မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
သမ္မတက နိုင်ငံရေးနှင့် ဘာသာရေး ရောစပ်ပါက ဘာသာရေး၏ သဘောတရား ဆန့်ကျင်ရာရောက်ကြောင်း ဗိုလ်ချုပ်မိန့်ခွန်းအား ကိုးကား၍ပြောကြား
Friday, Augest 02, 2013
ရန်ကုန်- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် ဗိုလ်
ချုပ်အောင်ဆန်း ရွှေတိဂုံအလယ်ပစ္စယံ၌ ပြောကြားခဲ့သော မိန့်ခွန်းအား ကိုးကား၍
ဘာသာရေးနှင့် နိုင်ငံရေးကို ရောစပ်ပါက ဘာသာရေး၏ သဘောတရားကို
ဆန့်ကျင်ရာရောက်သည်ဟုဆိုခဲ့ကြောင်း ပြောကြားသည်။
“လူအများကိုနစ်နာစေမယ့် တရားဓမ္မဖြစ်လေဟန် ဟောပြောမှုတွေ၊
လုပ်ဆောင်မှုတွေကိုလည်း တားမြစ်ရမယ်လို့ အဲဒီမိန့်ခွန်းမှာ ထင်ထင်ရှား
ရှားကြီး ဖော်ပြခဲ့ပါတယ်။ အဲဒီလိုပဲ လွတ်လပ်စွာဘာသာကိုးကွယ်မှုဆိုတဲ့ အခွင့်အရေးကိုပေးတဲ့နေရာမှာတော့
နိုင်ငံရေးနဲ့ ကိုးကွယ်သည့် ဘာသာရေးနှစ်ဌာနစပ်ကြား စည်းထားရပေလိမ့်မယ်လို့
ဆိုခဲ့ပါတယ်။ဘာ သာရေးနဲ့ နိုင်ငံရေးကို ရောစပ်ပါမူ ဘာသာရေး၏ သဘောတရားကို
ဆန့်ကျင်ရာရောက်ပေ၏လို့ ဆိုပါတယ်။ ဗိုလ်ချုပ်ရဲ့ အလယ်ပစ္စယံ
ညီလာခံမိန့်ခွန်းဟာ ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေမှာ
များစွာစဉ်းစားစရာ၊ များစွာသင်ခန်းစာယူစရာဖြစ်တယ်လို့ ဆိုရမှာ ဖြစ် ပါတယ်”ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယခုနှစ် ဇန်န၀ါရီလမှစတင်ကာ လစဉ်လဆန်း ရက်များတွင်
နိုင်ငံတစ်ဝန်းသို့ ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားမှု များ
ပြုလုပ်ခဲ့ပြီး ၎င်း၏ ရှစ်ကြိမ်မြောက် ရေဒီယိုမိန့်ခွန်းဖြစ်သည့် ယခုလ ၁
ရက်တွင် ထုတ်လွှင့်သောမိန့်ခွန်း၌ ယခင်က ထည့်သွင်းပြောကြားခဲ့ဖူးခြင်း
မရှိသည့် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ အချက်အလက်အချို့ကို ထုတ်နုတ်ကိုးကား ပြောကြားသွားခြင်းဖြစ်သည်။ဗိုလ်ချုပ်အနေဖြင့်
လွတ်လပ်စွာ ဘာသာကိုးကွယ်နိုင်မှုသည် နိုင်ငံသားအခွင့်အရေးများ
မှတစ်ခုဖြစ်သည်ဟု ပြောကြားသွားခဲ့ပြီး ဘာသာတရား အမည်နာမကို
အလွဲသုံးစားလုပ်ကာ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် မတရားအမှု များ
ပြုလုပ်ခဲ့လျှင် ၎င်းမတရားမှုများကို လူ့အဖွဲ့အစည်းက
လျစ်လျူရှုနိုင်မည်မဟုတ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ရွှေတိဂုံ အလယ်ပစ္စယံ
ညီလာခံ မိန့်ခွန်းတွင် အတိအလင်းပြောကြားသွား ခဲ့ကြောင်း နိုင်ငံတော်သမ္မတက
ပြောသည်။
မိမိတို့ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံခြားခရီးစဉ်မထွက်ခွာမီတွင်
တစ်ကြိမ်၊ နိုင်ငံခြားခရီးစဉ်မှ ပြန်လည်ရောက်ရှိသည့် ဇူလိုင် ၂၂ ရက်တွင်
တစ်ကြိမ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ
လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးနှင့် ပဋိပက္ခကာကွယ်တား ဆီးရေးကိစ္စများကို
ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။ နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍လည်း မိမိပေးထားသည့်ကတိအတိုင်း ယခုနှစ်ကုန်တွင် တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရန် ဆောင်ရွက် သွားမည်ဟု ထပ်မံကတိပြုပြောသည်။
7Day News Journal
No comments:
Post a Comment