ဆူးလှည်း ( မြစ်မခ )
by Myit Makha Mediagroup on 19 Dec, 2012
by Myit Makha Mediagroup on 19 Dec, 2012
အင်န်ဂျီအိုတွေနဲ့ ပတ်သက်လို့ စာစောင်ကလဲနာမည်ကြီးပြောတဲ့သူကလည်း နာမည်ကြီး ဆောင်းပါးတစ်ပုဒ်နဲ့
ပတ်သက်ပြီး ဖုန်းနဲ့တစ်သွယ်၊မေးလ်နဲ့တစ်မျိုး ရင်ဖွင့်သံလေးတွေ ကြားရပါတယ်
။ပြောခွင့်မရတဲ့သူတွေ အစား သူတို့ရဲ့အသံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
A Myanmar Times Special Report November 2012 စာမျက်နှာ-၇ကThe future role of NGOs in Myanmar ခေါင်းစဉ်
ပါဆောင်း ပါးလေးပါ။ အမျိုးသား ဒီမိုကရေစီ ဌာနချုပ် ပါတီ
ကိုယ်စားပြုရန်ကုန်တိုင်းဒေသကြီး ၊မင်္ဂလာတောင်ညွန့်မြို့နယ်ြ ပည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို တွေ့ဆုံမေးမြန်း ဖြေကြားထားတဲ့အကြောင်းအရာလေးနှစ်ခုပါ။
နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အင်န်ဂျီအိုတွေရဲ့အခန်းကဏ္ဍ အရေးပါကြောင်းဆွေးနွေး တင်ပြထားရင်း ပြောပြသွားတာလေးတွေပါ။
English Edition ဆိုတော့ မြန်မာစာစောင် ရှာဖတ်ရင်ရပေမယ့် NGO, INGO
တွေဆိုတော့ English Editionကပိုပြီး သက်ဆိုင်နေလို့ပါ။
သေချာတာက လူမှုရေး အဖွဲ့အစည်းတွေဟာ ပြင်ပ အလှူငွေတွေ အကူအညီနဲ့ဆောင်ရွက်နေကြတာပါ။
"
Many young people who should be working towards the country's
development are not public-spirited enough. Civil society needs to be
strengthened." she said.
The
NLD representative also mentioned the controversy NGOs have attracted
for spending too great a proportion of funds on staff salaries and
management.
"
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကိုဆောင်ရွက်ရမဲံ့
လူငယ်အများစုဟာပရဟိတစိတ် လုံလုံလောက်လောက် မရှိကြဘူး။ လူမှုရေး
အဖွဲ့အစည်းတွေရဲ့အရည်အသွေးကိုလဲ ခိုင်မာအောင် လုပ်ဖို့လိုပါတယ် " ဟု သူမက ပြောပါတယ်။
အင်န်ဂျီအိုတွေက
ရံပုံငွေရဲ့ အစိတ်အပိုင်း အတော်များများကိုဝန်ထမ်းများလစာ နဲ့
စီမံခန့်ခွဲမှု အတွက်သုံး စွဲနေတဲ့ အတွက် မကျေနပ်စရာအငြင်းပွားမှုတွေ ဖြစ်စေပါတယ် ဟုအင်န်အယ်လ်ဒီ ကိုယ်စားလှယ်ကဖော်ပြသွားပါတယ်။ကဲ ဒါလေးများ ဘာတွေများ မကျေနပ်လို့ ဖုန်းတွေဆက်။ မေးလ်တွေပို့ ဖြစ်နေကြပါလိမ့်။ကုမ္ပဏီတွေမှာ လခစားလုပ်လိုက်၊ အမြဲတမ်းအလုပ် မရှိဘဲအားတဲ့အခါစီမံကိန်းဆိုင်ရာ ကနဦး အချက်အလက် ကောက်တာတို့
စီမံကိန်းအပြီးအကောင်အထည်ဖော်မှု အကဲဖြတ်ခြင်းတို့ ၊ဈေးကွက်
သုတေသနကောက်တာတို့စတဲ့နေ့စားပုတ်ပြတ် အလုပ်လေးတွေ လုပ်ရင်း၊ ဝင်ငွေရတဲ့
အလုပ်မရှိတဲ့ အခါအလကားမနေဘဲ လိုအပ်တဲ့နေရာလေးတွေမှာ လုပ်အားပေးနေတဲ့
လူငယ်လေး တစ်ယောက်ကဒီလိုပြောပါတယ်။
အစ်မဖြူဖြူသင်း
ကတော်ပါတယ်၊ အနစ်နာလဲခံပါတယ်၊ ကိုယ်ကျိုးလဲစွန့်ပါတယ်။ဒါကြောင့်လဲ အမေစု
ကိုယ်တိုင် လက်ရွေးစင်ရွေးထားတာပေါ့နော်။ ဒါပေမဲ့တစ်ယောက် နဲ့ တစ်ယောက်
ပတ်ဝန်းကျင်ရယ် ဘဝအခြေအနေရယ် မတူဘူးလေ၊ အစ်မကတော့မောင်ငယ်တွေ ညီမငယ်တွေကို
အားမရလို့စေတနာနဲ့ပြောတာနေမှာပါ။
ဒါပေမဲ့
အမြဲတမ်းလဲ ကိုယ့်ထမင်း ကိုယ်စားပြီးကြီးတော်နွားမကျောင်းနိုင်ဘူးလေ။
ဒီနေ့အခြေအနေနဲ့နေနိုင်အောင် စားဝတ်နေရေးအတွက်ဝင်ငွေလိုပါတယ်။ အတ္တဟိတပြီးမှ
ပရဟိတ လာနိုင်မှာပေါ့နော်။အငတ်ခံထောင်ကျခံပြီး တိုင်းပြည်ဖွံ့ဖြိုးအောင်
လုပ်တာကောင်းပါတယ်။ဒါပေမဲ့ အငတ်မခံရဘဲထောင်အကျ မခံရဘဲ တိုင်းပြည်
တိုးတက်အောင်လုပ်နိုင်ရင် ပိုကောင်းတာပေါ့နော်။
ခေါင်းဖြူဖြူ
အဖိုးတစ်ဦး ကလည်း အေးမှန်တာပေါ့၊ အရည်အချင်း တိုးတက်ရမယ်လေ၊လူမှုရေး
အဖွဲ့အစည်းတွေတင် ဘယ်ကမလဲ၊ လူတိုင်းလူတိုင်း တိုးတက်ရမယ်လေ၊အဘတောင်
အိပ်ယာပေါ် လှဲမနေဘဲ လက်ဖက်ရေဆိုင်မှာ ထိုင်ပြီးဂျာနယ်တွေ ဖတ်နေတာတိုင်းပြည်
ဘာဖြစ်နေလဲ သိရအောင်၊သမ္မတကြီးလဲ အကြံပေးပညာရှင်တွေ အများကြီးခန့်၊
သမ္မတရုံးဝန်ကြီးတွေအများကြီးခန့်ထားတာ အရည်အချင်းတိုးအောင်
လုပ်နေတာပေါ့။လွှတ်တော်ကိုယ်စားလှယ်တွေ အဖွဲ့လိုက် အရှေ့သွားလိုက်၊
အနောက်သွားလိုက်သွားနေတာ အရင်ခေတ်လို ကားဝယ်ဖို့ဈေးဝယ်ဖို့မှ မဟုတ်တာ
ဖိတ်တဲ့သူရောသွားတဲ့သူရော အရည်အသွေး တိုးတက်အောင် ရည်ရွယ်ပြီး လုပ်နေကြတာ၊
ဒီလိုဘဲ
အစိုးရ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေ
ကြည့်ပါလားအရင်လိုနှိမ်ပြီးပြောကြည့်ပါလား ၊နောက်မှာ ဘွဲ့တွေ
တသီကြီးနဲ့၊ကျောင်းသားတွေ၊ အိမ်ရှင်မတွေ၊ အဖိုးကြီးတွေ၊ အဖွားကြီးတွေ
အားလုံးအရည်အချင်း တိုးတက်ရမှာပေါ့၊ အလကားထိုင်နေလို
့ဘာတိုးတက်မှာတုန်းလို့ဘာမှအထွန့်တက်စရာ မကျန်အောင်
ဆက်တိုက်ပြောလိုက်ပါတယ်။
NGO
ဝန်ထမ်းတွေ လစာနဲ့ပတ်သက်လို့ NGO, INGO ဝန်ထမ်းတွေမေးကြည့်မိလိုက်ပါတယ်
၊ပြောမှား ဆိုမှားဖြစ်ရင် ထိပ်အထိတက်ပြီးဖြေရှင်းရလွန်းလို့ ထင်ပါရဲ့၊
မီဒီယာတွေနဲ့ စကားမပြောပါနဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်နဲ့ ဘဲပြောဖို့
သတ်မှတ်ထားပါတယ်လို့ အဖြေပေးရင်းအမည်မဖေိာလိုတဲ့ အင်န်ဂျီအို
ဝန်ထမ်းတစ်ဦးက အစ်ကိုရယ် ဘာမှများများပိုမရပါဘူး။
လိုအပ်တဲ့သူတွေ၊
အားနည်းတဲ့သူတွေနဲ့ လုပ်ရတာဆိုတော့ သူတို့ အပူတွေကိုယ့်ကို ကူးပါသေးတယ်၊
ကုမ္ပဏီကြီးအချို့ကမှ ကျနော်တို့ထက် သာသေးတယ်၊လစာကောင်းကောင်း
ဝတ်စုံလှလှလေးနဲ့ ဆုကြေးတွေ၊ ဘာတွေနဲ့ တချို့ဆိုဖက်စလီတီတောင်
ပိုကောင်းသေး။ကျွန်တော်တို့မှာနှစ်ကူးရင် ဘတ်ဂျက်မကျသေးလို့ အလုပ်ကိုလဲ
ဆက်လုပ်ချင်လုပ်လက်စ သံယောဇဉ်လဲ ရှိတော့ တစ်လနှစ်လ လစာပျောက်တဲ့
လတွေပါရှိသေးတယ်လို့ခြူသံပါအောင် ညည်းပြလိုက်ပါတယ်။
ဒါနဲ့အပြည်ပြည်ဆိုင်ရာ
အင်န်ဂျီအိုဘက် လှည့်တော့ သူကမှ ပိုကြောက်နေသေး၊ပြောတော့ပြောတာပါဘဲ၊
နာမည်မဖော်ရဲတာ တစ်ခုပါဘဲ။ အိုင်အင်န်ဂျီအိုဝန်ထမ်းဆိုပြီး
လက်မထောင်တဲ့ခေတ် ကုန်သွားတာကြာပါပြီ၊ နာမည်ကြီးထမင်းငတ်ပါ၊ ဟိုနေရာ
ပိုကောင်းနိုးနိုး ဒီနေရာ ပိုကောင်းနိုးနိုးဟိုပင်ဒီပင် ကူးနေကြတာသာ
ကြည့်ပါတော့၊
အော်
အကျင့်ပျက် ဝန်ထမ်းလား၊ ဒါတော့ လူဘဲလေ ခိုးချင်တဲ့သူက မိဘဆီကလဲခိုးတာဘဲ၊
အများပိုင်ငွေလဲ ခိုးတာဘဲ၊ ဘုရားငွေလဲ ခိုးတာဘဲ၊ အစိုးရငွေလဲခိုးတာဘဲ၊
လူမှုရေးထောက်ပံ့ငွေလဲ ခိုးတာဘဲ၊ ဒါပေမဲ့ INGO တွေကစာရင်းစစ်အမျိုးမျိုး
မကြာခနလာနေတာရယ်၊ စစ်ဆေးတဲ့အခါမှာ လုပ်ထုံးလုပ်နည်းသိပ်မရှုတ်တော့
ကြာကြာမခံဘူးပြုတ်သွားတာပါဘဲ၊ကျွန်တော်တို့လဲ လကုန်ရက် မစောင့်နိုင်ပါဘူး၊
ရုံးရဲ့ဖောက်သယ်မန်းနီးချိန်ဂျာဆီငွေမဝင်ခင်လျှော့ဈေးနဲ့ ကြိုရောင်းပြီး
အလျင်မီအောင်ရုန်းကန်နေရတာပါ လို့ပြောသံ နားထောင် ခဲ့ရပါတယ်။
အခြား
အလားတူ အဖွဲ့တစ်ဖွဲ့က အမျိုးသမီး ဝန်ထမ်းတစ်ဦးကလဲ ဦးလေးရယ်ကျမတို့လဲ
ကန်စွန်းရွက်၊ ပဲပြုတ်၊ ကြက်ဥကြော်၊ လက်ဖက်သုတ်ပါဘဲ၊ဘယ်အဖွဲ့တွေ
ဘယ်လောက်ပေးလို့ပြောနေကြတာလဲ မသိပါဘူး၊ ကျမသိသ လောက်တော့သိတ်မကွာလှပါဘူး၊
ဟုရှက်ပြုံးခေါ်မလား၊ မချိ သွားဖြဲ ခေါ်မလား ပြုံးပြရင်း ပြောလိုက်ပါတယ်။
ရာထူးနည်းနည်း
ကြီးတဲ့ဝန်ထမ်းတစ်ဉ်ီးကတော့ ကျား/မ မခွဲတော့ပါဘူး၊။ခန့်မှန်းရ
လွယ်သွားမှာစိုးလို့။ အတတ်အညာနဲ့ လုပ်စားတဲ့သူတွေကငွေအရင်းနဲ့လုပ်စားတဲ့
သူလောက် အကျိုးမခံစားရတာတော့သေချာပါတယ် ၊ပြည်ပ အကူအညီ ဆိုတာအစကတည်းက
စည်းကမ်း သတ်မှတ်ထားပါတယ်။ ဝန်ထမ်းလစာ နဲ့ စရိတ်ကိုရာခိုင်နှုန်း
သတ်မှတ်ထားပါတယ်၊ INGO ဝန်ထမ်းတွေ လူနေမှုစရိတ် တက်သလောက်လစာတိုးမပေးနိုင်တာ ကြာပါပြီတဲ့၊
ထင်မြင်ချက်
ဆိုတာတော့ ကိုယ်ထင်တာ ကိုယ်ပြောနိုင်ပါတယ်။ ဒါတောင်အတွေ့အကြုံ အပေါ် အခြေ
ခံရသေးတာပါ။ အချို့ အကြောင်းအရာ ကျတော့ထင်မြင်ချက်ထက် ပိုသွားပါပြီ။
အထောက်အထား ကိန်းဂဏန်းလေး ပါရင်ပိုကောင်းတာပေါ့။
ပြောသူကလည်း
လွှတ်တော် ကိုယ်စားလှယ် လက်လွတ်စပယ်တော့ မပြောလောက်ပါဘူး။အော်
ဝန်ထမ်းတွေကလည်း သူတို့ခံစားချက် သူတို့ပြောတာဘဲ။ သူတို့နေရာက
ဝင်ပြီးခံစားကြည့်ဖို့ကလည်း ကိုယ်က လွှတ်တော် ကိုယ်စားလှယ်လည်း မဖြစ်နိုင်၊
NGO
/INGO ဝန်ထမ်း လုပ်ကြည့်ဖို့ကလည်းဝေလာဝေး။ ကြားထဲကဘဲ၊ဒီလိုဖတ်လိုက်ရပါတယ်၊
ဒီလိုပြောကြပါတယ်လို့ဘဲ တင်ပြလိုက်ရပါတယ်။ဒီလိုဖတ်လိုက်ရပါတယ်၊
ဒီလိုပြောကြပါတယ်လို့ဘဲ တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment