
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ (န ၀ တ ဥပဒေအမှတ် - ၉/၈၉) ဥပဒေကို ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်နေ့ တွင် ပြဌာန်းပြီးနောက် တဆက်တည်းမှာပင် ၁၉၉၀ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ဦးပိုင်လီမိတက် (The Union of Myanmar Economic Holding Limited) ကို န ၀ တ အမိန့်ကြော
်ငြာစာ အမှတ် - ၇/၉၀ ဖြင့်
ဖွဲ့စည်းခဲ့သည်။ ထို့နောက်မှာမှ ဥပဒေ နောက်ထပ်တိုးလာသည့် “
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ ”
(ဥပဒေ အမှတ် - ၆/၉၇ ပုံ - သန်းရွှေ) ကို ထပ်ဆင့် ပြဌာန်းခဲ့ပါသေးသည်။
ဤဥပဒေ ပုဒ်မ ၈-က တွင် “ သက်ဆိုင်ရာ ၀န်ထမ်း အဖွဲ့အစည်းပိုင် ရန်ပုံငွေကို မတည် ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
အမိန့်ကြေငြာစာ ထုတ်ပြန်၍ အဖွဲ့အစည်း တရပ် ရပ်ကို ဖွဲ့စည်း
တည်ထောင်နိုင်သည်။ ” ဟု ဖော်ပြကာ ကာကွယ်ရေး ၀န်ကြီးဌာန အောက်ရှိ
စစ်မှုထမ်းများက ရန်ပုံငွေကို မတည် ရင်းနှီး ပြီး တတိုင်းပြည်လုံးအနှံ့
တောင်ပေါ်မြေပြန့် မကျန် စစ်ယူနီဖောင်းဝတ် ဆွေမျိုးဉာတကာ ကောင်းစားရေး
(Nepotism) အတွက် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသည်ကို
ပြည်သူအားလုံး မမြင်ချင်အဆုံး မြင်တွေ့နေကြရသည်။ အဘယ့်လောက်များ ချမ်းသာ
ကြွယ်ဝနေကြသည်ကို စိန်စီသော ည ကို ကြည့်ဖူးကြသည့် ပြည်သူအားလုံး
မြင်တွေ့ပြီး ဖြစ်ပါသည်။ မြန်မာ့ စီးပွားရေး ဦးပိုင်ကုမ္ပဏီကို
သတ္တုတွင်းဝန်ကြီးဋ္ဌာနက လွှဲပြောင်းသည့်အမိန့်ကို ဗိုလ်သန်းရွှေ အမိန့်ပေး
စီစဉ်ခဲ့သည်။ ငြင်းချက် ထုတ်နိုင်ပါမည်လော။ စစ်အုပ်စု စစ် အာဏာရှင်စနစ်၏
စီးပွားရေးအခြေခံများကို တည်ဆောက်လို၍ အထက်ပါ နိုင်ငံတော်ပိုင် စီးပွားရေး
လုပ်ငန်းများဥပဒေ နှင့် နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ (န ၀ တ ဥပဒေ အမှတ် ၆/၉၇ ပုံ - သန်းရွှေ) ကို
ကြည့်ခြင်းအားဖြင့် လက်ပူး လက်ကြပ် ဖမ်းမိနိုင်ပါသည်။ ယခု စက်တင်ဘာ ၇ -
ရက်နေ့က ပြည်သူတွေရဲ့ နစ်နာချက်ရှိရင် သမ္မတရုံးကို တိုင်ကြားနိုင်တယ်လို့
သမ္မတ က ပြောကြားခဲ့သည်ကို တွေ့ရှိရ၍ တရားခံ ဘယ်သူလဲဟေ့ ဟုသာ လက်ညိုးထိုး
မေးရပါတော့မည်။ နိုင်ငံရေးတွင် ဒီမိုကရေစီရှိရန် လိုအပ်သည်နှင့် ထပ်တူ
စီးပွားရေးတွင်လည်း ဒီမိုကရေစီ ရှိရန် လိုအပ်ပါသည်။ ဒီမိုကရေစီ ရှိ မရှိကို
The Voice (Monday,September 17-23,2012) စာ-၆ - တွင် ဖော်ပြချက်၌
အောက်ပါအတိုင်း တွေ့ရပါသည်။
ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင် အရေးယူ
မုံရွာ၊ စက်တင်ဘာ ၁၃
ထိန်းသိမ်းခံထားရသည့် မုံရွာကြေးနီ စီမံကိန်း စက်ရုံမှုး ဦးအောင်လောဟာ နှင့် ကြေးနီ ပို့တာဝန်ခံ ဦးကျော်ဆွေ တို့ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆာလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက်ပြည့်မြောက် ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တရားရုံးသို့ ရုံးတင်စစ်ဆေးရန် စီစဉ်ထားကြောင်း၊ ရမန်ကြီးတပတ် ထပ်ယူခဲ့ရကြောင်း ထိန်းသိမ်းခံထားရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးဝင်းမြင့် က ပြောကြားသည်။
သတ္တုတွင်းဝန်ကြီး ဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည သန်းခေါင်မှ စတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမ၀င် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒဿမ ၉၃၂ တန်ကို အလွှဲသုံးစား ပြုလုပ်ခဲ့သဖြင့် ကြေးနီသတ္တုတွင်း ၀န်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ပြည်ထောင်စု ၀န်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများအပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ၀န်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
အဆိုပါ အလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ (ပ) နံပါတ် ၂၈၅/ ၂၀၁၁ ဖြင့် တိုင်ကြားခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည့် တိုင်အောင် ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိကြောင်း၊ ပြစ်မှု ကျူးလွန်သူများတွင် အဓိက ပါဝင်ဖွယ်ရှိသော နိုင်ငံခြားသား အထွေထွေ မန်နေဂျာနှင့် အတွင်းရေးမှူး တို့မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းကပင် ပြည်ပနိုင်ငံသို့ အလွယ်တကူ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ကြေးနီသတ္တုတွင်း ၀န်ထမ်းများနှင့် ထိန်းသိမ်းခံထားရသူ နှစ်ဦး၏ မိသားစုဝင်များ က ပြောကြားသည်။
” ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ၃/ ၂၀၁၂
တွင် ကြေးနီ ၃၃၈ ဒဿမ ၉၃၂ တန်ကို စာရင်း မဖော်ပြပဲ မမှန်မကန် ထုတ်ယူခဲ့သည့်
မှတ်တမ်း အထောက်အထားများ ကို မြန်မာ အိုင်ဗင်ဟိုး ၀န်ထမ်းများဖြစ်သော
ဌာနမှူး ဦးအောင်လောဟာ၊ General Manager Mr. Glenn E.Forl နှင့် ဒေါ်သီရိ
တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၀န်ထမ်းများ၏ တိုင်စာကို
စစ်ဆေးရာမှ အစုရှယ်ရာ ရောင်းချခြင်းတွင် ကျသင့်ငွေ ဒေါ်လာသန်း ၁၀၀ ကို
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ပေးချေခြင်း မဟုတ်ပဲ ၀မ်ဘောင် ကုမ္ပဏီက
ပေးချေခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ကာလအတွင်း ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိသော ကြေးနီတန်ချိန် ၃၃၈ ဒဿမ ၉၃၂ တန်ကို ထုတ်လုပ်နိုင်ခဲ့သော မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ၏ အစုရှုယ်ယာ ၅၀ ရာခိုင်နှုန်း ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် သို့ ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်းမှာ မေးခွန်းထုတ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အမျိုးသားလွှတ်တော် သတ္တု နှင့် သယံဇာတ ကော်မတီဝင် ဦးဖုန်းမြင့်အောင် က ပြောကြားသည်။
“ကျွန်တော် အမှန်အတိုင်း ပြောရရင် M E C နဲ့ ဦးပိုင်မှာ စီမံခန့်ခွဲရေး လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး။ တပ်မတော်က လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှုံးတာ များတယ်။ မြင်းခြံသံမဏိ စက်ရုံကို ၀န်ကြီးဌာန လက်ထဲ ပြန်လွှဲပြောင်းလိုက် သလို ဦးပိုင်က လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ၀န်ကြီးဌာနလက်ထဲ လွှဲပြောင်းပေးရင်၊ ပုဂ္ဂလိကပိုင် ပေးမယ်ဆိုရင်လည်း Open Tender ပေးစေချင်တယ်။” လို့ ဦးဖုန်းမြင့်အောင်က ဆိုသည်။
အထက်ပါ သတင်းကို ဖတ်ရသူတိုင်း ဦးပိုင်လီမိတက်ကို ပြေးမြင်ကြမည် ဖြစ်ပါသည်။ ယခုဘာတွေ ဖြစ်ပျက်နေသလဲ နေ့စဉ် သတင်းများတွင် တွေ့မြင်နေရပါပြီ။ လက်တဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး ဟုလည်း အမျိုးသား လွှတ်တော် ကော်မတီဝင် ကိုယ်တိုင်က အထက်ပါ အတိုင်း ပြောကြားသည်ကို ကြားသိနေရပါပြီ။ တိုင်းသူပြည်သား လူအများတို့ရေး… လို့ မောင်းကြေးနင်းခတ် စရာပင် လိုအပ်ပါအုံးမည်လော။ ပြတ်ပြတ်သားသား လက်ညိုးထိုး ဖျက်သိမ်း သင့်ပါသည်။ အဘယ်ကြောင့်နည်း။
တရားဥပဒေကို လေးစားလိုက်နာသည်ဆိုလျှင် သာမာန်ပြည်သူများ လိုက်နာနေကြ ဖြစ်သည့် အခြေခံဥပဒေ (ရာဇ သတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကိုသော်မှ လိုက်နာနိုင်ကြပါ၏လော။ အထူး ဥပဒေများကို ထုတ်၍ အခြေခံမူလဘူတ ပြစ်မှုဥပဒေများကို ချိုးဖောက်ကျူးလွန်ရန် ဥပဒေတွေ ထုတ်ပြန် နေသည်ဆိုလျှင် ထိုနိုင်ငံတွင် မတရားဥပဒေများ လွှမ်းမိုးနေသည်ဟုသာ သတ်မှတ်ရ ပါတော့မည်။ တိုင်းပြည်စီးပွားတရပ်လုံးကို
ဓါးပြတိုက် သိမ်းပိုက်ထားသည့် ကိုယ်ကျိုးစီးပွားသက်သက် ပြဌာန်းချက်
အားလုံးကို ဖျက်သိမ်းပစ်ရန် လိုအပ်ပါသည်။ ပြစ်မှုဆိုင်ရာ
ဥပဒေ(ရာဇသတ်ကြီး)တွင် အောက်ပါ ပုဒ်မ ပါရှိသည်လောက်ကိုတော့ တရားဥပဒေ
စိုးမိုးရေး လုပ်နေသူများ သတိချပ်မိစေရုံလောက်သာ တင်ပြအပ်ပါသည်။
လုံထိန်းဦးထုပ် ဆောင်းခွင့်ရရုံလောက်ဖြင့် မျောက်ကြွမျောက်ကြွ မဖြစ်သင့်ပါ။
အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းအပ်ပါသည်။
ပြစ်မှုပုဒ်မ (၁၆၉)။ ပြည်သူ့ ၀န်ထမ်းသည် ဥပဒေနှင့် ဆန့်ကျင်လျက်၊ ပစ္စည်းကိုဝယ်ခြင်း၊ သို့တည်းမဟုတ် လေလံဆွဲခြင်း။ ပြည်သူ့ ၀န်ထမ်း တဦးလည်း ဖြစ်၍၊ ပြည်သူ့ဝန်ထမ်း ဖြစ်သည့် အတိုင်း ပစ္စည်းတခုခု ၀ယ်ခြင်းကို ဖြစ်စေ၊ လေလံဆွဲခြင်းကို ဖြစ်စေ မပြုရန် ဥပဒေ၏ ပိတ်ပင် တားမြစ်ခြင်းကို ခံရသူလည်း ဖြစ်သော ပုဂ္ဂိုလ်သည် မိမိ၏ အမည်ဖြင့်သော်၎င်း၊ တပါးသူ၏ အမည်ဖြင့်သော်၎င်း၊ အခြားသူနှင့် ပူးတွဲ၍သော်၎င်း၊ အခြားသူနှင့် အစုစပ် ပါဝင်၍သော်၎င်း ထိုပစ္စည်းကို ၀ယ်လျှင်၊ သို့တည်းမဟုတ် လေလံဆွဲလျှင် ထိုသူကို နှစ် နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ထိုဝယ်ပြီးဖြစ်သော ပစ္စည်းကို ဘဏ္ဍာတော် အဖြစ် သိမ်းယူရမည်။” ဟု ဖော်ပြထားချက် ရှိပါသည်။
သတိမမူ ဂူမမြင် မဖြစ်မိစေရန်။ ရှေ့မှာ ကျောက်ဆောင်၊ ကျောက်ဆောင် ဟူ၍သာ။
စောထွန်းအေး
ဦးပိုင်လီမီတက်
ဦးပိုင် လီမီတက်အား ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌ
ဤဥပဒေ ပုဒ်မ ၈-က တွင် “ သက်ဆိုင်ရာ ၀န်ထမ်း အဖွဲ့အစည်းပိုင် ရန်ပုံငွေကို မတည် ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင် အရေးယူ
မုံရွာ၊ စက်တင်ဘာ ၁၃
ထိန်းသိမ်းခံထားရသည့် မုံရွာကြေးနီ စီမံကိန်း စက်ရုံမှုး ဦးအောင်လောဟာ နှင့် ကြေးနီ ပို့တာဝန်ခံ ဦးကျော်ဆွေ တို့ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆာလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက်ပြည့်မြောက် ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့တွင် တရားရုံးသို့ ရုံးတင်စစ်ဆေးရန် စီစဉ်ထားကြောင်း၊ ရမန်ကြီးတပတ် ထပ်ယူခဲ့ရကြောင်း ထိန်းသိမ်းခံထားရသူများ၏ အကျိုးဆောင်ရှေ့နေ ဦးဝင်းမြင့် က ပြောကြားသည်။
သတ္တုတွင်းဝန်ကြီး ဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည သန်းခေါင်မှ စတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမ၀င် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒဿမ ၉၃၂ တန်ကို အလွှဲသုံးစား ပြုလုပ်ခဲ့သဖြင့် ကြေးနီသတ္တုတွင်း ၀န်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ပြည်ထောင်စု ၀န်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများအပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ၀န်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
အဆိုပါ အလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ (ပ) နံပါတ် ၂၈၅/ ၂၀၁၁ ဖြင့် တိုင်ကြားခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည့် တိုင်အောင် ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိကြောင်း၊ ပြစ်မှု ကျူးလွန်သူများတွင် အဓိက ပါဝင်ဖွယ်ရှိသော နိုင်ငံခြားသား အထွေထွေ မန်နေဂျာနှင့် အတွင်းရေးမှူး တို့မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းကပင် ပြည်ပနိုင်ငံသို့ အလွယ်တကူ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ကြေးနီသတ္တုတွင်း ၀န်ထမ်းများနှင့် ထိန်းသိမ်းခံထားရသူ နှစ်ဦး၏ မိသားစုဝင်များ က ပြောကြားသည်။
” ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီသို့ ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ၃/
ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ လေးရက်တာ ကာလအတွင်း ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိသော ကြေးနီတန်ချိန် ၃၃၈ ဒဿမ ၉၃၂ တန်ကို ထုတ်လုပ်နိုင်ခဲ့သော မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ၏ အစုရှုယ်ယာ ၅၀ ရာခိုင်နှုန်း ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် သို့ ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်းမှာ မေးခွန်းထုတ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အမျိုးသားလွှတ်တော် သတ္တု နှင့် သယံဇာတ ကော်မတီဝင် ဦးဖုန်းမြင့်အောင် က ပြောကြားသည်။
“ကျွန်တော် အမှန်အတိုင်း ပြောရရင် M E C နဲ့ ဦးပိုင်မှာ စီမံခန့်ခွဲရေး လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး။ တပ်မတော်က လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှုံးတာ များတယ်။ မြင်းခြံသံမဏိ စက်ရုံကို ၀န်ကြီးဌာန လက်ထဲ ပြန်လွှဲပြောင်းလိုက် သလို ဦးပိုင်က လုပ်နေတဲ့ လုပ်ငန်းတွေကိုလည်း ၀န်ကြီးဌာနလက်ထဲ လွှဲပြောင်းပေးရင်၊ ပုဂ္ဂလိကပိုင် ပေးမယ်ဆိုရင်လည်း Open Tender ပေးစေချင်တယ်။” လို့ ဦးဖုန်းမြင့်အောင်က ဆိုသည်။
အထက်ပါ သတင်းကို ဖတ်ရသူတိုင်း ဦးပိုင်လီမိတက်ကို ပြေးမြင်ကြမည် ဖြစ်ပါသည်။ ယခုဘာတွေ ဖြစ်ပျက်နေသလဲ နေ့စဉ် သတင်းများတွင် တွေ့မြင်နေရပါပြီ။ လက်တဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး ဟုလည်း အမျိုးသား လွှတ်တော် ကော်မတီဝင် ကိုယ်တိုင်က အထက်ပါ အတိုင်း ပြောကြားသည်ကို ကြားသိနေရပါပြီ။ တိုင်းသူပြည်သား လူအများတို့ရေး… လို့ မောင်းကြေးနင်းခတ် စရာပင် လိုအပ်ပါအုံးမည်လော။ ပြတ်ပြတ်သားသား လက်ညိုးထိုး ဖျက်သိမ်း သင့်ပါသည်။ အဘယ်ကြောင့်နည်း။
တရားဥပဒေကို လေးစားလိုက်နာသည်ဆိုလျှင် သာမာန်ပြည်သူများ လိုက်နာနေကြ ဖြစ်သည့် အခြေခံဥပဒေ (ရာဇ သတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကိုသော်မှ လိုက်နာနိုင်ကြပါ၏လော။ အထူး ဥပဒေများကို ထုတ်၍ အခြေခံမူလဘူတ ပြစ်မှုဥပဒေများကို ချိုးဖောက်ကျူးလွန်ရန် ဥပဒေတွေ ထုတ်ပြန် နေသည်ဆိုလျှင် ထိုနိုင်ငံတွင် မတရားဥပဒေများ လွှမ်းမိုးနေသည်ဟုသာ သတ်မှတ်ရ ပါတော့မည်။ တိုင်းပြည်စီးပွားတရပ်လုံးက
ပြစ်မှုပုဒ်မ (၁၆၉)။ ပြည်သူ့ ၀န်ထမ်းသည် ဥပဒေနှင့် ဆန့်ကျင်လျက်၊ ပစ္စည်းကိုဝယ်ခြင်း၊ သို့တည်းမဟုတ် လေလံဆွဲခြင်း။ ပြည်သူ့ ၀န်ထမ်း တဦးလည်း ဖြစ်၍၊ ပြည်သူ့ဝန်ထမ်း ဖြစ်သည့် အတိုင်း ပစ္စည်းတခုခု ၀ယ်ခြင်းကို ဖြစ်စေ၊ လေလံဆွဲခြင်းကို ဖြစ်စေ မပြုရန် ဥပဒေ၏ ပိတ်ပင် တားမြစ်ခြင်းကို ခံရသူလည်း ဖြစ်သော ပုဂ္ဂိုလ်သည် မိမိ၏ အမည်ဖြင့်သော်၎င်း၊ တပါးသူ၏ အမည်ဖြင့်သော်၎င်း၊ အခြားသူနှင့် ပူးတွဲ၍သော်၎င်း၊ အခြားသူနှင့် အစုစပ် ပါဝင်၍သော်၎င်း ထိုပစ္စည်းကို ၀ယ်လျှင်၊ သို့တည်းမဟုတ် လေလံဆွဲလျှင် ထိုသူကို နှစ် နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ထိုဝယ်ပြီးဖြစ်သော ပစ္စည်းကို ဘဏ္ဍာတော် အဖြစ် သိမ်းယူရမည်။” ဟု ဖော်ပြထားချက် ရှိပါသည်။
သတိမမူ ဂူမမြင် မဖြစ်မိစေရန်။ ရှေ့မှာ ကျောက်ဆောင်၊ ကျောက်ဆောင် ဟူ၍သာ။
စောထွန်းအေး
ဦးပိုင်လီမီတက်ဦးပိုင် လီမီတက်အား ၁၉၉၀ ပြည့်နှစ်တွင် ယခင်စစ်အစိုးရ၏ စစ်တပ်အကြီးအကဲများ ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ တပ်မတော် အငြိမ်းစားများ စားဝတ်နေရေး ပြေလည်စေရန်ဟု သိရသည်။ ဦးပိုင်၏ လက်ရှိ ဥက္ကဋ္ဌ မှာ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဖြစ်ပြီး၊ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးလည်း ဦးပိုင် ဥက္ကဋ္ဌ
အဖြစ် တာဝန်ယူခဲ့သေးသည်။
ဦးပိုင် လီမိတက်သည် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကိုလည်း ကုမ္ပဏီပေါင်း ၅၀ ၀န်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း မောင်အောင်မျိုး ရေးသားသည့် Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်တွင် ဖော်ပြထားသည်။
ထို့အတူ ကြယ်ငါးပွင့်သဘောင်္လိုင်း၊ ပြည်တွင်းရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် တခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားကြောင်း ၀ီကီလိ(ခ်) အင်တာနက်စာ မျက်နှာ၌ ဖော်ပြထားသည်။ အလားတူ ပြည်ပ ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကိုလည်း ဦးပိုင် လီမိတက်က တင်ပို့ခွင့် ရရှိထားသည်။
ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်ဆောင်ရွက်နေသော်လည်း စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးနေခြင်းကြောင့် ထိုလုပ်ငန်းများနှင့်ပတ်သက် ၍ ပွင့်လင်းမြင်သာမှုလည်း မရှိပေ။
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ဦးပိုင် လီမီတက်သည် စစ်အစိုးရလက်ထက် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများအပြားကို ဦးစီးထားပြီး လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ထိုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ချူပ်ကိုင်ထားဆဲ ဖြစ်သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားသည့် စီပွားရေး လုပ်ငန်းအများစုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်း ၀ီကီလိ(ခ်) ၌ ဖော်ပြထားသည်။
ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ပြောသကဲ့သို့ ဦးပိုင်နှင့် ကြေးနီစီမံကိန်းသည် တပ်မတော် အောက်ခြေရဲဘော်များ၊ အငြိမ်းစား တပ်မတော်သားများ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းထားခြင်းဟု ပြောဆိုနေသည့်တိုင် အမှန်တကယ် အကျိုးအမြတ် ခံစားနေသူများမှာ တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်ကြောင်း သိရသည်။
တပ်ရင်းတခုလျှင် ကျပ်ငွေသိန်း ၂၀၀ မှ ၃၀၀ စီ ထည့်ဝင်ရကြောင်း၊ ထိုသို့ ထည့်ဝင်နိုင်ရန်အတွက် အောက်ခြေရဲဘော်များက အစ တပ်မတော်သားများ၏ လစာထဲမှ စုငွေအဖြစ် လစဉ် ဖြတ်တောက်သည့်အတွက် လစာကျပ်ငွေ တသိန်းအောက်သာ ရရှိသည့် ရဲဘော် မိသားစုများမှာစားဝတ်နေရေး ကျပ်တည်းလေ့ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
ဦးပိုင် လီမိတက်သည် ၂၀၀၇ ခုနှစ်တွင် ရင်းနှီးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၀၀၀ အထိခွင့်ပြုခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်၌ ရေးသားထားသည်။ ရှယ်ယာထည့်ဝင်ရသည့် တပ်ရင်းများအတွက် အကျိုးအမြတ်ငွေကို ရှယ်ယာအများစု ထည့်ဝင်သည့်သူများအား နှစ်စဉ်ထုတ်ပေးကြောင်းလည်း သိရသည်။
ထုတ်နှုတ် : Irrawaddy မှ
ဦးပိုင် လီမိတက်သည် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကျောက်မျက်၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ၊ ရေနံတူးဖော်ရေး၊ သဘာဝဓာတ်ငွေ့ ရှာဖွေရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ စသည်ဖြင့် လုပ်ငန်းအများ အပြားကိုလည်း ကုမ္ပဏီပေါင်း ၅၀ ၀န်းကျင်ဖြင့် လုပ်ဆောင်နေကြောင်း မောင်အောင်မျိုး ရေးသားသည့် Building the Tatmadaw: Myanmar Armed Forces Since 1948 စာအုပ်တွင် ဖော်ပြထားသည်။
ထို့အတူ ကြယ်ငါးပွင့်သဘောင်္လိုင်း၊ ပြည်တွင်းရေကြောင်းပိုင် လုပ်ငန်းတချို့၊ လောင်စာဆီ အရောင်းဆိုင်များ၊ ပြည်ပမှ ကားတင်သွင်းခွင့် ပါမစ်များနှင့် တခြားသော စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားကြောင်း ၀ီကီလိ(ခ်) အင်တာနက်စာ မျက်နှာ၌ ဖော်ပြထားသည်။ အလားတူ ပြည်ပ ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကိုလည်း ဦးပိုင် လီမိတက်က တင်ပို့ခွင့် ရရှိထားသည်။
ဘီယာချက်စက်ရုံ၊ စီးကရက်စက်ရုံ၊ သောက်ရေသန့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ သကြားစက်၊ ပလတ်စတစ် ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းများလည်း လုပ်ကိုင်ထားသည်။ ထိုသို့ စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်ဆောင်ရွက်နေသော်လည
မြန်မာအစိုးရသည် ၂၀၁၁ ခုနှစ်မှစ၍ အခွန်တိမ်းရှောင်မှု ပပျောက်စေရန် ဆောင်ရွက်နေသော်လည်း နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ဦးပိုင် လီမီတက်သည် စစ်အစိုးရလက်ထက် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းအများအပြားကို ဦးစီးထားပြီး လက်ရှိ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း ထိုလုပ်ငန်းများကို လက်ဝါးကြီးအုပ် ချူပ်ကိုင်ထားဆဲ ဖြစ်သည်။ စင်ကာပူနှင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံ ထားသည့် စီပွားရေး လုပ်ငန်းအများစုနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေကြောင်
ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင်ပြောသကဲ့သို့ ဦးပိုင်နှင့် ကြေးနီစီမံကိန်းသည် တပ်မတော် အောက်ခြေရဲဘော်များ၊ အငြိမ်းစား တပ်မတော်သားများ မိသားစုများ၏ သက်သာချောင်ချိရေးအတွက် ဖွဲ့စည်းထားခြင်းဟု ပြောဆိုနေသည့်တိုင် အမှန်တကယ် အကျိုးအမြတ် ခံစားနေသူများမှာ တပ်မတော်၏ ထိပ်ပိုင်း ခေါင်းဆောင်များသာ ဖြစ်ကြောင်း သိရသည်။
တပ်ရင်းတခုလျှင် ကျပ်ငွေသိန်း ၂၀၀ မှ ၃၀၀ စီ ထည့်ဝင်ရကြောင်း၊ ထိုသို့ ထည့်ဝင်နိုင်ရန်အတွက် အောက်ခြေရဲဘော်များက အစ တပ်မတော်သားများ၏ လစာထဲမှ စုငွေအဖြစ် လစဉ် ဖြတ်တောက်သည့်အတွက် လစာကျပ်ငွေ တသိန်းအောက်သာ ရရှိသည့် ရဲဘော် မိသားစုများမှာစားဝတ်နေရေး ကျပ်တည်းလေ့ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
ဦးပိုင် လီမိတက်သည် ၂၀၀၇ ခုနှစ်တွင် ရင်းနှီးမှုရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၀၀၀ အထိခွင့်ပြုခဲ့ကြောင်း မောင်အောင်မျိုး၏ စာအုပ်၌ ရေးသားထားသည်။ ရှယ်ယာထည့်ဝင်ရသည့် တပ်ရင်းများအတွက် အကျိုးအမြတ်ငွေကို ရှယ်ယာအများစု ထည့်ဝင်သည့်သူများအား နှစ်စဉ်ထုတ်ပေးကြောင်းလည်း သိရသည်။
ထုတ်နှုတ် : Irrawaddy မှ
No comments:
Post a Comment