August 2, 2013 at 7:28am
၂၀၁၃၊ သြဂုတ်လထုတ် ရနံ့သစ်မဂ္ဂဇင်းမှ အင်တာဗျူး
ကိုမင်းကိုနိုင်ခင်ဗျာ ၈၈ အရေးတော်ပုံကြီးဟာ ဘယ်လို အကြောင်းတွေကြောင့် စတင် ဖြစ်ပေါ်ခဲ့ရသလဲဆိုတာ အရင်ဆုံး ပြောပြပေးပါလား။
သမိုင်းအချိုးအကွေ့တိုင်းမှာလတ်တလောအကြောင်းရင်းနဲ့ အရင်းခံအကြောင်းရင်း ဆိုပြီးရှိပါတယ်။ လတ်တလောအကြောင်းရင်းကတော့ လက်ဖက်ရည်ဆိုင်က ရန်ဖြစ်တဲ့ ကိစ္စပေါ့ဗျာ။ အရင်းခံ အကြောင်းရင်းတွေကအများကြီးရှိပါ
တယ်။ ဒီလက်ဖက်ရည်ဆိုင် ကိစ္စ မဖြစ်လည်း အခြားကိစ္စတစ်ခုခုနဲ့ဖြစ်လာမှာပဲ။ တိုင်းပြည်ထဲမှာအခွင့်ထူးခံနဲ့ ဖိနှိပ်ချုပ် ချယ်မှုတွေရှိရင် အဲဒီနိုင်ငံဟာတော်လှန်ရေး ဖြစ်ကို ဖြစ်မှာ။ အနှေးနဲ့အမြန်ဖြစ်လာမှာပဲ။ ဒါသေချာပါတယ်။ စနစ်အပြောင်း၊ ခေတ်အပြောင်းအတွက်ရုန်းကန်ကြရမှာပါပဲ။ ကျွန် တော်တို့ဟာ စစ်အာဏာသိမ်းပြီးမှ မွေးဖွားကြီးပြင်းလာသူတွေဖြစ်တယ်။ ဒီတော့နားမျက် စိတွေပိတ်ထားခြင်းခံရတဲ့ မျိုးဆက်ဖြစ်တယ်။ ဒီလိုဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရအောက်မှာ ဆန့်ကျင်တွန်းလှန်တဲ့ ၆၂၊ ၇၄၊ ၇၅ မှိုင်းရာပြည့်စတဲ့ လှုပ်ရှားမှုတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ လူထုတစ်ရပ် လုံး အြုံ
၈၈ အရေးတော်ပုံကြီးမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါပြီး ကြီးမားလှတာတွေ့ ရပါတယ်။ ကိုမင်းကိုနိုင်တို့ ကျောင်းသားတွေအနေနဲ့ ဘယ်လို ပါဝင်ဖြစ်ခဲ့ပြီး ဘယ်လိုရည်ရွယ်ချက်တွေ ထားခဲ့သလဲဆိုတာ သိပါ ရစေ။
သမိုင်းကိုကြည့်လိုက်လေ။ ကိုလိုနီလက်အောက်မှာလည်း ဒီလို ပဲ။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ ကျောင်းသားလှုပ်ရှားမှု ဟာ တစ်ထပ်တည်းကျခဲ့တာတွေ့ရလိမ့်မယ်။ ဒါကြောင့်လည်း ပထမ ကျောင်းသားသပိတ်ဟာ အမျိုးသားနေ့ဖြစ်ခဲ့ရတာပေါ့။ နောက်ဆုံး မှာ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အခါ တပ်မတော်ဟာလည်း ဟောဒီ တက္ကသိုလ်နယ်မြေက ကျောင်းသားတွေပဲ ခေါင်းဆောင်ခဲ့ ကြတာ မဟုတ်လား။ ဒါကြောင့် ကျောင်းသားလူငယ်တွေဟာ ခေတ် ပြောင်းစနစ်ပြောင်း ကာလတွေမှာ စတင်ဖောက်ခွဲပြီး တပ်ဦးက အလံကိုင်ချီတက်ခဲ့ကြတယ်ဆိုတာ သမိုင်းမှာ တွေ့ရပါလိမ့်မယ်။ အဲဒီ အစီအစဉ်အလာပါပဲ။ ဒါကြောင့် ကျွန်တော်တို့ခေတ်ကြတော့လည်း အဲဒီ အစဉ်အလာ၊ အဲဒီအလံကို ဆက်လက်သယ်ဆောင်တာပါပဲ။
ကျောင်းသားတွေဦးဆောင်ခဲ့တယ်။ တစ်နိုင်ငံလုံးပါဝင်လာပြီး အစိုးရတွေပြုတ်ကျသွားတယ်ဆိုတော့ အဲဒီလောက်ထိ ဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပါသလား။
ကျောင်းသားတွေ လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ် အရေးကို စိတ်ဝင်စားကြတယ်။ ကိုဖုန်းမော်ကိစ္စ မတိုင်ခင်ကတည်း က ကျွန်တော်တို့ကြားမှာ ကြိတ်ဝိုင်းလေးတွေရှိခဲ့ကြတယ်။ ကျွန်တော် ဆိုရေကြည်အိုင် အဝနားကျမှ ထွက်ပြေးခဲ့ရတာတွေရှိတယ်။ ကျွန် တော်တို့ကို ထောင်ဖမ်းတာပေါ့။ ဒါကြောင့် ကျွန်တော်တို့မှာ ခံစား ချက်တွေရှိတယ်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကျွန်တော်တို့ နွှဲကြရမယ်ဆိုတာ သိထားတယ်။ စနစ်တကျ မဖွဲ့စည်းနိုင်ခဲ့တာပဲ ရှိပါတယ်။ အချက်ပြလိုက်တာနဲ့ တာကျိုးပြီး တာထွက်ခဲ့ကြတဲ့ သဘောပါပဲ။
ဗကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အချိန်မှာ အမှတ်ရစရာ ဒါမမဟုတ် အမှတ်ထင်ထင်ရှိနေတဲ့ ကိစ္စလေးတွေရှိရင်လည်း ပြောပြပေးစေချင်ပါတယ်။
ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းကိုယ်တိုင် ဦးဆောင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂဖြစ်တယ်။ လွတ် လပ်ရေးခေါင်းဆောင်တွေမှာလည်း ကျောင်းသားသမဂ္ဂခေါင်းဆောင် တွေအများကြီးပါခဲ့ကြတယ်။ အစဉ်အလာ ကောင်းခဲ့တဲ့ ကျောင်း သားသမဂ္ဂကို ကျွန်တော်တို့ လက်ထက်မှာ ပြန်ထူထောင်ချင်တယ်။ ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပါပဲ။ ဒါကြောင့် နိုင်ငံရေးအရ လွှတ်တော်ထဲရောက်သွားတဲ့ သူတွေဟာ ကျောင်း သားသမဂ္ဂကလာတဲ့ သူတွေဆိုရင် ပိုပြီးပြောနိုင် ဆွေးနွေးနိုင်မယ် လို့ ယုံကြည်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ဒါမှမဟုတ် အမိန့် ပေး ခိုင်းစေလိုက်တဲ့အဖွဲ့အစည်းက လူတွေဟာ ဘယ်လိုမှ ဒီမိုကရေစီ နည်းမကျနိုင်ဘူး။ ဒါကြောင့် ကျွန်တော်က ဒီမိုကရေစီကျတဲ့ ကျောင်း သားသမဂ္ဂကို မြတ်နိုးတာ။ နောက်တစ်ခုက အပြောင်းအလဲတွေမှာ တပ်ဦးက အလံတိုင်ချီတက်ခဲ့တာဟာ ကျောင်းသားသမဂ္ဂအလံပါ ပဲ။ ဒါကြောင့် အစဉ်အလာကြီးခဲ့တဲ့ ဗကသကို ပြန်လည်ဖွဲ့စည်းခဲ့ ကြတာပေါ့။ ဒါပေမဲ့ တိုက်ပွဲထဲမှာ ဖွဲ့စည်းခဲ့ရတော့ စနစ်တကျတော့ ရွေးချယ်တင်မြောက်မှုတွေတော့ မလုပ်နိုင်ခဲ့ဘူး။ အဲဒီလို စနစ်တကျ လုပ်နိုင်ရင်တော့ ပိုပြီး ကောင်းတာပေါ့။
အမှတ်ရစရာ ပြောရမယ်ဆိုရင်တော့ အဲဒီကာလက စက္ကူတွေ ရှားပါးတယ်။ မှတ်မိနေတာရှိတယ်။ စက္ကူမရှိလို့ ဆေးရုံကြီးထဲက သူနာပြုတွေဆီမှာသွားပြီး ပြက္ခဒိန်တွေသွားတောင်းရတာ။ ကျောင်း သားလေးတွေဆိုပြီး မောင်လေးတွေလို သဘောထားကူညီပေးကြ တယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်နေပေမဲ့ မိဘပြည်သူတွေကြား ရောက်ပြီဆိုရင်တော့ သားသမီးတွေကို ကလေးတွေလို သဘောထား ကြတာကို တွေ့ရတယ်။ မိသားစုပုံစံပေါ့။ နောက်တစ်ခုက ကျွန်တော် တို့ ရှောင်တိမ်းပုန်းအောင်းနေရတဲ့ အချိန်မှာ ကြုံခဲ့ရတာလေးရှိ တယ်။ သတင်းကလာနေတဲ့ သမ္မတရဲ့ မိန့်ခွန်းပေါ်မှာ အရပ်ထဲက ပြည်သူတွေအချင်းချင်း ဝေဖန်ပြောဆိုနေကြတဲ့အသံပေါ့။ သူတို့ ပြောတဲ့ စကားတွေနားထောင်ရတာ အရသာတကယ်ရှိတယ်။ နိုင်ငံ ရေးဝေါဟာရတွေ မပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့အမြင်၊ ရပ်တည် ချက်၊ မျှော်လင့်ချက်တွေကို အမှန်အတိုင်း သိခွင့်ရခဲ့တယ်။ ပြည်သူ မုန်းတာဘာလဲ၊ ပြည်သူချစ်တာဘာလဲဆိုတာကို သိရတယ်ဗျာ။ အလုပ်လုပ်နေတဲ့ အချိန်မှာ တာဝန်ကြီးနဲ့နေရတာက တစ်မျိုးပေါ့ ဗျာ။ အလုပ်မလုပ်တဲ့အချိန်မှာတော့ သာမန် ပြည်သူတစ်ယောက် အနေနဲ့ နေရတာကို ကျွန်တော် ပိုပြီး နှစ်သက်တယ်။
ကိုမင်းကိုနိုင်တို့ မျှော်မှန်းချက်တွေရော ပြည့်ခဲ့ပြီလား ရခဲ့ပြီလား။
ကိန်းဂဏန်းတွေနဲ့ မပြောတတ်ဘူးဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်သမျှ အရာထင်ခဲ့ပါတယ်။ ကျွန်တော်တို့ရင်းနှီးသလောက် ရခဲ့ ပါတယ်။ အရေးကြီးတာက ယုံကြည်မှုပါ။ ကျွန်တော်ကတော့ ပကတိ အတိုင်းပဲ မြင်ချင်၊ ပြောချင်ပါတယ်။ တချို့ကတော့လည်း ရှိတာ ထက်ပိုတွက်ကျတယ်။ တချို့ကြတော့လည်း အပျက်သဘော ပေါ့ တွေးတာတွေရှိပါတယ်။ ကျွန်တော်တို့ အတိုင်းအတာတစ်ခုထိတော့ ရောက်လာခဲ့ပြီ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီလူ့အခွင့်အရေးနဲ့အတူ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားအားလုံးပါဝင်တဲ့ အဖြေတစ်ခုရရေးကို တစ်ပေါင်းတည်းလက်တွဲဆောင်ရွက်ကြဖို့လိုပါ တယ်။ ကျွန်တော့်အမြင်ကတော့ အားလုံးကို ကိုယ်စားပြုတဲ့၊ အလွှာ ပေါင်းစုံပါတဲ့ ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတစ်ခု၊ ညီလာခံတစ်ခုပေါ့ဗျာ လိုနေပြီလို့။
No comments:
Post a Comment