Saturday, December 15, 2012

ခွပ်ဒေါင်းသွေးတွေ ရာဇ၀င်ရိုင်းခဲ့ပြီ..




Poe Ziwa
အာဏာရှင်တွေ ရှိနေသမျှ ငါတို့  သူပုန်ဖြစ်နေဦးမယ်....
လွယ်အိပ်တွေ ပစ်ချ
စာသင်ခန်းထဲက ပြေးထွက်ခဲ့သူတွေ
အခုတော့လည်း (ဝေ လေ လေ)တွေလို့  အပြစ်တင်ခံရ..
အဲဒီကောင်တွေ...
လမ်းပေါ်တက်ခဲ့ကြ
(ဘာ)ပါတီနိုင်ငံရေးမှ မပါ
(ဘာ) NGO'S မှ မပါ

ပြီး..တော်လှန်ရေးခရီးတဲ့
ငှ့က်ဖျားနဲ့  ကွေးခဲ့ 
မကျွမ်းကျင်တဲ့လက်တွေနဲ့  နှီးဖြာ စခန်းဆောက်
ပဲတလှည့် ငါးပိတလှည့်
ပျော့ တူး မနပ် ထမင်းတွေ---ဟဲ
ဝါးသေနတ်တွေနဲ့  စစ်ဆင်ရေးပြင်
ကျုပ်တို့  ရူးမိုက်စွာချစ်ခဲ့တဲ့ (ကျောင်းသားတပ်မတော်)
အခုတော့လည်း ကျောင်းသားလူသတ်သမားတွေလို့  အပြစ်တင်ခံရ...

ဘယ်နိုင်ငံရောက်ရောက်
အဲဒီ (ဝေ လေ လေ) ကောင်တွေပဲ
မကျေနပ်မှုတွေကို သွားသွား အော်
အကျဉ်းကျနေသူတွေ လွှတ်ပေးပါလို့ အော်
(ဆု)တွေရရှိစေဖို့  လက်မှတ်တွေ အကြိမ်ကြိမ်ထိုးပေး
ထောင်ထဲမှာ သေသူတွေအတွက် အလှူလုပ်ပေးကြ
ရေဘေး မီးဘေး အကူငွေတွေ ပေးကြ
HIV အရေးတောင် မကျန်စေရ
ဒုက္ခသည်အရေးလည်း ဈေးရောင်းပွဲတွေလုပ်ကြ
မြန်မာပြည်ကို (NGO)' Sတွေ မျက်စေ့ မကျခင်အထိပေါ့...

အဲဒီကောင်တွေ--
လူငယ်ဘ၀ကိုလည်း ပြန်မရ
အမေကိုလည်း ပြန်မရ
ချစ်သူတွေကိုလည်း ပြန်မရ
ရပ်ကွက်တိုင်းမှာလည်း မျက်နှာမရ..
လက်သီးကို ဆုပ်ခဲ့
အံကို တင်းခဲ့တဲ့ နှစ်တွေ
(မင်းတို့ ကောင်တွေ အလကားတဲ့...)
(နိုင်ငံရေးခိုလှုံခွင့်ရ မြန်မာပြည် ၀င်ထွက်နေသူများကလည်း ပြောသေးသဗျ)
(အဲဒီတုန်းက ဘာလို့ တောခိုခဲ့တာလည်းတဲ့.....)
(သင်ညာတွေတတ်နေတဲ့ ကလေးတယောက်ကလည်း မေးသေးတယ်)

(၂၄)နှစ် အပြီး---
တိုင်းပြည်ရဲ့  အလောင်းအစားထဲမှာ
ခွပ်ဒေါင်းသွေးတွေ ရာဇ၀င်ရိုင်းခဲ့ပြီ... (ဖိုးဇီဝ...ဒီဇင်ဘာ. ၂၀၁၂ ခုနှစ်)


 

No comments: