မြန်မာ နိုင်ငံ၏ အိမ်ခြံမြေဈေးသည် နိုင်ငံ တကာအိမ်ခြံမြေဈေးများနှင့် နှိုင်း ယှဉ်ပါက အဆပေါင်းများစွာ ဈေး မြင့်နေသောကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဝင်ေ
လက်ရှိမြန်မာနိုင်ငံ၏ မြေ ဈေးနှုန်းများသည် အဆောက်အ အုံများမပါဝင်ဘဲ မြေသီးသန့်သာ ဖြစ်ပြီး ယင်းမြေဈေးနှုန်းများမှာ ရန်ကုန်-ပြည်လမ်း တွင် တစ် စတု ရန်းပေလျှင် ကျပ် ၁ဝဝဝဝကျော်မှ ကျပ် ၁၅သိန်းဝန်းကျင်ထိ ဈေး များရှိနေကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအသိုင်းအဝိုင်းမျ
မြန်မာနိုင်ငံ အိမ်ခြံမြေအ သင်းအတွင်းရေးမှူး ဦးခင်မောင် အေးက ''မြန်မာနိုင်ငံက အိမ်ခြံ မြေဈေးတွေက နိုင်ငံတကာ အိမ်ခြံ မြေဈေးတွေနဲ့ယှဉ်ရင် အဆပေါင်း မြောက်မြားစွာ ဈေးကြီးတယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်း ရှင်တွေ က ပြောတယ်။
ကျွန်တော် တော့မပြောတတ်ဘူး။ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးတွေ ကြီးနေ တာ ပြည်တွင်းကအလုပ်ကိုင်အခွင့်
ဒီကဈေးတွေက တ အားကြီးနေတော့ ရင်းနှီးမှုအတွက် လုပ်ငန်းလုပ်တဲ့အခါမှာ စဉ်းစား တာပေါ့။ ဒါကြောင့်လဲ ရင်းနှီးမြှုပ် နှံမှုတွေအဝင် နည်းနေ သေးတာ''ဟု ပြောသည်။
လက်ရှိ အမေရိကန်နိုင်ငံ မီယာမီမြို့၏ အိမ်ခြံမြေဈေးနှုန်း သည် အဆောက်အအုံ၊ ကွန်ဒိုအ စရှိသည့် အသုံးအဆောင်နှင့် မြေ အပါအဝင် တစ်စတုရန်းပေပတ် လည် အနိမ့်ဆုံးဈေးမှာ အမေရိကန် ဒေါ်လာ ၅၀၀ ဝန်းကျင်သာရှိ၍ မြန်မာ့ အိမ်ခြံမြေဈေး များနှင့် ယှဉ် ပါက အဆပေါင်းများစွာကြီးမြင့် နေကြောင်း သိရသည်။
ထိုကဲ့သို့ပင် အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ အိမ်ခြံ မြေဈေးသည် အဆောက်အအုံ၊ ကွန်ဒိုနှင့် တခြားအသုံးအဆောင် များနှင့် မြေအပါအဝင် အမေရိ ကန်ဒေါ်လာ ၁၀၀၀၀ ဝန်းကျင် သာရှိ၍ ယင်းနှင့်ယှဉ်ပါ က မြန်မာ့ မြေဈေးမှာ အဆပေါင်းများကြီး မြင့်နေသည် ကိုလည်း တွေ့ရ သည်။
စီးပွားရေးပညာရှင် ဦးလှ မောင်က ''မြန်မာနိုင်ငံရဲ့အိမ်ခြံ မြေဈေးနှုန်းက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကဈေးနဲ့ယှဉ
မြန်မာနိုင်ငံမှာ အိမ်ဈေး တွေ၊ မြေဈေးတွေ ကြီးသွားတယ် ဆိုတာက ပွဲလန့်တုန်း ဖျာခင်းတတ် တဲ့သူတွေကြောင့်ပေါ့။ မြန်မာ နိုင်ငံရဲ့ အိမ်ခြံမြေဈေးနှုန်းတွေက ကမ္ဘာမှာဈေးအကြီးဆုံးလို့ ပြော တာကို ခံနေရတယ်။
အဲဒီတော့ အပင်ပန်းခံပြီး ဘယ်နိုင်ငံနဲ့မှ နှိုင်း ယှဉ်ပြစရာတောင် လိုမယ်မထင် ဘူး။ စီမံကိန်းမ စမီကတည်း က အဲဒီနေရာတွေကို ဝယ်ထားတဲ့သူ တွေက ရှိတယ်။ ဝယ်ပြီးသွားရော ဘာစီမံကိန်းကြီး ဆောက်မယ်ဆိုပြီး အော်လိုက်တယ်။
မြန်မာနိုင်ငံက စီမံကိန်းဆိုရင် ဈေးတက်တာပဲ လေ''ဟု ပြောသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည်
အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင် သူ ဦးသက်နိုင်ဦးက ''အခု ကျွန် တော်တို့ဆီက ဈေးတွေက တခြား နိုင်ငံနဲ့ယှဉ်ရင် ပိုတယ်လို့ပဲ ကြား တာ။ မသိဘူး။ ဒါပေမဲ့ ကျွန်တော် တို့ဆီမှာ တစ်ပေပတ်လည်ဆိုရင် ကျပ်၁ဝဝဝဝကျော်ကနေ ကျပ်၁၅ သိန်းလောက် အထိတော့ ပေါက် တယ်။
မရမ်းကုန်းတို့၊ သင်္ဃန်းကျွန်း တို့မှာဆိုရင် အိမ်ခြံတစ်ကွက်အ တွက် အနည်းဆုံး ကျပ်သိန်း ၃၀၀၀ ဝန်းကျင်ရှိမှဝယ်နိုင်မယ်။
မြို့နယ် လေးတွေပေါ့'' ဟု ပြောသည်။ ပြည်တွင်းလုပ်ငန်းရှင် ဦး တင်ထွန်းကြည် က ''ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြား သူငယ်ချင်းတွေကဆိုရင် ဒီနိုင်ငံ မှာရှိနေတဲ့ မြေဈေးကိုကြည့်ပြီး လန့်သွားတယ်။
ဘာလို့လဲလို့ ကျွန် တော်ကမေးတော့ ဒီလောက်ဈေး တွေ သူတို့နိုင်ငံမှာ တစ်ခါမှမကြား ဘူးလို့ပြန်ပြော တယ်''ဟု ပြောသည်။ ရန်ကုန်အခြေစိုက် Scipio Services မှ မန်နေဂျင်းဒါရိုက်တာ BRETT MILLER က ''မြန်မာ အိမ်ငှားခတွေက နှစ်ကုန်ကျရင် တစ်လကို ၄၆ရာခိုင်နှုန်းအထိ တက် လာနိုင်တယ်။ အခုအမေရိကန် ဒေါ်လာ ၆၅ဝဝ ကနေ ၉၅ဝဝအထိ ရှိလာနိုင်တယ်''ဟု ပြောသည်။
အောင်သူ (ဒေးဒရဲ)
Yangon Media Group
No comments:
Post a Comment