Friday, August 2, 2013

ပုံဂံကို ရဟတ်ယာဉ်ဖြင့် ကြည့်နိုင်မည့် ခရီးသွားအစီအစဉ် အဆိုပြုထား



ပုဂံယဉ်ကျေး မှုဒေသရှိ ဘုရားစေတီပုထိုးများ နှင့်ရှုခင်းများကို ဘုရားဖူးခရီး သည်များ ရဟတ်ယာဉ်ဖြင့်ကြည့် ရှုနိုင်မည့် အစီအစဉ်ကို အကောင် အထည်ဖော်နိုင်ရန် အဆိုပြုထား ကြောင်း သိရသည်။ ယင်းခရီး စဉ် ကို အကောင် အထည်ဖော်နိုင်ရန်အတွက် လေ ကြောင်းညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြထားပြီဖြစ်ကြောင်း သိရ သည်။

ယင်းနှင့် ပတ်သက်၍ ''အဲဒီ ခရီးစဉ်ကိုလုပ်ဖို့ ကျွန်တော်တို့ဆီ ကိုစာတင်ထားပါတယ်။ အဲဒီခရီး စဉ်ကိုလုပ်ဖို့ တင်ထားတာ ကုမ္ပဏီ အသစ်တစ်ခုပါ။

အဲဒီကိစ္စကို ကျွန် တော်တို့ဘက်က စဉ်းစားပေးမယ် လို့ပြောထားတယ်''ဟု လေကြောင်း ညွှန်ကြား မှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းက ပြောသည်။ အဆိုပါ ခရီးစဉ်မှာမြန်မာ နိုင်ငံ တွင် တစ်ကြိမ်တစ်ခါမျှမပြု လုပ်ဖူးသေး သည့်ခရီးစဉ် အသစ်ဖြစ်သည့်အ တွက် ခရီးသည်များလည်း စိတ်ပါ ဝင်စားနေ ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ''အဲ ဒီခရီးစဉ်မှာ ရဟတ်ယာဉ်ဘယ် နှစ်စင်းနဲ့ လုပ်မယ်လို့တော့မတင် ပြထားသေးဘူး''ဟု ပြောသည်။ယင်းခရီးစဉ်
ဖြစ်မြောက် ရေးအတွက် FMI လေကြောင်း လိုင်းမှလည်း ပါဝင်အစုရှယ်ယာ ထည့်သွင်း မည်ဖြစ် သည်။

ပုဂံယဉ် ကျေးမှု နယ်မြေ တွင် ပြုလုပ်မည့်အဆိုပါခရီးစဉ် ကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ် သည့် Myanmar Air Transpot Service က လုပ်ကိုင်ခွင့်လျှောက် ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ ပုဂံ ဒေသမှ ဧည့်လမ်း ညွှန် တစ်ဦး ဖြစ် သူဦးဇော်ဝင်းချိုက ''အဲဒီ့အစီအ စဉ်ကို ကြားနေပါတယ်။

ဒါပေမယ့် တကယ်ဖြစ်လာမလားဆိုတာက တော့ မသိသေးပါဘူး။ ရဟတ်ယာဉ် နဲ့ ပုဂံယဉ်ကျေးမှုဒေသကို ပတ်ပြီး ပြသတာထက် နိုင်ငံခြားသားတွေ က မီးပုံပျံတွေ နဲ့ ကြည့်ရှု တာကို ပိုပြီးတော့ စိတ်ဝင်စားမယ်ထင် တယ်။

ပုဂံမှာကလည်း မီးပုံးပျံက အခုထိ ရှစ်လုံးပဲရှိနေသေးတယ်။ ကြည့်ချင်တဲ့သူ အရေအတွက်နဲ့ မီးပုံးပျံပမာဏနဲ့က မလုံလောက် ဘူးဖြစ်နေတယ်။ တစ်နှစ်ပတ်လုံး ကို မီးပုံပျံ စီးဖို့စာ ရင်းသွင်း ထား တဲ့သူက ပြည့်နေတာ''ဟု ပြောသည်။

လက်ရှိ တွင် ပုဂံဒေသအား အပေါ်စီးမှ လှည့်လည်ကြည့်ရှု လိုပါက မီးပုံးပျံဖြင့်ကြည့်ရှုနိုင်ပြီး တစ်ဦးလျှင် တစ်နာရီလျှင် အမေ ရိကန်ဒေါ်လာ ၃ဝဝဖြင့် ကြည့်ရှု နိုင်သော်လည်း ကြည့်ရှုလိုသူက များပြားနေပြီး မီးပုံးပျံအရေအ တွက်နည်းပါး နေသည်။

ရတနာ
Yangon Media Group

No comments: