အစ္စလမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့
( OIC) အတွင်းရေးမှူးချုပ် ပရော်ဖက် ဆာ Ekmeleddin Ihsanoglu ဟာ OIC
နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့အတူ
အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို သွားဖို့ ရှိတယ်လို့ ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် Arabnews.com အာရပ်သတင်းတပုဒ်က ဆိုပါတယ်။
OIC အကြီးအကဲနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားစာကို လက်ခံရရှိပြီးဖြစ်တယ် လို့ OIC အတွင်းရေးမှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ OIC အတွင်းရေးမှူးချုပ်က ယမန်နေ့ က ပြော ပါတယ်။
“ကျနော်တို့ မြန်မာနိုင်ငံကို သွားမယ့် အရင် ကြိုတင်ပြင်ဆင်ထားမှုကိုလည်း မပယ်ဖျက်ရသေးပါဘူး။ ဒါပေမယ့် အဲဒီ နိုင်ငံရဲ့ လုံခြုံရေး အခြေအနေအရ ကျနော်တို့ ခရီးစဉ်ကို ရွှေ့ဆိုင်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ဇွန်လလောက်က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘင်္ဂလီ ( ၄င်းတို့ အဆို ရိုဟင်ဂျာ) များအား တိုက်ခိုက်မှုတွေ ရပ်တန့်စေရေး အတွက် အခုလို ခရီးစဉ်ကို မကြာမီသွားရောက်ကာ မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
အီဂျစ် နိုင်ငံခြားရေး ၀န်ကြီးက OIC ရုံးချုပ်ကို သွားရောက်ဆွေးနွေးခဲ့အပြီး ယခုကဲ့သို့ မကြာမီ မြန်မာပြည် ခရီးစဉ်ကို စီစဉ်တာ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
မကြာသေးမီကာလက မြန်မာနိုင်ငံ မြို့ကြီးတော်တော်များများမှာလည်း OIC မြန်မာနိုင်ငံတွင် ရုံးခွဲ ဖွင့်မည် ကို စိုးရိမ် သောကြောင့် ကန့်ကွက် ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပြီးနောက် သမ္မတ ရုံး က ကြေငြာချက် တစောင် ထုတ် ပြန်ကာ OIC အား မြန်မာနိုင်ငံ၏ နိုင်ငံသားများ၏ ဆန္ဒ အရ လာ ရောက် ရုံးစိုက်ခွင့် ပြုမှာ မဟုတ်ကြောင်း၊ နားလည်မှု စာချွန်လွှာသာ ရေးထိုးထားတဲ့အတွက် ၂ ဖက် ပြန် လည်ဆွေးနွေးပြီး ပြင်ဆင်နိုင်ကြောင်း ပြည်သူအား အသိပေးခဲ့ပါတယ်။
ဧရာဝတီ

( OIC) အတွင်းရေးမှူးချုပ် ပရော်ဖက်ဆာ Ekmeleddin Ihsanoglu၊ ဓာတ်ပုံ- arab news

No comments:
Post a Comment