Saturday, Augest 03, 2013
လာမည့် သြဂုတ် ၈ ရက်တွင် ကျရောက်မည်ဖြစ်သော ရှစ်လေးလုံး လူထုတော်လှန်ရေး ငွေရတု အခမ်းအနား အထက် မြန်မာပြည် ကိုယ်စားပြုပွဲအဖြစ် မန္တလေးမြို့ရှိ နိုင်ငံရေး အကျဉ်းသား ဟောင်းများနှင့် မြို့သူမြို့သားများ ပူးပေါင်း၍ ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ၀ိညာဉ်နှင့် တိုက်ပွဲဝင် စိတ်ဓာတ်ကို ဆက်လက် ဖော်ဆောင်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။
''ဂုဏ်ပြုပွဲ အခမ်းအနားကို သြဂုတ် ၆ ရက် မနက် ၈ နာရီ၊ ၈ မိနစ်၊ ၈ စက္ကန့်မှာ ဖွင့်လှစ်သွားမှာပါ။ အတတ်နိုင်ဆုံး ကျဆုံးမိသားစုဝင်တွေကို ဖိတ်ခေါ်မယ်။ ရှေ့ဆက်ပြီး ပြန့်ကြဲနေတဲ့ ဒီမိုကရေစီ အင်အားစုတွေကို စုစည်းပြီး အားကောင်းလာအောင် လုပ်ကြမယ်။ ပထမနေ့မှာ ပန်းချီ၊ ကာတွန်းနဲ့ ညပိုင်းမှာ နိုင်ငံရေး ဟောပြောပွဲတွေ၊ ဒုတိယနေ့မှာ ဂီတပဒေသာပွဲနဲ့ တတိယနေ့ဖြစ်တဲ့ သြဂုတ် ၈ ရက်မှာ သံဃာအပါး ၁၀၀၀ ကို ဆွမ်းလောင်းလှူပြီး ခန်းမအတွင်းမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားမှာပါ။ ဒီပွဲဟာ ဒီမိုကရေစီ တိုက်ပွဲရဲ့ မှတ်တိုင်တစ်ခုသာ ဖြစ်ပြီး ပန်းတိုင် မဟုတ်သေးပါဘူး'' ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ သတင်းနှင့် ပြန်ကြားရေးမှ ဦးမင်းထက်ငြိမ်းချမ်းက ပြောကြားသည်။
''ရန်ကုန်မှာလုပ်တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနားရဲ့ ကြွေးကြော်သံက'' အမျိုးသားပြန်လည် သင့်မြတ်ရေး'' ဆိုတဲ့ အလံအောက်က ဖြစ်တယ်။ မန္တလေးမှာ လုပ်တာက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ၀ိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး တိုက်ပွဲဝင် စိတ်ဓာတ်ကို ဖော်ဆောင်ဖို့ဆို တဲ့ ခေါင်းစဉ်အောက်မှာပါ။ နှစ်ပိုင်းကွဲနေတာပေါ့။ မန္တလေးမှာတော့ ရှစ်လေးလုံးရဲ့ (၂၅)နှစ် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို သုံး သပ်ပြီး ရှေ့ကို တိုက်ပွဲဝင်စိတ်ဓာတ် ဘယ်လိုသယ်ဆောင် မလဲဆိုတာ ဖြစ် တဲ့အတွက် ဒီလိုလူတွေနဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ စစ်အစိုးရ အဆက် ဆက်က ရှစ်ဆယ့်ရှစ်ဆိုတာ သူတို့ကြောက်ရွံ့ တုန်လှုပ်ပြီး ဘယ်တော့ မှ ပြန်မကြားချင်တဲ့ သွေးဆိုးအိပ်မက်ကြီးကိုး။ ဒါကို သူတို့အနေနဲ့ပြန်ပြီး သုံးသပ်ချင်မှာ မဟုတ်ဘူး။ ၀န်ခံမှာလည်း မဟုတ်ဘူး။ အဲဒီတော့ မန္တလေး သဘောထားမှာတော့ ဖိတ်လည်းဖိတ်မှာ မဟုတ်ဘူး။
မိန့်ခွန်းလည်း ပြောခိုင်းမှာ မဟုတ်ဘူး'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး (မန္တလေး ရှစ်လေးလုံး ငွေရတုကျင်းပရေး ကော်မတီ) က ဆိုသည်။
ဒီပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင် ဆင်ရေးလား၊ ဖျက်သိမ်းရေးလား။ ပြဋ္ဌာန်းပြီးသားဖြစ်တဲ့ ပုဒ်မ ၁၈ တို့၊ ခုလုပ်နေတဲ့ မီဒီယာလောတို့၊ ပြဋ္ဌာန်းတော့မယ့် မှတ်ပုံတင် ဥပဒေတို့ဟာ လူထုကို အကျိုးပြုရဲ့လား။ ရှစ်ဆယ့်ရှစ်လို အရေးတော်ပုံကို တုံ့ပြန်ဖို့ လုပ်ထားတာလား ဆိုတာ ပြင်ဆင်ရမှာဖြစ်တယ်။ ရှစ်ဆယ့်ရှစ် စိတ်ဓာတ်နဲ့ ခွန်အားကို ဆက်လက် သယ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ သွားမယ်။
ရှစ်လေးလုံးက ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား သွေးစည်း ညီညွတ်ရေး ကြွေးကြော်သံ သုံးခုနဲ့ ဆင်နွှဲခဲ့တာ။ အောင်ပွဲမရ ဘူး။ ချေ မှုန်းခံခဲ့ရတယ်။ ခုချိန်ထိလည်း ဘာမှမရသေးဘူး။ အဲဒီအပေါ်မှာ ၂၅ နှစ် အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဆွေးနွေးသုံးသပ် သွားကြမှာပါ''
ဟု ဦးသိန်းသန်းဦးက ဆက်လက် ပြောကြားသည်။
''အထက်မြန်မာပြည် အနေနဲ့ ကိုယ်စားပြုပြီး ကျင်းပရတာဟာ လက်ရှိမြန်မာပြည် ဒီမိုကရေစီခေတ် အပြောင်းအလဲ၊ ပြည်တွင်းစစ် တားဆီးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
''ပွဲဖြစ်မြောက်အောင် မန္တလေးမြို့မှာရှိတဲ့ ဈေးချိုတော်က ဈေးသူ၊ ဈေး သားတွေ၊ ကုန်စည်ဒိုင်က အဖွဲ့ဝင်တွေ၊ မြို့ခံတွေရဲ့ အကူအညီနဲ့ ကျင်း ပနိုင်အောင် စီစဉ်ခဲ့တာပါ'' ဟု ဦးစီးကော်မတီအဖွဲ့ဝင် ဦးသိန်းတန် (မန္တလေး) က ပြောကြားသည်။
ယင်းအခမ်းအနားသို့ မြန်မာပြည် အထက်ပိုင်း မြစ်ကြီးနားမြို့နှင့် မကွေး တိုင်း ဒေသကြီးမှ နိုင်ငံရေး အင်အားစုများအပြင် နယ်အသီးသီးမှ တက်ရောက် မည်ဖြစ်ပြီး မည်သည့်နိုင်ငံရေး အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်မဆို ပူးပေါင်းပါဝင် နိုင်ကြောင်း၊ အဆိုပါ အခမ်းအနားကို မန္တလေးမြို့ ၈၄ လမ်း၊ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလခန်းမတွင် အထိမ်းအမှတ်ပန်းချီ၊ ကာတွန်းပြပွဲများ၊ ဓာတ်ပုံပြခန်းများ၊ ဂီတပဒေ သာကပွဲ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ထည့်သွင်း၍ သုံးရက်တိုင် ကျင်းပ မည်ဖြစ်ပြီး ကျဆုံးခဲ့သည့် ရဲဘော်များအတွက် မော်ကွန်းကျောက်တိုင် စိုက်ထူရန် စီစဉ်ထားကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment