မြန်မာအာဏာပိုင်များအား၂၄နှစ်ကြာလက်နက်ကိုင်တော်လှန်နေသည့်
ထိုင်းမြန်မာနယ်စပ်အခြေစိုက်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်၏ဥက္ကဌကိုသံခဲအပါအ၀င်ခေါင်းဆောင်(၁၀)ဦး
ယနေ့နံနက်မြ၀တီမှရန်ကုန်သို့ပထမဆုံးအကြိမ်၊မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေးခရီးစဉ်အဖြစ်
ရန်ကုန်မြို့သို့ခရီးထွက်ခွါသွားကြောင်းသတင်းရရှိသည်။“ကျနော်တို့ဒီနေ့မနက်မြ၀တီကနေဖားအံကိုကားနဲ့ထွက်မယ်၊
ဖားအံမှာကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနဲ့အဖွဲ့ကကြိုဆိုပြီးသူတို့ရဲ့အစီအမံနဲ့ရန်ကုန်ကိုခရီးဆက်မှာဖြစ်ပါတယ်”
ဟုကျောင်းသားတပ်မတော်ဗဟိုဦးဆောင်ကော်မတီဝင်ဆလိုင်းယောအောင်ကပြောသည်။
ဂျန်န၀ါရီလ၃ရက်နေ့တွင်အဆုံးသပ်မည့်၂ပတ်ကြာပြည်တော်ဝင်ခရီးစဉ်အတွင်းမြန်မာအစိုးရနှင့်
အတိုက်အခံဒီမိုကရေစီအင်အားစုများ၏နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်သည့်အမြင်များကို
ကြားနာလေ့လာယုံကလွဲပြီးအစိုးရနှင့်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမည့်အစီအစဉ်မရှိသေးကြောင်းသိရသည်။
“ဒီခရီးစဉ်ရည်ရွယ်ချက်ပထမအချက်ကဒီနေ့အပြောင်းအလဲမှာ၂ဘက်မြင်တဲ့အမြင်ကို
ကျနော်တို့နားထောင်ချင်တယ်၊နောက်တချက်က၊အတိုက်အခံတွေကကျနော်တို့ပေါ်မြင်တဲ့အမြင်
၊ကျနော်တို့ဘာတွေဆက်လုပ်စေချင်သလဲဆိုတာနားထောင်ချင်တယ်
၊ပြီးတော့အနှစ်၂၀ကျော်ခွဲခွါနေရတဲ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံဖို့ပေါ့”ဟုကိုဆလိုင်းကဆိုသည်။
။ကျောင်းသားတပ်မတော်၏ခရီးစဉ်အတွင်း၊နေပြည်တော်ရှိအစိုးရ၀န်ကြီးဌာနအကြီးအကဲများနှင့်တွေ့ဆုံခြင်း၊
အတိုက်အခံဒီမိုကရေစီအင်အားစုများနိုင်ငံရေးပါတီများ၊အဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံရန်ရှိသည်ဟုသိရသည်။
။လောလောဆယ်၊၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ဗကသ၊UNAတိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်
အဖွဲ့အစည်းများနှင့်တွေ့ဆုံရန်ရှိသော်လည်းNLDပါတီအပါအ၀င်၊ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင်
့တွေ့ဆုံရန်ရက်ချိန်းမရသေးဟုသိရသည်။လက်ရှိမြန်မာမြောက်ပိုင်းဒေသကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နှင့်
ကချင်လက်နက်ကိုင်တပ်များပူးတွဲပြီးမြန်မာ့တပ်မတော်နှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်နှင့်လည်းကောင်း၊
လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်ပြီးအစိုးရနှင့်ပြည်သူအကြား
သဘောထားတင်းမာမှုများရှိနေချိန်ကျောင်းသားတပ်မတော်ခေါင်းဆောင်များ၏ပြည်တော်ဝင်လေ့လာရေးခရီးစဉ်ကို
အဖွဲ့အစည်းအတွင်းကန့်ကွက်မှုများလည်းရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။“ဒီခရီးစဥအစီအစဉ်ကိုယာယီနောက်ပြန်ရွှေ့ထားလည်းရတယ်၊
ဒါမှမဟုတ်ဥက္ကဌနဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေအကုန်မပါတဲ့ကိုယ်စားလှယ်တွေစေလွှတ်လည်းရတာပဲ၊
ဒီလိုနိုင်ငံရေးအရရှုတ်ထွေးနေတဲ့ကာလမှာ.ကျနော်တို့ကျောင်းသားတပ်မတော်ကကျွန်ဝယ်ရာအဆစ်မပါစေချင်ဖူး”
ဟုအမည်မဖော်လိုသည့်ကျောင်းသားတပ်မတော်ဗဟိုကော်မတီဝင်တဦးကခရီးစဉ်အပေါ်ဝေဖန်ပြောဆိုခဲ့သည်။
၁၉၈၈နိုဝင်ဘာလတွင်ဖွဲ့စည်းခဲ့သောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်သည်၊
အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမထားပဲမြန်မာပြည်တွင်းဝင်ရောက်သည့်တခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်သည်။
ယခ္ခုခရီးစဉ်သည်ဖေဖ၀ါရီလအတွင်းကသမတရုံးဝန်ကြီးဦးအောင်မင်းအပါအ၀င်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့်ထိုင်းနိုင်ငံ၌တွေဆုံဆွေးနွေးခဲ့သည့်ရလဒ်ဟုသိရသည်။“အခုခရီးစဉ်ဟာဦးအောင်မင်းနဲ့ပထမအကြိမ်တွေ့ခဲ့တုံးကကျနော်တို့ဘက်က၊
နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်မယ်၊ပြည်တွင်းလေ့လာရေးခရီးထွက်မယ်၊
ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးရမယ်ဆိုတဲ့သဘောတူညီမှုတွေရဲ့အကျိုးဆက်ပါ”ဟုကိုဆလိုင်းယောအောင်ကပြောသည်။
အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်မတော်၏ခရီးစဉ်အပြီးရန်ကုန်မြို့နှင့်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့၌သတင်းစာရှင်းပွဲပြုလုပ်မည်ဟုသိရသည်။
ကိုညို။
No comments:
Post a Comment