၈၈၈၈ - ၂၅ နှစ်ပြည့် MCC ပြခန်းမှ....
ဒီတံဆိပ်လေးသမိုင်းကိုပြောရရင်
၁၉၉၁ ကာလလောက်က ဖြစ်မယ်ထင်ပါတယ် ။
ABSDF မှာ တာဝန်ရှိသူများ ဘန်ကောက်ကို လာရင်
ဘန်ကောက်မှ စာရေးဆရာ ဦးစင်ကြယ် ငှားထားတဲ့အိမ်မှာ
တည်းခိုလေ့ရှိပါတယ် ။
ဦးစင်ကြယ်က အပေါ်ထပ်ကို ပေးထားပါတယ် ။
တနေ့ မှာ ဥက္ကဌ တာဝန်ယူထားတဲ့ မိုးသီးဇွန်
ဘန်ကောက် တက်လာပါတယ် ။
ကျွန်တော်လည်းတောထဲမှာ စစ်တိုက်နေတဲ့
ဌေးနိုင်မှာထားတဲ့ ငွေပို့ ပေးဖို့ 
ရုံး ကို ရောက်သွားတော့ မိုးသီးနဲ့ တွေ့ ပါတယ် ။
အခြေအနေတွေ ပြောဆိုကြရင်း
တော်လှန်ရေးကို မြို့ ပေါ်က ပြင်ဆင်ပေးရမဲ့
ကိစ္စတွေ တိုင်ပင်ကြပါတယ် ။
သေနပ်ကျည် မဂ္ဂဇင်း ပြသနာကို
ကိုယ်ပိုင် သံရိုက်စက်တွေနဲ့ ထုတ်လုပ်ဖို့ 
စစ်ဖိနပ် စစ်အင်္ကျီ စစ်ဘောင်းဘီ တွေ
ကိုယ်တိုင် ထုတ်လုပ်ဖို့  တိုင်ပင်ကြပါတယ် ။
ဦးထုပ်တံဆပ် ထုတ်လုပ်ဖို့ စဉ်းစားကြပါတယ် ။
ခွပ်ဒေါင်းကို လက်မောင်းတံဆိပ် ဘေးတိုက်ပုံဖေါ်ရင်
၈၈၈၈ စာလုံးထဲ့ဖို့ နေရာမရှိပါဖူး ။
ကဒေါင်းကလည်း စစ်မြေပြင် အတွက် မသင့်တော်ဖူး
နောက်ဆုံးမှာ လက်မောင်းတံဆိပ်ကို တည့်တည့်မြင်ရတဲ့ပုံကို
မိုးသီး ဆွဲထုတ်ပါတယ် ။ တော်တော် လက်ရာမြောက်တယ် ။
ကျွန်တော်လည်း စစ်ပြန် စစ်မှုထမ်းဟောင်းတံဆိပ်ကို
သတိရပြီး မှန်းဆွဲရပါတယ် ။
ပုံကြမ်း ၂၀ ကျော် ရေးပြီးတော့မှ
အခုသုံးနေတဲ့ ပုံထွက်လာပါတယ် ။
မိုးသီးက ပုံထွက်လာတော့ စရံထုတ်ပေးပါတယ် ။
ကျွန်တော်လည်း ခင်မင်နေတဲ့ လပ်ဖါးအိုလမ်း ၁၀၁ အဆုံးက
ကရင်စက်ရုံကို သွားပြီး ဈေးမေးရပါတယ် ။
အရည်အတွက် ၁၀၀၀ ဆိုလျှင် တခုက်ု
၃ ဘတ် ၅၀ ပြား ကျပါတယ် ။
စက္ကူပေါ်က ပုံကြမ်းကို နမူနာထုတ်ဖို့ 
ကြေးတံဆိပ်တုံး လုပ်တဲ့ ဆိုင်ကို သွားရပါတယ် ။
ကြေးနဲ့ လုပ်ရင် တခုတည်းကို ၁၀၀၀ ဘတ်တောင်းပါတယ် ။
ဇင့်နဲ့ ထွင်းရင် ၅၀၀ ဘဲကျပါတယ် ။
နောက်ဆုံး ၃၀၀ ဘတ်နဲ့ ဈေးတည့်သွားပါတယ် ။
သတ္ထုပြားပေါ်မှာ ပုံကိုချန်ပြီး ကော်ရည်တမျိုးကို ကပ်ခွာလုပ်တယ် ။
မီးချောင်းနဲ့ အလင်းပြပြီး အက်စစ်နဲ့ စားလိုက်ပါတယ် ။
၃ ခု ဆက်တိုက်လုပ်ပါတယ် ။
အကြိုက်ဆုံးပုံတခုကို ရွေးပါ ဆိုတော့ရွေးပြီးယူလိုက်ပါတယ် ။
( ဘန်ကောက်မှာ လက်နက်ကိုင်အဖွဲ့ အစည်းပစ္စည်းနဲ့ 
ပါတ်သက်လို့ ထိုင်းအစိုးရ ဖမ်းမိရင် သေဒဏ်အထိရှိပါတယ် ။
ကျားပါးစပ်ဈေးနာက တရုပ်ဆိုင်က ဓါးစာခံ
ကျွန်တော့ကို အပေါင်အဖြစ်ခေါ်ထားလို့  မြင်နေရပါတယ် )
ရလာတဲ့ နမူနာ တံဆိပ်လေးကို ကျစ်ကျစ်ကိုင်ပြီး ရင်ခုံစွာနဲ့ 
ဘတ်စကားနဲ့  လပ်ဖါးအို သတ္ထုကြိုစက်ရုံ ပြန်လာခဲ့ရပါတယ် ။
မော်တော်ကားတာယာတွေ လုပ်တဲ့ ရာဘာအမဲပြားကြီး ၂ ပြားကို
ပေါင်ဒါတွေဖြူးပြီး နမူနာတံဆိပ်ကို ညှပ်ပြီး ဖိစက်နဲ့ အပူပေးရပါတယ် ။
ရာဘာကျက်သွာတော့ ရာဘာ ၂ ပြားခွာလိုက်ရင်
တံဆိပ်နေရာကျန်ခဲ့ပြီး မိုခွက်ကို ရပါတယ် ။
ခြေထောက်လေးတွေ နေရာမှာ ပင်အပ်တိုလေးတွေထဲ့ပြီး
ခဲ သံမဖြူ ခနောက်စိမ်း ကို လောင်းထဲ့ပြီး ဦးထုတ်တံဆိပ်တွေ
တခုပြီးတခု ထုတ်ပါတယ် ။
ရလာတဲ့ ပုံကြမ်းတွေကို လွှသွားကြိုးဓါးထက်ထက် နဲ့ 
မိုစပ်တဲ့နေရာက သတ္ထုစလေးတွေကို လှီးထုတ်ရပါတယ် ။
ပြီးရင် အချောပွတ်တဲ့ စက်နဲ့  ချောသွားအောင် ပွတ်ရပါတယ် ။
ချောလာတဲ့ တံဆိပ်တွေကို ဓါတ်ဆီ ဘရပ်နဲ့ ဆေးရပါတယ် ။
ခြောက်သွားတဲ့ တံဆိပ်တွေကို ကြေးနန်းကြိုးသေးသေးလေးနဲ့ 
သီပြီး တုတ်ပေါ်မှာ သီရပါတယ် ။
ဆေးစပ်ထားတဲ့ ကန်ကြီးထဲကို ထဲ့ပြီး
တဖက်က ကြေးနီတုံးအဖိုတိုင်ကို
ဘယ်ထရီအားကောင်းကောင်းနဲ့ အမ အဖြစ်ချိတ်ထားတဲ့
တံဆိပ်ကို ဖြတ်ခိုင်းလိုက်တဲ့ အခါ ကြေးဝါတုံးက ကြေးဝါတွေက
အမှုံလေးတွေအဖြစ်နဲ့ တံဆိပ်ကို သွားကပ်နေပါတော့တယ် ။
အထက်ပါနည်းအတိုင်း ကြေးနီကို လုပ်လည်း ရပါတယ် ။
၃ ခါလာက် လုပ်ရင် စံချိနိမှီထက်ကျော်သွားပါတယ် ။
ရလာတဲ့ ကြေးဝါ တံဆိပ်တွေကို ဟောင်ကောင်က လာတဲ့
သတ္ထုမှုတ်ဆေးဗူးနဲ့  ဆေးမဲတွေ မှုတ်ပြီး မချောက်ခင်မှာ
အဝတ်စနဲ့ ပွတ်ပါတယ် ။
ဒီတံဆိပ်လေး သမိုင်းနဲ့  ထုတ်လုပ်နည်းကို
နောင်လာနောင်သားတွေ သိစေဖို့  ရေးသားတင်ပြတယ် ။
( နောက်ပိုင်းမှ သိလာရတာက ခြေထောက်ထဲကို ပင်အပ်ထဲ့တဲ့
အလုပ်သမားတွေက လက်စူးလို့ မထဲ့တာကြောင့်
ခြေထောက်တွေကြိုးကုန်တယ်လို့  ပြောတာကြားရပါတယ် )
ဒီနည်းတွေနဲ့ မြန်မာပြည်မှာ ရွှေရည်စိမ်ကြယ်သီး ခါးပတ်ခေါင်း
နားကတ် လက်စွပ် မော်တော်ဆိုင်ကယ်တံဆိပ် ဘရိပ်ရှုးအထိုင်သံကွေ
စတဲ့စတဲ့ သတ္ထု ပစ္စည်းမျိုးစုံ ထုတ်နိုင်ပါတယ် ။
သတ္ထုတွေ တရုပ်ကို ကုန်ကြမ်းနဲ့ မရောင်းကြပါနဲ့ ဗျာ ။
ဌေးတင့်
နယ်သာလန်

No comments:
Post a Comment