( ရဲဘော် သံဒုတ် )
August 4, 2013 at 1:34am
စေ့စပ်ရေး အချောင်သမားတွေက သွေးတိုးစမ်းတာပေါ့။------------------------------
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဆိုတဲ့ မူကို ကိုင်ဆွဲသူတိုင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး မူကြောင့် ဖိတ်ရတာပါဆိုတဲ့ သူတွေနဲ့က မတူနိုင်ဘူး။
ဒီမူကိုပဲ အခန်းအနားမှာ တက်လာမဲ့လူတွေကို ထောက်ခံခိုင်းနိုင်တယ်။
အဲဒီပုံသဏ္ဍန် အကွက်ဆင်ထားတာလို့ တောင်ပြောလို့ရတယ်။ စစ်အစိုးရကို ဖိတ်တာ၊ စေ့စပ်တာ၊ စစ်အစိုးရနဲ့ ပါတ်သက်ပြီး လုပ်လာတွေအားလုံးဟာ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေးမူထဲမှာပါတယ်လို့ လိုသလိုနောက် အသုံးချလာအုံးမယ်။
ကျွန်တော်တို့က ၂၀၀၈ဖွဲ့စည်းပုံတိုက်ဖျက်ရေး ( လတ္တလောနိုင်ငံရေးလုပ်ငန်းစဉ်)၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ စစ်မှန်သော ဒီမိုကရေစီရရှိရေးဆိုတာက ရှစ်လေးလုံးက မပြီးသေးတဲ့ နိုင်ငံရေး ဦးတည်ချက် ဒါတွေကို လုပ်ချင်တာ။ မတူဘူးကွဲတယ်။
စစ်အစိုးရဆိုတာ ရှစ်လေးလုံးက ဖြုတ်ချလိုက်တဲ့ တပါတီအာဏာရှင် စနစ် က နောက်ပုံသဏ္ဍန်တမျိုးနဲ့ ကျန်နေတဲ့ စစ်အာဏာရှင်စနစ်က မွေးပေးလိုက်တဲ့ အစိုးရပဲ။
ဒီနေ့ နိုင်ငံရေးမှာ စစ်အစိုးရနဲ့ ပုံသဏ္ဍန်မျိုးစုံနဲ့ စေ့စပ်နေတဲ့သူတွေ စစ်အစိုးရဖွင့်ပေး တဲ့ နိုင်ငံရေးလုပ်ကွက်ထဲမှာ လုပ်စားနေတဲ့ သူတွေ အများကြီးပဲ။ ပါလီမန်ထဲကတမျိုး၊ လေ့လာရေလို့ နာမည်တတ်သူလဲရှိတယ်။ ငြိမ်းချမ်းရေးမစ်ရှင် လို့ ပြောတဲ့ကောင်လဲရှိတယ်။ ပါတီရပ်တည် ပါရစေဆိုပြီး တောင်းတဲ့ကောင်လဲ ရှိတယ်။
စစ်အစိုးရကလဲ တကယ်လုပ်တဲ့သူတွေကို မီးလောင်ဗုံးနဲ့ပစ် အချုပ်ထဲပြန်ထည့်တယ်။ လုပ်စားမဲ့သူတွေကို နိုင်ငံရေး စားကွက်ဖွင့်ပေးထား တယ်။ တွေ့လားပြုပြင်ပြောင်းလဲနေတဲ့ကောင်တွေဆိုပြီး ပြလို့ရအောင်လို့။ စစ်အစိုးရကလဲ လက်ညှိုးထိုးကို ရောင်းစားတာပဲ။
နောက်ဆုံးသူတို့က ရှစ်လေးလုံးကြီးကို စစ်အစိုးရကို ဖိတ်ပြီး စေ့စပ်ရေးအုပ်စု က မောင်ပိုင်စီး ဖို့ကြိုးစားတာပေါ့။
စစ်အစိုးရနဲ့ ပူးချင်၊ စစ်အစိုးရနဲ့ ပေါင်းတာက လူရာဝင်ပြီး ငါတယ်ဟုတ်ပါလားလို့ ထင်နေတဲ့ အယူအဆရှိသူတွေထဲမှာ ငါတို့မပါဘူး။
စစ်အစိုးရကို ဖိတ်တာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်တို့ကလည်းရှင်းရှင်းလင်း
လင်းသိတယ်။ ရှစ်လေးလုံးကို အသုံးချပြီး စစ်အစိုးရ နဲ့ စေ့စပ်ချင်တဲ့ပွဲတခုပဲလို့။
နိုင်ငံရေး စားကွက်နဲ့ လုပ်စားခွင်ကို သီးခြားရှာပေါ့။ စစ်အစိုးရနဲ့ ဆက်ဆံချင်ရင် အပြင်မှာ ဆက်ဆံပေါ့။ ရှစ်လေးလုံးကို ဗန်းမပြနဲ့။ ရှစ်လေးလုံးအိမ်ထဲမှာ မလုပ်နဲ့။ သူရဲကောင်းတို့ သွေးမခြောက်သေးဘူး။ မလုပ်ကောင်းဘူး။
ရဲဘော်သံဒုတ်
No comments:
Post a Comment