မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
သူကြီးဘုရားရွာသားကောင်းမှု
"
သူကြီးဘုရားရွာသားကောင်းမှု အခုတော့ မုံရွာကုန်စည်ဒိုင်ရဲ့ ရွှေဘို ငလျှင်
ဘေးသို့ လှူဒါန်းမှုက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရဲ့
ကောင်းမှုဖြစ်သွားတယ် လို့ မုံရွာကုန်စည်ဒိုင် မှ ကုန်သည်ကြီးတစ်ဦးကဆို "
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာကုန်စည်ဒိုင် ကုန်သည်ပွဲစားစက်ပိုင်များ
မဟာက ထိန်တော်အသင်း မှ ရွှေဘိုငလျှင်ဘေးသို့(11-11-2012)နေ့တွင်
ကုန်စည်ဒိုင် အသင်း၏ရန်ပုံငွေမှ ကျပ်သိန်း(၂၀)တိတိ နှင့်
စေတနာရှင်အသင်းသားများရဲ့ စုပေါင်းလှူဒါန်းမှုက (၁၃၅၀၅၀၀)ကျပ်
စုစုပေါင်း-(၃၃၅၀၅၀၀ိ-/)ကျပ်တိတိကို တိုင်းဒေသကြီးအစိုးရထံ
အလှူငွေများထည့်ဝင်ထားကြောင်း မုံရွာကုန်စည်ဒိုင် ကြေငြာသင်ပုန်းတွင်
ကပ်ထားသည်ထားကြောင်းသိရသည်။
ထိုနည်းတူ မုံရွာစက်မှုဇုန်ရန်မှ
လုပ်ငန်းရှင်(၁၂)ဦးမှလည်း(၁)ဦးလျှင် ကျပ်(၁)
သိန်းနှုံးဖြင့်(၁၂)သိန်းတိတိ၊အလှူရှင်တစ်ဦးမှလည်း ကျပ်(၅)သိန်းတိတိ၊
စက်မှုဇုန်ရန်ပုံငွေမှ(၃)သိန်းတိတိ စုစုပေါင်းကျပ်သိန်း(၂၀)ကိုလည်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရကိုလှူဒါန်းခဲ့ကြောင်း
စက်ပိုင်တစ်ဦးကဆိုပါတယ်။
"ကျွန်တော်တို့က တော့ အလှူငွေတွေကိုတော့
လှူလိုက်တယ် ဒုက္ခရောက်တဲ့ သူတွေကိုလှူတာပါ။တစ်ကယ်ရောရောက်ရဲ့လားမသိဘူး။
ရွှေဘိုက မိတ်ဆွေ တစ်ယေက်ကို ချိတ်ဆက်ပြီးမေးမြန်းကြည့်တော့ မုံရွာက
ကုန်စည်ဒိုင်အမည်နဲ့ လှူတာတော့ လုံးဝ မကြားမိဘူးလို့ပြောတယ်"ဟု
မုံရွာကုန်စည်ဒိုင်မှ ကုန်သည် ကြီးတစ်ဦးကဆိုပါတယ်။
"ကျွန်တော်တို့
ကတော့ အစကတည်းက အယုံအကြည်မရှိဘူး အဲဒါကြောင့် အလှူငွေကို
ဝတ်ကျေတန်းကျေဘဲထည့်လိုက်တာ။ တိုင်းဒေသကြီး အစိုးရမှာ ပေးရမယ်ဆိုကတည်းက
စေတနာပျက်နေပြီ။သူတို့ တိုင်းဒေသကြီးအစိုးရက မခိုင်းခင်ကတည်း
ကျွန်တော်တို့ကစီစဉ်နေတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်
ကိုယ်ကျသွားလှူကြမလိုပါဘဲ။ကျွန်တော်တို့ အစီအစဉ်နဲ့ ကျွန်တော်တို့သာ
သွားပြီးလှူမယ်ဆိုရင် အလှူငွေကလည်းအခုလောက်မကရမှာ အလှူငွေတင်မ ကဘဲ အ၀တ်အစား
ဆီ/ဆန် ကအစ လှူကြမယ့်သူတွေက တစ်သီကြီးပါ။ ကဲပါ အခုတော့လည်း
သူကြီးဘုရားရွာသားကောင်းမှုကနေ တိုင်းဒေသကြီးအစိုးရရဲ့ ငလျှင်ဘေးအလှူငွေက
တိုင်းဒေသကြီးအစိုးရကောင်းမှူဖြစ်သွားပြီပေါ့"ဟု စက်ပိုင်တစ်ဦးကဆိုပါတယ်။
No comments:
Post a Comment