နိဒါန်း
ဖွံ့ဖြိုးတိုးတက်ရေး၊
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးနယ်ပယ်ကို
လေ့လာနေကြတဲ့ ပညာရှင်များနဲ့
လက်တွေ့လုပ်ငန်းခွင်မှာ
ပါဝင်ဆောင်ရွက်နေကြသူများအတွက်
လူသားလုံခြုံရေးဆိုတဲ့
သဘောတရား ဟာ ထင်ရှားတဲ့
ပါရာဒိုင်းပြောင်းလဲမှုတခု
ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ
ရာစုနှစ် ပေါင်းများစွာ
ကျင့်သုံးလာခဲ့တဲ့
ချဉ်းကပ်မှုနည်းလမ်းတွေနဲ့
မူဝါဒတွေဟာ နိုင်ငံတော် (The
State) နဲ့
နိုင်ငံတော်အကျိုးစီးပွားတွေမှာ
ဗဟိုပြုထားခဲ့တာကြောင့်
လူတဦးချင်းစီရဲ့ အကျိုးစီးပွားတွေ၊
ဆုံးရှုံးမှုတွေ၊ အတွေ့အကြုံ
စတာတွေဟာ နိုင်ငံတော်၊
အများပြည်သူ စတဲ့
စကားလုံးကြီးတွေအောက်မှာ
တိမ်မြှုပ်ပျောက်ကွယ်နေခဲ့ပါတယ် ။
လုံခြုံရေးဆိုင်ရာမှာလဲ
နယ်မြေပိုင်နက်၊ အချုပ်အခြာအာဏာ၊
အမျိုးသားအကျိုးစီးပွား
စတဲ့ ကဏ္ဍတွေနဲ့သာ သက်ဆိုင်တဲ့
နိုင်ငံတော်လုံခြုံရေး၊
အမျိုးသားလုံခြုံရေး စတာတွေကိုပဲ
ဦးစားပေး ဖော်ပြခဲ့ကြပါတယ်။
ဒါပေမယ့် ၂၁ ရာစုမှာတော့
လူတဦးချင်းစီရဲ့ လုံခြုံရေးကို
အာရုံစိုက်တဲ့ လူသားလုံခြုံရေး
ဆိုတဲ့ အတွေးအခေါ်သစ်တရပ်
ပေါ်ထွက်လာခဲ့ပါတယ်။
လူသားတွေရဲ့ဘ၀မှာ
ကြောက်ရွံ့ခြင်းမှကင်းဝေးရေး
(Freedom from fear)
နဲ့
လိုချင်တောင့်တမှုမှကင်းဝေးရေး
(Freedom from want)
အခွင့်အလမ်းတွေ
ရရှိခံစားနိုင်ရေးအတွက်
အာမခံချက်ပေးနိုင်တဲ့
နိုင်ငံရေး၊ စီးပွားရေးနဲ့
လူမှုရေးအခြေအနေတွေမှာ
ဘ၀ရပ်တည်နိုင်မှသာ လူသားလုံခြုံရေး
ရှိတယ်လို့ သတ်မှတ်ရမှာ
ဖြစ်ပါတယ်။ လူသားလုံခြုံရေးကို
ခြိမ်းချောက်နိုင်တဲ့ အရာတွေဟာ
နိုင်ငံတော်လုံခြုံရေးနဲ့
အမျိုးသားလုံခြုံရေးကို
ခြိမ်းချောက်နိုင်တဲ့
အရာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။
နိုင်ငံတော်ကိုယ်တိုင်က
လူသားလုံခြုံရေးကို
ပြန်လည်ခြိမ်းချောက်နေတဲ့
နိုင်ငံတွေလဲ ရှိပေမယ့်
အနည်းအကျဉ်းသာ ရှိပါတယ်။
လူသားလုံခြုံရေးသဘောတရား
ပေါ်ထွက်လာမှုဟာ နိုင်ငံတော်ရဲ့
အခန်းကဏ္ဍကို သေးငယ်သွားစေဖို့
ပေါ်ထွက်လာတာ မဟုတ်ပါဘူး။
တကယ်တမ်း ကျတော့ နိုင်ငံတော်ဟာ
လူသားလုံခြုံရေးကို ကာကွယ်ရမယ့်
အရေးအကြီးဆုံး အစိတ်အပိုင်းအဖြစ်
ပိုပြီး အရေးပါလာတာ ဖြစ်ပါတယ်။
လူသားတွေကို မွေးကင်းစကနေ
ဘ၀နိဂုံးချုပ်ချိန်အထိ
စောင့်ရှောက်ပေး ရေး၊
ထိခိုက်မှုနှင့် အကြမ်းဖက်မှုတို့မှ
ကင်းဝေးစေရေး၊ လူမှုရေးခြိမ်းချောက်မှုများ
ဖြစ်တဲ့ ရောဂါဘယ ဖြစ်ပွားမှုများကို
ကာကွယ်ကုသရေး၊ ရာဇ၀တ်မှုခင်းများရဲ့
သားကောင်ဘ၀ မရောက်စေရေး၊
ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေရေး
စတာတွေကို လူသားလုံခြုံရေး
သဘောတရားမှာ ခြုံငုံဖော်ပြ
ထားပါတယ်။
လူသားလုံခြုံရေး
သဘောတရား
(၂၀၀၀)
ပြည့်နှစ်၊
Millennium Summit
မှာ
ကမ္ဘာ့ကုလသမဂ္ဂအထွေအထွေအတွင်းရေး မှူးချုပ်က
"ကြောက်ရွံ့ခြင်းနဲ့
လိုအင်ဆန္ဒများမှ လွတ်ကင်းတဲ့
ကမ္ဘာဖြစ်လာရေး"
ကို
အဆိုပြုခဲ့ပါတယ်။ ဒါကို
တုန့်ပြန်တဲ့အနေနဲ့ (၂၀၀၁)
ခုနှစ်၊
ဇန်န၀ါရီလမှာ လူသားလုံခြုံရေးဆိုင်ရာကော်မရှ င်
(The Commission on
Human Security) ပေါ်ထွက်လာခဲ့ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာကော်မရှ င်က
ပြောင်းလဲလာတဲ့ (၂၁)ရာစု
အခြေအနေများနဲ့အညီ ပါရာဒိုင်းတခု
လိုအပ်ကြောင်း တင်ပြဆွေးနွေးခဲ့ပါတယ်။
(၂၁)
ရာစုမှာ
ပေါ်ထွက်လာတဲ့ လုံခြုံရေးရာ
ခြိမ်းချောက်မှုတွေဖြစ်တဲ့
နာတာရှည်ဆင်းရဲနွမ်းပါးမှု၊
လူမျိုးစု အကြမ်းဖက်မှု၊
လူကုန်ကူးမှု၊ ကူးစက်ရောဂါပျံ့ပွားမှု၊
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊
နိုင်ငံတကာ အကြမ်းဖက်မှု၊
စီးပွားပျက်ကပ် စတာတွေဟာ
တခုနဲ့တခု ဆက်နွယ်ပြီး
ရှုပ်ထွေးလှပါတယ်။ ပိုပြီးဆိုးတာက
ဒီခြိမ်းချောက်မှုတွေမှာ
နိုင်ငံဖြတ်ကျော်မှု
ဒိုင်မင်းရှင်း (Transnational
dimension) ပါဝင်နေတာ
ဖြစ်တဲ့အတွက် စစ်ဘက်ရေးရာကိုသာ
အာရုံစိုက်တဲ့ အစဉ်အလာလုံခြုံရေးရာ
သဘောတရားတွေနဲ့ မကိုက်ညီတော့ပါဘူး။
ဒါကြောင်းပြောင်းလဲလာတဲ့
အခြေအနေတွေနဲ့ ကိုက်ညီတဲ့
လူသားလုံခြုံရေးသဘောတရားကို
အာရုံစိုက်သင့်ကြောင်း
ပညာရှင်များက ဆိုထားကြပါတယ်။
ဒါတင်မကပဲ
(၂၁)ရာစု
လုံခြုံရေးရာ ခြိမ်းချောက်မှုတွေဟာ
(၂၀)ရာစုထက်
ပိုပြီးကြီးမားကျယ်ပြန့်
ပြင်းထန်လာတာကြောင့်
အစဉ်အလာကျင့်သုံးနေတဲ့
ယန္တရားတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းဖို့
တစထက်တစ ခက်ခဲလာပြီ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး၊
လူ့အခွင့်အရေးနဲ့
အမျိုးသားလုံခြုံရေးတို့
အကြားက ဆက်နွယ်မှုတွေနဲ့
အပြန်အလှန် အမှီသဟဲပြုမှုတွေကို
အသိအမှတ်ပြုတဲ့ consensus
မရှိပဲ
လုံခြုံရေးရာခြိမ်းချောက်မှုတွေ ကို
ကိုင်တွယ်ဖြေရှင်းနိုင်မှာ
မဟုတ်တော့ကြောင့် ကမ္ဘာ့နိုင်ငံများက
အသိအမှတ်ပြုလာကြပါတယ်။ ဒီ
consensus ကို
လူသားလုံခြုံရေးသဘောတရားက
အထောက်အကူပြု နိုင်ကြောင်း
ပညာရှင်များက ဆိုလာကြပါတယ်။
လူသားလုံခြုံရေးဆိုင်ရာကော်မရှ င်က
ထုတ်ပြန်တဲ့ "Human
Security Now” ဆိုတဲ့
အစီရင်ခံစာထဲမှာ လူသားလုံခြုံရေးဆိုတာကို
"လူသားတို့၏
လွတ်လပ်ခွင့်များနှင့်
လိုအင်ဆန္ဒပြည့်ဝမှုများကို
အားဖြည့် ပေးနိုင်ရေးအတွက်
လူသားတို့၏ ဘ၀များအား
ကာကွယ်စောင့်ရှောက်ခြင်း"
လို့
အနက်အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
လူသားလုံခြုံရေးဆိုတဲ့
သဘောတရားမှာ လူ့ဘ၀ရဲ့
အနှစ်သာရဖြစ်တဲ့ အခြေခံ
လွတ်လပ်ခွင့်များကို
ကာကွယ်စောင့်ရှောက်ခြင်း
ဆိုတဲ့အချက်က ပေါင်းစပ်ပါဝင်နေပါတယ်။
တနည်း ဆိုရင် လူသားတွေကို
ပြင်းထန်ကြီးမားတဲ့
ခြိမ်းချောက်မှုတွေ၊
အခြေအနေတွေကနေ ကာကွယ်
စောင့်ရှောက်ခြင်းလို့လဲ
ဆိုနိုင်ပါတယ်။ လူသားလုံခြုံရေး
သဘောတရားမှာ လူသားတွေရဲ့
စွမ်းအားတွေ၊ မျှော်မှန်းချက်တွေ
အပေါ်မှာ အားဖြည့်တည်ဆောက်ထားတဲ့
ဖြစ်စဉ်များအား အသုံးပြုခြင်း
ဆိုတဲ့ အချက်ကလဲ ပေါင်းစပ်ပါဝင်နေပါတယ်။
ဒါတင်မကပဲ လူသားတွေရဲ့ ဘ၀မှာ
အရေးကြီးဆုံး building
blocks တွေဖြစ်တဲ့
ရှင်သန်ရပ်တည်မှုနဲ့
ဂုဏ်သိက္ခာကို ပေးအပ်နိုင်တဲ့
နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး၊ ယဉ်ကျေးမှု၊
သဘာဝပတ်ဝန်းကျင်နဲ့ စစ်ရေးဆိုင်ရာ
စနစ်များကို ဖန်တီးပေးခြင်း
ဆိုတဲ့ အချက်လဲ ပေါင်းစပ်ပါဝင်ပါတယ်။
လူသားလုံခြုံရေးသဘောတရား
စတင်ပေါ်ထွက်လာပြီးချိန်မှာ
ကနေဒါ၊ နော်ဝေ၊ ဂျပန်နဲ့
နိုင်ငံတကာ အဖွဲ့အစည်းတွေက
ကျယ်ကျယ်ပြန့်ပြန့်
ဖြန့်ဝေအသုံးပြုလာကြပါတယ်။
လူသားလုံခြုံရေးကွန်ယက်မှာ
သြစတြီးယား၊ ကနေဒါ၊ ချီလီ၊
ကော်စတာရီကာ၊ ဂရိ၊ အိုင်ယာလန်၊
မာလီ၊ နယ်သာလန်၊ နော်ဝေ၊
စလိုဗီးနီးယား၊ ဆွစ်ဇာလန်၊
ထိုင်းစတဲ့ နိုင်ငံတွေ
ပါဝင်လာကြပြီး၊
အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့အတူ
advocacy campaigns
တွေ
အကောင်အထည်ဖော်လာကြပါတယ်။
ဂျပန်နိုင်ငံက လူသားလုံခြုံရေး
သဘောတရားကို သံတမန်ရေးရာမှာ
ထည့်သွင်းကျင့်သုံးလာပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ
ကော်မရှင်နဲ့ Trust
Fund တည်ထောင်မှုကို
ထောက်ခံအားပေးလာပါတယ်။
ဥရောပလုံခြုံရေး မဟာဗျူဟာတွေမှာလဲ
လူသားလုံခြုံရေးကို
ထည့်သွင်းစဉ်းစားလာပါတယ်။
သို့ပေမယ့် တရုတ်ပြည်သူ့
သမ္မတနိုင်ငံ၊ အမေရိကန်
ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတွေကတော့
အမျိုးသားလုံခြုံရေး (national
security) ကိုသာ
ပိုပြီး အာရုံစိုက်နေဆဲပဲ
ရှိပါသေးတယ်။
လူသားလုံခြုံရေးဆိုင်ရာ
သွင်ပြင်လက္ခဏာများ
လူသားလုံခြုံရေးဆိုတာ
လုံခြုံရေး (security)၊
အခွင့်အရေး (rights)၊
ဖွံ့ဖြိုးတိုးတက်ရေး
(development) စတဲ့
သဘောတရားတွေထဲက human
element တွေကို
ဆွဲထုတ်ပြီး၊ ပေါင်းစပ်ပေါ်ထွက်လာတဲ့
သဘောတရားဖြစ်ပါတယ်။ ဒါကြောင့်
လူသားလုံခြုံရေး ဆိုတာကို
inter-disciplinary
concept အနေနဲ့
သတ်မှတ်ထားကြပါတယ်။ ဒီသဘောတရားမှာ
အဓိကသွင်ပြင်လက္ခဏာ (၅)
ရပ်
ရှိကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ
Office for the
coordination of Humanitarian Affairs ရုံးရဲ့
လူသားလုံခြုံရေးယူနစ်က
ခွဲခြားဖော်ပြထားခဲ့ပါတယ်။
ပထမသွင်ပြင်လက္ခဏာကတော့
လူထုဗဟိုပြု (people-centred)
သွင်ပြင်လက္ခဏာဖြစ်ပါတယ်။
လူသားလုံခြုံရေး သဘောတရားဟာ
လူတဦးချင်းစီကို ဆန်းစစ်ချက်ဗဟို
(Centre of
analysis) အဆင့်မှာ
သတ်မှတ်ထားရှိပြီး၊ လူသားရဲ့
ရှင်သန်ရပ်တည်မှုနဲ့
ဂုဏ်သိက္ခာကို ခြိမ်းချောက်တဲ့
အခြေအနေတွေကို စဉ်းစားပါတယ်။
နောက်ဆုံးမှ လူသားဘ၀မှာ
ခံနိုင်ရည်မရှိလောက်အောင်
ခြိမ်းချောက်နေတဲ့ အခြေအနေတွေကို
ဖော်ထုတ်ခြင်းဖြစ်တဲ့အတွက်
လူထုဗဟိုပြုသွင်ပြင်လက္ခဏာ
ရှိကြောင်း ဆိုနိုင်ပါတယ်။
ဒုတိယသွင်ပြင်လက္ခဏာကတော့
ကဏ္ဍစုံ (multi-sectoral)
သွင်ပြင်လက္ခဏာဖြစ်ပါတယ်။
လူသားလုံခြုံရေး သဘောတရားဟာ
မလုံခြုံမှု (insecurities)
ဆိုင်ရာ
ကဏ္ဍစုံကို ဖြစ်ပွားစေတဲ့
