မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
အာဇာနည်နေ့ ပန်းခွေချ ဂုဏ်ပြုသူကို ပထမဆုံး ရုံးထုတ်
ပြည်၊ သြဂုတ် ၁
အာဇာနည်နေ့တွင် ပန်းခွေချ ဂုဏ်ပြုခြင်း မပြုရန် ပုဒ်မ-၁၈၈ ထုတ်ပြန်
ကန့်သတ်ထားသည့် ပြည် မြို့လယ်ရှိ ဗိုလ်ချုပ် မြင်းစီးရုပ်တွင် ဇူလိုင်လ ၁၉
ရက်နေ့က ပန်းခွေချ ထားခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပါတီဝင် ဦးသိမ်းမင်းထွန်းကို ဇူလိုင်လ ၃၁ ရက်နေ့က ပထမဆုံး တရားရုံး တင်
စစ်ဆေးခဲ့ကြောင်း ပြည်မြို့နယ် တရားရုံးထံမှ စုံစမ်း သိရှိရသည်။
တရား စွဲဆိုခံရသည့် ဦးသိမ်းမင်းထွန်းက အဆိုပါ ရုံးချိန်းတွင် အာမခံ
ရယူရပြီး အပြစ်ရှိ၊ မရှိ တရားသူကြီး၏ မေးမြန်းချက်ကို အာဇာနည်နေ့တွင်
အာဇာနည် အထိမ်းအမှတ် ရှိသော ဗိုလ်ချုပ် မြင်းစီးရုပ်တွင် ပန်းခွေ ချမိခြင်း
က အပြစ်ဟု မသတ်မှတ်သောကြောင့် အပြစ် မရှိဟု ပြန်လည် ဖြေ ခဲ့ကြောင်း၊
ရုံးချိန်းတွင် တရားလိုဘက်မှ တက်ရောက် လာခြင်း မရှိကြောင်း ၎င်းက ပြောကြားသည်။
အမှုကို တရားလိုအဖြစ် ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး
ဦးအောင်ဇော်ထက်က မြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ကာ တရားစွဲ
ထားခြင်း ဖြစ်၍ သြဂုတ်လ ၂ ရက်နေ့သို့ ရုံးချိန်း ပြန်လည် ချိန်းရာတွင်
တရားလို သက်သေများကို စစ်ဆေးမှု လုပ်ခဲ့ပြီးနောက် ရုံးချိန်းကို သြဂုတ် ၁၆
ရက်နေ့သို့ ပြန်လည် ချိန်းဆိုခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၃ ခုနှစ်
မတ်လ ၂၇ ရက်နေ့တွင်လည်း ဆူပူ အကြမ်းဖက်မှုများ မဖြစ်ပွားစေရန်အတွက် မြို့နယ်
အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးက ပုဒ်မ (၁၈၈) အရ ထုတ်ပြန် ကြေညာခဲ့သည်။
No comments:
Post a Comment