Tuesday, December 18, 2012

NLD ပညာရေးကွန်ယက် နှစ်နှစ်ပြည့် ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို Sky Net ၊ Air Bagan နှင့် ADG Bank တို့မှ အဓိက အလှူရှင်များ အဖြစ် လှူဒါန်းမည်

ပစ္စည်းနှစ်ခုကိုလည်း ခရိုနီများသာ ပိုင်ဆိုင်ခွင့်ရှိမည်... သို့သော် အမည်ခံ လေလံတင်ခြင်းဖြင့် လက်ဝါးရိုက် အကွက်ရွေ့မည်...
NLD ပညာရေးကွန်ယက် နှစ်နှစ်ပြည့် ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို Sky Net ၊ Air Bagan နှင့် ADG Bank တို့မှ အဓိက အလှူရှင်များ အဖြစ် လှူဒါန်းမည်  
Tuesday, 18 December 2012 13:54

NLD  ပညာရေး ကွန်ယက် နှစ်နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို  Sky Net ၊ Air Bagan နှင့် ADG Bank အစရှိသော အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များမှ  ပိုင်ဆိုင်သည့် လုပ်ငန်းများမှ အဓိက အလှူရှင်များအဖြစ် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇ  ပိုင်ဆိုင်သည့် Air Bagan၊ AGD Bank နှင့်  ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော Sky Net၊ ရွှေအက်ဖ်အမ် တို့အပြင်  MDG ကုမ္ပဏီမှ စပွန်ဆာပေးမည် ဖြစ် ကြောင်း သတင်းများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါသည်။

သို့သော် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD ပညာရေး ကွန်ယက်၏ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော် သတင်း စာရှင်း လင်းပွဲတွင်  NLD ပညာရေး ကွန်ယက်မှ တာဝန်ရှိသူများက  စပွန်ဆာ ပေးသည်ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့ခြင်း မရှိဘဲ  အဓိက အလှူရှင်များ  ဖြစ်သည်ဟူသော အသုံးအနှုန်းကိုသာ သုံးစွဲခဲ့ပါသည်။

"စပွန်ဆာ ဆိုတာထက် ကျွန်တော်တို့ ရံပုံငွေ ရှာဖွေပွဲမှာ အဓိကအနေနဲ့ လှူဒါန်းတဲ့ အလှူရှင်တွေ  ဖြစ်ပါတယ်။ Sky Net ၊ Shwe FM နှစ်ခုပေါင်း သိန်းပေါင်း ၁၃၀ဝ လှူဒါန်း ထားပါတယ်။ Air Bagan နဲ့  AGD Bank နှစ်ခုပေါင်း သိန်း ၇၀ဝ လှူဒါန်း ထားပါတယ်။ Myanmar Distribution Group (MDG)  ကနေပြီးတော့ သိန်း ၁၀ဝ လှူထားပါတယ်။ Shoe Gallery  က လှူထားတာကိုတော့ ပမာဏ မပြော  ပါရစေနဲ့ဦး၊ ဒါပေမယ့် Shoe Gallery  ကတော့ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှာ ဈေးရောင်းပွဲတော်မှာ  အရင်းရော အမြတ်ပါ လှူဒါန်းတာ ငါးနှစ်ဆက် တိုက်ရှိပါပြီ။ ဒီနှစ်မှာ လည်း Shoe Gallery  ဆိုင်ခွဲတွေမှာ  ဈေးရောင်းပွဲ လုပ်ပြီး အရင်းရော အမြတ်ရောကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာ ရေးကွန်ရက်နဲ့  ရန်ကုန်ပြည်သူဆေး ရုံကြီး နှလုံးအထူးကုအတွက် လှူဒါန်း မှာဖြစ်ပါတယ်။ Excel ကုမ္ပဏီကလည်း ၂၅  သိန်း လှူဒါန်း ထားပါတယ်"ဟု  NLD ပညာရေး ကွန်ယက်မှ ကိုဘိုဘိုဦး က သတင်းစာရှင်းလင်းပွဲတွင်  Eleven Media Group မှ မေးမြန်းသော မေးခွန်းကို ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။

ရွှေသံလွင်ကုမ္ပဏီမှ ပိုင်ဆိုင်သော Sky Net ရုပ်သံလိုင်းအနေဖြင့် စင်တင်ဘာလဆန်းပိုင်းက ၈၈ မျိုးဆက်  ကျောင်းသားများအဖွဲ့မှ   ပြုလုပ်ခဲ့သော စေတနာဝသန် ရံပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင်  ရောင်းချခဲ့သည့် ဂစ်တာကို ငွေကျပ် ၅၈၈ သိန်းဖြင့်  အမြင့်ဆုံး လေလံကြေးပေး၍ ၀ယ်ယူခဲ့ပါသည်။

နိုင်ငံတော် သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင် နိုင်ငံပိုင် သတင်းမီဒီယာများနည်းတူ လိုက်ပါ  သတင်းရယူခွင့်ရှိပြီး ရုပ်သံထုတ်လွင့်ခွင့် အပိုင်းတွင် အခွင့်အရေးများစွာ ရရှိထားသော Sky Net ရုပ်သံ  လိုင်းသည် မကြာသေးမီအချိန်က ၂၀၁၃-၂၀၁၆ သုံးရာသီစာ  ပရီးယားလိဂ် ဘောလုံးပွဲစဉ်များ  ထုတ်လွှင့်ခွင့်အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်သို့ ပေါင်ငွေ ၂၅ သန်း
(အမေရိကန်ဒေါ်လာ  သန်း ၄၀) ပေးချေပြီး စာချုပ်ချုပ်ဆို ထားပါသည်။

ရွှေသံလွင်ကုမ္ပဏီအနေဖြင့် လက်ရှိတွင် Sky Net အပါအဝင် သတင်းနှင့်မီဒီယာလုပ်ငန်း၊ အိမ်ယာ  တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံ တော်စီမံကိန်းများ အပါအဝင်ဆောက် လုပ်ရေးလုပ်ငန်း၊  ယာဉ်ယန္တရား လုပ်ငန်း၊ ရွှေဧည့်သည်ယာဉ်လိုင်း အပါအဝင် သယ်ယူပို့ ဆောင်ရေး လုပ်ငန်း၊  စက်သုံးဆီအရောင်း ဆိုင်များဖွင့်လှစ်ထားပြီး စက်သုံး ဆီတင်သွင်းရောင်းချသည့်လုပ်ငန်း၊ ပို့ကုန်သွင်း  ကုန်လုပ် ငန်းများအပြင် နေပြည်တော်တွင် ဟိုတယ်လုပ်ငန်း ကိုပါလုပ်ကိုင်လျှက်ရှိပါသည်။

ယင်းအပြင် ကုမ္ပဏီ ခွဲများစွာဖြင့်လုပ်ငန်း တည်ထောင်လည်ပတ်လျှက်ရှိသည့် လုပ်ငန်းစု ကြီးဖြစ်ပြီး  ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့က မြန်မာနိုင်ငံသားများရင်းနှီးမြှုပ်နှံခွင့် ဥပဒေအရ  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်(သမ္မတရုံးပြည်ထောင်စု ဝန်ကြီး ဦးစိုး သိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကော်မရှင်)မှ ဘီယာ၊ စီးကရက်နှင့် အချိုရည် စက်ရုံများ တည်ထောင်ခွင့်ကို  ခွင့်ပြုပေးခဲ့ကြောင်း  ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ထုတ်ပြန်ထားချက်များအရ  သိရသည်။ ဘီယာ၊ စီးကရက်နှင့် အချို ရည်စက်ရုံများအတွက် ပြည်ပမှ တင်သွင်းမည့် စက်ပစ္စည်း ယာဉ်  ယန္တရားများအတွက်လည်း အခွန် ကင်း လွတ်ခွင့်ဖြင့် တင်သွင်းခွင့် ရ မည် ဖြစ်သည်။

ရွှေသံလွင် ကုမ္ပဏီ အနေဖြင့် ၀င်ငွေခွန်ပေးဆောင်မှုတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း  ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၁၀၀ဦး စာရင်း၏ ၄၈ နေရာတွင်သာရှိနေသည်။  ကုန်သွယ်  လုပ်ငန်းခွန် ပေးဆောင်မှုတွင် အဆင့် ၂၀ နေရာ၌သာ ရပ်တည် လျက်ရှိ နေပါ သည်။

ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်သို့  သိန်း ၇၀ဝ လှူဒါန်းခဲ့သော  Air Bagan နှင့် ADG Bank တို့၏ ပိုင်ရှင်  ဦးတေဇ ပိုင်ဆိုင်သည့်  ထူး ကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် တရုတ်ထံမှ  ပွဲခ  ဒေါ်လာ သန်း ၁၀၀  ရရှိထားကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိနေပါသည်။

NLD  ပညာရေး ကွန်ယက် နှစ်နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို  ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်သည်။  အဆိုပါ ဂီတပွဲတော်ကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက် ရောက်ဖွင့် လှစ်မည်ဖြစ်ပြီး လူထုအား  နှုတ်ခွန်းဆက် စကားပြောကြားမည် ဖြစ်ကြောင်း  သိရသည်။ ထို့အပြင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်းနှစ်ခုကိုလည်း ပွဲတော် နှစ်ရက်စလုံးတွင်  လေလံတင် ရောင်း ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရံပုံငွေ ရှာဖွေရေး ဂီတ ပွဲတော် အတွင်းရရှိမည့် အလှူငွေများ၊ ထည့်ဝင်ငွေများ၊ ဆိုင်ခန်း ရောင်းရငွေများ၊ ဂီတပွဲ ရောင်း ရငွေများအားလုံးနှင့် အသုံးစရိတ်များ စသည့် ဝင်ငွေအားလုံးကို NLD ပညာရေးကော်မတီသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ဂီတပွဲတော်တွင် Auora ၊ Lazy Club ၊ Heaven Born ၊ Spectrum ၊ Iron Cross ၊ Plus Three ၊ မဇ္ဈိမ လှိုင်း၊ ရွှေသံစဉ်စသည့် အဖွဲ့တီးဝိုင်းများနှင့် တွဲဖက်၍ နာမည်ကျော်အဆိုတော် အများအပြားဖြင့် ဖျော်ဖြေ မည်ဖြစ်ကာ မေတ္တာ ရွှေစင် (ဟာဒယ) အဖွဲ့မှလည်း ဖျော်ဖြေမည်ဟု သိရသည်။
Eleven
NLD ပညာရေးကွန်ယက် နှစ်နှစ်ပြည့် ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို Sky Net ၊ Air Bagan နှင့် ADG Bank တို့မှ အဓိက အလှူရှင်များ အဖြစ် လှူဒါန်းမည်
Tuesday, 18 Dec
ember 2012 13:54
NLD ပညာရေး ကွန်ယက် နှစ်နှစ်ပြည့် အခမဲ့ ပညာဒါန ကျောင်းများ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို Sky Net ၊ Air Bagan နှင့် ADG Bank အစရှိသော အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များမှ ပိုင်ဆိုင်သည့် လုပ်ငန်းများမှ အဓိက အလှူရှင်များအဖြစ် လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော်ကို အစိုးရနှင့် နီးစပ်သော ခရိုနီ လုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇ ပိုင်ဆိုင်သည့် Air Bagan၊ AGD Bank နှင့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော Sky Net၊ ရွှေအက်ဖ်အမ် တို့အပြင် MDG ကုမ္ပဏီမှ စပွန်ဆာပေးမည် ဖြစ် ကြောင်း သတင်းများ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ပါသည်။

သို့သော် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် NLD ပညာရေး ကွန်ယက်၏ ရံပုံငွေ ရှာဖွေရေး ဂီတပွဲတော် သတင်း စာရှင်း လင်းပွဲတွင် NLD ပညာရေး ကွန်ယက်မှ တာဝန်ရှိသူများက စပွန်ဆာ ပေးသည်ဟူသော အသုံးအနှုန်းကို အသုံးပြုခဲ့ခြင်း မရှိဘဲ အဓိက အလှူရှင်များ ဖြစ်သည်ဟူသော အသုံးအနှုန်းကိုသာ သုံးစွဲခဲ့ပါသည်။

"စပွန်ဆာ ဆိုတာထက် ကျွန်တော်တို့ ရံပုံငွေ ရှာဖွေပွဲမှာ အဓိကအနေနဲ့ လှူဒါန်းတဲ့ အလှူရှင်တွေ ဖြစ်ပါတယ်။ Sky Net ၊ Shwe FM နှစ်ခုပေါင်း သိန်းပေါင်း ၁၃၀ဝ လှူဒါန်း ထားပါတယ်။ Air Bagan နဲ့ AGD Bank နှစ်ခုပေါင်း သိန်း ၇၀ဝ လှူဒါန်း ထားပါတယ်။ Myanmar Distribution Group (MDG) ကနေပြီးတော့ သိန်း ၁၀ဝ လှူထားပါတယ်။ Shoe Gallery က လှူထားတာကိုတော့ ပမာဏ မပြော ပါရစေနဲ့ဦး၊ ဒါပေမယ့် Shoe Gallery ကတော့ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလမှာ ဈေးရောင်းပွဲတော်မှာ အရင်းရော အမြတ်ပါ လှူဒါန်းတာ ငါးနှစ်ဆက် တိုက်ရှိပါပြီ။ ဒီနှစ်မှာ လည်း Shoe Gallery ဆိုင်ခွဲတွေမှာ ဈေးရောင်းပွဲ လုပ်ပြီး အရင်းရော အမြတ်ရောကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာ ရေးကွန်ရက်နဲ့ ရန်ကုန်ပြည်သူဆေး ရုံကြီး နှလုံးအထူးကုအတွက် လှူဒါန်း မှာဖြစ်ပါတယ်။ Excel ကုမ္ပဏီကလည်း ၂၅ သိန်း လှူဒါန်း ထားပါတယ်"ဟု NLD ပညာရေး ကွန်ယက်မှ ကိုဘိုဘိုဦး က သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းသော မေးခွန်းကို ပြန်လည် ဖြေကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။

ရွှေသံလွင်ကုမ္ပဏီမှ ပိုင်ဆိုင်သော Sky Net ရုပ်သံလိုင်းအနေဖြင့် စင်တင်ဘာလဆန်းပိုင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ပြုလုပ်ခဲ့သော စေတနာဝသန် ရံပုံငွေရှာဖွေရေး ဂီတပွဲတော်တွင် လေလံတင် ရောင်းချခဲ့သည့် ဂစ်တာကို ငွေကျပ် ၅၈၈ သိန်းဖြင့် အမြင့်ဆုံး လေလံကြေးပေး၍ ၀ယ်ယူခဲ့ပါသည်။

နိုင်ငံတော် သမ္မတ၏ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင် နိုင်ငံပိုင် သတင်းမီဒီယာများနည်းတူ လိုက်ပါ သတင်းရယူခွင့်ရှိပြီး ရုပ်သံထုတ်လွင့်ခွင့် အပိုင်းတွင် အခွင့်အရေးများစွာ ရရှိထားသော Sky Net ရုပ်သံ လိုင်းသည် မကြာသေးမီအချိန်က ၂၀၁၃-၂၀၁၆ သုံးရာသီစာ ပရီးယားလိဂ် ဘောလုံးပွဲစဉ်များ ထုတ်လွှင့်ခွင့်အတွက် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်သို့ ပေါင်ငွေ ၂၅ သန်း
(အမေရိကန်ဒေါ်လာ သန်း ၄၀) ပေးချေပြီး စာချုပ်ချုပ်ဆို ထားပါသည်။

ရွှေသံလွင်ကုမ္ပဏီအနေဖြင့် လက်ရှိတွင် Sky Net အပါအဝင် သတင်းနှင့်မီဒီယာလုပ်ငန်း၊ အိမ်ယာ တည်ဆောက်ရေးလုပ်ငန်းများ၊ နိုင်ငံ တော်စီမံကိန်းများ အပါအဝင်ဆောက် လုပ်ရေးလုပ်ငန်း၊ ယာဉ်ယန္တရား လုပ်ငန်း၊ ရွှေဧည့်သည်ယာဉ်လိုင်း အပါအဝင် သယ်ယူပို့ ဆောင်ရေး လုပ်ငန်း၊ စက်သုံးဆီအရောင်း ဆိုင်များဖွင့်လှစ်ထားပြီး စက်သုံး ဆီတင်သွင်းရောင်းချသည့်လုပ်ငန်း
၊ ပို့ကုန်သွင်း ကုန်လုပ် ငန်းများအပြင် နေပြည်တော်တွင် ဟိုတယ်လုပ်ငန်း ကိုပါလုပ်ကိုင်လျှက်ရှိပါသည်။
ယင်းအပြင် ကုမ္ပဏီ ခွဲများစွာဖြင့်လုပ်ငန်း တည်ထောင်လည်ပတ်လျှက်ရှိသည့် လုပ်ငန်းစု ကြီးဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၁ ရက် နေ့က မြန်မာနိုင်ငံသားများရင်းနှီးမြ
ှုပ်နှံခွင့် ဥပဒေအရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်(သမ္မတရုံးပြည်ထောင်စု ဝန်ကြီး ဦးစိုး သိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကော်မရှင်)မှ ဘီယာ၊ စီးကရက်နှင့် အချိုရည် စက်ရုံများ တည်ထောင်ခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။ ဘီယာ၊ စီးကရက်နှင့် အချို ရည်စက်ရုံများအတွက် ပြည်ပမှ တင်သွင်းမည့် စက်ပစ္စည်း ယာဉ် ယန္တရားများအတွက်လည်း အခွန် ကင်း လွတ်ခွင့်ဖြင့် တင်သွင်းခွင့် ရ မည် ဖြစ်သည်။

No comments: