Wednesday, October 10, 2012

သူလိုလူ၏ သမိုင်း ။


သူလိုလူ၏ သမိုင်း ။

မကြေ ကွဲတဲ့ ၊ နှလုံးသား များ
အကြောင်းမရှား ၊ ရှေ့ဆက် လည်းသွား
နောက်မကြည့်အား ၊ ဒီ ဘဝတွေ….
အဖြူရောင်တွေ…၊ သွေးစွန်းရဲစေ…။

မယူ ပေးမြဲ ၊ မလျော့ ရုန်းဆဲ
ကျားကုတ် ကျားခဲ ၊ နွဲမြဲ လျက်သာ…၊
ငါ..ငါ…မကာ ၊ ပြည်သူသာဖို့
တာဝန် ကိုယ်ငှာ ၊ သူတို့ ယူယူ
မယူ၏သို့ ၊ ငါ ယူသည်နှင့်…။

ကြုံစမ်းပါစေ ၊ ထောင်ထောင် တန်းတန်း
အဆောင် အယောင် ၊ မမက် မလွမ်း
လမ်းတွေကြမ်းကြမ်း ၊ အားတွေ ခန်းခန်း
အံ့သြနဘန်း ၊ သေသည်ထိသာ…။

ကိုဝိုင်ဝိုင်ကေ

No comments: