Saturday, Augest 03, 2013
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု အများစုတွင်
တောင်ကျရေနှင့် မြစ်ရေ၊ ချောင်းရေ လျှံမှုဒဏ် ခံစားနေရကြောင်း သိရသည်။
ဇူလိုင်နောက်ဆုံး ပတ်အတွင်း တောင်ကျရေနှင့် မြစ်ချောင်း များ
ရေလျှံခဲ့မှုကြောင့် ငါးသိုင်းချောင်း မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု
အများစုတွင် လယ်မြေများ ရေလွှမ်းခံခဲ့ရပြီး ရွာများအ တွင်း
ရေ၀င်ရောက်မှုများပါ ကြုံတွေ့ခဲ့ကြောင်း၊ စတင်ရေနစ်မြုပ်စဉ်က ဆိုးရွားသော
နေရာများတွင် ရေအမြင့် ငါးပေခန့်အထိ ရေလွှမ်းမှု ရှိခဲ့ကြောင်း၊ သို့သော်
သြဂုတ်လ ပထမပတ်အတွင်း ရေကျ ခဲ့ပြီး မြစ်ချောင်းအနီး ကျေးရွာများနှင့်
မြေနိမ့်ပိုင်း နေရာအချို့တွင်သာ ရေကျန်ရှိတော့ကြောင်း သိရသည်။
ကုန်းမြေကျေးရွာနှင့် ပန်းပုကွင်း ကျေးရွာတို့တွင် ရေကျသွားပြီဖြစ်ပြီး
ကျန်ရှိနေသော နွံများအား သြဂုတ် ၂ ရက်တွင် တာဝန်ရှိသူများက
ရှင်းလင်းဆောင်ရွက် ပေးနေကြောင်း၊ ကက္ကူကြီး၊ ကက္ကူလေး ကျေး ရွာစသော
နှစ်စဉ်ရေနစ်မြုပ် လေ့ရှိသည့် မြေနိမ့်ပိုင်း နေရာများတွင် ရေအနည်းငယ်
ရှိနေဆဲ ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး စပါးအများစု ရေနစ်မြုပ်ခဲ့ပြီး
ငါးရက်ခန့်သာ ရေနစ်မြုပ်ခဲ့သည့် အတွက် ထိခိုက်မှု မရှိကြောင်း၊
စိုက်ပျိုးခါစ စပါးအနည်းငယ် အတွက်သာ စိုးရိမ်နေရကြောင်း ဒေသခံများထံမှ
စုံစမ်းသိရှိရသည်။
မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး တာဝန်ကျ
ဝန်ထမ်းတစ်ဦးက သြဂုတ် ၂ ရက် နေ့လယ်ပိုင်းအထိ နောက်ဆုံးရရှိထားသော
စာရင်းများအရ ငါးသိုင်းချောင်း မြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၃၈
ခုရှိသည့်အနက် ၂၁ အုပ်စုတွင် ရေလွှမ်းခဲ့ကြောင်း၊ ကျေးရွာအုပ်စု သုံးခုရှိ
ကျေးရွာခွဲ ရှစ်ရွာမှ အိမ်ထောင်စု ၄၅ ခု ရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း
ဖြေကြားသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက
ထိုသို့ပြောဆိုမှုအား ငြင်းဆိုခဲ့ပြီး ဧရာဝတီတိုင်း၏ သဘောသဘာဝအရ ကြောင့်သာ
ရေလျှံ မှု ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုးသုံးရက်ဆက်တိုက်
ရွာသွန်းမှုကြောင့် မြစ်ရိုး၊ ချောင်း ရိုးများနှင့် တောင်ကျရေများကြောင့်သာ
ကျေးရွာများတွင် ရေလျှံမှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊
မြစ်ချောင်းအနီးရှိ ကျေးရွာ ခြောက်အုပ်စုခန့်နှင့် တောင်ကျရေကြောင့်
ကျေးရွာ ငါးအုပ်စု ခန့်တွင်သာ ရေလွှမ်း မှု ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း၊
ယနေ့သွားရောက် စစ်ဆေးခဲ့မှုအရ ရွာတွင်းလမ်း များတွင်ပါ ရေကျသွားပြီဖြစ်ပြီး
ပုံမှန်အခြေအနေသို့ ပြန်လည်ရောက် ရှိ ပြီဖြစ်ကြောင်း၊ ရေလွှမ်းမှုကြောင့်
ပြောင်းရွှေ့ခဲ့ရသည့် အိမ်များ မရှိခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းအရ ငါးသိုင်းချောင်းမြို့နယ်ခွဲတွင် ရေလွှမ်း မှုကြောင့် တောင်သူ ၁၇၁၉ ဦး ပိုင်ဆိုင်သော လယ်ဧက ပေါင်း ၇၃၅၇ ဧက ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
တောင်ကျရေနှင့် မြစ်ချောင်းများ ရေလျှံခဲ့မှုကြောင့် ငါးသိုင်းချောင်း
မြို့နယ် ခွဲရှိ ကျေးရွာအုပ်စု အများစု ရေများဝင်ရောက် နေသည်ကို ဇူလိုင်လ
နောက် ဆုံးပတ်က တွေ့ရစဉ်
Eleven Media Group
Saturday, Augest 03, 2013
ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်း မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု အများစုတွင် တောင်ကျရေနှင့် မြစ်ရေ၊ ချောင်းရေ လျှံမှုဒဏ် ခံစားနေရကြောင်း သိရသည်။
ဇူလိုင်နောက်ဆုံး ပတ်အတွင်း တောင်ကျရေနှင့် မြစ်ချောင်း များ ရေလျှံခဲ့မှုကြောင့် ငါးသိုင်းချောင်း မြို့နယ်ခွဲရှိ ကျေးရွာအုပ်စု အများစုတွင် လယ်မြေများ ရေလွှမ်းခံခဲ့ရပြီး ရွာများအ တွင်း ရေ၀င်ရောက်မှုများပါ ကြုံတွေ့ခဲ့ကြောင်း၊ စတင်ရေနစ်မြုပ်စဉ်က ဆိုးရွားသော နေရာများတွင် ရေအမြင့် ငါးပေခန့်အထိ ရေလွှမ်းမှု ရှိခဲ့ကြောင်း၊ သို့သော် သြဂုတ်လ ပထမပတ်အတွင်း ရေကျ ခဲ့ပြီး မြစ်ချောင်းအနီး ကျေးရွာများနှင့် မြေနိမ့်ပိုင်း နေရာအချို့တွင်သာ ရေကျန်ရှိတော့ကြောင်း သိရသည်။
ကုန်းမြေကျေးရွာနှင့် ပန်းပုကွင်း ကျေးရွာတို့တွင် ရေကျသွားပြီဖြစ်ပြီး ကျန်ရှိနေသော နွံများအား သြဂုတ် ၂ ရက်တွင် တာဝန်ရှိသူများက ရှင်းလင်းဆောင်ရွက် ပေးနေကြောင်း၊ ကက္ကူကြီး၊ ကက္ကူလေး ကျေး ရွာစသော နှစ်စဉ်ရေနစ်မြုပ် လေ့ရှိသည့် မြေနိမ့်ပိုင်း နေရာများတွင် ရေအနည်းငယ် ရှိနေဆဲ ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး စပါးအများစု ရေနစ်မြုပ်ခဲ့ပြီး ငါးရက်ခန့်သာ ရေနစ်မြုပ်ခဲ့သည့် အတွက် ထိခိုက်မှု မရှိကြောင်း၊ စိုက်ပျိုးခါစ စပါးအနည်းငယ် အတွက်သာ စိုးရိမ်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံး တာဝန်ကျ ၀န်ထမ်းတစ်ဦးက သြဂုတ် ၂ ရက် နေ့လယ်ပိုင်းအထိ နောက်ဆုံးရရှိထားသော စာရင်းများအရ ငါးသိုင်းချောင်း မြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၃၈ ခုရှိသည့်အနက် ၂၁ အုပ်စုတွင် ရေလွှမ်းခဲ့ကြောင်း၊ ကျေးရွာအုပ်စု သုံးခုရှိ ကျေးရွာခွဲ ရှစ်ရွာမှ အိမ်ထောင်စု ၄၅ ခု ရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း ဖြေကြားသည်။
ငါးသိုင်းချောင်းမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးက ထိုသို့ပြောဆိုမှုအား ငြင်းဆိုခဲ့ပြီး ဧရာဝတီတိုင်း၏ သဘောသဘာဝအရ ကြောင့်သာ ရေလျှံ မှု ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း၊ မိုးသုံးရက်ဆက်တိုက် ရွာသွန်းမှုကြောင့် မြစ်ရိုး၊ ချောင်း ရိုးများနှင့် တောင်ကျရေများကြောင့်သာ ကျေးရွာများတွင် ရေလျှံမှုများ ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ မြစ်ချောင်းအနီးရှိ ကျေးရွာ ခြောက်အုပ်စုခန့်နှင့် တောင်ကျရေကြောင့် ကျေးရွာ ငါးအုပ်စု ခန့်တွင်သာ ရေလွှမ်း မှု ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့သွားရောက် စစ်ဆေးခဲ့မှုအရ ရွာတွင်းလမ်း များတွင်ပါ ရေကျသွားပြီဖြစ်ပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက် ရှိ ပြီဖြစ်ကြောင်း၊ ရေလွှမ်းမှုကြောင့် ပြောင်းရွှေ့ခဲ့ရသည့် အိမ်များ မရှိခဲ့ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
နောက်ဆုံးရရှိသော သတင်းအရ ငါးသိုင်းချောင်းမြို့နယ်ခွဲတွင
တောင်ကျရေနှင့် မြစ်ချောင်းများ ရေလျှံခဲ့မှုကြောင့် ငါးသိုင်းချောင်း မြို့နယ် ခွဲရှိ ကျေးရွာအုပ်စု အများစု ရေများဝင်ရောက် နေသည်ကို ဇူလိုင်လ နောက် ဆုံးပတ်က တွေ့ရစဉ်
Eleven Media Group

No comments:
Post a Comment