ရန်ကုန်၊ သြဂုတ် ၁
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး
(၂၅) နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း
သြဂုတ်လ ၁ ရက်နေ့ က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်
အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ပြောကြားသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ
သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနား
နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
ယင်းအခမ်းအနားတွင် ပြုလုပ်မည့် နိုင်ငံရေး
ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်
တိုင်းရင်းသား ပါတီ ခေါင်းဆောင်များလည်း တက်ရောက်
မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အခြား နိုင်ငံရေး ပါတီများနှင့်
အဖွဲ့အစည်းများကို မိန့်ခွန်း ပြောကြား ခွင့် ပြုမည် မဟုတ်ကြောင်း
ဦးမြအေးက ဆက်လက် ရှင်းပြသည်။
ရှစ်လေးလုံး ငွေရတုပွဲသည်
တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနား ဖြစ်သော ကြောင့်
နိုင်ငံရေး အဖွဲ့အစည်းများ အချင်းချင်း သံသယများ ဖြစ်လာစေနိုင်ပြီး
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြန် လည် ရင်ကြားစေ့ရေးကို
ပျက်ပြားစေနိုင်သော အပြုအမူများကို လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ဖိတ်ကြားထားပြီး ပြည် တွင်း ပြည်ပ
၈၈ မျိုးဆက် ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့
တက်ရောက်မည် ဖြစ်ကြောင်း ငွေရတု ပွဲ ဖြစ်မြောက်ရေး ကော်မတီ
ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု
အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ (ဗကသ)
အဖွဲ့ချုပ်က အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကို ဖိတ်ကြားထားသောကြောင့် တက်ရောက်မည်
မဟုတ်ကြောင်း ဗကသ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောကြားထားသည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင်သုံးရက်တိုင်တိုင် ကျင်းပ
မည့် အဆိုပါ ငွေရတုပွဲ လုံခြုံရေးကို ၈၈ ကျောင်းသားများက တာဝန်ယူ
ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအင်အား ၁၂၀ ကျော် အသုံးပြု မည် ဖြစ်ကြောင်း
ငွေရတုပွဲ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
ဟိန်းသွင်ထက်
ရန်ကုန်၊ သြဂုတ် ၁
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် ရှစ်လေးလုံး (၂၅) နှစ်ပြည့် ငွေရတု အခမ်းအနားတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အဆိုပါ အခမ်းအနား ကျင်းပရေး ကော်မတီဝင် ဦးမြအေးက ပြောကြားသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားကို သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနား နောက်ဆုံးနေ့တွင် မိန့်ခွန်းပြောကြား မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ယင်းအခမ်းအနားတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် တိုင်းရင်းသား ပါတီ ခေါင်းဆောင်များလည်း တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အခြား နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများကို မိန့်ခွန်း ပြောကြား ခွင့် ပြုမည် မဟုတ်ကြောင်း ဦးမြအေးက ဆက်လက် ရှင်းပြသည်။
ရှစ်လေးလုံး ငွေရတုပွဲသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အထိမ်းအမှတ် အခမ်းအနား ဖြစ်သော ကြောင့် နိုင်ငံရေး အဖွဲ့အစည်းများ အချင်းချင်း သံသယများ ဖြစ်လာစေနိုင်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပြန် လည် ရင်ကြားစေ့ရေးကို ပျက်ပြားစေနိုင်သော အပြုအမူများကို လက်ခံမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားလုံးကို ဖိတ်ကြားထားပြီး ပြည် တွင်း ပြည်ပ ၈၈ မျိုးဆက် ကျောင်းသားများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ တက်ရောက်မည် ဖြစ်ကြောင်း ငွေရတု ပွဲ ဖြစ်မြောက်ရေး ကော်မတီ ထုတ်ပြန်ချက်များ အရ သိရသည်။
အဆိုပါ ရှစ်လေးလုံး ငွေရတု အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ (ဗကသ) အဖွဲ့ချုပ်က အစိုးရ အဖွဲ့ဝင် ဝန်ကြီး များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့ကို ဖိတ်ကြားထားသောကြောင့် တက်ရောက်မည် မဟုတ်ကြောင်း ဗကသ ဥက္ကဋ္ဌ ဦးကျော်ကိုကိုက ပြောကြားထားသည်။
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင်သုံးရက်တိုင်တိုင် ကျင်းပ မည့် အဆိုပါ ငွေရတုပွဲ လုံခြုံရေးကို ၈၈ ကျောင်းသားများက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအင်အား ၁၂၀ ကျော် အသုံးပြု မည် ဖြစ်ကြောင်း ငွေရတုပွဲ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီထံမှ သိရသည်။
ဟိန်းသွင်ထက်

No comments:
Post a Comment