##############################
သြဂုတ် ၃၊ ၂၀၁၃ (AFP)
သတင်း - ကိုခန့် (မြန်မာမွတ်စ်လင်မီဒီယာ)
အိန္ဒိယနိုင်ငံ ကွန်မြူနစ်ပါတီ "Maoist" မှ ပြောက်ကျားတပ်သားများမှ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဒေသ ဗုဒ္ဓဂါယာ အနီး ရထားလမ်းကြောင်း တစ်ခုအား ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း အိန္ဒိယနိုင်ငံ ရထားပို့ဆောင်ရေး တာဝန်ရှိသူများမှ စနေနေ့တွင် ပြောကြားလိုက်သည်။
ဒီဖောက်ခွဲ ဖျက်ဆီး တိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ လအတွင်း အသေးစာ ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်မှုများ ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံ ဘဟာပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားများနှင့် ဗုဒ္ဓဘာသာဝင်များ အဓိက လည်ပတ်မှုကို ဆွဲဆောင်သော သမိုင်းဝင် နေရာတစ်ခုဖြစ်တဲ့ ဗုဒ္ဓဂါယာ မဟာဘောဓိကျောင်းတော် တိုက်ခိုက်မှုအပြီး ဆက်လက် ဖြစ်ပွားလာတဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ အစိုးရမှ ဗုဒ္ဓဂါယာ မဟာဘောဓိ ကျောင်းတော်တွင် ပေါက်ကွဲမှု ၉ ကြိမ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်မှုအား "အကြမ်းဖက်တို့၏ တိုက်ခိုက်မှု" ဟု ခေါင်းစဉ်တပ် ဖော်ပြ ထုတ်ပြန်ခဲ့သော်လည်း ယခုအထိ ဖောက်ခွဲမှု အတွက် တာဝန်ရှိလက်သည် အဖွဲ့အစည်းအား ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခု လတ်တလော သောကြာနေ့ (သြဂုတ်လ ၂၊ ၂၀၁၃) တွင် ဖြစ်ပွားခဲ့သော ဂါယာခရိုင်ရှိ ရထားလမ်း အစိတ်အပိုင်းအား ဖောက်ခွဲ ဖျက်ဆီး တိုက်ခိုက်မှုမှာ အိန္ဒိယနိုင်ငံ ကွန်မြူနစ်ပါတီ "Maoist" မှ ပြောက်ကျား တပ်သားများ၏ လက်ချက်ဖြစ်ကြောင်း အိန္ဒိယ အရှေ့ အလယ်ပိုင်း ရထားပို့ဆောင်ရေး အရာရှိ တစ်ဦးဖြစ်သူ အမီတာပ့် ပရပ်ဟာခါ မှ AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
"မည်သူ တစ်ဦးတစ်ယောက်မှ ထိခိုက်ဓါဏ်ရာ ရှိမှု့ မရှိဘူး ဒါပေမဲ့ ရထားလမ်း အစိတ်အပိုင်း တချို့ ပျက်ဆီးသွားတာကြောင့် ရထားအသွား အလာတွေ နာရီပိုင်းလောက် ပြတ်တောက်သွားတယ်" ဟု ပရပ်ဟာခါ မှပြောကြားခဲ့ကြောင်း သိရသည်။
လွန်ခဲ့တဲ့ လပိုင်း အတွင်းကလည်း ကွန်မြူနစ်ပါတီ "Maoist" မှ ပြောက်ကျား တပ်သား ၅၀ ခန့်မှ ဘာဟာပြည်နယ် ကင်းလှည့် ရဲတပ်ဖွဲ့ဝင် များအား ချောင်းမြောင်း တိုက်ခိုက်ခဲ့ရာ ခရိုင်ရဲတပ်ဖွဲ့ ဌါန အကြီးအကဲ တစ်ဦးနှင့် အခြားအဆင့် ရဲတပ်သား လေးဦးတို့ သေဆုံးခဲ့သည်။
ပြည်နယ်နှင့် နိုင်ငံတော် အာဏာရ အစိုးရများအား ဖြုတ်ချရန် ဆယ်စုနှစ် တစ်ခုကြာ တော်လှန် ပုန်ကန်နေမှုများသည် နိုင်ငံတော် လုံခြုံရေး ကို အလွန် အန္တရာယ် ကြီးမားစွာ ခြိမ်းခြောက်နေကြောင်း အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့မှ ဖော်ပြခဲ့ပြီး၊ သူပုန် ပြောက်ကျားမှ မိမိတို့ဟာ အိန္ဒိယနိုင်ငံ၏ ဆင်းရဲသား လူထုနှင့် လယ်ယာမဲ့ တောင်သူ လယ်သမားများ အခွင့်အရေး အတွက် တော်လှန်တိုက်ပွဲဝင် နေခြင်းဖြစ်ကြောင်း ပြောကြားကြသည်။
No comments:
Post a Comment