နယူးဒေလီ (မဇ္ဈိမ) ။ ။ ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်သည့် OIC နိုင်ငံခြားရေးဝန်ကြီးများ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ မကြာမီ လာရောက် လည်ပါတ်ရန်ရှိကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ လာရောက်ရခြင်းဖြစ်ကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် OIC အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်သည်ဟု Arab News တွင် ဖော်ပြပါရှိသည်။
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ကျင်းပမည့် OIC အစည်းအဝေးပွဲတွင် ဆီးရီးယား၊ ပါလက်စတိုင်း၊ မြန်မာနှင့် အစ္စလာမ် မုန်းတီးမှု အရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန် က OIC ရုံး မြန်မာနိုင်ငံတွင် ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့က ပြောဆိုထားသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားပြီးနောက် သြဂုတ်လဆန်းပိုင်းတွင် OIC ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့ မြန်မာနိုင်ငံသို့
ရောက်ရှိလာကာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် ရခိုင်ပြည်နယ်သို့လည်း သွားရောက် လေ့လာခဲ့ကြသည်။
နိုဝင်ဘာ လလယ်က ကျင်းပခဲ့သည့် OIC ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ ၏ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသား အခွင့်အရေးများ ပြန်လည်ရရှိရေးနှင့် ဒုက္ခသည်များ အမြန်ဆုံးပြန်လာနိုင်ရေး အတွက် ပိုမိုကြိုးစားအားထုတ်ကြရန် အဖွဲ့ဝင် ၅၇ နိုင်ငံအား တိုက်တွန်းဆော်သြထားဖူးသည်။
4 comments:
မွတ်ကုလားတွေ နောက်က အလစ်ဝင်ကျုံးဖို့ ပြင်နေပြီ။ မျိုးချစ်ဆရာ့ဆရာကြီးများ ဝစီပိတ်၍ မှိန်းနေအုံးမှာလာ့း
သမ္မတကြီးကိုယ်တိုင် ပင့်ဖိတ် နေတာလေ၊ သူမနိုင်ရင်၊ သူ့ အမတော် ဆိုတာရှိတယ်။ ပြည်သူတွေတာဝန်ကျေလှပါပြီ။ နိုင်ငံ့ခေါင်းဆောင်တွေက၊ ပြည်သူတွေအကျိုးကို ပြန်သယ်ပိုးပေးတာ၊ တွေ့ မြင်ချင်လို့ စောင့်ကြည့်ပါရစေဦး၊ မောင်ကာလုရာ။
ကျုပ့်တို့ က ကိုယ့်ကို ကိုယ် ဘယ်တုံးကမှ
မျိုးချစ်ဆရာ့ဆရာကြီးများ လို့  မခံယူထားကြပါ။
တကယ်လို့ ထင်ခဲ့ကြတယ်ဆိုရင်တေင်
ဘယ်သူတွေ၊ ဘယ်တုံးကမှ ရှိတယ်လို့ လူရာမသွင်းခံကြရတဲ့၊
ခိုင်းစရာရှိမှ၊ သတိရတာ ခံကြရတဲ့
ခိုင်းဖတ်တွေပါဗျာ။
What a pity great patriots in Burma! The dumb president doesn't really know how to handle OIC. He might just listen the advice from rubbish Zaw Oo. OIC doesn't come to Burma for peace and prosperity. They do nothing for massacres in Syria. They were silent about massacres in Turkey, tortures and human rights abuses in Saudi, Iran and etc,... Why are they so serious about Burma and try to bully all the time. Famous public icons in Burma don't even know they should do something at this time. Everyone is quiet and it looks like people welcome whom the president invited. Real patriots should not wait and see. All Burmese nationals have to give a strong message to OIC that they are not welcome and everyone in Burma is against OIC's tactic of ethnic cleansing on Burma which was successfully used in south and southeast Asia.
Post a Comment