Monday, December 10, 2012

သုံးခွမြို့နယ်တွင် NLD ပါတီအား ဆန္ဒပြ


(၉-၁၂-၁၂ )ရက်နေ့ (၁၁းဝဝ)ချိန်
တွင် သုံးခွမြို့နယ်၊ လက်ပံကျိုး
ကျေးရွာမှ ပြည်သူ (၆ဝ)ဦးသည်
 ထောလာဂျီ ဂွမ်ဒေါင်း၊ ဆိုင်ကယ်
များဖြင့် ဆိုင်းဘုတ်


များကိုင်ဆောင်၍ သုံးခွမြို့ လည်လမ်းမတစ်လျှောက် ဆန္ဒပြခဲ့ကြောင်း
သိရှိရပါသည်။

လမ်းတစ်လျှောက်တွင်လည်း လက်ကမ်းကြေညာချက်များ ဖြန့်ဝေ
ခဲ့ကြောင်း၊ လက်ကမ်းစာစောင်တွင်-'' ဒေါ်အောင်ဆန်းစုကြည်နှင့် NLD
ပါတီကို လေးစားပါသည် ၊ ညီလာခံကိုထောက်ခံပါသည်''



'' NLD ပါတီကိုဖျက်ဆီးသော၊ ညီလာခံကိုဖျက် ဆီးသော၊ လက်ပံကျိုး
ရွာနှစ်ချမ်းကွဲအောင် အကြံအစည်ကြီးစွာဖြင့် ဖျက်ဆီးသွားသော မြို့နယ်
NLD ပါတီကော်မရှင်မှ ခေါင်းဖြူဦးတင်ဝင်းနှင့် ဦးတင်အေးတို့ကို
ရှုတ်ချပါသည်''


''NLD ပါတီထဲတွင်ပါတီပျက်ဆီးအောင် ပြည်သူလူထုအကြည်အညိုပျက်အောင် လုပ်ဆောင်နေသောလူယုတ်မာများရှိနေသည် ပြည်သူများအထူးသတိထားပါ''
 စသည့်စာသားများကိုကွန်ပျူတာစာစီ၍လမ်းတစ်လျှောက် စောင်ရေပေါင်းမြောက်
များစွာဖြန့်ဝေသွားကြပါသည်။


 ဆိုင်းဘုတ်များတွင်လည်း'' လူဆိုးလူယုတ်မာများ ကွန်းခိုနေသော NLD ပါတီမှ နှုတ်ထွက်ပါသည်။ပြည်သူများအထူးသတိထားပါ'' ဟုပါရှိကြောင်း၊

၎င်းလက်ပံကျိုးရွာသားများဦးဆောင်လာသူမှာ ဦးပိုးတီ(ခ)ဦးသိန်း
ဆင့်ဖြစ်ပါသည်။ ဦးပိုးတီ(ခ) ဦးသိန်းဆင့်မှ ပြောကြားရာတွင် -

'' ၄င်းတို့သည် အုပ်ချုပ်ခံလူ တန်းစားများဖြစ်ကြောင်း၊  (ဝ၈)ရက်နေ့ ကျေးရွာ
NLD ပါတီအဖွဲ့အား မြို့နယ် NLD ပါတီ ကော်မရှင် အဖွဲ့မှ လာရောက်ရွေးချယ်
ခဲ့ရာတွင် ရွာ၏လူဆိုးစာရင်းဝင်များနှင့် အလုပ်အကိုင် မရှိသူများကို NLD
ပါတီမှ ရွေးချယ်ခဲ့ကြောင်း၊

အစည်းအဝေး တက်ရောက်သည့် ရွာသားများအား
လုံးအား NLD ပါတီအား မဝင်မနေရဟုဆိုကာ NLD ပါတီဝင်ကတ်များ
 အတင်းအကြပ် တစ်ပါတည်းထုတ်ပေးသည်ကို မကျေနပ် သည့်အတွက်
၎င်းပါတီဝင်ကတ်များအား မြို့နယ် NLD ပါတီသို့ ပြန်လည်အပ်နှံရန် ရွာမှ ချီတက်ဆန္ဒပြလာခြင်းဖြစ်ကြောင်း၊အကျိုးရှိမည့်နေရာတွင် ၄င်းတို့ကိုအ
သုံးချခံလိုကြောင်း၊

 ယခုဆန္ဒပြရခြင်းမှာ ပြည်သူ အနေဖြင့် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်း များတွင် အမှန်တကယ်လုပ်ကိုင်နေသူများနှင့်သာ ပူးပေါင်း
ပါဝင်လုပ်ဆောင်လိုကြောင်း၊ မိမိတို့ကျေးရွာဖွံ့ဖြိုးရေးအတွက် လက်တွေ့
လုပ်ဆောင်နေသူ များနှင့်ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြား
သွာပါသည်။

အဆိုပါ သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာ ဆန္ဒပြမှုသည် (၁း၎ဝ)ချိန်ခန့်
တွင်ပြီးဆုံးသွားကြောင်း သိရှိရပါသည်။


 မူရင်းလင့်





No comments: