ဩဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ"""ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲ့ သစ်သီးဖြစ်တဲ့ ဩဇာသီးဟာ အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်
။
(၁) အစာမကြေ ဝေဒနာကို သက်သာစေပါတယ်
ဩဇာသီးဟာ အစာမကြေတာ၊ ရင်ပည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
(၂) ဝမ်းပျက် ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာကို သက်သာ စေပါတယ်
ဩဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ဝမ်းချုပ်ခြင်း ကင်းဝေးစေပြီး ဝမ်းပျက်ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာ တို့ကိုလည်း သက်သာစေပါတယ်။
(၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါ တယ်။
(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာ ကို ကျန်းမာစေပါတယ်။
(၅) နှလုံးကျန်းမာစေပါတယ်
ဩဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။
(၆) အဆစ်ကို ကျန်းမာစေပါတယ်
ဩဇာသီးမှာ မဂ္ဂနီဆီယမ် များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ်ဖယ်ရှားရေးမှာ ပါဝင်ကူ ညီပါတယ်။ ဒါကြောင့် အဆစ်ရောင်နာ တဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။
(၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်
ဩဇာသီးမှာ သိုင်ယာမင်း (B1) ၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2) ၊ သ ဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒ ရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီ ယမ်၊ ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် စတာတွေပါဝင်တာကြောင့် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၈) ပိုးသတ်အာနိသင်ရှိပါတယ်
ဩဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။
(၉) သရေစာအဖြစ် စားနိုင်ပါတယ်
ဩဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ အချိုပွဲအနေနဲ့ စားသင့်ပါတယ်။
(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်
ဩဇာသီးမှာ သံဓာတ်ပါဝင်တာ ကြောင့် သွေးအားနည်းရောဂါကုသမှုမှာ အသုံးဝင်ပါတယ်။GOOD HEALTH

နာနတ်သီးမှာ
ဗီတာမင်စီ မြင့်မားစွာ ပါဝင်တဲ့ အပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ အမျှင်
ဓာတ်တွေ အများအပြား ပါရှိပြီး အဆီနဲ့ ကိုလက်စထရော အနည်းငယ်သာ ပါရှိပါတယ်။
ဒါ့အပြ
င် ဘရိုမီလိန်း လို့ခေါ်တဲ့ အင်ဇိုင်း
ပါဝင်ပြီး အဲဒီအင်ဇိုင်းဟာ အစာခြေ မှုကောင်းစေပြီး ခန္ဓာကိုယ်မှ နာကျင်တာနဲ့
ရောင်ရမ်းတာကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်း တွေကို ထုတ်လုပ်စေ ပါတယ်။
လေ့လာမှုတွေအရ ဘရိုမီလိန်းဒြပ်ပေါင်းဟာ ဒူးခေါင်း အရိုးအဆစ်ရောင်
နာနဲ့နာကျင်မှုဝေဒနာပျောက် ကင်းဖို့အတွက် ထိထိရောက်ရောက် အကျိုး ရှိတယ်လို့
သိရပြီး စတီးရွိုက် မပါဝင်တဲ့ ရောင်ရမ်းမှု ပျောက်ဆေးလိုမျိုး
အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment