Friday, October 19, 2012

သမိုင်းမ၀င်သေးသော အတိတ်

  
    ၁၉၈၉ ခု နိုဝင်ဘာလ ၉ ရက်နေ့တွင် ဘာလင်တံတိုင်းကို ဖြိုချခဲ့ကြသည်။ ယင်းသို့ဖြင့် ဂျာမဏီနှစ်နိုင်ငံ ပေါင်းစည်းခဲ့သည်။ သမိုင်းတွင် မကြုံဖူးသော စိန်ခေါ် မှုတစ်ရပ်စတင်ခဲ့သည်။ အရှေ့ဂျာမဏီသည် အနောက်ဂျာမဏီနှင့်ပေါင်းစည်းကာ တိုးတက်ထွန်း ကား လာလိမ့်မည်ဟု ထိုစဉ်က အမျှော် လင့်ကြီး မျှော်လင့်ခဲ့ကြသည်။ သို့ သော် အရှေ့ဂျာမဏီအစိတ်အပိုင်း အချို့သည် ယခု အခါ အတိတ်ကာလထဲတွင် ရှင်သန်နေဆဲဖြစ်သည်။ ထိုအစိတ်အပိုင်းသည် အတိတ်တွင် အသက်ဆက်နေသေးသည်။ သမိုင်း မဝင်သေးပေ။
   ၁၉၄၉ ခုနှစ်မတိုင်မီအထိ အရှေ့နှင့်အနောက်ဂျာမဏီဟု နှစ်ပိုင်းကွဲမသွားသေးပေ။ တစ်ခုတည်းသော နိုင်ငံအဖြစ် နှစ်ပေါင်း ရှစ်ဆယ်ကျော် တည်တန့်နေခဲ့သည်။ ဂျာမန်နိုင်ငံဟု ပေါ်ပေါက်လာသောအချိန်ကို တိတိကျကျ သတ်မှတ်ရန် အခက်အခဲ ရှိနေ ဆဲဖြစ်သည်။ အချို့သမိုင်းပညာရှင် များက  အေဒီ ၉၁၁ ခုနှစ် ဟုဆို သည်။ ယနေ့ ဂျာမန်အမျိုးအနွယ် များ ပါဝင်သည့် နိုင်ငံကို  ၁၈၇၁ ခုနှစ်တွင် အော်တိုဗွန်ဘစ်မတ်က Otto von Bismarck တည်ထောင် ခဲ့သည်။ ယနေ့ ဂျာမဏီဟု တည် ရှိနေသည့်နေရာ တွင် ဒေသခံလူမျိုး စုသည် မြို့ပြနိုင်ငံငယ်လေးများ တည်ထောင်လျက် ရှိနေခဲ့သည်။
    ဒုတိယကမ္ဘာစစ် တွင် စစ်ရှုံးခဲ့ရသော ဂျာ မဏီသည် ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပ ခဲ့သည့် ယော်လ်တာကွန်ဖ ရင့်၏ သဘောတူညီချက် အရ ဂျာမဏီကို လေးပိုင်း ပိုင်းလျက် ဗြိတိန်၊ ရုရှား၊ ပြင်သစ်နှင့် အမေရိကန် တို့က အုပ်ချုပ်ရန် ဖြစ် လာသည်။ မြို့တော် ဘာ လင်သည်လည်း လေးပိုင်း အပိုင်းခံရသည်။ ရုရှား အုပ်ချုပ်သောအပိုင်းသည် ဘာလင်မြို့၏ ထက်ဝက် မကပေ။
   စစ်အေးတိုက်ပွဲကာလတွင် အရှေ့ဂျာမဏီသည် ရုရှားသြဇာခံ ဖြစ်ခဲ့ရသည်။ အနောက် ဂျာမဏီကို ဥရောပဒီမိုကရေစီနိုင်ငံများနှင့် အမေရိကန်က ထောက်ပံ့ကျားကန်ပေးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အနောက်ဂျာမဏီ၏ အပိုင်းသုံးပိုင်းသည် ဂျာမန်သမ္မတနိုင်ငံ ဖြစ် လာပြီး ၊ အရှေ့ ဂျာမဏီသည် ဂျာမန်ဒီမိုကရက် သမ္မတနိုင်ငံ ဖြစ်လာသည်။
   အရှေ့ဂျာမဏီ၏ အချို့အစိတ်အပိုင်းများတွင် လူဦးရေလျော့နည်းလာခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်းတို့ဖြင့်မနိုင် ရင်ကာ ဖြစ်နေ သည်။ နှစ်နိုင်ငံ ပေါင်းစည်းပြီး ငါးနှစ်အတွင်း အရှေ့ဂျာမဏီကုမ္ပဏီပေါင်း တစ် သောင်းလေးထောင်ခန့် ဒေဝါလီ ခံရသည်။ လူလေးသန်း အလုပ် လက်မဲ့ဖြစ်ခဲ့ရသည်။ မွေးဖွားနှုန်း ကျဆင်းခြင်း၊ အနောက်ဂျာမဏီ သို့ ပြောင်းရွှေ့ကုန်ကြခြင်းတို့ ကြောင့် ယခု အခါ အရှေ့ပိုင်းဂျာမဏီ၏ အထပ်မြင့် တိုက်ခန်း ပေါင်းတစ်သန်းသည် နေထိုင်မည့် သူမရှိဖြစ်နေသည်။ ထို့ကြောင့် ဒေါ်လာဘီလျံ ချီ အကုန်အကျခံလျက် ထို တိုက်ခန်းများကို ဖြိုဖျက်ရန် စီစဉ်နေသည်။
   စတန်ဒါလ်မြို့ (Stan-dal) တွင် လွန်ခဲ့သော ၁၅ နှစ်အတွင်း လူဦးရေတစ် သောင်း လျော့ကျသွားသည်။ ယခုအခါ လူ ဦးရေ ၃၅ဝဝဝ သာရှိတော့သည်။ နောက် ထပ် လူငါးထောင်သည် ၂ဝ၂ဝ ခုနှစ်တွင် ပြောင်းရွှေ့ထွက်ခွာရန် ရှိနေသည်။ ယနေ့ အရှေ့ ပိုင်း ဂျာမဏီ၏ ပြဿနာတစ်ခုသည် မြို့တွေများပြီး နေထိုင်သူက နည်းနေခြင်း ဖြစ်သည်။ ရေ၊ မီး ၊ မိလ္လာစနစ်တို့ကို လုံ လောက်အဆင့် အတန်းမီစွာ ပေးနိုင်ရန်အတွက် လူများကို ဆင်ခြေဖုံးမှမြို့တွင်းသို့ ပြန်လည်ပြောင်းရွှေ့ခိုင်းနေရသည်။ သို့သော် ဝင်ငွေနည်း မိသားစုများနှင့် အငြိမ်းစားဝန် ထမ်းများသည် စရိတ်စက ကြီးမားသည့် မြို့ တွင်းသို့ မရွှေ့လိုကြပေ။
    အရှေ့ဂျာမဏီသားတို့၏ တစ်ဦး ချင်း ပျမ်းမျှဝင်ငွေသည် အနောက်ဂျာမဏီ၏ ၇၁ ရာနှုန်းသာ ရှိသည်။ တစ်ဦးချင်းဝင်ငွေ သည် လည်း ၂ဝဝ၇ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ တိုးတက်မှု လေးရာနှုန်းသာရှိသည်။ ထို့ ကြောင့် လူငယ်အများအပြားသည် အခွင့် အလမ်း ပိုကောင်းသည့်  အနောက်ဂျာမဏီ ဘက်အပိုင်းသို့ ပြောင်းရွှေ့နေထိုင်ကြသည်။  အရှေ့ဂျာမဏီသားများသည် အနောက် ဂျာမဏီ သားများအပေါ် တစ်စိမ်းတစ်ရံစာကဲ့သို့ ခံစားလျက် ရှိသေးသည်။ မတတ်သာမှသာ အနောက်ပိုင်းတွင် သွားရောက်လုပ် ကိုင်လိုကြသည်။  အလုပ်အကိုင် အာမခံချက်ပေးထားသည့် ကွန် မြူနစ်စနစ်ကို ပြန်လည် မျှော်ခေါ် တမ်းတနေသည့် အရှေ့ဂျာမဏီ သားများလည်း ရှိသည်။
    အရှေ့ပိုင်းဂျာမဏီ၏ လုပ်သားအားလုံးသည် သူတို့လက်ရှိလုပ်ကိုင်နေရသော အလုပ်အပေါ်ကျေနပ်နှစ်သက်ကြသည် မဟုတ်ပေ။ အနှစ်နှစ်ဆယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အရှေ့ပိုင်း ဂျာမဏီ၏ အလုပ်လက်မဲ့နှုန်းသည် အနောက်ပိုင်းဂျာမဏီ ထက် နှစ်ဆရှိနေသည်။ အရှေ့ပိုင်းဂျာမဏီ လုပ်သားအများစုသည် ယာယီလုပ် သားနှင့် ရာသီပေါ် လုပ်သားများ ဖြစ်ကြသည်။ ကွန်မြူနစ်စနစ် အောက်တွင် ရှိစဉ်က အလုပ်လက် မဲ့မရှိဟုြေ<ွကးကြော်နိုင်ရန် လူတိုင်း ကို အလုပ်ခန့်ထားခဲ့သည်။ သို့ သော် အများအပြားမှာ လုပ်ကိုင် ရန် မယ်မယ်ရရအလုပ်မရှိဘဲ နာမည်ခံခန့်ပြီး လခပေးထားသော အလုပ်များသာ ဖြစ်သည်။ ထို လုပ် နည်းလုပ်ဟန်သည် အနှစ်နှစ်ဆယ် ကြာသည့်တိုင် အကင်းမသေဘဲြ<ွကင်းကျန်နေဆဲ ဖြစ်သည်။
    ယခုအခါ အစိုးရ ထောက်ပံ့ငွေဖြင့် အလုပ်အကိုင် များ ဖန်တီးပေးသည်။ ထိုအလုပ် အကိုင်များတွင် ဝင်ရောက်လုပ် ကိုင်သူများ သည် အလုပ်သမားဈေး ကွက်တွင် ယှဉ်ပြိုင်စွမ်းဆောင်နိုင် သူများ မဟုတ်ကြ။ အနောက်ဂျာမ ဏီအစိုးရက မျက်နှာသာပေးသည့် အနေဖြင့် အရှေ့ဂျာမန် မတ်ငွေ နှင့် အနောက်ဂျာမန် မတ်ငွေကို အစောပိုင်းတွင် တန်းတူသဘော ထားလျက် လဲလှယ်ပေးခဲ့ခြင်း သည် အရှေ့ပိုင်းဂျာမဏီတွင် အလုပ်လက်မဲ့ များပြားလာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့သည်။
   အရှေ့ဂျာမဏီ၏ လုပ် ငန်းအများအပြားသည် ဈေးကွက် စနစ်လည်း မပီသေး၊ ဆိုရှယ်လစ်စီး ပွားရေးလည်း မမည်တော့။ ဘာ လင်၊ ‘ရက်စ်ဒင်နှင့် လိုက်ပဇစ်မြို့ ကြီးတို့တွင် လုပ်ငန်းများ အရှိန် ကောင်းလာသော်လည်း ကျေးလက် ဒေသတွင် လူဦးရေ နည်းပါး လာခြင်း၊ အလုပ်လက်မဲ့ ထူပြောခြင်း တို့နှင့် ကြုံတွေ့နေရသည်။
    အရှေ့ဂျာမဏီတစ်ခုလုံး ကို ခြုံကြည့်လျှင် အနှစ်နှစ်ဆယ် အတွင်း တိုးတက်မှု မြန်ဆန်လာ သည်ဟု ဆိုနိုင်သည်။ တစ်ဦးချင်း ထုတ်လုပ်မှုတန်ဖိုးသည် ခုနစ်ဆယ် ရာနှုန်း တိုးတက်လာသည်။ သို့ သော် အနောက်ဘက်ဂျာမဏီ၏ ဖွံ့ဖြိုးမှု အနည်းဆုံးပြည်နယ် များ ၏  တိုးတက်မှုနှုန်းကို မီရန်ပင် အနည်းဆုံး ဆယ်နှစ်လိုသေးသည် ဟု ပညာရှင်များက ခန့်မှန်းကြ သည်။
   ဂျာမဏီအရှေ့ဘက်ပိုင်းသည် လက်ငင်းကြုံတွေ့နေရသော ကမ္ဘာ့စီးပွားရေးကပ်သင့်မှုကို ကောင်းစွာထိန်းထားနိုင်သည်။ အရှေ့ဘက်ပိုင်းတွင် အလတ်စား နှင့် အငယ်စားလုပ်ငန်း အများအပြား ထွန်းကားသည့်အတွက် စီးပွားရေး ကပ်သင့်မှုကို လွယ်လင့် တကူ တုံ့ပြန်နိုင်သည်။ ကြီးမားသော ကော်ပိုရေးရှင်းကြီးများထက်စာလျှင် လုပ်ငန်းငယ်များသည် အလျင် အမြန် ပြောင်းလွယ်ပြင် လွယ်နိုင် စွမ်း ရှိကြသည်။ ဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူတည်လျက် ပြု ပြင်ပြောင်းလဲကြသဖြင့် စီးပွားရေး ကပ်သင့်မှုကို မခံ ရပေ။  ထို့ပြင် ယင်းလုပ်ငန်းငယ်လေး အများစု သည် အနောက်ဘက်ဂျာမဏီရှိ လုပ်ငန်းကြီးများကဲ့သို့  ပို့ကုန် အပေါ် မမှီခိုကြပေ။ ကမ္ဘာ့စီးပွား ရေး ရိုက်ခတ်မှုကို မခံရပေ။
     ဂျာမဏီ နှစ်နိုင်ငံပေါင်း စည်းပြီးသည့်အချိန်တွင် အရှေ့ဂျာ မဏီ၏ စက်မှုထုတ်ကုန် ခြောက် ဆယ်ရာနှုန်း ကျဆင်းသွားသည်။ ၂ဝ၁ဝ ခုနှစ်တွင်မှ ဂျာမဏီ မပေါင်းစည်းမီက ကုန်ထုတ်လုပ်မှု နှုန်းကို ပြန်မီလာသည်။  ကွန်မြူ နစ်စနစ်၏ စီမံခန့်ခွဲမှုလုပ်ဟန် အကြွင်းအကျန်များကြောင့် အရှေ့ ပိုင်းဂျာမဏီ၏ လုပ်အားခသည် အနောက်ပိုင်းဂျာမဏီထက် ၁၅ ရာနှုန်းမျှ ပိုနေသေးသည်။  အရှေ့ဂျာမဏီတွင် အလုပ်လက်မဲ့နှုန်း ကျဆင်းလာသော်လည်း ယခုအချိန်တွင် အလုပ်လက်မဲ့နှုန်းသည် ၁၂ ရာနှုန်းဖြစ်ပြီး အနောက် ဂျာမ ဏီထက် နှစ်ဆပိုများနေသည်။ အရှေ့ဂျာမဏီသည် အနောက်ဂျာမဏီကို အမီလိုက်ရန် ခက်ခဲနေ သည်မှာ ကွန်မြူနစ်စနစ်၏ အငွေ့ အသက်များ မကင်းစင်သေးခြင်း ကြောင့်ဆိုသည်ထက် ကျေးလက် ဒေသများတွင် လူဦးရေ ကျဲပါးမှု ကြောင့်ဖြစ်သည်ဟု အချို့က ထောက်ပြကြသည်။
     စီးပွားရေး တိုးတက်မှု သည် လူဦးရေနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေသည်။ စီးပွားရေးလုပ် ငန်းကြီးများ နီးကပ်စွာ ပူးပေါင်း လျက် အလုပ်လုပ်ကြသည့်အခါ လုပ်အားခ သက်သာလာပြီး ကုန်ထုတ်စွမ်းအား မြင့်တက်လာသည်။ ဝင်ငွေလည်း တိုးတက်လာ သည်။ ဤသည်မှာ စီးပွားရေးဥပဒေသ တစ်ခု ဖြစ်သည်။ စီးပွားရေးလုပ်ငန်းကြီး များသည် လူဦးရေထူထပ်သော မြို့ ကြီးများတွင် ရုံးစိုက်ကြသည်။ ဈေး ကွက်သုတေသလုပ်ခြင်း၊ လုပ်ငန်း ပေါ်လစီချမှတ်ခြင်းတို့ကို မြို့ကြီး များရှိ ဌာနချုပ်များတွင် ပြုလုပ်ကြ သည်။ ယင်းသို့ဖြင့် ငွေကြေးမန်နေဂျာများ၊ ဆော့ဖ်ဝဲရေးသူများ၊ ကြော်ငြာအတိုင်ပင်ခံများ စသည့်ကျွမ်းကျင်လုပ်သားများ ကို မွေး ထုတ်ပေးသည်။ ယင်းတို့က လုပ်ငန်းများကို အထောက်အကူပြုခြင်းဖြင့် ကုန်ထုတ်စွမ်းအားကို တိုးတက်စေသည်။ လူဦးရေကျဲ ပါးနေသော အရှေ့ပိုင်းဂျာမဏီသည် လုပ်ငန်း ကြီးများ ဖြစ်ထွန်းလာရန် အဆင့် သင့် မဖြစ်သေးပေ။
   အရှေ့ဂျာမဏီသည် တိုး တက်မှုတွင် နောက်ကျန်နေခြင်းမှာ 'အရှေ့' နှင့် 'အနောက်' ဟူ သော ပထဝီဒေသ ကွဲပြားခြားနား မှု ကြောင့်မဟုတ်ဘဲ လူဦးရေ နည်း ခြင်း များခြင်းကြောင့် နောက်ကျန် နေရခြင်းဖြစ်သည်ဟု ကောက် ချက်ချနိုင်သည်။
    အနောက်ဂျာမဏီ၏ ဟန်းဘုတ်ဆိပ်ကမ်းမြို့သည် ကုန် ထုတ်စွမ်းအား အမြင့်ဆုံးမြို့ ဖြစ် သည်။ လူတစ်ဦးချင်းစီ၏ ၂ဝဝ၈ ခုနှစ် အသားတင်ထုတ်လုပ်မှုတန် ဖိုးသည် ယူရို ၅၁ဝဝဝ ဖြစ်သည်။ စီးပွားရေး အောင်မြင်နေသည့် ဘာ ဗေးရီးယားပြည်နယ်၏ တစ်ဦး ချင်း ဝင်ငွေသည် ယူရို ၃၆ဝဝဝ ဖြစ် သည်။ အနောက်ဂျာမဏီ၏ ဖွံ့ဖြိုး မှု အနည်းဆုံးဖြစ်သော 'ရှဲလ်ဝဇ်' ပြည်နယ်၏ တစ်ဦးချင်း အသား တင်ထုတ်လုပ်မှုသည် ယူရို ၂၆, ဝဝဝ ဖြစ်သည်။ ထိုပြည်နယ်သည် အနောက်ဂျာမဏီတွင် လူဦးရေ အကျဲပါးဆုံးဖြစ်သည်။
အရှေ့ပိုင်းဂျာမဏီသည် သတ်သတ်မှတ်မှတ်ရှိသော ဖွံ့ဖြိုးမှု အစီအစဉ် ချမှတ်ရန် လိုအပ်နေ သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အနေအထားသည် အစဉ်အမြဲ ပြောင်းလဲနေသည့်သဘော ရှိ သည်။
    ပြောင်းလဲနေသည့် အခြေအနေနှင့်အညီ လိုက်ပြောင်းနေရန် လိုအပ်သည်။ အခြေအနေနှင့်လိုက်လျောညီထွေဖြစ်ရန်မှာ တီထွင် မှုနှင့် နည်းပညာ လိုအပ် သည်။ တီထွင်မှုနှင့်နည်းပညာရှိ နေစေကာမူ အခြားနိုင်ငံများနှင့် ရင်ဘောင်တန်းလိုက်နိုင်ရန် ဆယ် စုနှစ်ချီ ကြာမြင့်တတ်သည်။
    ၁၈၇၁ ခုနှစ်တွင် ယနေ့ ဂျာမဏီဟု သတ်မှတ်ထားသော နယ်မြေတွင် နေထိုင်ကြသူများ သည် တစ်ခုတည်းသော ယဉ်ကျေး မှုနှင့်လူမှုရေးစနစ်ကို အမွေခံခဲ့ရသည်။‘ဒုတိယကမ္ဘာစစ်၏အကျိုးဆက်တစ်ခုအဖြစ် ပေါ်ပေါက်လာသော စစ်အေးတိုက်ပွဲကာလတွင် အရှေ့ဂျာမဏီနှင့် အနောက်ဂျာမ ဏီတို့သည် မတူညီသော စီးပွား ရေးစနစ်ကို အကောင်အထည် ဖော်ခဲ့ကြသည်။
     အနောက်ဂျာမဏီ သည် အနောက်အုပ်စု၏ ဦး ဆောင်မှုဖြင့် အရင်းရှင်စနစ်လမ်း ကြောင်းကို လိုက်ခဲ့သလို၊ အရှေ့ ဂျာမဏီ သည် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ခဲ့ရသည်။ စစ်အေးတိုက်ပွဲအရှိန် အမြင့်ဆုံးအချိန်တွင် အရှေ့ဂျာမ ဏီကို သီးသန့် ဂျာမဏီအဖြစ် တည်ထောင်ခြင်းက အရှေ့အုပ်စု အတွက် ပိုမိုအကျိုးရှိမည်ဟု ဆိုဗီ ယက်ယူနီယံက ယူဆသည်။ အနောက်ဂျာမဏီ သည် အရင်းရှင်စနစ်အောက်တွင် အရှင်မွေးရင်း နေ့ချင်းကြီးလာပြီး ဥရောပတိုက်၏ စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာနေသဖြင့် တစ်ချိန်ချိန်တွင် အရှေ့ဂျာမဏီအား လွှမ်းမိုးဝါးမြို သွားမည့် အရေးကို မြင်လာသဖြင့် ဆိုဗီယက်ယူနီယံက ယင်းသို့ ကောက်ချက် ဆွဲခြင်း ဖြစ်သည်။
     အနောက်ဂျာမဏီနှင့် မတူကွဲပြားသော ဝိသေသများဖြင့် အရှေ့ဂျာမဏီကို သီးခြားရပ်တည်နေရန် ဆိုဗီယက်က ကြိုးပမ်းသည်။ ဂျာမဏီ၏ ဇာတိဝိသေသဖြစ်သော စည်းကမ်းကြီးမှု၊ အလုပ် ကြိုးစားမှု၊ အာဏာပိုင်တို့အား ရိုသေလေးစားမှုနှင့်အလုပ်ကို ထိရောက် စွာ လုပ်ကိုင်နိုင်မှုတို့ကို အခြေခံလျက် ဆိုရှယ်လစ်စနစ် အပေါ်တွင် သစ္စာရှိသော စံပြ အရှေ့ဂျာမဏီနိုင်ငံသားများ ဖြစ် လာစေရန် ရည်ရွယ်ထားသည်။
    ဆိုရှယ်လစ်အတွေးအခေါ် နှင့် သဟဇာတဖြစ်သော ဂျာမန် ပညာရှင်များ၏ အဆိုအမိန့်များကို အသားပေးသင်ကြားသော ပညာရေးစနစ်ကို တည်ထောင်သည်။ စာပေ၊ စစ်ရေးနှင့် နိုင်ငံရေးနယ် ပယ်များတွင် သမိုင်းဝင်ထင်ရှားခဲ့ သည့် ဂျာမန်ပညာရှင်များ အနက် ဆိုရှယ်လစ်အတွေးအခေါ်နှင့် ကိုက်ညီသူများကို ဆွဲထုတ်ကာ အရှေ့ဂျာမဏီ၏ ကဝိအကျော်အမော်များအဖြစ် တခမ်း တနား ပွဲထုတ်သည်။ သူတို့၏ အတွေးအခေါ်နှင့် အဆို အမိန့်များကိုသာ ကျောင်းများတွင် သင်ကြားစေသည်။ ယင်းသို့ဖြင့် ဆိုရှယ်လစ်အမြင်ရှိသည့် မတ်စ်၊ အိန်ဂျယ်လ်၊ အော်တိုဗွန်ဘစ်စ မတ်၊ ဂိုထေးနှင့် မာတင်လူသာတို့သည် အရှေ့ဂျာမဏီ၏ စံ ထားအပ် သော ကဝိများ ဖြစ်လာကြသည်။
    အနောက်ဂျာမဏီတွင် အမျိုးသားရေးလက္ခဏာများကို ဦးစားပေး ပွဲထုတ်သည့် လှုပ်ရှားမှု ဟူ၍မရှိခဲ့။ ထို့ကြောင့် အနောက် ဂျာမဏီ (ဂျာမန်သမ္မတနိုင်ငံ) ဖြစ် တည်စတွင် နိုင်ငံသားအများ အပြားသည် နိုင်ငံရေးတွင် စိတ်ဝင် စားမှု မရှိကြ။ မိသားစုရေး၊ ပုဂ္ဂိုလ်ရေးတို့တွင် နစ်မြုပ်နေခဲ့ကြသည်။ စီးပွားရေး တစ်ဟုန်ထိုး တိုးတက် လာသည့် ၁၉၆ဝ ပြည့်နှောင်းပိုင်း နှင့် ၁၉၇ဝ ပြည့် လွန်နှစ်များတွင် နိုင်ငံရေးတွင် စိတ်ဝင်စားသူ  တဖြည်းဖြည်းများပြားလာသည်။ သို့သော် အရှေ့ဂျာမဏီသားများကဲ့သို့ နိုင်ငံရေး တွင် မတက်ကြွကြ။ သို့ရာတွင် ဇာတိဝိသေသများဖြစ်သည့် စည်းကမ်းကြီးမှု၊ အလုပ်ကြိုးစားမှု၊ အာဏာပိုင်တို့အား ရို သေလေးစား မှုနှင့် အလုပ်ကို ထိရောက်စွာလုပ်ကိုင်နိုင်မှုတို့က အားကောင်းရှင်သန်နေဆဲဖြစ်သည်။ တိုင်းပြည်တွင် ဒီမိုကရေစီ ထွန်း ကားနေခြင်း ကို အလေးအနက် ထားကြသော်လည်း အရှေ့ဂျာမဏီ သားများလောက် နိုင်ငံရေးတွင် တက်ြ<ွကမှုမရှိကြ။
    ယင်းသို့နှစ်နိုင်ငံအကြား  သဘောတရားရေး ကွာဟမှုသည် နိုင်ငံရေးအရ ကွဲပြားမှုကို ပိုမိုနက် ရှိုင်းစေသည်။ အမှန်စင်စစ် နယ်မြေနှစ်ခုစလုံးသည် တစ်ခုတည်းသော ယဉ်ကျေးမှု၊ လူမှုရေးပုံစံနှင့် နယ်မြေကို အမွေခံထားသော် လည်း နိုင်ငံရေးစနစ် ကွဲပြား မှုကြောင့် ရင်ကြားစေ့ မရနိုင်အောင် ဖြစ်ခဲ့ရသည်။   
     တစ်မြေတည်းနေ တစ် ရေတည်းသောက်ခဲ့ရသော ဂျာမန် မျိုးနွယ်ရင်းများဖြစ်ပါလျက် အရှေ့ ဂျာမဏီ ကွန်မြူနစ်ခေါင်းဆောင် တို့က ကွဲပြားသော နိုင်ငံရေးဥပဓိ ရုပ်သွင်ဖြင့် တစ်မူကွဲပြားသောနိုင်ငံသစ်တည်ထောင်ရန် ဇွတ်အတင်း ကြိုးပမ်းမှုသည် ဂျာမန် လူမျိုး၏ ဇာတိပုညဂုဏ်မာနတို့ကို နင်းချေ ခြင်းပင် ဖြစ်တော့သည်။ အရှေ့ဂျာ မဏီသားတို့ စိတ်လည်ကာ ဂျာမ ဏီနှစ်နိုင်ငံပေါင်း စည်းရေးဟူ၍ ဖြစ်မလာစေရန် မအပ်မရာ ဆိုဗီ ယက်က ကြံစည်ခြင်း ဖြစ်သည်။
     အနောက်ဂျာဏီနှင့် ကွဲ ပြားခြားနားသော သီးခြားဂျာမဏီ တည်ထောင်ရန် ဆိုသည့်  စိတ်ကူး စိတ်သန်းကို ၁၉၄၉ ခု ပတ်ဝန်း ကျင်တွင် လူလားမြောက်ခဲ့ရသူများ က လက်မခံနိုင်။ ၁၉၄၉ ခုနှစ် နောက်ပိုင်း မွေးဖွားခဲ့သူများကမူ ကွန်မြူနစ်ဝါဒအောက်တွင် ကြီးပြင်းလာရသူများဖြစ်သဖြင့် ဂျာမဏီနိုင်ငံတော်သစ်ဆိုသည့် အယူအဆကိုလက်ခံကြသည်။ သို့သော် ထိုအယူအဆ အမြစ် တွယ်ရန် သမိုင်း က အချိန်လုံလောက်စွာမပေးခဲ့ပေ။
      အနောက်ဂျာမဏီသည် စီးပွားရေးအင်အားရှင် နိုင်ငံတစ် နိုင်ငံဖြစ်လာသည်ကို မျိုးဆက်သစ် အရှေ့ဂျာမဏီသားတို့က အားကျ လာသည်။ တစ်ဖက်တွင်လည်း အရှေ့ဂျာမဏီသည် ဆိုရှယ်လစ် နိုင်ငံများအနက် စီးပွားရေးအတိုး တက်ဆုံးနိုင်ငံဖြစ်လာသည်။ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် အရှေ့ဂျာမ ဏီ၏ အသားတင်ထုတ်လုပ်မှု တန်ဖိုး၏ သုံးဆယ်ရာနှုန်းသည် ပြည်ပသို့ တင်ပို့နေရ သည်။သယံ ဇာတမရှိသည့်အပြင် လုပ်သား အင်အား အလုံအလောက် မရှိ သော်လည်း ယင်းသို့ စီးပွားရေး အောင်မြင်ခဲ့သည်မှာ အံ့သြဖွယ် ဖြစ်သည်။ လုပ်သားအင်အား မလုံ လောက်မှုကို ကာမိစေရန် အမျိုး သမီးများ လုပ်ငန်းခွင်ဝင်နိုင်စေရန် အစိုးရက စီစဉ်ပေးသည်။ ၁၉၇ဝ ပြည့်လွန်နှစ်များတစ်လျှောက်တွင် စီးပွားရေးတိုးတက်မှုနှုန်းမှာ သုံးရာနှုန်းမှ ငါးရာနှုန်းအတွင်းရှိခဲ့ပြီး ၁၉၈ဝ ပြည့်လွန်နှစ်များတွင် အနည်းငယ်ကျဆင်းခဲ့သည်။
     အနောက်ဂျာမဏီသည် အရှေ့ဂျာမဏီထက်ပိုလွန်၍ စက်မှု လုပ်ငန်းများ ထွန်းကားသည်။ အနောက်ဂျာမဏီနယ်မြေသည် ဒုတိယကမ္ဘာစစ်၏ စစ်တလင်း ဖြစ်ခဲ့ရသော်လည်း ၊ အရှေ့ဂျာမဏီ မှ ထွက်ပြေးခိုလှုံလာသူများ၊ ပိုလန် နှင့် ချက်ကိုစလို ဗက်ကီး ယားမှ လာ ရောက်ကြသူများကြောင့် လုပ်သား အင်အား ရှားပါးပြတ်လတ်မှုကို မကြုံရပေ။ ထိုလုပ်သားအင်အား ဖြင့် တိုင်းပြည် ထူထောင်ရေးကို လုပ်နိုင်ခဲ့သည်။
      အနောက်ဂျာမဏီ အစိုး ရသည်  တိုင်းပြည်စီးပွားရေး ဖွံဖြိုး တိုးတက်စေရန် စွမ်းဆောင်ပေးပြီး ဈေးကွက်စီးပွားရေးကို အစိုးရ က  ဝင်ရောက်မစွက်ဖက်ပေ။  ၁၉၈၂ ခုနှစ်တွင် အနောက်ဂျာမဏီအစိုးရ၏ အရန်ငွေပိုင်ဆိုင်မှုသည် ဒေါ် လာသန်း ၂၅ဝဝ ရှိနေပြီဖြစ် သည်။ ရထားလမ်း၊ ရေနံလုပ်ငန်း၊ ဗောက် ဝက်ဂွန်းကားကုမ္ပဏီနှင့် အခြား အောင်မြင်သောလုပ်ငန်း အများ အပြားကို အစိုးရက ပိုင်ဆိုင်ထား သည်။ အနောက်ဂျာမဏီသည် အရှေ့ဂျာမဏီကဲ့သို့ပင် ကုန်ကြမ်း ကို ပြည်ပမှ တင်သွင်းရသည်။ အထူး သဖြင့် ဈေး အတက်အကျ မြန်သော လောင်စာဆီ ဖူလုံစေရန် အစိုးရသည် စွမ်းအင်ကဏ္ဍတွင် ပုံ အောရင်းနှီးမြုပ်နှံသည်။ ဘတ်ဂျက် လိုငွေကို ထိန်းနိုင်စေရန် အစိုးရ သည် ပို့ကုန်ကဏ္ဍကို ဂရုစိုက် အားပေးသည်။ ယင်းသို့နှင့် အနောက်ဂျာမဏီသည် ဥရောပ တိုက်တွင် အဓိက ပို့ကုန်တင်ပို့ သည့်နိုင်ငံဖြစ်လာသည်။အနောက် ဂျာမဏီသည် ဥရောပ၏စီးပွားရေး အင်အားရှင် ဖြစ်လာရသည်မှာ ဥရောပ ဘုံဈေးအဖွဲ့ကြောင့်ဖြစ် သည်ဟု ဆိုကြသည်။
   ဂျာမဏီအစိုးရသည် အရှေ့ ပိုင်းဂျာမဏီ တိုးတက်ဖွံ့ဖြိုးရေး အတွက် လွန်ခဲ့သောအနှစ်နှစ်ဆယ် အတွင်း ဒေါ်လာသန်းနှစ်သောင်း ရင်းနှီးမြှုပ်နှံခဲ့သည်။ အစိုးရသည် အရှေပိုင်းဂျာမဏီကို အနောက်ပိုင်း ဂျာမဏီနှင့် တစ်ပုံစံတည်းဖြစ်လာ စေရန် ပုံသွင်းနေခြင်းသည် မှား ယွင်းကြောင်း၊ လွတ်လပ်သောဈေး ကွက်သည် လူမှုရေး တည်ငြိမ်မှုကို ဝါးမြိုသွားလိမ့်မည်ဖြစ်ကြောင်း သတိပေးသူများလည်း ရှိသည်။ ထို သတိပေးမှုများသည် မှန်သင့်သ လောက်လည်း မှန်ကန်ပေသည်။ ၁၉၉ဝ ပြည့်လွန်နှစ်များတွင် ဈေး ကွက်ဖွင့်ပေးလိုက် သည့်အတွက် အင်အားကြီး အနောက်ဂျာမဏီ ကုမ္ပဏီများသည်  ယင်းတို့၏ပြိုင်ဘက် ဖြစ်လာနိုင်သော အရှေ့ဂျာမဏီ ကုမ္ပဏီများ ကို အောက်ဈေးဖြင့်ဝယ် ကာ ပိတ်ပစ်လိုက်ကြသည်။ယင်းသို့ ဖြင့် အစုအပြုံလိုက် အလုပ်လက်မဲ့ ဖြစ်ကုန်ရသည်။ ထို့ပြင်ဈေးကွက် ရှိရန်မှာ သုံးဖြုန်းနိုင်သော စားသုံးသူများ လိုအပ်ရာဈေးကွက်အားမကောင်းသဖြင့် စီးပွားရေးလုပ်ငန်းများသည် အရှေ့ပိုင်း ဂျာမဏီ တွင် လျင်မြန်စွာ ဖွံ့ဖြိုးလာခြင်းမရှိတော့။
    အခြေခံ အဆောက်အအုံများ ဖြစ်သည့် လမ်း၊ တံတား၊ တယ်လီ ဖုန်းဆက်သွယ်ရေး၊ လေဆိပ်၊ မီး ရထားလမ်းစသည်တို့ တည်ဆောက် ပေးလိုက်လျှင် စားသုံးသူများ အလို အလျောက် ပေါ်လာလိမ့်မည်ဟု ယူ ဆခဲ့ကြသည်။ဈေးကွက်သည် ချက် ချင်း ဖြစ် ထွန်းမလာသော်လည်း အခြေခံအဆောက်အအုံသည် နောင်လာမည့်အလားအလာအတွက် အခြေအနေကောင်း များ ဖြစ် လာမည်။
     ဖိုင်ဘာအော့ပတစ်ဆက် ကြောင်းများ တည်ထောင်ပေးသည့် အတွက် အချို့လုပ်ငန်းများသည် လိုက်ပဇစ်သို့ ပြောင်းရွှေ့ရုံးစိုက် လာကြသည်။ အရှေ့ဂျာမဏီအဖြစ် တည်ရှိခဲ့စဉ်က  ကွန်မြူနစ်အစိုးရသည် အနုကြည့်မှန်ဘီလူး၊ ဇီဝနည်းပညာ နှင့် ကွန်ပျူတာ ပညာရှင်များ လေ့ ကျင့်မွေးထုတ်ပေးခဲ့သည်။ ထိုသူ များသည် လာရောက်ရင်းနှီးမည့် ကုမ္ပဏီများအတွက် လူသားအရင်း အမြစ် များ ဖြစ်ကြသည်။ အရှေ့ ဂျာမဏီ၏ ပညာရေးသည် လုပ် ငန်းခွင်သို့ ကျောင်းပြီးသည်နှင့် တိုက်ရိုက်တန်းဝင်နိုင်စေရန် ဖန် တီးပေး သည်။ သို့သော် တီထွင်ဖန်တီးမှု၊ အမြင်ကွဲပြားမှုတို့ကို ကွန်မြူနစ်စနစ်က အားမပေးခဲ့ပေ။ ထို့ကြောင့် အရှေ့ဂျာမန်ကျောင်းထွက် များ သည် တီထွင်ဖန်တီးနှင့် မတူ ကွဲပြားသော အတွေးအခေါ်များကို အလွယ်တကူ လက်မခံနိုင်ကြပေ။
    လွတ်လပ်သောဈေးကွက်စနစ် တွင် ထိရောက်သော စီမံခန့်ခွဲမှု၊ ဈေးကွက်တိုးချဲ့နိုင်မှုတို့သည် အရေး ပါသည်။ ထိုနယ်ပယ်တွင် အရှေ့ ဂျာမဏီသားတို့ အားနည်းကြသည်။ ယင်းကြောင့် အရှေ့ဂျာမဏီထွက် ကုန်တို့သည် ဈေးကွက်ထိုးဖောက် နိုင်စွမ်း နည်းပါး သည်။
     ဈေးကွက်သည် အရင်းရှင် စနစ် စားကျက်ကြီးဖြစ်သော်လည်း၊ ကွန်မြူနစ်တို့က ခေါင်းပုံဖြတ် ကုပ် သွေးစုပ်သော ကိရိယာ အဖြစ် သတ်မှတ်ထားသည်။ထိုအယူအဆ သည် အရှေ့ဂျာမဏီသားတို့၏ အရိုးတွင် စွဲနေသည်။ ထို့ကြောင့် အရှေ့ဂျာမဏီသား တို့သည် ဈေးကွက်တွင် တက်ကြွစွာလှုပ်ရှားရန် တွန့်ဆုတ်ကြသည်။ သူတို့သည် ပေါင်းစည်းပြီး ဂျာမဏီတွင် ဒုတိယ တန်း စားနိုင်ငံသားများကဲ့သို့ ခံစား ရသည်ဟု အရှေ့ဂျာမဏီသား ၄၂ ရာနှုန်းက ဆိုသည်။ ဂျာမန်သမ္မတ နိုင်ငံ၏ ထိပ်ပိုင်းရာထူးများတွင် အရှေ့ဂျာမဏီသား တစ်ယောက်စနှစ်ယောက်စသာ ရှိသည်။ ဝန်ကြီးချုပ်မာကယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၄ ယောက်တွင် အရှေ့ ဂျာမဏီသားတစ်ယောက်မျှ မပါ။ ဂျာမ ဏီ၏ ထိပ်တန်းကုမ္ပဏီ ၃ဝ တွင် အရှေ့ဂျာမဏီသား ဦးဆောင်နေ သည့် ကုမ္ပဏီဟူ၍မရှိ။ ၂ဝ၁၁ ခုနှစ်တွင် ဂျာမန်အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် အရှေ့ ဂျာမဏီသူ'ကရိုလာဝဲလ်' (Karola Wille) ခန့်အပ် ခံရသည်။
     ဂျာမဏီနှစ်ပိုင်း စီးပွားရေး၊ လူမှုရေးတန်းတူဖြစ်ရေးသည် ထင်သလောက်မလွယ်ကူ။ ဆိုဗီယက်သြဇာလွှမ်းမိုးမှု ကွယ်ပျောက် သွားပြီဖြစ်သော်လည်း ကွန်မြူနစ်စနစ်၏ ဒဏ်ရာဒဏ်ချက်များသည် ယခုတိုင် အကင်းမသေဘဲရှိနေဆဲ။ ဂျာမဏီနှစ်နိုင်ငံပေါင်း စည်းခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီ။ သို့သော် အရှေ့ပိုင်းဂျာ မဏီသည် အတိတ်နွံထဲတွင် နစ်နေဆဲ။ အတိတ်သည်သမိုင်း မဖြစ် သေးဘဲ အသက်ငွေ့ငွေ့ဖြင့် ရှင် နေဆဲ။
Ref: East Germany to be un-derstood
အေးမင်းထွန်း
 

No comments: