ဘာဖြစ်လို့ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ခဲ့ရတာလဲ???? မတရားအနိုင်ကျင့်မှုတွေ အောက်ခြေ အဆင့် အာဏာပိုင်တွေအထိ အဆင့်ဆင့် ကျူးလွန် လာခဲ့
ကြတာကြောင့် ပြည်သူတွေ မျိုသိပ် ခံစားခဲ့ရတဲ့ နာကျည်းမှုတွေက ၁၉၈၈
ခုနှစ်မှာ နိုင်ငံနေရာအနှံ့ ကျောင်းသားတွေ အသေခံ ဦးဆောင် ခဲ့ကြတယ်ဆိုတဲ့
သမိုင်း ဖြစ်ရပ် တွေ ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး အဖြစ် ပေါက်ကွဲ
ထွက်ခဲ့တာပဲ ဖြစ်ပါတယ် ။၁၉၈၈ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ရန်ကုန်မြို့၊
ပြည်လမ်းကပေါ်ရှိ ချက်ကိုဆလိုဗက် သံရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု
ဖြစ်ပေါ်ခဲ့ခြင်း ရန်ကုန်မြို့အတွင်း ဗုံးပေါက်ကွဲမှုများ
မကြာခဏဖြစ်ပွားခြင်းကြောင့် ပြည်သူလူထုမှာ အေးချမ်းစွာ မနေရပဲ
ပူပင်သောကများနေကြရပါတော့တယ်။နှစ်ဆယ့်ငါးကျပ်တန်
၊ သုံးဆယ့် ငါးကျပ်တန် ၊ ခွန်နှစ်ဆယ့် ငါးကျပ်တန် ငွေစက္ကူတွေကို (၁၉၈၇
စက်တင်ဘာလ ၅ရက်နေ့မှာ) တရား မ၀င်တော့ ကြောင်း ကြေငြာ လိုက် တဲ့အတွက်
ပြည်သူတွေလက်ထဲ ငွေမရှိ တော့မှုဆိုတဲ့ ပြဿနာက ပြည်သူတွေ အတွက်
အဆိုးရွားဆုံး ဆင်းရဲမွဲတေမှုဖြစ်လာပြီး နာကျည်းမှုတွေ
ပေါက်ကွဲပွင့်အံထွက်ဘို့ အခြေပြုလာပါတယ် ။ကမာရွတ်မြို့နယ်
လှည်းတန်းလမ်းဆုံတွင် ငွေစက္ကူများ တရားမဝင်ဖျက်သိမ်းကြောင်းကြေညာချက်ကို
မကျေနပ် ၍ စက်မှုတက္ကသိုလ် ကျောင်းသား များမှဆန္ဒပြခြင်း လူထုအုံကြွမှုဖြစ်
၍ မြို့နယ်ကောင်စီရုံးအား ဖျက်စီးပစ်ခဲ့ပါတယ်။ ၆.၉.၈၇ မှစ၍
စာမေးပွဲဖြေဆိုနေဆဲဖြစ်သော တက္ကသိုလ်ကျောင်းများအား ရက်အကန့် အသတ်မရှိ
ပိတ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။
၂၇.၁၀.၈၇ တွင် တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်စေ၍ နိုဝင်ဘာလတွင်းမှာ
စစ်တွေကောလိပ်တွင် ကျောင်းသားများ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။ ၇.၁၁.၈၇ မှာ
ပျဉ်းမနားရေဆင်းတက္ကသိုလ်တွင် ကျောင်းသားများဆန္ဒပြမှုဖြစ်ပွာပြီး ရုံးခန်းအတွင်းရှိ အာဏာရူးနေဝင်း၏ ဓါတ်ပုံကိုရိုက်ခွဲပစ်ခဲ့ခြင်း
(၁၉၈၈ ခု မတ်လ ၁၃ရက်နေ့ည) ရန်ကုန် စက်မှု တက္ကသိုလ် (RIT) ကျောင်းဝန်းထဲ
လုံထိန်းရဲတွေနဲ့ စစ်မြေပြင် တခုလို ပစ်ခတ် ခဲ့တဲ့ အတွက် RIT ကျောင်းသား
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးပြီး ကျောင်းသား အများအပြား ထိခိုက်
ဒါဏ်ရာ ရခဲ့ကြပါတယ်။၁၄.၃.၈၈ နေတွင် ရန်ကုန်စက်မှုတက္ကသိုလ်
ကျောင်းသားများအားစစ်တပ်မှ ဝင်ရောက်စီးနင်းကာ ကျောင်းသားအများအပြား
ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး
စက်မှု တက္ကသိုလ်(RIT)ကနေ ၊လှိုင်တက္ကသိုလ် (RC2)၊ ရန်ကုန် တက္ကသိုလ် (Main) ၊
ေ ဆးတက္ကသိုလ် စတဲ့ေ ကျာင်းတွေကို ချက်ခြင်း ကူးစက်သွားပြီး“ဖမ်းဆီးေ
ကျာင်းသား ပြန်လွတ်ရေး ၊ေ သဆုံးမှု ဖြစ်စဉ် အမှန်ေ ကြငြာရေး ” ဆိုတဲ့ေ
တာင်းဆိုမှုတွေနဲ့ဆန္ဒပြပွဲတွေ ဖြစ်လာပါ တော့တယ် ။၁၅.၃.၈၈
မှာလည်းရန်ကုန်တက္ကသိုလ်ပင်မအဆောင်ကျောင်းသားများ ကို တက္ကသိုလ်ဓမ္မာရုံနားမှာ လုံထိန်းများထွက်လာပြီ မြင်မြင်သမျှ ကျောင်းသားတွေကိုဝင်ရိုက်တော့တာပဲ ကျောင်းသားတွေကိုထွက်ရိုက်တာဟာကျွန်ခေတ်တုန်းကတောင်နယ်ချဲတွေဒီလောက်မရိုင်းဘူး ဒီစစ်အာဏာရှင်တွေကိုဆန့်ကျင်ဘို့ ကျောင်းသား တွေသွေးဆူကုန်ပါပြီ။ ၁၆.၃.၈၈ နံနက်၁၀နာရီလောက်RCရှေမှာစစ်အစိုးရဆန့်ကျင်ဘို
့စာကပ်တာမိန်ခွန်းပြောတာတွေ စပါပြီ တဖြေးဖြေးကျောင်းသားတွေ စုမိလာ ပြီ
တောင်ငူဆောင်ဘက်ချခီတက်ကြတယ် ကျောင်သားအများစုဟာမျက်နှာအုပ်ဘို့ ပုဝါမရှိပါဘူး တောင်ငူဆောင်ပေါ်မှကျောင်းသူများကသူတို့
ရှိတဲ့ ပုဝါတွေ ကိုအောက်ကိုပြစ်ချပေးတာ လေထဲမှာပုဝါတွေဝဲနေလိုက်တာ ယနေ့အထိ
မြင်ယောင်မိပါသေးတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ လူမဆန်တဲ့
စစ်ဘီလူးတွေကိုတိုက်ဘို့ စစ်ဘီးလူအစိုးရကျဆုံးပါစေ လို့ကြွေးကြော်
လိုက်ပါပြီ မတ်လ ၁၆ ရက်အင်းလျားကန် (တံတားဖြူ)မှာ ဆန္ဒပြေ ကျာင်းသား တွေကို
ဘက်နက်နဲ့ထိုး ၊ နံပါတ်တုတ်ေ တွနဲ့ရိုက် ၊ စစ်ဖိနပ်နဲ့
နင်းတာတွေကြောင့်သွေးချင်းချင်း နီခဲ့ရပါတယ် မဆန့်မပြဲကြပ်သိပ် နေအောင် ဖမ်းတင် သွားတဲ့ အချုပ်ကားပြာကြီးေ တွပေါ် အသက်ရှူကြပ်မွန်း သေသွား သူတွေ ရှိလာခဲ့ပါတယ် ။
ထိုအချိန်က ကျွနုပ်တို့မှာ အခြေခံကျောင်းသားလေးများဖြစ်ကြပြီး
မ.ဆ.လ အစိုးရ၏ လက်ဝါးကြီးအုပ်မှုများကြောင့် ဆင်းရဲဒုက္ခရောက်နေကြရသော
ပြည်သူလူထုအား မြင်တွေ့နေကြရသဖြင့် ကျွနုပ်တို့ အခြေခံကျောင်းသား
လူငယ်တစ်စုမှာ နိုင်ငံရေးကို နားမလည်သော်လည်းဆင်းရဲဒုက္ခရောက်နေကြရသော
ပြည်သူလူထုအတွက် မခံခြင်စိတ်ဖြင့် ရန်ကုန် တက္ကသိုလ်ထဲမှာ နေ့စဉ်လို တရား
ဟောပွဲတွေ ကိုသွားရောက်ကြပြီး ပါဝင်ခ့ကြပါတယ်။ ကျောင်းသားတွေ ကြားထဲ
ကျောင်းသား သမဂ္ဂ ရှိခဲ့ဘူးတယ် ၊ ကျောင်းသားသမဂ္ဂ ဖျက်ဆီး ခံခဲ့ရတာ ကြောင့်
ကျောင်းသား အခွင့်အရေးတွေ ဆုံးရှုံး နေရတာ ဖြစ်တယ်ဆိုတာမျိုး ခံစား သိရှိ
လာကြပါတယ် ၊ ၁၅.၆.၈၈မှာတော့ ဂျပ်ဆင်ရှေ့မြက်ခင်းပြင်တွင်
ကျောင်းသားခေါင်းဆောင်များ အလှည့်ကျတရားဟောပွဲကျင်းခဲ့ပါတယ်။ တကယ့်ကိုသမိုင်းဝင်နေရာပဲပေါ့လေ ၁၇.၆.၈၈ မှာ ကိုမိုးသီဇွန် ကစတင်တရားဟောခဲ့ပါတယ် အဟောအပြောကောင်းမှုကြောင့်ကျောင်းသားအများစုနှင့်မြို့နယ်အသီးသီးမှ အခြေခံကျောင်းသားများ ပါဝင်လာကြပါတယ်။ တနေ့ထက်တနေ့ လူအင်အားမှာများသထက်များလာပါတယ်။ ကျောင်းအပြင်ဖက်မှာတော့စစ်ကားများက
ဝိုင်းရံထားပါတယ်။ လူအင်အားမှာတော့ တသောင်းကျော် ခန့်ဖြစ်လာပါတယ်။ ၂၀.၆.၈၈
ရက်နေ့မှာ တက္ကသိုလ်များကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်းကြေညာ
ပါတော့တယ်။၂၁.၆.၈၈ မှာတော့ကျောင်းများပိတ်လိုက်တဲ့အတွက် ကျောင်းသားများဟာ ကျောင်းအပြင်တွင်စုရုံးကာ မြို့လည်သို့ချီတက်ခါဆန္ဒပြကြပါတော့တယ်။မြေနီကုန်းမှာ စစ်တပ်မှ တားသဖြင့် အထိကရုန်း ဖြစ်ပွာားခဲ့ပါသည်။ထို့နောက် တနိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများကိုရက်အကန့်အသတ်မရှိပိတ်လိုက်ကြောင်းကြေညာလိုက်ပြီး ရန်ကုန်မြို့တော် ဧရိယာ အတွင်း မနက် ၆ နာရီမှ ည ၆နာရီ အထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါသည်။ ပြောက်ကျားစနစ်ဖြင့်ဆက်လက်ဆန္ဒ ပြခဲ့ကြပါတယ်။၂၉.၆.၈၈ မှာ ညမထွက်ရအမိန့်ကို ည ၈နာရီ မှ မနက် ၄နာရီ သို့ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့
ဆန္ဒပြပွဲတွေ ခေတ္တ ရပ်ဆိုင်းနေပြီး ၇.၇.၈၈ မှာတော့ ကျောင်းသားများပြန်လည်
ဆန္ဒပြခဲ့ပါတယ် ရန်ကုန်မြို့လည်ခေါင်မှာ မြေနီကုန်းအရေးတော်ပုံအပြီး
ပထမဦးဆုံး ဆန္ဒပြခြင်းဖြစ်ခဲ့ပါတယ်။စစ်တပ်မှ လာရောက်ဖြိုခွင်းခဲ့သော်လည်း ထိခိုက်ဒါဏ်ရာမရှိပဲ အောင်မြင်စွာလူစုခွဲခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ကျွနုပ်တို့ အခြေခံကျောင်းသားတွေဟာ မြို့နယ်အသီးသီးကနေပြီး နေရာ ကွက်ကျား ဆန္ဒပြပွဲလေးတွေပြုလုပ်ခဲ့ကြပါတယ်။
ကျောင်းသား တွေကလဲ အသတ်ခံ ၊ အဖမ်းခံပြီး ဆန္ဒပြပွဲတွေ ဆက်လုပ် ခဲ့တာကြောင့်
ဇွန်လ အထက်တန်း ကျောင်းတွေဖွင့်တဲ့ အချိန်မှာ အခြေခံပညာ ကျောင်းသားတွေ
ပါဝင်လာကြတဲ့ အထိ ကူးစက် ခဲ့ပါတော့တယ်။(ဇွန်၂၁ မြေနီကုန်း)ဟာ ပြည်သူ တွေပါ
ပါဝင်လာစေတဲ့ ကျောင်းသား အရေးအခင်းကနေ လုထုအရေးအခင်းကိုကူးပြောင်းသွားတဲ့ ပွဲဖြစ်လာပါတယ်။၉.၇.၈၈ မှာ ယာယီစစ်အုပ်ချုပ်ရေးကို ရုတ်သိမ်းခဲ့ပါတယ်။ပြောက်ကျားဆန္ဒပြပွဲ တွေကိုတော့ နေရာအနှံ့ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။၂၃.၇.၈၈
ရက်မှာမ.ဆ.လ ပါတီ ဥက္ကဌ ဦးနေဝင်းဟာ တပါတီစနစ် နဲ့
ပါတီစုံစနစ်ဘယ်ဟာကြိုက်လဲ စစ်တပ်ဆိုတာ ပစ်ရင်တည်.တည်.ပစ်တယ်
မိုးပေါ်ထောင်ပစ်မှာမဟုတ်ဘူး နောက်နောင် ဆူပူမှုတွေလုပ်ရင်တော့
မသက်သာဘူးသာမှတ် ဟုမိန့်ခွန်းပြောပြီးနှုတ်ထွက်ခဲ့ပါတယ်။
ဦးစိန်လွင်ဟာ သမ္မတ ဖြစ်လာပါတယ်။စိန်လွင် သည် မြန်မာပြည်၌
လူမုန်းအများဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။၇ ဇူလိုင်၁၉၆၂ခုနှစ်
ဗိုလ်နေဝင်းကအမိန့်ပေးပြီး ဒုတိယဗိုလ်မှုးကြီးစိန်လွင်ကနေပြီး
ကျောင်းသားတွေကို ပစ်ခတ်နှိမ်နှင်းခဲ့ပါတယ်။ ဦးစိန်လွင်ဟာ(၁၉၆၂) တ.က.သ
အဆောက်အဦးကို ရက်ရက်စက်စက်ဖြိုခဲ့သူ ကျောင်းသားများသွေးစွန်းနေသူတစ်ဦးဖြစ်ပါတယ်။
ဒုဗိုလ်မှူးကြီး စိန်လွင်တို့မှ အမိန့်ပေး သဖြင့် စစ်သားများသည်
စစ်မြေပြင်မှ ရန်သူကို ချေမှုန်းသည့်ပမာ မောင်းပြန်ရိုင်ဖယ်များနှင့်
မန္တလေးဆောင်၊ ရာမညဆောင် နှင့် အဓိပတိ လမ်းမတစ်လျှောက်ရှိ
ကျောင်းသားထုထဲသို့ တရစပ် ပစ်ခတ် ကြပြီး ပစ်ခတ်မည်ဟု မထင်မှတ်ထားသော
ကျောင်းသားတော်တော်များများ ဟာ မင်သက်လျက်ပင် နေရာမှာပင်
အသက်ပျောက်ခဲ့ကြရပါတယ်။ ကျောင်းသား အချို့ကလည်းပြေးရင်းလွှားရင်း
ထိမှန်ကုန်ကြပြီး နီးစပ်ရာ အဆောင်များပေါ်သို့ တက်ပြေးကြရာ စစ်သားများက
ဒူးထောက်၍ မလွတ်တမ်း ပစ်ခတ်သောကြောင့် မန္တလေးဆောင် လှေကားရင်းတွင်
အလောင်းချင်းထပ်ခဲ့ရပါတယ်။ ညသန်းခေါင်းကျော်တွင် သမဂ္ဂအားဖေါက်ခွဲမည့်
ဒိုင်းနမိုက်များဖြင့် သမဂ္ဂ အဆောက်အဦးကို စိတ်ကြိုက် ဒိုင်းနမိုက်ပ်ဆင်ကာ
ဇူလိုင် (၈) ရက် မနက် (၃) နာရီခွဲ (၄) နာရီ ခန့်တွင်
ဖောက်ခွဲခဲ့ပါတယ်။စိန်လွင်ဟာ မော်လမြိုင်အနီးရှိ သူ၏ဇာတိ ကော့ကယင်ရွာ
မူလတန်းကျောင်း၌ နှစ်အနည်းငယ်သာ စာသင်ခဲ့ဘူးသည်မှ လွဲ၍ လုံးဝပညာတတ်သူ
မဟုတ်ပါ ဘီဒီအေတပ်သား အဖြစ် အသက်၁၉နှစ် အရွယ်တွင် ဝင်ရောက်အမှုထမ်းခဲ့ပြီး
ဒုတိယကမ္ဘာစစ်အပြီး၌ ဗိုလ်နေဝင်း၏ ဗမာ့သေနတ်ကိုင် တပ်ရင်း ၄တွင် အရာခံဗိုလ်
ဖြစ်လာခဲ့ပြီး ကရင် ခေါင်းဆောင် စောဘဦးကြီးအား သတ်ဖြတ်နိုင်ခဲ့သော
တပ်စုတွင် ပါဝင်ခဲ့သောကြောင့် ဗိုလ်နေဝင်း လူယုံဖြစ်လာခဲ့
ခြင်းဖြစ်ပါတယ်။၁၉၆၉-၇၀ ခုနှစ် ရှမ်းပြည်နယ် လားရှိုး မြို့
ရှမ်းပြောက်ကျားများကို ရှင်းလင်းတိုက်ခိုက်ရာတွင် ရက်စက်ကြမ်းကြုတ်သော
တပ်မှူးအဖြစ် နာမည်ကြီးခဲ့ ပါတယ်။၁၉၇၀-၇၂ ခုနှစ်မှာလည်း နိုင်ငံရေး
အတိုက်အခံများ နှင့် ရဟန်းပျိုအဖွဲ့ကို ချေမှူန်းခဲ့ ပါတယ် ၁၉၈၁ ခု မှာ
နိုင်ငံတော်ကောင်စီဝင် အဖြစ် ခန့်အပ်ခဲ့ပြီး မဆလပါတီ၏ တွဲဖက်အထွေထွေ
အတွင်းရေးမှူး ရာထူးကို ၁၉၈၃ခုနှစ်မှာရရှိခဲ့ပါတယ်။
၂၄.၇.၈၈ မှာပျောက်ကျားစနစ်နဲ့ ဆန္ဒပြနေတဲ့ကျောင်းသားများဟာ
ရွှေတိဂုံဘုရားပေါ်မှာ သပိတ်စခန်းဖွင့်လိုက်ပါတယ် သံဃာတော်များပါ
ပူးပေါင်းပါဝင်လာပါတယ်။ တနေ့ထက်တနေ့ အင်အားကောင်းလာပြီး ၂၈.၇.၈၈
ရက်နေ့(ဝါဆိုလပြည့်နေ)့မှာစိန်လွင် အစိုးရမှနေပြီး သပိတ်စခန်းကို စစ်တပ်မှ ရွှေတိဂုံဘုရားပေါ်သို့ စစ်ဘိနပ်များဖြင့်တက်၍ ကျောင်းသားများနှင့်သံဃာတော်များကို ဘက်နက်များဖြင့်ထိုးနှက် သတ်ဖြတ်ပြီး သာသနာ့အလံကို ဘိနပ်ဖြင့်နင်းခြေခဲ့ပါတယ်။၃.၈.၈၈မှာတော့ ရန်ကုန်မြို့တော်နှင့်မြို့တော်များမှာ
စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၆.၈.၈၈
မှာတော့ကျောင်းသားသမ္မဂမှနေ၍ ည၈နာရီတွင်တောထုတ် သံပုံးတီး ဆန္ဒပြရန်
ကြေညာချက်ကြောင့် ရန်ကုန်မြို့အနှံ့မှာ သံပုံးတီးသံများတခဲနက်
ထွက်ပေါ်လာပါတော့တယ်။ ရန်ကုန်မြို့အနှံ့မှာတော့ စစ်ကားကြီးများ
သံဆူးကြိုးများ နှင့်အချုပ်ကားအပြာကြီးများ အပြည့်ချထားတာကိုနေရာအနှံ့
တွေ့နေရပါတယ်။ မတ်လကစတဲ့ ကျောင်းသား လှုပ်ရှားမှုတွေ ကနေ ၊ ဇွန် ၊ ဇူလိုင် ၊
သြဂုတ် ဆက်တိုက် ဖြစ်လာခဲ့တာပါ ၊ဇွန်လနဲ့ ဇူလိုင်လတွေမှာ ဆိုရင်
အထူးသဖြင့် အထက်တန်း ကျောင်းတွေမှာ ဆန္ဒပြမှုတွေ ဆက်တိုက်လို ဖြစ်နေခဲ့တာပါ
။ဇွန်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်ရင်ဆိုင်မှုများ နောက်တွင်
ကျောင်းသားခေါင်းဆောင်တစ်ချို့ဟာ
ရန်ကုန်မြို့နှင့် မြို့စွန် အလုပ်သမား ရပ်ကွက်ဖြစ်သော တောင်ဥက္ကလာပ ရှိ
ဘုန်းကြီးကျောင်းများ၌ ပုန်းအောင်းခဲ့ကြရပါတယ်။ လူတိုင်းက လှုပ်ရှားမှုကို
ထောက်ခံကြတာဖြစ်ပေမဲ့ အငယ်ဆုံးတွေကတော့ အရဲဆုံးဘဲ” ဆိုတဲ့
အခြေခံကျောင်းသားလေးတွေ အပေါ် မှတ်ချက်ချခဲ့ကြပါတယ်။ဗိုလ်ချုပ်အောင်ဆန်း
ဓာတ်ပုံများကို ကိုင်ဆောင်၍ ချီတက်လာကြသော ကျောင်းသားလူငယ်များ၊
အမျိုးသမီးများ၊ ဘုန်းကြီးများနှင့် ပြည်သူများသည် ဒီမိုကရေစီ ရရှိရေးနှင့်
စီးပွားရေး ပြုပြင်ပြောင်းလဲမှု တို့ကို တောင်းဆိုကြပါတယ်။ ၁၈နှစ်အရွယ်
(မဝင်းမော်ဦး) တို့လို ရန်ကုန်မြို့က အခြားအထက်တန်းကျောင်းသူတွေလည်း
လှုပ်ရှားမှုထဲ ပါဝင်လာတယ်။ လူများမှာ ပြူတင်းပေါက်များ ဝရမ်တာများမှ နေ၍
လက်ခုပ်တီး သြဘာပေးကြပါတယ်။ ချီတက်သူများအား ဈေးဆိုင်များက
မုန့်ပဲသရေစာနှင့် ဆေးလိပ်များကို ဝေငှကြပြီး တစ်ချို့ဆိုလျှင်
ဆန္ဒပြပွဲထဲသို့ ပါဝင်လာကြပါတယ်။
သြဂုတ်၁ရက်နေ့တွင်
မြေအောက် ကျောင်းသား အဖွဲ့အစည်းဖြစ်သော ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ
သမဂ္ဂ(ဗကသ)သည် အထွေထွေ သပိတ်ကြီးအတွက် လှုံ့ဆော်ရေးစာစောင်များကို
“မင်းကိုနိုင်” ဟု လက်မှတ်ထိုးထား ဖြန့်ချီခဲ့ပါတယ်။ ၈.၈.၈၈
မှာတနိုင်ငံလုံးအတိုင်းအတာဖြင့်
ဆန္ဒပြမည်ဖြစ်ကြောင်းကို ကြေညာချက်ထွက်လာပါတယ်။၂၆ နှစ် အောင့်ထား မျိုသိပ်
ထားခဲ့ရသမျှ ဖွင့်ဟခဲ့ကြပြီး တီးလိုက်ကြတဲ့ လက်ခုတ်သံတွေ
လက်ကိုင်ပုဝါလေးတွေ တိုက်တွေ ပေါ်ကနေတောင် ပစ်ချပေးကြတာ တခဲနက် အားပေးမှုက
ပြန်တွေးတိုင်း ၊ ကြက်သီး မွှေးညှင်း ထရလောက်အောင် ပါပဲ ။ မတရားမှုတွေများ
လွန်းလို့ ဆင်းရဲ မွဲတေလွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်ပြီး
ပြည်သူတွေနဲ့ ကျောင်းသားတွေ(အများစု)က နိုင်ငံရေးနားလည်လို့
မဟုတ်ပါဘူး၊မျက်နှာမှာပုဝါအဖြူ စီးပြီး သာသနာ့ အလံဆွဲကာ ကျွနုပ်တို့အဖွဲ့
ဟာ ပါရမီလမ်းမပေါ်မှနေ၍စတင် ချီတက်ပါတော့တယ်။ဘုန်းကြီးကျောင်းမှ ရဟန်းပျိုများကလည်း ကျွနုပ်တို့ကိုဝန်းရန်ပြီး ကြွေးကျော်သံများ အော်ဟစ်၍ချီတက်ခဲ့ကြပါတယ်။
သပိတ်…သပိတ်-မှောက်…မှောက်
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး-ဒို့အရေး…ဒို့အရေး
ဖမ်းဆီးထားသူများ ပြန်လွတ်ရေး-ဒို့အရေး…ဒို့အရေး
ကုန်ဈေးနှုန်းကျဆင်းရေး-ဒို့အရေး…ဒို့အရေး
ဒီမိုကရေစီရရှိရေး……….ဒို့အရေး
စိန်လွင် ၆တန်း……..တဇောက်ကန်း
ဘဲဥတစ်လုံး ၂ကျပ်ခွဲ…………စိန်လွင့်ခေါင်းကိုခွဲ
တပါတီ စနစ် - အလိုမရှိ .. အလိုမရှိ
အရေးတော်ပုံ-အောင်ရမည်…အောင်ရမည်..။ ဟု ဟစ်ကြွေးပြီး အော်နေကြပေမဲ့ တပါတီ စနစ်ကပဲ မကောင်းတာလား ၊ အာဏာရှင် စနစ်ကပဲ မကောင်းတာလား ၊
ဒီမိုကရေစီ ဆိုတာ ဘာလဲ မသိကြသေးပါဘူး ။ မတရားမှုတွေများ လွန်းလို့
နေ၀င်းနဲ့ မဆလ အစိုးရ ပြုတ်ကျဘို့ပဲ သိကြတာပါ ။ ၆ထပ်ကြီး ဘုရား ရှေ့မှ
လမ်းကြောင်းအတိုင်း ချီတက်လာကြရာ ရွှေဂုံတိုင် သို့မရောက်ခင်တွင်
သံဆူးကြိုးတွေကာပြီး စစ်တပ်ကြီးက အသင့်ကြိုနေပါတော့တယ်။ ကျွန်တော်တို့ကို
လူစုခွဲဖို့။ စတင်ကြေညာပါတော့တယ် ။ကျွန်တော်တို့လည်း သာသနာ့အလံကိုင်ပြီး
နေရာမှာတင် ထိုင်ချလိုက်ပါတယ်။ လမ်းဖွင့်ပေးရန်အတွက် တောင်းဆိုပြီး
ကျောင်းသားလေးများက " ဦးရယ် သားတို့ကို မပစ်ပါနဲ့ ပြည်သူ့စစ်သား
တို့စစ်သား" ၊ ပြည်သူ့ တပ်မတော် ဒို့တပ်မတော်” လို့ ဟစ်အော် ကြပါတယ် ၊
တချို့ ကျောင်းသား ငယ်တွေက ထိုင်ကန်တော့ကြပါတယ် ။ ည ဆယ့်တစ်နာရီခွဲ
ဝန်းကျင်မှာတော့ပစ်ခတ် သတ်ဖြတ်တဲ့ ပွဲကြီးစပါတော့တယ် ၊ ဗိုလ်ချုပ်
အောင်ဆန်း ဓါတ်ပုံ ကိုင်ထားတဲ့ ဆယ့်လေး ငါးနှစ်လောက် ကျောင်းသားလေး
တွေအပစ်ခံရပြီး လက်နက်မဲ့ လူအုပ်ကြီး မှာသွေးသံ အရဲရဲ အလဲလဲ အပြိုပြို
ဖြစ်ကုန် ပါတော့တယ် ။ ရွှီ ရွှီ ဆိုတဲ့ ကျည်တိုးသံတွေကို ကြားလိုက်တိုင်း
လူတွေ လဲပြိုသွားတာ ကိုတွေ့နေရပါတယ်။ မြို့တော် ခန်းမရှေ့မှာ
တောင်ဥက္ကလာနဲ့ မြောက်ဥက္ကလာ တွေမှာ ရန်ကုန် ဆေးရုံကြီး ၀န်းထဲတောင် မချန်
ပစ်ထဲ့လို့ ဆရာဝန်တွေပါ သေဆုံး ခဲ့ကြရပါတယ်။ ဒဏ်ရာရသူများကို ဆွဲလာသည့်
လူတွေနှင့် ကျွနုပ်တို့ပါ သွေးရူးသွေးတန်းဖြစ်နေပါပြီ။ထို့နောက် ပြေးပြေး လို့ အော်သံနှင့် အတူကျွနုပ်တို့လည်း အော်ဟစ်ငိုကြွေးပြီး ပြေးခဲ့ရပါတယ်။ကျောင်းသားလေးတွေကို
လူမဆန်တဲ့ လက်နက်နဲ့ အ၇န်းပစ်ခတ်ပြီး အားလုံး ဟာပေတရာ လမ်းမမှာ
အရုပ်ကျိုးပြတ် ပြုတ်ကျသွားတဲ့အချိန်မှာ အနောက်မှပါလာကြတဲ့ ပြည်သူလူထုနှင့်
သံဃာတော်များက သွေးအလိပ်လိပ်နဲ့ လူးနေတဲ့ကြားက ကျောင်းသား၇ဲဘော်တွေ ကို
ပွေ့ချီယူပြီး လူစုခွဲ ထွက်ပြေးကြရပါတယ်။ပြည်သူတွေ အသက် ဘဝ
စတာတွေကိုပေးခဲ့တဲ့ သူတွေ ဘယ်လောက်များကျန်ရစ်ခဲ့ပြီလဲမသိပါ။ ကျွနုပ်တို့မှာ မျက်စိထဲတွင် ဘာမျှမမြင်တော့ခြေ။လေထဲတွင်မြောက်သွားသကဲ့သို့
ခံစားရပြီး မျက်စိဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့
၆ထပ်ကြီးဘုရားဝင်းအတွင်းမှ ဘုန်းကြီးကျောင်းအတွင်းသို့ ရောက်ရှိနေပါပြီ
ကျွနုပ်တို့ကျောင်းသားလေးများ၏ အသက်ကို ပြည်သူလူထုနှင့် သံဃာတော်များက
ကယ်တင်လိုက် ခြင်းပင်ဖြစ်ပါတော့တယ်။
မြို့တော်ခန်းမနဲ့
ဆူးလေဘုရား တဝိုက်မှာ လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင်
ကားပေါ်ပစ်တင်ကာ တာမွေသင်္ချိုင်းက ပေ (၅၀) ပတ်လည် ဘူဒိုဇာနဲ့ တူးထားတဲ့
ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်းအများကြီး
ကျင်းထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ
လူထောင်နဲ့ချီ ရှိတယ်လို့ပြောပါတယ်။၈.၈.၈၈ မှာ
ညဘက်ကဆက်တိုက်ပစ်ခတ်ထားသည့်တိုင်
၉.၈.၈၈ မှာလည်း ဆန္ဒပြရန်ချီတက်လာ ကြတဲ့ ကျောင်းသားလေးတွေ ပြည် သူလူထုနှင့်
သံဃာတော်များ ကို ဆက်လက်ပစ်ခတ်ခဲ့ပါတယ် အထူးသဖြင့် ရန်ကုန်မြို့မှာ
များသောအားဖြင့် အထက်တန်းကျောင်းသားလေးတွေ သွေးမြေကျခဲ့ရ
ပါတယ်။ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းဝင်ရောက် ပစ်ခတ်ခဲ့လို့ သူနာပြုဆရာဆရာမ များမှာလည်း ဒါဏ်ရာရကုန်ကြပါတယ်။ကျွန်ုပ်တို့မှာ သရက်တောကျောင်းတိုက်ဝင်းအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ပြီးနောက်တနေ့တွင် အင်္ကျီများတွင် သွေးများစွန်းနေသည့်အတွက် နောက်ပြီး တော့အဖြူနှင့်အစိမ်းဝတ်ကျောင်းသားများဖြစ်နေသည့်အတွက်
ဘုန်းကြီးကျောင်းမှကျောင်းသား အချို့၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ပြီး
ပုံစံပြောင်းကာ ကျွန်ုပ်တို့စုဝေးရာနေရာသို့ ခြေလျှင်ရှောက်ခါ
ပြန်ခဲ့ကြပါတယ်။
အသံလွှင့်ရုံနားမှာလည်း ပစ်ခတ်လို့
သေကြေဒဏ်ရာရကြတာ အများကြီးပါဘဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာလဲ
အဲဒီလိုဘဲ ပစ်ခံရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ
ကျောက်တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ
ကုန်းကျော်တံတား၊ သင်္ဃန်းကျွန်း စံပြဈေး အနားတဝိုက်။ အဲဒီနေရာတွေအားလုံး
လူထုတွေ သေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ
ဖြစ်ပါတယ်။၁၀.၈.၈၈ နေ့မှာတော့ မခံမရပ်နှိုင်တဲ့ပြည်သူလူထုကြီးဟာ ရပ်ကွက်အတွင်းမြို့နယ်အသီးသီးတွင် လမ်းပိတ်ဆို့ရေးတိုက်ပွဲအဖြစ် စစိကားများသွားလာလှုပ်ရှားမှူမပြု နှိုင်စေရန် ကားလမ်းပေါ်တွင် သစ်တုံးများချထားခြင်း မြောင်းများတူးထားခြင်းဖြင့် စစ်ကားများသွားလာမှူကိုရပ်တန့်စေခဲ့ပါတယ်။
ဘယ်လောက် ပစ်ပစ် အသေခံ တိုက်မယ်ဆိုတဲ့ ကျောင်းသားတွေနဲ့ လူထုကြီးရဲ့ စိတ်ဓါတ်ကို စစ်ဝါဒီတွေ အရှုံးပေး နည်းဗျူဟာ ပြောင်းရ
ပါတော့တယ် ၊ ၁၂ ရက်နေ့ ည မှာ စိန်လွင် အနားယူပြီ ဖြစ်ကြောင်း ကြေငြာပြီး
သေနတ်သံတွေ ရပ်သွားပါတော့တယ် ။ ဗိုလ်စိန်လွင်အားနှုတ်ထွက်စေပြီး သမ္မတ အဖြစ် ဒေါက်တာမောင်မောင်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။အဲဒီနေ့မှာပဲ
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းဝင်ရောက် ပစ်ခတ်ခဲ့လို့
သူနာပြုဆရာဆရာမ များမှာလည်း ထပ်မံဒါဏ်ရာ ရကုန်ကြပါတယ်။ ၁၄.၈.၈၈ မှာတော့
ကျွန်ုပ် တို့လူစုဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းတွင်
သဘိတ်စခန်းပြန်လည်ဖွင့်လှစ်ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဝင်းအတွင်းတွင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
၂၄.၈.၈၈ မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း သဘိတ်စခန်းမှာ
ဒေါ်အောင်ဆန်းစုကြည် က စတင်တရားဟောခဲ့ပြီး (S.C.S)
ကျောင်းသားများလှုပ်ရှားမှုကော်မတီ
ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ တတိုင်းပြည်လုံး လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် ပြည်သူလူထုတရပ်လုံး အုံးအုံးကျွတ်ကျွတ် တခဲနက်အားပေးခဲ့
ကြပါတယ်။၂၄.၈.၈၈ နေ့လယ် ၁နာရီမှာပဲ အစိုးရက စစ်အုပ်ချုပ်ရေး ဥပဒေကို
ရုတ်သိမ်းလိုက်ပါတယ်။၂၆.၈.၈၈ မှာ ဒေါ်အောင်ဆန်းစုကြည်မှ နေပြီး
ရွှေတိဂုံဘုရားအနောက်ဖက်မုဒ်တွင်
လူထုတရားပွဲကျင်းပ ခဲ့ပါတယ်။ ၂၇.၈.၈၈ မှာ ကာကွယ်ရေးဝန်ကြီးဟောင်း
ဗိုလ်ချုပ်ကြီးတင်ဦး မှနေပြီ့း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်း
သဘိတ်စခန်းမှာတရားဟောခဲ့ပါတယ်။၂၈.၈.၈၈ မှာတော့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်ပြီးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကို စတင်ဖွဲ့ စည်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဆန္ဒပြသူတွေ သောက်မဲ့ ရေအိုးကို အဆိပ်ခတ်တာ ၊ အသိ
ပျောက်စေတဲ့ ထုံဆေး မူးယစ်ဆေးတွေ ထိုးပေးပြီးသံဃာတွေ ကျောင်းသားတွေကို
သတ်ခိုင်းတာမျိုးတွေ မိတဲ့သူတွေကို ခေါင်းဖြတ် သတ်တာတွေ ရှိလာပါတယ် ၊
ပြည်သူတွေ ကြောက်ရွံ့ ထိတ်လန့်စေမဲ့ ရက်စက်မှုမျိုး တွေ ပြည်သူတွေ ရမ်းရမ်း
ကားကား
လူသတ်တယ် ဆိုတာမျိုး လူသတ်ပွဲတွေ ၊ တန်ပြန် သပိတ်
ဆိုပြီး ဆန္ဒ ပြသူတွေကို လုပ်ကြံ သတ်ဖြတ်လာသူတွေကို ပြည်သူတွေ ကိုယ်တိုင်
တရား စီရင်တဲ့ လူသတ်ပွဲတွေသူတို့ဖက်မှ သူလျှိုတွေထည့်သွင်းပြီး
ယုတ်မာမှူတွေ စတင်ခဲ့ကြပါတော့တယ်။ အစိုးရပိုင် ဂိုဒေါင်များ ကို
ဖေါက်ထွင်းပြီး သူတို့ဖက်မှ စတင်သယ်ယူ ပါတော့တယ် ရပ်ကွက်မှ လူအချို့က
ဝင်ရောက်သယ်ယူကြပါတယ်။ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းကို
နိုင်ငံတော်မတည်ငြိမ် အောင် နည်းမျိုးစုံ ဖြင့် ဖန်တီးလျှက်ရှိပါတော့တယ်။
တိုင်းပြည်ဆူပူမှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုတွေနဲ့ ... စစ်တပ်က
အာဏာသိမ်းပါတော့တယ်။ ဒီကိစ္စတွေကို တာဝန်ယူ ဦးဆောင် လုပ်ကိုင်သူတွေကတော့
... ဦးခင်ညွန့်နဲ့ ဦးနေဝင်းသမီး .. ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး
လုပ်ကြတယ်လို့ ဖေါ်ထုတ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသော အဖွဲ့များအတွင်းသို့ မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ်
ကာ မြို့နယ်အသီးသီးတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိအောင်
ဖန်တီးပါတော့တယ်။ အာဏာရှင်များဟာ သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း
မရှိပဲ မွေးထားသော လက်ကိုင်ဒုတ်များကိုသာ အသုံးချခြင်း ဖြင့် ပြည်သူလူထုကို
လှည့်စားကာ မိမိတို့အာဏာဆက်လက်တည်တံ့ရေး အတွက် နည်းမျိုးစုံဖြင့်
ဖန်တီးတတ်ပါတယ်။ ဒါဟာသင်ခန်းစာယူစရာပါပဲ ။ ၁၇.၉.၈၈ နေတွင်
ငြိမ်းချမ်းစွာဆန္ဒပြနေကြသော လူထုအား ရန်ကုန်မြို့ကမ်းနားလမ်းရှိ
ကုန်သွယ်ရေးရုံးချုပ်ပေါ်တွင် တပ်စွဲထားသောစစ်တပ်က ပစ်ခတ်သဖြင့်
ဆန္ဒပြသူတစ်ဦးဒါဏ်ရာရရှိခဲ့ပါတယ်။ရန်ကုန်
တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ကျောင်းသား အားလုံးမှာ အသေခံ ကြရန်
ပြင်ဆင် ထားကြပြီး ဖြစ်၍ ဘုရားကို အာရုံပြု ရှိခိုးလျက်
ရှိနေကြပါတယ်။၁၈.၈.၈၈ မှာ ညနေလေးနာရီ အချိန်တွင် နိုင်ငံတော် အာဏာကို
စစ်တပ်မှ သိမ်းယူ ကြောင်း နဝတအဖွဲ့ဖွဲ့စည်းကြောင်းကို
ကြေညာခဲ့ပါတယ်။အဲဒီနေ့မှာပဲ ညနေ ၆ နာရီတွင် ကျောင်းသားသမဂ္ဂကိုအရင်
စတင်ဖြိုခွင်းပစ် ခဲ့ပါတယ် ကျောင်းသူကျောင်းသားများ
အတုံးအရုံးကျဆုံးခဲ့ကြရပါတယ်။ ၈.၈.၈၈ ကမြင်ကွင်းထက်ပင်ပို ၍
ပင်ဆိုးမည်ဟုထင်ပါတယ်။ မြင်ကွင်းမှာ သြဂုတ်လ တုံးက မြင်ကွင်းမျိုး မဟုတ်
တော့ပေ။ စစ်ကားများ ပေါ်၌ တပ်ဆင် ထားသော အသံချဲ့စက် များမှ တဆင့် ပြည်သူ
တို့အား တားဆီး ပိတ်ဆို့မှု များကို ဖယ်ရှား ပစ်ရန် အမိန့် ပေးလာပါတယ်။
အမိန့်ကို မနာခံပါက အနီးရှိ နေအိမ် များကို စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။
မြင်မြင်သမျှ လူများကို ပစ်ချင်တိုင်း ပစ်ခတ် ပါတော့တယ်။ ဒဏ်ရာ ရသူ
များကို ပြည်သူ များက ရန်ကုန် ဆေးရုံကြီးနှင့် ရန်ကုန် မြို့ရှိ ယာယီ
ဆေးခန်း များသို့ ဝိုင်းဝန်း ကူညီ ပို့ဆောင် ပေးခဲ့ ကြပါတယ်။ ဟိုမှသည်
ထွက်ပေါ် လာသော သေနတ်သံ များကို တစ်ညလုံး ကြားနေကြရပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသဘိတ်စခန်း
ကိုတော့ ၁၉.၈.၈၈ မှာ ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်၁၈.၈.၈၈ ညမှာ
ကျွန်ုပ် တို့အဖွဲ့ဟာ ဆေးရုံကြီး တပတ် လှည့်လည် ပြီးဆန္ဒပြကြပါတယ်
ထို့နောက် ရွှေဂျိုးဖြူ လူငယ်အဖွဲ့ လှည့်လည်ဆန္ဒပြသည့်အချိန်မှာတော့
စတင်ပစ်ခတ်သည်မှာ အတုံးအရုံးပင် ကျဆုံး ကုန်ပါတော့တယ် အဲဒီအချိန်မှာ
ဆေးရုံကြီးဝင်းအတွင်းရှိ လာရောက်ပူးပေါင်း ထားသော တပ်မတော်သား များမှနေ ၍
သူတပြန်ကိုယ်တပြန် ပစ်ခတ်ကြပါသေးတယ် သို့သော် အင်အားမမျှ ၍၁၉.၉.၈၈ ညတွင်
သဘိတ်စခန်းကို ဖြိုခွင်းခံလိုက်ရပါတော့တယ်။ "အထက်တန်း ကျောင်းသားလေး တွေ
ဒေါသ ထွက်နေ ကြပြီး တိုက်ခိုက်လို စိတ်တွေ ပြင်းထန် နေကြပါတယ်။ နံနက် ၁၀
နာရီ အချိန်၌ အသက် ၁၈ နှစ် အရွယ်ရှိဝင်းမော်ဦး သေနတ် ဒဏ်ရာ အပြင်းအထန်
ရသွားပြီး သူမ၏ သူငယ်ချင်းများ ဖြစ်သော အထက်တန်း ကျောင်းသား နှစ်ဦး
မှာလည်း ပစ်ခတ် ခံရပြီး ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံး ခဲ့ရပါတယ်။ အသက်
၁၈ နှစ် အရွယ်ရှိဝင်းမော်ဦး ဟာ ဆေးရုံကြီးကိုရောက်ရှိသွားပြီး သွေး အတော်
ထွက်နေ နေပါပြီ သူက ဗိုလ်ချုပ် အောင်ဆန်းပုံကို တောင်းနေလို့ သူမ၏
အကိုဖြစ်သူ ကျော်သူမှ သူ့ အိပ်ယာပေါ် တင်ပေး ခဲ့ပါတယ်။ နေ့လယ် ၁ နာရီ
လောက်မှာ ဓာတ်ပုံကို သူ့လက်နဲ့ ဆုပ်ကိုင်ရင်း အသက်ထွက်
သွားရှာပါတယ်။တောင်ဥက္ကလာပ မြို့နယ်တွင် မိဘများ ရှေ့မှောက်၌ လူငယ် နှစ်ဦး
ပစ်သတ် ခံခဲ့ရပါတယ်။စစ်သားများက တစ်အိမ်တက် တစ်အိမ်ဆင်း လက်နက် များကို
ဝင်ရောက် ရှာဖွေ ပြီးနောက် အဖိုးတန် ပစ္စည်းများ ကိုလည်း ယူဆောင် သွားခဲ့
ကြပါတယ်။
ကြံတော သုဿန်အတွင်းမှာလည်း မီးသင်္ဂြိုဟ် စက်၏ အပြင်ဘက်တွင်
အလောင်းများ စုပုံ ထားပြီး အလောင်း များစွာ၏ မျက်နှာ များအား မည်သူ မည်ဝါ
ဖြစ်မှန်း ခွဲခြား၍ မရ နိုင်အောင် ထုနှက် ဖျက်ဆီး ထားသည်ကို တွေ့မြင်
ခဲ့ကြရပါတယ်။သေဆုံး သွားခဲ့သူ အများစုမှာ ကျောင်းစိမ်း ပုဆိုးများ ဝတ်ဆင်
ထားသည်ကို တွေ့ရပါတယ်။ကြံတောသို့ ရောက်လာသည့် အလောင်း များတွင် မသေသေး
သူများကို စစ်သားများက ပစ်သတ်ကာ အခြား အလောင်း များဖြင့် ရောနှောပြီး
သင်္ဂြိုဟ် ခဲ့ကြရာ ပစ်သတ် ခံရသူ များ၏ အော်ဟစ် ငြီးငြူသံ များကို အတိုင်းသား
ကြားနေ ရကြောင်း ကြံတော သင်္ချိုင်းမှ သက်သေ တချို့က ပြောပြခဲ့ကြပါတယ်။
လူတစုဟာ သူတို့ အာဏာ တည်မြဲရေး အတွက် ကျောင်းသား ကျောင်းသူ လေးတွေနဲ့
လက်နက်မဲ့ ဆန္ဒပြ သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေး ခဲ့ကြပါဘူး။ ပြည်သူတွေနဲ့
ကျောင်းသားတွေ (အများစု)က နိုင်ငံရေး နားလည်လို့ မဟုတ်ပဲ မတရားမှုတွေ
များလွန်းလို့ ဆင်းရဲ
မွဲတေ လွန်းလို့သာ ဆန္ဒပြ အုံကြွခဲ့ကြတာ ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ကတော့ အများကြီး ရှိခဲ့ပါတယ် ၊ ခေါင်းဆောင်တွေ စုစည်းပြီး
ကြားဖြတ် အစိုးရ မဖွဲ့နိုင်ခဲ့တာ ၊ တောတွင်း လက်နက်ကိုင် အင်အားစုတွေနဲ့ ပေါင်းစည်းပြီး နိုင်ငံတော် အာဏာကို အရ မယူနိုင်ခဲ့တာ ၊
စနစ်တကျ မဟုတ်တဲ့ စုဖွဲ့မှုတွေနဲ့ အသေချာ ပြင်ဆင် စီစဉ်မှုတွေ မရှိပဲ
လျှပ်တပြက် ဆုံးဖြတ် လုပ်ဖြစ် ခဲ့ကြတာတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး
ကနေ သင်ခန်းစာ ယူရမှာတွေ ဖြစ်ပါတယ် ။
ရှစ်လေးလုံး
အရေးတော်ပုံ ဆိုတာ ဒဏ္ဍာရီ မဟုတ်ပါဘူး ၊ ကျောင်းသားတွေ ၊ ဗမာပြည်သူတွေရဲ့
အထင်ကရ သမိုင်းကြီး ဖြစ်ပါတယ်။ယခုဆိုရင် ငွေရတုပင်တိုင်ခဲ့ပါပြီ ကျုပ်တို
့ခင်ဗျားတိ့ လျှောက်လှမ်းဖြတ်သန်းခဲ့တဲ့ ရှစ်ဆယ့်ရှစ်သမိုင်းဟာ
အဖြူနဲ့အစိမ်းရောင် ပေါ်လွှမ်းသွားခဲ့တဲ့သေွးညှီနံ့တွေကတော့
မြန်မာသာမက ကမ္ဘာကိုပါ ပြန့်ခဲ့တာတော့အမှန်ပါ။ ပြည်သူကိုမစာနာတဲံ့ အစိုးရ
လက်နက်အားကိုးခြင်းကို အစဉ်တစိုက်ယုံကြည်ပြီး ဖြစ်လာတဲ့ ပြဿနာတိုင်းမှာ
လက်နက်အားကိုးနဲ့ ဖြေရှင်းတတ်တဲ့စိတ်ဓါတ်ကိုလည်း ကျုပ်တို့
တိုက်ဖျက်ဖို့လိုပါတယ်။ သူတို့အကျိုးအတွက်ပဲ ပြောင်းပြောင်း
ဘာကြောင့်ပဲပြောင်းပြောင်း အခု ဗမာပြည်မှာ ပြောင်းလဲနေတယ်ဆိုတာ ဒီလူတွေက
စနေတာပဲ ဆိုတာဟာ ခါးသီးတဲ့အမှန်တရားတစ်ခုဖြစ်ပေလိမ့်မယ်။အမှန်တကယ်
မပြောင်းလဲဘဲ ပြောင်းလဲပါတယ်ဆိုတဲ့ အသိနှင့် ပြည်သူလူထုကြီးဟာ
လက်ခံခဲ့ကြရတယ်။ အရာရာ အကောင်းမြင် စိတ်ကူးယဉ် ပြီးမစားရဝခမန်း
ပြောနေ၊တွေးနေ၊လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိမ်မက်
ကနေ နိုးထဖို့ သင့်ပါပြီ။ ရှစ်လေးလုံး အရေးတော်ပုံကြီး ရဲ့အာဏာရှင် တွေကို
တော်လှန်ခဲ့ကြတဲ့ ကျဆုံးသွားခဲ့ကြသော ကျောင်းသားတို့ သွေး
ခွတ်ဒေါင်းသွေးနဲ့ရင်းခဲ့တဲ့ စနစ်ဆိုးကြီးကို တော်လှန်ရဲခဲ့တဲ့ ရဲရဲတောက်
အမွေအနှစ်ကို လက်ဆင့်ကမ်းတာဝန်ယူဖို့ ကျနော်တို့အားလုံးတာဝန်ရှိကြပါ တယ်။
မြန်မာအစိုးရရဲ့လုပ်နေကျအလုပ်ဘဲ...ခွဲခြားစည်းရုံးခြင်းမူ.. ဆိုတဲ့ လုပ်ရပ်အတိုင်းပါဘဲ.....နှစ်ပေါင်းများစွာကြာခဲ့ပါပြီ.. အချင်းချင်းမညီညွတ်ရင်တော့ ထင်းချောင်းတချောင်းချင်းချိုးသလို.လွယ်လွယ်နဲ့
ဘဲအချိုးခံရမှာဖြစ်ပါတယ်.. သမိုင်းအတွေအကြုံကို သင်္ခန်းစာယူတတ်ကြပါစေ။
ဖိနိပ်သူနဲ့ ဖိနှိပ်ခံ ဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းကာလမှာ
ပညာတတ်လူတန်းစားနည်းပါးမှုကို နိုင်ငံရေး၊ ဘာသာရေးရည်ရွယ်ချက်အရ
အမြတ်ထုတ်ဖို့ အသင့်ဖြစ်နေနိုင်တဲ့ နောက်ကွယ်က လက်သည်တွေအတွက် တယောက်တပေါက်
ဝိုင်းအော်နေ ပြီး မညီညွတ်မှုတွေနဲ့ အာဏာရှင်တွေကိုရင်ဆိုင်
နေမယ်ဆိုရင်တော့ ဒီလိုအနေအထားတွေဟာ သူတို့အတွက် ပစ်မှတ်ကောင်းတွေဖြစ်လာ
နှိုင်ပါတယ်။ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း
သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ရည်ရွယ်ချက် တူကြပါတယ်။ကျွန်တော်တို့မှာ
လိုနေတာက စည်းလုံးညီညွတ်မှူပါ။အလုံးစုံ ညီညွတ်ရေး၊ သဘောထားအားလုံး
တူညီလက်ခံရေးဆိုတာ မဖြစ်နိုင်ပါ ဘူး။ ဒီပြဿနာတွေကိုသာ ပါးနပ်လိမ္မာစွာ
မကိုင်တွယ်ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ် ဒီမိုကရေစီ အပြောင်းလဲကိုသာမက
ပြည်ထောင်စုစစ်စစ် မျှော်မှန်းချက်တွေကိုပါ ထိခိုက်သွားနိုင်ပါတယ်။ခေတ်
အဆက်ဆက်မှာ မတရားမှုတွေများလာတာကြောင့် အဖွဲ့အစည်းအတွင်းမှာ၊ တိုင်းရင်းသား
အုပ်စုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
အခွင့်အရေး မညီမျှမှုတွေ၊ မယုံကြည်မှုတွေကြီးစိုး လာခဲ့ရတယ်။ တရားမျှတခြင်း၊
လွတ်လပ်ခြင်း၊ တန်းတူညီမျှမှု၊ ကင်းမဲ့နေခဲ့ရတယ်။အခြေခံဥပဒေကကို
ကအခြေမခိုင်၊ မူမမှန်ဘဲ စစ်အုပ်စု အလိုကျသက်သက်ဖြစ်နေပြီး တခြား
နိုင်ငံရေး အုပ်စု အသီးသီးနဲ့ ပြည်သူက အလိုတော်ဖြည့်၊ အသုံးချခံသက်သက်
ဖြစ်နေရတဲ့ အခြေအနေမျိုးကို ရပ်တန်းကရပ်ပြီး နည်းလမ်းသစ် ရှာသင့်ပါပြီ။
အင်အားကြီးတဲ့ စစ်တပ်လို အုပ်စုကြီးတခုလုံးရဲ့ အကျိုးစီးပွားကို
ကာကွယ်ပေးတဲ့ စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအလျောက် အမြစ်ပြတ်
ပျောက်ကွယ်သွားဖို့ အင်မတန်ခက်ခဲလှ ပါတယ်။အမျိုးသား
ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးဆိုတာက
တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ ဒီအဖိနှိပ်ခံရတဲ့ မတရားလုပ်ခံထားရတဲ့
သူတို့ရဲ့ ထောင့်ကနေစာနာနားလည်ပြီးတော့ ဖိနှိပ်တဲ့သူ၊ အပြစ်ရှိတဲ့သူ၊
တာဝန်ရှိတဲ့သူတွေက ပြန်လည်ညှိနှိုင်းဆောင်ရွက်ပေးစေခြင်းပါဘဲ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကလည်း တပ်မတော်၊ ဒီမိုကရေစီအင်အားစု၊
တိုင်းရင်းသားတွေ အကြားမှာ မှန်ကန်တဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့
သွေးချင်းညီတဲ့ ပြန်လည်သင့်မြတ်ရေးသာလျင် စစ်မှန်တဲ့
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ ရိုးရိုးသားသား ရှင်းရှင်းလင်း
လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင်
တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မြန်မာပြည်သားအားလုံး အချိန်ကိုတန်ဘိုး
ရှိစေချင်ပါတယ်။ အများအကျိုးအတွက် လုပ်နေသူများကိုလဲ ကျေးဇူးတင်ပါတယ်။
ကိုယ်ကျိုးထက် နိုင်ငံအကျိုးကို ရှေးရှုရမယ်။ ဘက်တွေမထားဘဲ
ညီညွတ်ရမယ်။အောက်ခြေပြည်သူလူထု အများစုကြီးနှင့် အမြဲမပြတ်
ထိတွေ့နေရမည့်အပြင်၊ အောက်ခြေပြည်သူတို့၏ ရင်ဖွင့်သံများ၊
မကျေနပ်ချက်များကို များများ နားထောင်ရမည်မှာ ခေါင်းဆောင်ကောင်းတိုင်း
လုပ်ရမည့် အလုပ်ဖြစ်ပါတယ်။ အများကလက်ခံပြီး တင်မြှောက်ခံထားရတဲ့
ခေါင်းဆောင် ဆိုတာ အများအကျိုးအတွက် အခိုင်းခံရခြင်းဘဲဖြစ်ပါတယ်။
မိမိဆန္ဒနှင့် အတွေးခေါ် မတူလျှင် ရန်သူလိုဆက်ဆံကြခြင်း
သွေးထိုးစည်းရုံးခြင်း မိမိတို့နှင့် မတည့်သော အဖွဲ့အစည်းမှဆိုပြီး
စွပ်စွဲဂျောက်ချခြင်း တို့မှာ ခေါင်းဆောင်ကောင်း တို့၏လုပ်
ရပ်မဟုတ်ပါ။ခေါင်းဆောင်ကောင်းဆိုတာကလည်း
ပွင့်ပွင့်လင်းလင်းနဲ့ ဟိတ်ဟန်မရှိဘဲ ပြည်သူတွေကြားထဲမှာ နေတတ်တယ်
ရာထူးအာဏာကြောင့် လူသားဆန်မှုအရည်အသွေးဟာ ပြောင်းလဲမသွားဖူးအဲဒီလိုမျိုး
စရိုက်တွေရှိနေရင် ပြည်သူလူထုရဲ့ ထောက်ခံမှုကိုအမြဲရရှိမှာဖြစ်ပါတယ်။
ဇော်ဝမ်းမောင်…..
No comments:
Post a Comment