Monday, December 10, 2012

အုန်းသီး အရသာရှိသော နာနတ်သီး သြစတြေးလျနိုင်ငံမှ ထုတ်လုပ်နိုင်တော့မည်


Tuesday, December 11, 2012

သြစတြေးလျနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သုတေသန ပညာရှင်များသည် အုန်းသီးအရသာရှိသော နာနတ် သီးတစ်မျိုးကို စမ်းသပ်ထုတ် လုပ်လျက်ရှိရာ ယခုအခါတွင်နောက်ဆုံး အဆင့်သို့ ရောက်ရ
ှိနေပြီဖြစ်ကြောင်း ၎င်းဌာန၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အဆိုပါစမ်းသပ်မှုကို ကွင်းစလန်း ပြည်နယ်ရှိ သုတေသနဌာနတွင် လွန်ခဲ့သော ဆယ်စုနှစ်ကတည်းက လုပ်ဆောင်လျက်ရှိပြီး အုန်းသီး အရသာရှိသော နာနတ်သီးကို ထုတ်လုပ်ရာတွင် ရမ်အရက်၊ နာနတ်သီး ဖျော်ရည်နှင့် အုန်းသီးအနှစ်တို့ ပေါင်းစပ် ရောနှောဖော်စပ်ခဲ့ပြီး၊ ၎င်းကို " pina colada " နာနတ်သီးဟု ခေါ်တွင် ကြောင်းသိရသည်။

ထိုနာနတ်သီး၏ အရသာသည် ချိုမြရုံသာမက အပူပိုင်းဒေသမှ ထွက်ရှိသည့် အုန်းသီး အရသာရှိကြောင်း သိရသည်။

မိမိတို့ ယခုထုတ်လုပ်မည့် အုန်းသီး အရသာရှိသော နာနတ်သီး၏ အရသာ မျိုးကို သြစတြေးလျနိုင်ငံ အတွင်းရှိ အခြားနာနတ်သီးများတွင် တွေ့ရှိနိုင် မည်မဟုတ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ သစ်သီးဝလံပန်း မန်ဥယျာဉ် စိုက်ပျိုးသူ ဂါ့ထ်စီနယူးစကီက သြစတြေးလျ အသံလွှင့်ဌာနသို့
ပြောကြားခဲ့သည်။

မြ၀တီ

No comments: