Monday, April 9, 2012

ပြင်ဦးလွင်ဒေသမှ လေဘေးဒဏ်ခံရသည့်လယ်မကျေးရွာသို့ ကူညီထောက်ပံ့မှုများဆက်လက်ရောက်ရှိလာခြင်း



ယနေ့(၉-၄-၂၀၁၂) တနင်္လာနေ့တွင် ပြင်ဦးလွင်မြို့ သန္တိသုခ
လူမှုကူညီရေးအသင်းနှင့် ပညာ့ရောင်ခြည့် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့မှ
တာဝန်ရှိသူများလိုက်ပါလျှက် အလှူရှင်တစ်စုတို့သည် လေဘေးဒဏ်ခံရသည့်
လယ်မကျေးရွာသို့သွားရောက်၍ ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြပါသည်။ 


သန္တိသုခလူမှုကူညီရေးအသင်းမှ လေဘေးဒဏ်ခံရသည့် ရွာသူ/သားများအတွက် ဆန်(၁၀)အိတ်
ထောက်ပံ့ကူညီပေးခဲ့ပြီး သီးခြားအလှူရှင်များမှ
အလှူငွေ(၄၀၀၀၀၀ိ/)ကျပ်နှင့် မိုးကာဖျင်စများလှူဒါန်းပေးအပ်
ခဲ့ပါသည်။
 
လေဘေးသင့် ရွာသူ/သားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရန် လှူဒါန်းထောက်ပံ့လိုသူများ
အောက်ပါအတိုင်းဆက်သွယ်လှူဒါန်းန
ိုင်ပါသည်။
 
(က) သန္တိသုခ လူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်မြို့(ဖုန်း- ၀၈၅-၂၈၀၄၆)
(ခ)  ပညာ့ရောင်ခြည် ပညာရေးကူညီထောက်ပံ့မှုအဖွဲ့ (ဖုန်း-၀၉၂၀-၄၄၂၉၃၊ ၀၉၅၀-၁၂၄၈၅)


Myanmar News Now

No comments: