ရခိုင်တိုင်းရင်းသားအရေး ဒို့အရေး
ရခိုင်ပြည်နယ်အရေး ဒို့အရေး... ဒို့အရေးပေါ့ဗျာ....၊
ကျုပ်ဗျာ ဒီကနေ့ တော်တော်လေး စိတ်ထဲမှာ ကျေနပ်သလို ဖြစ်တယ်ဗျာ့.......
ရခိုင်လူမျိုးတွေ စိတ်ထဲရှိတာတွေကို ဆန္ဒတွေ ထုပ်ဖော်ခွင့်ရနေကြတာကို ဗျာ့....
သူတို့ခမျာ အနှစ်နှစ်အလလ ရာစုနှစ်ပေါင်းများစွာ တအုံနွေးနွေး အံတကြိတ်ကြိတ်နဲ့ နေလာခဲ့ရတာကနေ အခုတော့ ရင်ထဲရှိသလို ပေါက်ကွဲခွင့်တွေ ရလာတယ်ပေါ့...၊
ရခိုင်လူမျိုးအရေး ဒို့အရေး
ရခိုင်တိုင်းရင်းသားအရေး ဒို့အရေး
ရခိုင်ပြည်နယ်အရေး ဒို့အရေး... ဒို့အရေးပေါ့ဗျာ....၊
ရခိုင်လူမျိုးတွေခမျာမှာ ရာစုနှစ်ပေါင်းများစွာကတည်းက ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြက်ငှမ်းနဲ့ ကိုယ်ဘုရင် ကိုယ်သခင်နေလာခဲ့ကြတဲ့ ရခိုင်လူမျိုးတွေကို ကျနော်တို့ မြန်မာဘုရင် အာဏာရှင်တွေက လက်အောက်ခံအဖြစ် ရခိုင်ပြည်ကို သိမ်းခဲ့ကြတယ်မဟုတ်လား.....
ရခိုင်လူမျိုးတွေက အားမတန်လို့ မာန်လျှော့ခဲ့ရသလို ဒီနေ့အချိန်အထိဗျာ ရခိုင်ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးဆိ
ကျုပ်က ရခိုင်တဦးနဲ့ သမိုင်းကိစ္စ စကားပြောတုန်းက " မင်းတို့ဗမာတွေ ငါတို့နိုင်ငံကို သိမ်းပြီး ငါတို့ ကိုယ်းကွယ်တဲ့ မဟာမုနိ ဘုရားကြီးကို မတရားသဖြင့် ယူသွားတာကွ " တဲ့
ဟုတ်တော့လဲဟုတ်သား ... ကျုပ်တို့ ဗမာပြည် ရတနာပုံ မန္တလေးမြိုကို ရောက်နေတဲ့ ကမ္ဘာ့အံဘွယ် ဆင်းတုတော်မြတ်ကြီဖြစ်တဲ့ မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီကို ကျုပ်တို့ မြန်မာဘုရင်တွေကပဲ စစ်နိုင်လို့ သိမ်းပိုက်ခဲ့ပြန်တယ်လေ၊ ထိုနည်းအတူ ကျုပ်ရင်ထဲမှာဆို အမှန်အတိုင်းပြောရရင် အင်္ဂလန်မှာနေပေမယ့် အင်္ဂလန်နိုင်ငံကို ရောက်နေတဲ့ ကျုပ်တို့စစ်သူရဲကောင်းကြီး မဟာဗန္ဓုလရဲ့ ချတ်ဝတ်တန်းဆာ သံချတ်ဝတ်ကြီးကို ကျုပ်တို့မြန်မာပြည်ရဲ့ ပြတိုက်ကြီးထဲမှာ ဇာတိသွေးပြဖို့ ပြန်ယူပြီးတော တခန်းတနား ပြသထားလိုက်ချင်တာဗျား...၊
ကိုယ်ချင်းစာပါတယ် ကိုရခိုင်တို့ရယ်... ကျုပ်ငယ်ငယ်တုန်းကဆိုရင် ခဏခဏ ဗိုက်နာတတ်တဲကျုပ်ကို အမေက ဘုရားကြီးကို ခေါ်သွားပြီတော့ ရခိုင်ရုပ်တု ကြေးရုပ်ကြီးတွေရဲ့ ဗိုက်ကို လက်နဲ့ပွတ်ခိုင်းတယ်ဗျာ့... ဗိုက်နာပျောက်မပျောက်တော့ မသိပါဘူး ငယ်တုန်းဆိုတော့ ရခိုင်ကြေးရုပ်ကြီးတွေကိုတော့ြေ
ဟေား.... လွန်ခဲ့တဲ့နှစ်လောက်က ရခိုင်ပြည်မှာ (၃)ပိဿာခန့်ဆိုလား ရုပ်ပွားတဆူး ပေါ်တော်မူခဲ့တော့ မြန်မာအစိုးရက ဗမာပြည်ကို သယ်ယူဖို့ အမိန့်ထုပ်ခဲ့သေးတယ်လေ.... အို့... အဲ့ဒီတုန်းက ကျုပ်တို့ ဘာပြောကောင်းလိုက်မလဲ ဖေ့စ်ဘုတ်ပေါ်က ကီးဘုတ်စစ်ပွဲတွေ တော်တော်လေး တိုက်ခဲ့ကြရတယ် အောက်လိုက်ရတာ လက်တွေတောင် ငြောင်းလို့ပေါ့... ရခိုင်လူမျိုးတွေကလဲ ဒီတခါတော့ မပေးဘူးကွဆိုပြီး အသေခံမယ် အသက်နဲ့လဲမယ်ဆိုပြီး လူအုပ်ကြီးနဲ့ ဆန္ဒတွေပြမယ်ဖြစ်လာလို့ အစိုးရက အလျှော့ပေးခဲ့ရတာ မှတ်မိပါသေးတယ် ... ဒီမိုကရေးစီအစ ရခိုင်ကလို့တောင် ပြောရမလိုပါ....၊
ဒါပေမယ့်ဗျာ ဒါပေမယ့်ပေါ့..... ပြည်နယ်ကြီး (၇)ပြည်နယ်ထဲမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဟာ အဆင်းရဲဆုံး ပြည်နယ်တွေပေါ့.... ချင်းပြည်နယ်က ဘာမျှမထွက် ရခိုင်ပြည်နယ်က လေဘေးတွေနဲ့ပဲ ဒုက္ခတွေရောက်နေခဲ့ကြရတယ်လေ.... ရခိုင်လေဘေးထည်ဆိုတာ နိုင်ငံတကာက သနားလို့ ထောက်ပံတဲ့ပစ္စည်းတွေပေါ့.... ဒါပေမယ့် ရခိုင်လူမျိုးတွေလက်ထဲကို မရောက်ရရှာပါဘူးဗျာ... လေဘေးထည်ဆိုတာ ရန်ကုန် မန္တလေး အစရှိတဲ့ ဗမာပြည်အတွင်းမှာ သုံးလို့မကုန် မကြိုက်တဲ့အရာတွေကျမှ ရခိုင်ပြည်က ဒုက္ခသည်တွေအကြားကို ရောက်ခဲ့ရတာမဟုတ်လား...၊ ကျုပ်နေခဲ့တဲ့ မန္တလေးက အိမ်တော်ရာဘုရား ရခိုင်လေဘေးတန်းမှာ ရခိုင်လူမျိုး တယောက်မှမတွေ့ခဲ့ရပါဘူလေ...၊
အဲ့ဗျာ.... ကံကောင်းချင်တော့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ ရွှေဖြူသိုက်ကြီး ထွက်ခဲ့ပြီပေါ့ဗျာ.... တန်ဖိုးရှိတဲ့ ရွှေဖြူဓာတ်ငွေ ရတနာသိုက်ကြီဟာ ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ ဘီလျှံပေါင်းများစွာ တန်တယ်လို့ဆို့ပဲ....၊ မြန်မာစစ်အာဏာရှင်တွေက ရခိုင်ပြည်သူတွေကို ဘာမျှမပြောပဲ ရခိုင်ပြည်နယ်ကထွက်တဲ့ ရွှေဖြူဓာတ်ငွေ့တွေကို အကြိုညှိနှိုင်စဉ်မှာပဲ ကြိုတင်စရန်အဖြစ် ဒေါ်လာသန်းပေါင်းများစွာကို အိပ်ထောင်ထဲကို တိက်တိက်ပုန်းထည့်ခဲ့ကြပြန်တော့
မွဲနေတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် တရုတ်ပြည်ကို တိက်တိက်ပုန်း လာဘ်ယူပြီးတော့ အကြံအဖန်လုပ်ပြီး တရုတ်ပြည်ကို ရောင်းစားလိုက်တဲ့ တရားဝင် ရပိုင်ခွင့်ထဲက အပုံတရာပုံ တပုံလောက် ရခိုင်ပြည်က ရရှိခဲ့ရင် ရခိုင်ပြည်က မြို့တွေတိုင်းမှာ နိုင်လွန်လမ်းတွေ ဖြစ်သွားမယ် ၊ နောက်ထပ်တပုံလောက် ထပ်တိုးခဲ့ရင် ရခိုင်မိသားစု အသီးသီးမှာ အိမ်ကြီးရခိုင်တွေ ဆောက်နိုင်မယ် ၊ နောက်ထပ်တပုံ ရရှိခဲ့ရင် ရခိုင်ပြည်က မြို့ရွားတိုင်းမှာ လျှပ်စစ်မီးတွေ ထိန်ထိန်သာမယ် ၊ နောက်ထပ်တပုံရရှိခဲ့ရင် ရခိုင်ပြည်ဟာ စက်မှု့မြို့တော် ဖြစ်နိုင်တယ်....၊
အထက်ပါဖြစ်နိုင်ခြေတွေကို ရခိုင်ပညာရှင်တွေ ရခိုင်လူမျိုးဆရာကြီတွေ ကောင်းကောင်းသိကြပါတယ် ကောင်းကောင်းနားလည်ကြပါတယ် ၊ တကယ်တော့ ရခိုင်တွေဟာ မအပါဘူး...ပညာတတ်တွေအများကြီးပါ
အခုတော.....့ ပြဿနာပေါင်းစုံတွေနဲ့ မေ့ပျောက်စေခဲ့တဲ့ ပိုက်လိုင်းကြီးလဲ ပြီးလောက်ပြီ .... ဓာတ်ငွေ့တွေလဲပို့တော့မည်.... တရုတ်ကြီးက အမြတ်ထုပ် စစ်အာဏာရှင်တွေက ဂုတ်သွေစုတ်.... ဘင်္ဂလားတွေက တိုင်းပြည်ကြီးကို ဖဲ့ဖို့လုပ်....မီးတွေလောင်လို့
နောက်ဆုံးတော့ အာဏာရှင်တွေလက်ထဲက ဒီမိုကရေစီဆိုတာ ဒီမိုအရေစီလို့ပြောနေကြတဲ့ အာဏာရှင်ကြီးတွေရဲ့ လက်ထဲမှာ ထမင်းလုံး တစ္ဆေ ခြောက်သလိုပါပဲလား.......။
( ဦးနိုင်ဝင်း လန်ဒန် )
No comments:
Post a Comment