ခြိမ်းချောက်မှုတွေကို
ထည့်သွင်းလေ့လာထားပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ
ခြိမ်းချောက်မှု အမျိုးအစားများကို
နိုင်ငံရေးရာလုံခြုံရေး
(political
security)၊
လူ့အဖွဲ့အစည်းလုံခြုံရေး
(community
security)၊
တဦးချင်းလုံခြုံရေး (personal
security)၊
သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး
(environmental
security)၊
ကျန်းမာရေးရာလုံခြုံရေး
(health security)၊
အစားအစာလုံခြုံရေး (food
security) နဲ့
စီးပွားရေးရာလုံခြုရေး
(economic security)
စသည်တို့ကို
ခြိမ်းချောက်နေတဲ့အရာများ
စသဖြင့် ကဏ္ဍစုံကနေ
ခွဲခြားဖော်ပြထားတဲ့အတွက်
ကဏ္ဍစုံ သွင်ပြင်လက္ခဏာ ရှိကြောင်း
ဆိုနိုင်ပါတယ်။
တတိယသွင်ပြင်လက္ခဏာကတော့
comprehensive
လက္ခဏာရပ်ဖြစ်ပါတယ်။
လူသားမလုံခြုံမှုများဟာ
တခုနဲ့တခု ဆက်နွယ်နေတာဖြစ်တဲ့အတွက်
တခုချင်းစီ လိုက်လံဖြေရှင်းဖို့
ခဲယဉ်းပါတယ်။ လူသားလုံခြုံရေး
သဘောတရားဟာ လုံခြုံရေး၊
ဖွံ့ဖြိုးတိုးတက်ရေးနဲ့
လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်
တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ
ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး
လိုအပ်ချက်ကို အာရုံစိုက်
ဖော်ပြထားတဲ့အတွက် comprehensive
လက္ခဏာရှိကြောင်း
ဆိုနိုင်ပါတယ်။ လူသားလုံခြုံရေး
ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ
လူသားလုံခြုံရေးကို
ဦးတည်ချက်တရပ်အဖြစ်
ဖော်ဆောင်ရေးအတွက် ကမ္ဘာတ၀ှမ်းက
နိုင်ငံပေါင်းစုံ၊
အစုအဖွဲ့ပေါင်းစုံရဲ့
ပိုမိုအားကောင်းသော integrated
responses တွေ
လိုအပ်ကြောင်း ဆိုထားခဲ့ပါတယ်။
လူသားလုံခြုံရေးရဲ့
စတုတ္ထသွင်ပြင်လက္ခဏာကတော့
content-specific
ဖြစ်ပါတယ်။
မလုံခြုံမှုတွေဟာ
အခြေအနေကွဲပြားမှုတွေအပေါ်
မူတည်ပြီး ခြားနားမှုရှိကြောင်းနဲ့
ပေါ်ထွက်လာတဲ့ အခြေအနေတွေပေါ်
မူတည်ပြီး သီးခြားအဖြေရှာမှုတွေလုပ်ဖို့
လိုအပ်ကြောင်း လူသားလုံခြုံရေး
သဘောတရားက တိုက်တွန်း ထားပါတယ်။
ပဉ္ဓမသွင်ပြင်လက္ခဏာကတော့
ကြိုတင်ကာကွယ်ရေးကို
ဦးတည်ဇောင်းပေးခြင်း
(prevention-oriented)
သွင်ပြင်လက္ခဏာ
ဖြစ်ပါတယ်။ လူသားလုံခြုံရေး
သဘောတရားဟာ မလုံခြုံမှုများနဲ့
ခြိမ်းချောက်မှုများကို
ဖြစ်ပွားစေတဲ့ အခြေခံအကြောင်းတရားများ
(root causes) နဲ့
risks များကို
မီးမောင်းထိုးပြတဲ့အတွက်
ကြိုတင်ကာကွယ်မှုကို
ဇောင်းပေးထားကြောင်း သိသာ
ထင်ရှားပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ
ဒိုင်မင်းရှင်းများ
လူသားလုံခြုံရေးဆိုတဲ့
သဘောတရားမှာ လက်ငင်းဒိုင်မင်းရှင်း၊
ရေတိုဒိုင်မင်းရှင်းနဲ့
ရေရှည်ဒိုင်မင်းရှင်း ဆိုပြီး
ဒိုင်မင်းရှင်း (၃)
ခု
ရှိကြောင်း ပညာရှင်များက
ဆိုထားကြပါတယ်။
(က)
လက်ငင်းဒိုင်မင်းရှင်း
(၁၉၉၀)
ခုနှစ်
အစောပိုင်းကာလတွေမှာ "complex
humanitarian emergencies” ဆိုတဲ့
