မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
လက်ပံတောင်းတောင် အစီရင်ခံစာ အကောင်အထည်ဖော်ပုံ စောင့်ကြည့်သင့်
Monday, August 05, 2013
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ်တာဝန်ယူတဲ့ လက်ပံတောင်းတောင် စုံစမ်း
စစ်ဆေးရေး ကော်မရှင်အနေနဲ့ အစီရင်ခံစာမှာ ပါရှိတဲ့ လုပ်ငန်းများ
အကောင်အထည်ဖော်ရေးအဖွဲ့က ဆက်လက် လုပ်ဆောင်တာတွေကို တာဝန်ယူ
စောင့်ကြည့်သင့်တယ်လို့ မနေ့က လက်ပန်းတောင်းတောင် ၂၆ရွာ
ဒေသခံတွေရဲ့အစည်းအဝေးက သဘောထားကြေညာလိုက်ပါတယ်။
ဝက်မှေးရွာဟောင်းမှာ မနေ့ ညနေပိုင်းက ပြုလုပ်တဲ့ အစည်းအဝေးမှာ
လက်ပန်းတောင် ဒေသခံတွေက စီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့
အစီရင်ခံချက်တွေကို အကောင်အထည်ဖော်ရေးအဖွဲ့က ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး
သူတို့ အမြင်တွေကို တင်ပြခဲ့ပါတယ်။
ဒီအစည်းအဝေးကနေ အချက် (၈) ချက်ပါ သဘောထားကြေညာချက်တစောင် ကိုထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ စီမံကိန်း အတွက် စာချုပ်အသစ်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့
အတွက် နိုင်ငံတော်အနေနဲ့ အကျိုးအမြတ်ပိုပြီးရရှိလာတာကို ကြိုဆိုတယ်လို့
ဖော်ပြထားသလို လုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့အနေနဲ့ ဒေသခံတွေနဲ့
လုပ်ငန်းတွေ ချမှတ်မဆောင်ရွက်ခင် ညှိနှိုင်းဆွေးနွေးဘို့
တိုက်တွန်းထားပါတယ်။
မနေ့က အစည်းအဝေးကို ဒေသခံ ၂၆ ရွာက
ကိုယ်စားလှယ်တွေအပြင် မန္တလေး မုံရွာက ဆရာတော် သံဃာတော်များ
နိုင်ငံရေးပါတီများ နဲ့ ကျောင်းသား သမဂ္ဂကိုယ်စလှယ်များ စုစုပေါင်း ၃၀၀
လောက် တက်ရောက်ခဲ့ပါတယ်
RFA Burmese
No comments:
Post a Comment