘုတလင်မြို့နယ်က ရှစ်ဆယ်ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ရွေးချယ်ခံခဲ့ရတဲ့ ဦးဟံသာမြင့်ရဲ့ ညီပါ။ ကိုဟံသာ၊ ကိုခွန်သာတို့ရဲ့ဖခင်နဲ့ ကျွန်မရဲ့ဖေဖေတို့က ၁၉၃၀ ကျော် နှစ်ကာလ၊ ရန်ကုန် တက္ကသိုလ်သမဂ္ဂကို နိုင်ငံရေးလမ်းကြောင်းပေါ် တင်ခဲ့ကြတဲ့ အချိန်ကတည်းက မိတ်ဆွေ သူငယ်ချင်းများ၊ လက်တွဲခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ရဲ့ဖခင် ဦးသိန်းဖေမြင့်နဲ့ ကျွန်မတို့ ဖေဖေတို့ဟာ နိုင်ငံရေးမှာ သဘောချင်း အမြဲတူညီခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ အမျိုးသားလွတ်လပ်ရေး၊ နောက်ဆုံးတိုက်ပွဲ ကာလတွေမှာ မိတ်ဆွေ သူငယ်ချင်းဆိုတာထက်၊ နိုင်ငံရေး သဘောထားချင်း ဆန့်ကျင်ဘက်တွေလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါလိမ့်မယ်။ နှစ်ဦးစလုံးက မတူညီတဲ့ အမြင်တွေကို အပြန်အလှန်လေးစားမှု ရှိကြတာ၊ ဂိုဏ်းဂဏနဲ့ အာဃာတတွေ ကင်းဝေးကြတာ စတာတွေကို သူတို့ရဲ့သားသမီးတွေဖြစ်တဲ့ ကျွန်မတို့အတွက် လက်ဆင့်ကမ်း ချန်ထားရစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်မတို့တစ်တွေဟာ လုပ်ဖော်ကိုင်ဖက်တွေလို၊ ရဲဘော်ရဲဘက်တွေလို အလုပ်တွေအတူ လုပ်နိုင်ခဲ့ကြတယ်။ ကျွန်မတို့မှာ ရှိတဲ့အကဲဖြတ် တန်ဖိုးထားမှုချင်း တူညီတာ၊ ရယ်စရာတွေကို နားလည်ခံစားမှုချင်း တူညီတာ (ဒါဟာ တကယ်တော့ ခပ်ပေါ့သေးသေးမဟုတ်ပါ) တွေက ကျွန်မတို့ကို ပိုပြီး စုစည်းပေါင်းစပ်ပေးပါတယ်။
၂၀၀၉ ခုနှစ် ကျွန်မ အင်းစိန်ထောင်မှာ ရှိနေစဉ် ယိုယွင်းလာနေတဲ့ ကျွန်မရဲ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ ဗိသုကာတစ်ယောက် လိုအပ်နေချိန်မှာ ကိုခွန်သာက ကျွန်မကို ကူညီဖို့ ရောက်လာခဲ့တာပါ။ ထောင်ကနေ အိမ်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလာရတော့ အိမ်ပြင်ဖို့ ကိစ္စကို ကိုခွန်သာနဲ့စလုပ်ခဲ့ရပါတယ်။ ကိုခွန်သာက ဗိသုကာအနေနဲ့၊ ပြီးတော့ မိတ်ဆွေရင်းတွေ ဖြစ်ကြတဲ့၊ ကျွန်မ ခန့်အပ်ထားတဲ့ ကျွန်မရဲ့ကိုယ်စားလှယ် ကိုထင်ကျော်၊ အထွေထွေကြီးကြပ်ပေးသူ ကိုနီတို့နဲ့ အတူပေါ့။ သူတို့တွေဟာ ကျွန်မအိမ် ပြန်လည်ပြင်ဆင်တဲ့ အလုပ်အတွက် နေ့စဉ်လာခဲ့ကြတာ လနဲ့ချီ ကြာမြင့်ပါတယ်။ ကိုထင်ကျော်၊ ကိုနီနဲ့ ကျွန်မတို့ရဲ့ဖခင်များဟာလည်း ရန်ကုန်တက္ကသိုလ်မှာကတည်းက သိကျွမ်း၊ ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သားတွေနဲ့ အဖေတွေအကြောင်း (အမေတွေလည်းပါမှာပါ) တစ်ချိန်ချိန်မှာ ရေးရပါဦးမယ်။ ဒီနေရာမှာတော့ စာလေးတစ်ကြောင်းလောက်တော့ တို့ထားချင်တယ်။ အဲဒါက ခုလိုမိဘတွေရဲ့ ရှည်ကြာတဲ့ ရင်းနှီးနှောင်ဖွဲ့မှုတွေကနေ ကျွန်မကို ဖေးမထောက်ပံ့သူတွေ၊ ခင်မင်ရတဲ့မိတ်ဆွေတွေကို ဘ၀ရဲ့လက်ဆောင်မွန်တွေအဖြစ် ရရှိခဲ့တယ်ဆိုတာပဲ ဖြစ်ပါတယ်။
ကိုခွန်သာဆိုရင် ကျွန်မရဲ့ဗိသုကာတစ်ဦးအဖြစ် စတင်ခဲ့ရာက သူသဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ တာဝန်ယူရတာတွေ များလာပါတယ်။ ကျွန်မရဲ့လုံခြုံရေးအရာရှိ၊ မိသားစုဝင် ခွေးလေးရဲ့ သင်တန်းဆရာ၊ အရေးပေါ် ကားမောင်းသမား၊ အခုဆိုရင်တော့ ခရီးသွားဝန်ဆောင်မှု ကိုယ်စားလှယ်နဲ့ အပန်းဖြေခရီး စီမံ ပြင်ဆင်ပေးသူပေါ့။
ကိုခွန်သာ ရွေးချယ်တဲ့ ပုဂံဟိုတယ်လောက် ကျွန်မတို့ အုပ်စု (အားလုံးဆယ့်ခြောက်ယောက်) အတွက် ပျော်စရာကောင်းတဲ့နေရာ ရှိမယ် မထင်တော့ပါဘူး။ ဟိုတယ်က သမိုင်းရေးရာနဲ့ ဘာသာရေး ဆိုင်ရာ အထင်ရှားဆုံးသော ပုထိုး၊ ထူပါစေတီတွေ တော်တော်များများဆီကို သွားလာရတာ လွယ်ကူလှတဲ့နေရာမှာ တည်ရှိပါတယ်။ ပြီးတော့ သက်တောင့်သက်သာရှိတဲ့ သိပ်လှပတဲ့နေရာပါ။
အရေးကြီးဆုံးကတော့ သေသေချာချာ လေ့ကျင့်သင်ကြားပေးထားတဲ့ ၀န်ထမ်းတွေက ယဉ်ကျေးဖွယ်ရာတယ်။ ပြီးတော့ ဧည့်သည်တွေရဲ့ ရင်ထဲမှာ နွေးထွေးပြီး နှစ်လို ခင်မင်သွားစေတဲ့ ခံစားမှုကို ရရှိစေတဲ့ အရည်အချင်းနဲ့ ပြည့်စုံကြပါတယ်။
အောင်ဆန်းစုကြည်
၈ ဇူလိုင် ၂၀၁၁

အပန်းဖြေနားရက်များ(၂)
၁၅၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၆၀) ပြည်သူ့ခေတ်ဂျာနယ် မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလျှင် ကျွန်တော်၏ အမှားသာဖြစ်ပါသည်။
မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ(၂)အောင် ဆန်းစုကြည်
Bagan Hotel (River View) ပုဂံဟိုတယ်(မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်းသစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်း တစ်လျှောက် ပျင်းရိပျင်းတွဲ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှပတဲ့ ရှုမြင် ကွင်းကို မြင်ရပါတယ်။ မုတ်သုံရာသီထဲ ထဲထဲဝင်ဝင်ရောက် နေပေ မယ့်ကျွန်မတို့ ပုဂံမှာ နေခဲ့တဲ့ လေးရက် အတွင်း မိုးလေးတစ်ပြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ကျော်ကြားလှတဲ့နေ၀င်ချိန် ရှုခင်းတွေနဲ့ ကြည်းနူး ခဲ့ရပါတယ်။ ကျွန်မတို့နေတဲ့ ဘန်ဂလိုလေးရဲ့ဝရန်တာကနေပြီး
အနီရောင် စက်ဝိုင်းကြီး တရွေ့ရွေ့နဲ့ ဣနြေ္ဒကြီးစွာ နိမ့်ဆင်းလာတာ၊
သူ့ရဲ့အလင်းနဲ့ မဖြစ်နိုင်လွန်းတဲ့ ဟင်္သပြဒါးတွေ၊ လိမ္မော်တွေ၊
အ၀ါတွေနဲ့ကောင်းကင် တစ်ခုလုံးကို လိမ်ကျံထားလိုက်ပြီး ဆန်းပြားလှတဲ့
တိမ်စိုင်ပုံရိပ်တွေကို အလင်းပေးတာတွေဟာ မြစ်တစ်ဖက်ကမ်းက မရန်းစေ့ရောင်နဲ့
မဲနယ်ပြာရောင် စွန်းနေတဲ့ တောင်တန်းနောက်ကို ပုန်းလျှိုမသွားမ ချင်း
တွေ့နေရပါတယ်။ ခရီးသွားလမ်းညွှန်း လက်ကမ်းကြော်ငြာထဲက ဓာတ်ပုံတစ်ပုံ
အသက်ဝင်လာ သလိုပါပဲ။
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့အလည် ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်၊ အံ့မူး ဖွယ်တွေကို အများကြီး ရေးခဲ့ကြ ပြီးပါပြီး။ ဒီမိုးခေါင်ရေရှားလွင်ပြင်မှာ
ဘာသာရေး အဆောက်အအုံ တွေ အရွယ်စုံ ထောင်နဲ့ချီပြီး ရှိပါတယ် (ရှေးဟောင်း
သုတေသနဌာန ရဲ့စာရင်း အရ သေးငယ်တဲ့ အုတ်ပုံအပါအ၀င် စုစုပေါင်း ၃၀၀၀ ကျော်)။
သးသေး ကြီးကြီး တစ်ခုချင်းစီဟာထိပ်မှာ အဖျားချွန် သဏ္ဌာန်နဲ့ မိုးကောင်ကင်း
အမြင့်ဆီ ဦးတည်နေတာ ချည်းပဲမို့ ရုပ်ပိုင်ဆိုင်မှုထက် ပိုမိုတဲ့မြင့်မြတ်တာ
တစ်ခုခုကို မျှော်မှန်းနေကြတဲ့ သဘောကို ဗိသုကာအမြင် အရဖော်ပြနေပါတယ်။
အကြိမ်ပေါင်းများစွာ ရေးဆွဲထားကြပြီးဖြစ်တဲ့ ပုံကို
တစ်ထပ်တည်းတူအောင်ဆွဲဖို့ မလိုတော့တာကြောင့် ကျွန်မ အပေါ်စွဲထင်
မှုလေးတွေနဲ့ပဲ ခြယ်သလိုက်ပါရစေ။ မှောင်ရိပ်ပျိုးလာ တော့ ဘာသာရေးနဲ့
မွှမ်းထားတဲ့ မြို့ဟောင်းဟာ အတိတ်ကလည်းမဟုတ်၊ ပစ္စုပ္ပန်ထဲမှာလည်း မရှိတဲ့၊
အချိန်ကာလတွေက ကင်းလွတ်နေတဲ့လောက တစ်ခုကို ရောက်သွားပါတော့တယ်။ ပုထိုး
စေတီငယ်လေး အများစုကတော့ ပြိုလဲပျက်စီးပုံ အဆင့်မျိုး
စုံနဲ့ယိုယွင်းတဲ့အဘော၊ အနိစ္စ သဘောတရားနဲ့ မာယာအိပ်မက်တွေ ပြိုကွဲ
ကျေပျက်ရတဲ့ သဘောတို့ ကို လှစ်ပြနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာထွန်းကာရာ
မြေမှာသာမက တန်ခိုးအာဏာရှင်တွေက သူတို့ သြဇာဂုဏ် အရှိန်အ၀ါတွေကို
ထာဝရမှတ်ကျောက် တင်ဖို့ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘယ်နေရာမှာပဲ မဆို
သင့်တော်တဲ့သင်ခန်းစာ ဖြစ်ပါတယ်။ ပုဂံဟာကွယ်ပျောက် သွားပြီးဖြစ်တဲ့ ခမ်းနား
ကြီးကျယ်ခြင်းနဲ့ ဆုံးရှုံးသွားပြီး ဖြစ်တဲ့ယဉ်ကျေးမှု ခေတ်ကြီးတွေကို သတိရ
ဆင်ခြင်စေ ပါတယ်။ ရှယ်လီရဲ့ကဗျာကသ ရုပ်ဖော်သလို အဆုံးမရှိတဲ့ သဲကန္တာရထဲမှာ
အပိုင်းအစ တုံးကြီးတွေ အဖြစ်သာ ကျန်နေတော့တဲ့ ကျောက်သားမဲ့ပြုံးပိုင်ရှင် အိုဇီမန်ဒီယပ်ရဲ့ သနားစရာ့မာနမာန်ကို အမှတ်ရစေပါတယ်။ “အသင် အင် အား ကြီးလှသူများ၊ ငါ့လုပ်ဆောင် ချက်တွေကြည့်ပြီး စိတ်လျှော့ကြလော့”
မိမိရဲ့ဘာသာရေး ကိုင်းရှိုင်းမှုကိုဒီလို အုတ်တွေ၊ သရွတ်တွေနဲ့သက်သေထူခဲ့ကြတဲ့ ရှင်ဘုရင် တွေ၊ မိဖုရားတွေ၊ မင်းညီမင်းသား မှူးကြီးမတ်ရာတွေထဲကဘယ်နှယောက်က
တကယ့်ကို သံသရာက လွတ်မြောက် ချင်ခဲ့ကြသလဲ။ ဘယ်နှယောက်က မိမိတို့ရဲ့လောကီ
တန်ဖိုးကိုအဖိုးကြီး အဆောက်အ အုံတွေ ထူခြင်းနဲ့သက်သေပြုဖို့
ကြိုးစားခဲ့ကြသလဲ။ ဘယ်နှယောက်က နိဗ္ဗာန်ရဲ့ သဘောတရားကို
မခြုံငုံနိုင်တာကြောင့် သံသရာမှာ လည်နေသရွေ့ လောကီစည်းစိမ်ရှိဖို့အတွက်
အာမခံအနေနဲ့ ဒီ ဆောက်လုပ် မှုတွေကို ဆောင်ရွက်ခဲ့ကြသလဲ။DASSK3
ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတဲ့ ဆိုပေမယ့်ကျွန်မ စိတ်ကူးစိတ် သန်းကို ဖမ်းစားနိုင်တာ တစ်ဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျွန်မတို့ငယ်ငယ် က သင်ရတဲ့ သမိုင်းသာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အ နော်ရထာဘုရင်ရဲ့သားပါပဲ။ ဒါပေမယ့် ပညာရှင်တွေရဲ့တွေ့ရှိချက်တွေ အရတော့ သူတို့နှစ်ယောက် ဟာ သွေးမတော်စပ်ပါဘူး။ ကျန်စစ်သားက သာမန် မျိုးရိုးထဲကပဲဖြစ်နိုင်ပေမ ယ့်
သူက သာမန်မဟုတ် တဲ့အရည်အချင်းတွေ ပိုင်ပါတယ်။ သူရသတ္တိနဲ့ ပြည့်စုံပြီး
ရဲရင့်တယ်။ ဘုရင်တပ်မတော်ရဲ့ အကြီးအကဲ စစ်ဗိုလ်ချုပ်အထိ တက်လှမ်းခဲ့ပြီး
ကျော်ကြားတဲ့သူရဲကောင်း တစ်ယောက် ဖြစ်လာတယ်။ ဒါတွေ ကြောင့် ဘုရင်အိုကြီး
မနာလိုဝန်တိုဖြစ်ခဲ့ပြီး သူ့ကို ပုန်ကန်မယ့် လူလို့ သံသယတွေ
ဝင်ခဲ့ပုံရပါတယ်။ အနော်ရထာ လွန်တော့ ပျော့ညံ့ပြီး အရည်အချင်းနည်းတဲ့
သားတစ်ဦး နန်းတက်ခဲ့ပေမယ့် ခဏတာပါပဲ။ ဒီနောက် ကျန်စစ်သားဟာ အန်တုမှုမရှိ
နန်တက်နိုင်ခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် အနော်ရထာရဲ့ အဆက်အနွယ်ထဲက
ဆက်ခံမယ့်သူတွေ မကျန်တော့ဘူးပဲ ယူဆရပါတယ်။ ကျန်စစ်သားဟာ အမြော် အမြင်၊
စွမ်းရည် သတ္တိနဲ့လုံးရည် ပြည့်ဝတယ် ဆိုတာ ပြနိုင်ခဲ့ပြီး သူဆောက် လှူခဲ့တဲ့
အာနန္ဒဂူ ဘု ရား ဟာ သူ့ရဲ့ဆွဲဆာင်မှုရှိလှတဲ့ ပင်ကိုဥပဓိတွေ ထင်ဟပ်နေ ပါတယ်။
ပြေပြစ်တင့်တယ်တဲ့ အချိုးအစားရှိ ပြီး၊ အလင်းနဲ့ အရိပ်ကို လိုသလို
ရအောင်ဆောက်ထားတာဖြစ်လို့ ခံယူချက်ရော၊ တည်ဆောက်ပုံရော က အင်မတန် လှပပါတယ်။
အာနန္ဒကို ဖူးတယ် ဆိုတာဂူကျောင်းထဲက ထူခြားလှတဲ့ ရုပ်ပွား တော်ကြီး တွေထံ
စိတ်ဝိညာဉ် ခိုလှုံရာအနေနဲ့ ဦးခိုက်ရသလို၊ ရှားပါးလှတဲ့ အုပ်စိုးသူ
မင်းတစ်ပါးကို လေးစားသမှု ပြုရသလိုလည်း ဖြစ်ပါတယ်။
ဟိုတယ်ဝင်းထဲမှာ ကျွန်မတို့အတွက် တကယ့်ကို အံ့အား သင့်ရ စေတာက ဂူစေတီလေး နှစ်ဆူစ လုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရ ပါတယ်။ တစ်ဆူက သူ့နန်းသက် အစောပိုင်းမှာ ရန် သူတွေကို အောင်မြင်နိုင်ခဲ့ခြင်း အတွက် ကျေးဇူးအောက်မေ့တဲ့ အနေနဲ့ တည်ထားတာဖြစ်ပြီး နောက် တစ်ဆူကတော့ သူ့ ဘ၀နောက်ဆုံးပိုင်း အရောက် ဘ၀တစ်လျှောက်လုံး စစ်သူရဲကောင်း ဘ၀နဲ့သူပြုမူ ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် သံဝေဂရပြီး ပြောရာပြေကြောင်း ရည်းစူးတည်ခဲ့ တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်း နှစ်ဆူဟာ ညနေ တိုင်း စောင်းတီး ခတ် ဖျော်ဖြေ တတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့် တစ်နေရာမှာရှိနေတယ်။ သီးသန့် ဘုရားကျောင်းလေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင် မီးပူဇော် ရတာဟာ ခမ်းနား ကျော်ကြားလှတဲ့ ဘုရားတွေကိုဖူးရတာနဲ့မတူတဲ့ အတွေ့အကြုံ ခံစားမှုပါပဲ။DASSK1
ကျွန်မသားနဲ့ ကျွန်မက ပုဂံ အနှံ့အပြားမှာ ရှိနေတဲ့ ဘုရားစေတီ အားလုံးကို ဖူးမနေတော့ဘူး လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ ကောင်းမှု စေတီလေးတွေက လွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီကို သွားဖူးခဲ့ပါတယ်။ မနူဟာစေတီကို အဖမ်းဆီးခံ မွန်ဘုရင် မနူ ဟာတည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့်ထူခြားတဲ့
အဓိပ္ပာယ် ဆောင်ပါတယ်။ ကာလကြာရှည် လက်ခံခဲ့ကြတဲ့ သမိုင်းပုံပြင်ကို
ပညာရှင်တွေကြား ခုနောက်ပိုင်းမေးခွန်း ထုတ်လာကြပေမယ့် ဒီဂူဘု ရားဟာ
လွတ်လပ်မှုကို မွတ်သိပ်တဲ့၊ ထိုင်းမှိုင်းလေးလံတဲ့အာဝါသအ ဖြစ် ပေါ်လွင်အောင်တမင် ဒီဇိုင်း ထုတ်ထားတယ် ဆိုရင်ငြင်းနိုင်မှာ မဟုတ်ပါဘူး။ အထဲကဗုဒ္ဓရုပ်ပွားတော်ကြီးတွေဟာ
ရှိနေတဲ့နေရာအ ကျယ်အ၀န်းနဲ့ မကိုက်လောက်အောင် ကြီးမားနေပြီး ဖူးမြော်သူကို
ပိတ်လှောင် မွန်ကျပ်ခြင်းနဲ့ မကိုက်လို မှု ပြင်းပြနေတဲ့ ၀ိညာဉ်ရဲ့ရုန်းကန်
အသက်ရှူနေခြင်းတို့နဲ့ ထိတွေ့ရသလို ခံစားရစေ ပါတယ်။ အဲဒီ ဘုရားသွားဖူးတာ
ကျွန်မတို့ နိုင်ငံမှာသိပ်ကို လိုအပ်နေတဲ့အရာနှစ်ခုကို သတိပြုစေ ပါတယ်။
လူမျိုးစု တိုင်းရင်းသားတွေကြားထဲ ညီညွှတ်မျှတမှု ရက်ယှက်ဖို့နဲ့ယုံကြည်ချက်ေ ကြာင့် အကျဉ်းကျခံရသူတိုင်း လွတ်မြောက်ဖို့တို့ ဖြစ်ပါတယ်။ ဒီအသိတွေ ကနေတော့ အပန်းဖြေအနား ယူနိုင်တယ် ရယ်လို့ မဖြစ်နိုင်ပါ ဘူး။
အောင်ဆန်းစုကြည်
(၂၂.၈.၂၀၁၁နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ဖော်ပြ ပြီး)
— with Owaynews Journal.၁၅၊ စက်တင်ဘာလ၊ ၂၀၁၁၊ ကြာသပတေးနေ့၊ အတွဲ့ (၂)၊ အမှတ် (၆၀) ပြည်သူ့ခေတ်ဂျာနယ် မှ ဆောင်းပါးဖြစ်ပါသည်။ စာလုံးပေါင်းသတ်ပုံမှားပါလှ
မြန်မာပြည်ကရေးတဲ့စာ အပန်းဖြေနားရက်များ(၂)အောင်
Bagan Hotel (River View) ပုဂံဟိုတယ်(မြစ်ရှုခင်းသာ) ဆိုတဲ့အတိုင်းသစ်ပင် ပန်းပင်တွေနဲ့ စိမ်းလန်းစိုပြည်နေတဲ့ ဟိုတယ်ဝင်းရဲ့ အနောက်ဘက်အနားစွန်း တစ်လျှောက် ပျင်းရိပျင်းတွဲ စီးဆင်းနေတဲ့ ဧရာဝတီရဲ့ ခမ်းနားလှပတဲ့ ရှုမြင် ကွင်းကို မြင်ရပါတယ်။ မုတ်သုံရာသီထဲ ထဲထဲဝင်ဝင်ရောက် နေပေ မယ့်ကျွန်မတို့ ပုဂံမှာ နေခဲ့တဲ့ လေးရက် အတွင်း မိုးလေးတစ်ပြိုက် (ဖျန်းတယ်ဆိုရုံလေး) ရွာတာသာရှိလို့ ညတိုင်းမှာ ဒီရှေးမြို့တော်ဟောင်းရဲ့ကေ
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့အလည် ရောက်လာကြသူတွေက ပုဂံရဲ့ဆွတ်ပျံ့ဖွယ်၊ အံ့မူး ဖွယ်တွေကို အများကြီး ရေးခဲ့ကြ ပြီးပါပြီး။ ဒီမိုးခေါင်ရေရှားလွင်ပြင်မ
မိမိရဲ့ဘာသာရေး ကိုင်းရှိုင်းမှုကိုဒီလို အုတ်တွေ၊ သရွတ်တွေနဲ့သက်သေထူခဲ့ကြတဲ့
ပုဂံပြည်ကို စိုးစံခဲ့ကြတဲ့ မင်းဧကရာဇ်စာရင်းက ရှည်လျားလှတဲ့ ဆိုပေမယ့်ကျွန်မ စိတ်ကူးစိတ် သန်းကို ဖမ်းစားနိုင်တာ တစ်ဦးပဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ ကျန်စစ်သားမင်း ပါပဲ။ ကျွန်မတို့ငယ်ငယ် က သင်ရတဲ့ သမိုင်းသာအုပ်တွေအရ သူဟာ ပထမ မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့တဲ့ အ နော်ရထာဘုရင်ရဲ့သားပါပဲ။ ဒါပေမယ့် ပညာရှင်တွေရဲ့တွေ့ရှိချက်တေ
ဟိုတယ်ဝင်းထဲမှာ ကျွန်မတို့အတွက် တကယ့်ကို အံ့အား သင့်ရ စေတာက ဂူစေတီလေး နှစ်ဆူစ လုံးဟာ ကျန်စစ်သားနဲ့ သက်ဆိုင်တယ်လို့ သိခဲ့ရ ပါတယ်။ တစ်ဆူက သူ့နန်းသက် အစောပိုင်းမှာ ရန် သူတွေကို အောင်မြင်နိုင်ခဲ့ခြင်း အတွက် ကျေးဇူးအောက်မေ့တဲ့ အနေနဲ့ တည်ထားတာဖြစ်ပြီး နောက် တစ်ဆူကတော့ သူ့ ဘ၀နောက်ဆုံးပိုင်း အရောက် ဘ၀တစ်လျှောက်လုံး စစ်သူရဲကောင်း ဘ၀နဲ့သူပြုမူ ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် သံဝေဂရပြီး ပြောရာပြေကြောင်း ရည်းစူးတည်ခဲ့ တာလို့ ပြောပြကြပါတယ်။ အရွယ်အစားသင့်ရုံ ဒီဂူကျောင်း နှစ်ဆူဟာ ညနေ တိုင်း စောင်းတီး ခတ် ဖျော်ဖြေ တတ်တဲ့ ညစာခန်းမ ကပြင်အနားက ပန်းခြံထောင့် တစ်နေရာမှာရှိနေတယ်။ သီးသန့် ဘုရားကျောင်းလေးလို ဖြစ်နေတဲ့နေရာမှာ ဖယောင်းတိုင် မီးပူဇော် ရတာဟာ ခမ်းနား ကျော်ကြားလှတဲ့ ဘုရားတွေကိုဖူးရတာနဲ့မတူတဲ့
ကျွန်မသားနဲ့ ကျွန်မက ပုဂံ အနှံ့အပြားမှာ ရှိနေတဲ့ ဘုရားစေတီ အားလုံးကို ဖူးမနေတော့ဘူး လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာနန္ဒာနဲ့ ဟိုတယ်ဝင်းထဲက ကျန်စစ်သားရဲ့ ကောင်းမှု စေတီလေးတွေက လွဲရင်တော့ သဗ္ဗညုနဲ့ မနူဟာစေတီကို သွားဖူးခဲ့ပါတယ်။ မနူဟာစေတီကို အဖမ်းဆီးခံ မွန်ဘုရင် မနူ ဟာတည်ခဲ့တယ်လို့ ယူဆခဲ့ကြတာကြောင့်ထူခြားတဲ့
အောင်ဆန်းစုကြည်
(၂၂.၈.၂၀၁၁နေ့ထုတ် Mainichi သတင်းစာတွင် ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်ဖော်ပြ

No comments:
Post a Comment