သဘောတရားတခု ပေါ်ထွက်လာခဲ့ပါတယ်။
ဆိုမားလီးယား၊ ရ၀မ်ဒါနဲ့
ဘော့စ်စနီးယား နိုင်ငံတွေမှာ
ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေကနေ
ဒုက္ခသည် အမြောက်အမြား
ပေါ်ထွက်လာခဲ့ပြီး၊ ဖြစ်ပွားလာခဲ့တဲ့
humanitarian
tragedies တွေကို
နိုင်ငံတကာအနေနဲ့
စုပေါင်းတုန့်ပြန်ရမယ့်
အခြေအနေ ဖြစ်လာခဲ့ပါတယ်။
သို့ပေမယ့် ဒီလိုလူသားချင်းစာနာမှုဆိုင်ရာ
အရေးပေါ်အခြေအနေတွေကို
နိုင်ငံတကာ အဆင့်မှာ ထိရောက်စွာ
ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွ က်
ရှိပြီးသား အင်စတီကျူရှင်းတွေနဲ့
မလုံလောက် ခဲ့ပါဘူး။
လေထုညစ်ညမ်းမှု၊
ကူးစက်ရောဂါများ ပြန့်ပွားမှုနဲ့
စားနပ်ရိက္ခာမလုံလောက်မှု
ပြဿနာတွေကလဲ လက်နက်ကိုင်ပဋိပက္ခတွေရဲ့
ဖွားဘက်တော်တွေ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့် လက်ငင်းလူသားလုံခြုံမှု
ရှိလာဖို့ အကောင်အထည်ဖော်ဆောင်သင့်တဲ့
လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာပါတယ်။
လက်ငင်း လူသားလုံခြုံရေးဒိုင်မင်းရှင်း ဆိုင်ရာ
လုပ်ငန်းစဉ်တွေကတော့
လူသားအခြေခံလိုအပ်ချက်များဖြစ် တဲ့
ဘ၀၊ အစားအစာ၊ အိုးအိမ်၊
ကျန်းမာရေးနှင့် ပညာရေး
စသည်များကို လူသားချင်းစာနာမှုဖြင့်
ချက်ချင်းကူညီ ထောက်ပံ့ပေးရေး၊
လူသားချင်းစာနာမှုဆိုင်ရာ
ဥပဒေမူကြမ်းများ ပြဌာန်းရေး၊
aid များပေးခြင်းနဲ့
ဖြန့်ဝေခြင်း လုပ်ငန်းဆောင်တာများမှာ
လူ့အခွင့်အရေးကို မဟာဗျူဟာမြောက်
ထည့်သွင်းဖော်ဆောင် ပေးရေး၊
နယ်စပ်ဖြတ်ကျော်ရာဇ၀တ်ဂိုဏ်းများနဲ့
အကြမ်းဖက်အဖွဲ့အစည်းကွန်ယက်များ ကို
ဖော်ထုတ် ဖမ်းဆီးရေး၊
လူမှုအကြမ်းဖက်မှု (social
violence) နဲ့
အုပ်စုများအချင်းချင်းတင်းမာမှု များ
(inter-group
tensions) ကို
ကာကွယ်ရေး စတာတွေ ဖြစ်ပါတယ်။
(ခ)
ရေတိုဒိုင်မင်းရှင်း
ယနေ့ကမ္ဘာမှာ
ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအများစုဟာ
စစ်မြေပြင်မှာ အဆုံးမသတ်ပဲ
စေ့စပ်ဆွေးနွေးရေး စားပွဲပေါ်မှာ
အဆုံးသတ်သွားလေ့ရှိပါတယ်။
သို့ပေမယ့်လဲ စေ့စပ်ဆွေးနွေးရေး
စားပွဲပေါ်မှာ political
settlement ရလာဖို့
ဆယ်စုနှစ်ပေါင်းများစွာ
ကြာတတ်ပါတယ်။ စစ်ပွဲတွေနဲ့
အင်အားသုံးမှုတွေကို
ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြီး၊
လူမှုကွဲပြားမှုတွေကို
အကြမ်းမဖက်နည်းလမ်းများနဲ့
စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။
စစ်ပွဲတွေအပြီးမှာ
သေနတ်သံတွေစဲသွားတယ် ဆိုပေမယ့်
လူသားလုံခြုံရေးဆိုင်ရာ
စိန်ခေါ်မှုတွေ အများအပြား
ပေါ်ထွက်လာတတ်ပါတယ်။
ဒီဒိုင်မင်းရှင်းရဲ့
လုပ်ငန်းစဉ်တွေကတော့
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ်
commitment
ထားရှိရေး၊
အသွင်ကူးပြောင်းကာလ
နိုင်ငံရေးအကြမ်းဖက်မှုများကို
စီမံခန့်ခွဲရေး၊ winner-takes-all
အဖြေရှာမှု
မလုပ်ပဲ ပါဝါရှယ်ယာစီမံချက်များ
ပြုလုပ်ခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ
အခက်အခဲများကို ဖြေရှင်းရေး၊
အမျိုးသားရင်ကြားစေ့ရေး
ဝိဥာဉ်များ ပေါ်ထွက်လာစေရေးနဲ့
ကျူးလွန် ခဲ့သော ရာဇ၀တ်မှုများအတွက်
တာဝန်ခံမှု ပေါ်ထွက်လာရေး၊
စီးပွားရေးပြုပြင်ပြောင်းလဲမှု များ
ပြုလုပ်ရေး စတာတွေပဲ ဖြစ်ပါတယ်။
(ဂ)
ရေရှည်ဒိုင်မင်းရှင်း
လက်ရှိဖြစ်ပွားနေတဲ့
ပဋိပက္ခတွေရဲ့ ဖြစ်ပွားရခြင်း
အခြေခံအကြောင်းရင်းတွေကို
လေ့လာဖော်ထုတ်ခြင်း
မလုပ်ဆောင်ဘူးဆိုရင် အနာဂတ်မှာ
လူသားလုံခြုံရေးဆိုင်ရာ
စိန်ခေါ်မှုများစွာ ထပ်မံပေါ်ထွက်လာမှာ
ဖြစ်ပါတယ်။ ရေရှည်ဒိုင်မင်းရှင်းနဲ့
ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကတော့
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်များကို
အကောင်အထည်ဖော်ဆောင်ခြင်း၊
ဝင်ငွေမတန်တဆ ကွာခြားမှုများကို
လျှော့ချခြင်း၊
အမျိုးသမီးအခွင့်အရေးဆိုင်ရာ
သဘောတရားများကို ဖြန့်ဖြူးခြင်း၊
ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ
တည်ထောင်ခြင်း၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ
ကြိုတင်သတိပေးစနစ်များ
ကျင့်သုံးခြင်း စတာတွေ
ဖြစ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ
မဟာဗျူဟာများ
လူသားလုံခြုံမှုရှိစေရေးအတွက်
ယေဘုယျအားဖြင့်
ထိန်းသိမ်းစောင့်ရှောက်ခြင်း
(protection) နဲ့
empowerment
ဆိုင်ရာမဟာဗျူဟာများကို
အသုံးပြုကြပါတယ်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းဆို င်ရာ
မဟာဗျူဟာတွေ ဆိုတာက အစိုးရတွေ၊
နိုင်ငံတကာအဖွဲ့အစည်းတွေ၊
အန်ဂျီအိုတွေနဲ့ ရပ်ရွာလူထုမှ
လူသားများကို စောင့်ရှောက်ရေးအတွက်
ချမှတ်ထားတဲ့ မဟာဗျူဟာတွေကို
ဆိုလိုတာဖြစ်ပါတယ်။
ထိန်းသိမ်းစောင့်ရှောက်ခြင်းဆို င်ရာ
မဟာဗျူဟာများကို
အကောင်အထည်ဖော်ဆောင်ရာမှာ
အထက်မှအောက်သို့ ချဉ်းကပ်နည်းလမ်း
(top-down approach)
ကို
အသုံးပြုရပါတယ်။ ရံဖန်ရံခါမှာ
လူသားတွေဟာ ထိန်းချုပ်နိုင်တဲ့
ဘောင်ကနေကျော်သွားတဲ့
ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝ
ဘေးအန္တရာယ်တွေ၊ စီးပွားရေးပျက်ကပ်တွေနဲ့
ပဋိပက္ခတွေရဲ့ ခြိမ်းချောက်မှုကို
ရင်ဆိုင်ကြရပါတယ်။ ဒီအခါမှာ
လူသားတွေကို ဒီလိုခြိမ်းချောက်မှုတွေကနေ
ကာကွယ်ပေးဖို့အတွက်
လူသားလုံခြုံရေးဆိုင်ရာ
မဟာဗျူဟာများကို စနစ်တကျအကောင်အထည်
ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်ဟာ ဒီလိုကာကွယ်
စောင့်ရှောက်ဖို့အတွက်
အဓိကတာဝန်အရှိဆုံးဖြစ်ပြီး၊
နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ
အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့
အစိုးရမဟုတ်သော အဖွဲ့အစည်းတွေကလဲ
လူသားလုံခြုံရေးကို
ပါဝင်ကူညီဆောင်ရွက်လေ့ရှိကြပါ တယ်။
Empowerment ဆိုင်ရာမဟာဗျူဟာ
ဆိုတာတွေကတော့ ခက်ခဲတဲ့အခြေအနေတွေမှာ
လူသားတွေရဲ့ ခံနိုင်ရည်စွမ်းအားနဲ့
ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအား
တိုးတက်လာအောင် အားပေးထောက်ကူပြုတဲ့
မဟာဗျူဟာများပဲ ဖြစ်ပါတယ်။
Empowerment
မဟာဗျူဟာများကို
အကောင်အထည်ဖော်ဆောင်ရာမှာ
အောက်မှအထက်သို့ ချဉ်းကပ်နည်းလမ်း
(bottom - up
approach) ကို
အသုံးပြုကြပါတယ်။ ရည်ရွယ်ချက်ကတော့
လူသားတွေနဲ့ လူ့အဖွဲ့အစည်းရဲ့
ရွေးချယ်မှုများပြုလုပ်ခြင်း၊
ကိုယ့်အား ကိုယ်ကိုးခြင်း
စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာရေး
ဖြစ်ပါတယ်။ လူသားတွေကို
empower
လုပ်ခြင်းအားဖြင့်
သူတို့ရဲ့ အရည်အချင်းတွေ
အကောင်းဆုံး တိုးမြင့်လာရုံတင်
မကပါဘူး။ သူတို့ကိုယ်တိုင်နဲ့
ပတ်ဝန်းကျင်က လူအများရဲ့
လူသားလုံခြုံရေးဆိုင်ရာ
ပြဿနာများကို ရင်ဆိုင်
ဖြေရှင်းနိုင်မည့် နည်းလမ်းများအား
ရှာဖွေခြင်း၊ အဖြေရှာမှုများမှာ
ပါဝင်ဆောင်ရွက်ခြင်း စတဲ့
အကျိုးကျေးဇူးများကို
ရရှိနိုင်ပါတယ်။ protection
နဲ့
empowerment ဟာ
တခုနဲ့တခု အပြန်အလှန် အမှီသဟဲ
ပြုရုံသာမက mutual
reinforcement ကိုပါ
ဖြစ်တည်စေပါတယ်။ လူသားလုံခြုံရေးကို
ခြိမ်းချောက်လာတဲ့ အခြေအနေတွေ
အားလုံးနီးပါးမှာ protection
နဲ့
empowerment ကို
ထည့်သွင်းစဉ်းစားဖို့
လိုအပ်ပါတယ်။
လူသားလုံခြုံရေးဆိုင်ရာ
မဟာဗျူဟာများကို ထိရောက်စွာ
အကောင်အထည်ဖော်နိုင်ရေးအတွက်
စွမ်းရည်တွေရှိဖို့ လိုအပ်ပါတယ်။
မဟာဗျူဟာ ဘယ်လောက်ပဲကောင်ကောင်း၊
လိုအပ်တဲ့ စွမ်းရည်တွေ
မရှိဘူးဆိုရင် အောင်မြင်စွာ
ဖော်ဆောင်လို့ မရနိုင်ပါဘူး။
လူသားလုံခြုံရေးသဘောတရားဟာ
စီးပွားရေးရာလုံခြုံရေး၊
အစားအစာလုံခြုံရေး၊
ကျန်းမာရေးလုံခြုံရေး၊
သဘာဝပတ်ဝန်းကျင် လုံခြုံရေး၊
လူ့အဖွဲ့အစည်းလုံခြုံရေး၊
နိုင်ငံရေးရာ လုံခြုံရေး
စတာတွေကို ခြုံငုံဖော်ပြထားတာဖြစ်တဲ့အတွက်
ကဏ္ဍတခုချင်းစီအလိုက်
မဟာဗျူဟာများနဲ့ ဆက်စပ်တဲ့
စွမ်းရည်များကို ပညာရှင်အချို့က
လေ့လာ ဖော်ထုတ်ခဲ့ကြပါတယ်။
စီးပွားရေးရာ
လုံခြုံရေး (economic
security) အတွက်
သင့်လျော်တဲ့ မဟာဗျူဟာတွေကတော့
အခြေခံလစာခံစားခွင့်
အပြည့်အ၀ရရှိရေး၊ Public
sector နဲ့
private sector
အလုပ်အကိုင်
အခွင့်အလမ်းများ ဖန်တီးရေး၊
လိုအပ်ပါက အစိုးရမှ
ဘဏ္ဍာရေးထောက်ကူပြုသည့် social
safety nets များဖော်ဆောင်ရေး
စတာတွေ ဖြစ်ပါတယ်။ ဒီမဟာဗျူဟာများကို
အကောင်အထည် ဖော်ရေးအတွက်
စီးပွားရေးအရင်းအနှီး၊
လူ့စွမ်းအားအရင်းအမြစ်နဲ့
ဘဏ္ဍာရေး အရင်းအနှီး စတဲ့
စွမ်းရည်တွေ လိုအပ်ပါတယ်။
အစားအစာလုံခြုံရေး (food
security) ဆိုင်ရာ
မဟာဗျူဟာတွေကတော့ ကိုယ်တိုင်
စိုက်ပျိုး၍ဖြစ်စေ၊ အခကြေးငွေ
သုံးစွဲ၍ဖြစ်စေ၊ အစိုးရထောက်ကူ
အစားအစာဖြန့်ဝေရေးစနစ်မှ
ဖြစ်စေ လူတိုင်းအတွက်
စားသောက်ရန် အစားအစာရှိရေး
ဖြစ်ပါတယ်။ ဒီအတွက်
လယ်ယာစိုက်ပျိုးရေးနဲ့
စီးပွားရေးကဏ္ဍမှာ diversified
လုပ်ခြင်း၊
အစားအစာဖြန့်ဝေရေးစနစ်ကျင့်သုံး ခြင်း
စတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။
ကျန်းမာရေးလုံခြုံရေး
(health security)
ဆိုင်ရာ
မဟာဗျူဟာတွေကတော့ အခြေခံကျန်းမာရေး
စောင့်ရှောက်မှုနှင့်
ဝန်ဆောင်မှုများ ထားရှိရေး၊
community-based
ကျန်းမာရေးအာမခံများ
ထားရှိရေးနဲ့ ရောဂါများ
ပြန့်ပွားမှုကို ရှာဖွေဖော်ထုတ်နိုင်တဲ့
surveillance
systems များ
အသုံးပြုရေး စတာတွေ ဖြစ်ပါတယ်။
ဒီလို မဟာဗျူဟာတွေ
အကောင်အထည်ဖော်ရေးအတွက်
ကျန်းမာရေးဆိုင်ရာ အခြေခံဗဟုသုတနဲ့
အသိပညာတွေကို အများပြည်သူအကြားမှာ
ဖြန့်ဖြူးထားခြင်း၊
ကျန်းမာရေးဆိုင်ရာ အချက်အလက်
များကို သိရှိခွင့်ရှိရေးဆိုင်ရာ
စွမ်းရည်တွေ လိုအပ်ပါတယ်။
သဘာဝပတ်ဝန်းကျင်လုံခြုံရေး
(environment
security) နဲ့
ပတ်သက်တဲ့ မဟာဗျူဟာတွေကတော့
သဘာဝသယံဇာတနဲ့ environmental
degradation တွေ
ဖြစ်တဲ့ မြေဆီလွှာပျက်သုဉ်းမှု၊
သစ်တောပြုန်းတီးမှု စသည်များကို
ကာကွယ်ရေးအတွက် sustainable
practices များ
ကျင့်သုံးခြင်းနဲ့
သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက
ကြိုတင်သတိပေးမှုနဲ့
တုန့်ပြန်မှုနည်းလမ်းများ
ချမှတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒီမဟာဗျူဟာများ
ချမှတ်အကောင်အထည်ဖော်ရေးအတွက်
သဘာဝ သယံဇာတ အရင်းအနှီး၊
ဇီဝကွဲပြားခြားနားမှု
(Biodiversity) နဲ့
သဘာဝပတ်ဝန်းကျင် recovery
processes စတဲ့
စွမ်းရည်များ ရှိဖို့
လိုအပ်ပါတယ်။
လူတဦးချင်းစီရဲ့
လုံခြုံရေး (personal
security) အတွက်
တရားဥပဒေစိုးမိုးရေး၊
လူ့အခွင့်အရေးနှင့်
လွတ်လပ်ခွင့်များကို
ကာကွယ်စောင့်ရှောက်ရေး စတဲ့
မဟာဗျူဟာတွေ ချမှတ်နိုင်ပါတယ်။
ဒီအတွက် အခြေအနေနှင့်
လိုက်လျောညီထွေသော နည်းဗျူဟာများနဲ့
coping mechanisms
များ
လိုအပ်ပါတယ်။ Community
Security ရှိစေရေးအတွက်
လူမျိုးစုများနဲ့ community
identity ကို
ကာကွယ်ပေးရေး၊ ဖိနှိပ်မှုတွင်
အခြေတည်သော ဓလေ့ထုံးတမ်းစဉ်လာများမှ
ကာကွယ်စောင့်ရှောက်ရေး၊
အမျိုးသမီး များအား ပြင်းပြင်းထန်ထန်
ခွဲခြားမှုများအား
ကာကွယ်စောင့်ရှောက်ရေးနဲ့
လူနည်းစုနဲ့ ဒုက္ခသည် အုပ်စုများကို
ခွဲခြားဆက်ဆံခံရခြင်းမှ
ကာကွယ်စောင့်ရှောက်ရေး စတဲ့
မဟာဗျူဟာများ ချမှတ်ဖို့
လိုအပ်ပါတယ်။ ဒီအတွက်
လူမှုအရင်းအနှီး (social
capital) နဲ့
coping mechanisms
များ
လိုအပ်ပါတယ်။
နိုင်ငံရေးရာလုံခြုံရေး
(political
security) ရှိစေရေးအတွက်
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊
အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊
နိုင်ငံတော် (သို့မဟုတ်)
အစိုးရများရဲ့
ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပမ်းမှု၊
ဥပဒေနဲ့အညီ မဟုတ်သော
ဖမ်းဆီးခြင်းနဲ့ ထောင်ချခြင်းများမှ
ကာကွယ်စောင့်ရှောက်ရေး စတဲ့
မဟာဗျူဟာများကို အသုံးပြုနိုင်ပါတယ်။
ဒီအတွက် ကောင်းမွန်သောအုပ်ချုပ်ရေး
(good governance)
နဲ့
accountability
mechanisms များ
လိုအပ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၄၊
၁၂၊ ၂၀၁၂)
No comments:
Post a Comment