Tuesday, April 17, 2012

မြန်မာနိုင်ငံ မှာ တရားဝင် ပြည့်တန်ဆာတန်း ရှိသင့်တယ်


လူအမျိုးမျိုးစိတ်အထွေထွေမို့ ၊ မတူကွဲပြားတဲ့အမြင်တခုကိုတင်ပြခြင်းသာဖြစ်ပါတယ်။

မိတ်ဆွေအနေဖြင့် ဖတ်ရန်မသင့်တော်၊ ကွဲပြားသောအမြင်ရှိခဲ့ပါက ဆက်၍မဖတ်ရန်မေတ္တာရပ့်ပါတယ်။

Blogger

 

]]]]]]]]]]]]]]]]]]]       [[[[[[[[[[[[[[[[[[[[  ]]]]]]]]]]]]]]]]]]  [[[[[[[[[[[[[[[[[[[[[[  ]]]]]]]]]]]]]]]]]]]]]]

 

 


သင်္ကြန်ပုံရိပ်တွေ ကြည့်ပြီး . အိမ်ရှင်ဦးလေး နဲ့ ဝေဖန်ဖြစ်ကြတယ် .မြင်ကွင်းတွေ အတော် ဆိုးတယ် လို့ ပြောတော့ . . . သူက တချက် ထောက်ပြတယ် .
မြန်မာနိုင်ငံမှာ တရားဝင် ပြည့်တန်ဆာတန်းရှိသင့်တယ်တဲ့  . . . 
နိုင်ငံတကာ မှာ လိုင်စင် နဲ့ တရားဝင် ခွင့်ပြု ထားတော့  . သူ့ သတ်မှတ် ဧရိယာ မှာ စီးပွားရှာ . သတ်မှတ်ဧရိယာ မှာ ကြိုက်သလို မြှူဆွယ် ခွင့် ရှိ သွားတယ် တဲ့ . . . အဲ့ တော့ ဒါကို စိတ်မ၀င်စားတဲ့  သူတွေ အတွက်လဲ public ထဲ မှာ အနှောက်အယှက် ဖြစ်မနေတော့ ဘူး .
ဒါကို စိတ်ဝင်စား တဲ့ .. ၀ါသနာ ပါတဲ့ မိန်းခလေးပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် . မလုပ်ပါနဲ့ လို့ တားနေလို့ လဲ မရဘူး .
လူအမျိုးမျိုး . စိတ်ဝင်စားမှု အမျိုးမျိုး . ၀ါသနာအမျိုးမျိုး ရှိတယ်တဲ့ . အတင်းအကြပ်ကြီး ပိတ်ပင်လို့ မရဘူးတဲ့ .
ဒီတော့  . ဒါမျိုး ၀ါသနာတဲ့ သူတွေ အတွက် . . ၀ါသနာ မပါတဲ့ သူတွေ အနှောက်အယှက် မဖြစ်အောင်  သီးသန့် နေရာ သတ်မှတ်ပေးသင့်တယ် . ဆေးလိပ် သောက်သလို ပေါ့ .

သင်္ကြန်မှာ ကြွတတ်နေ တဲ့ မိန်းခလေးတွေ ၇ဲ့ ဗီဇ . ၀ါသနာ . စရိုက်ကို ချိုးနှိမ် ထားဖို့ မဖြစ်နိုင်ဘူး .
ယောက်ျားလေးတွေ လဲ ဒီအတိုင်းပဲ . ဆိုတော့ အဲ့ လို ၀ါသနာ ၇ှိတဲ့ သူတွေ အတွက် . အဲ့ လို သောက်စားပျော်ပါး ဖော်ချွတ် တာကို ခံစားခုံမင် လိုသူတွေ အတွက် အစိုးရ က သီးသန့် နေ၇ာ တရားဝင်ပေးထား ပေးသင့်တယ် . ၀ါသနာပါရင် ၊ ဒါကို ပျော်စရာလို့ ထင်ရင်
သတ်မှတ်နေရာမှာ သွားပျော်ကြ . ၀ါသနာ မပါတဲ့ သူတွေ ဆို မသွားနဲ့ .

နောက် . လိုင်စင်ရ ပြည့်တန်ဆာတန်း ရဲ့ အားသာချက်က  ရောဂါ ဘယ ကင်းတယ် . မိန်းခလေးတွေ တန်ရာ တန်ကြေး ရတယ် တဲ့ ။
တချို့ မိန်းခလေးတွေ က ၀ါသနာ အရ ၇ှိသလို တချို့ ကျတော့ စားဝတ်နေရေး ကြောင့်  မလုပ် မဖြစ်လို့ ကို လုပ်ရတာမျိုးတွေ ၇ှိနေတော့ 
ပရမ်းပတာ ဈေးကွက် ထဲ မှာ သူတို့ အတွက် တန်ရာ တန်ကျေး ရ ချင်မှ ရ နိုင်လိမ့် မယ် .
သနားစရာကောင်းတယ် . ဘ၀ ကြီး နဲ့ ခန္ဓာကိုယ်ကြီး နဲ့ ရင်းနှီး ထားပြီး မှ . . တန်ရာတန်ကြေး မှ မရဘူးဆိုရင် . .
သူတို့ အတွက် အရမ်း နစ်နာတယ် .
မြန်မာ နိုင်ငံမှာ တရားဝင် ဖြစ်မနေတော့  . နိုက်ကလပ် တွေမှာ . သိမ်ကြီးဈေးမှာ . ပန်းဆိုးတမ်းမှာ . အဝေးပြေးလမ်းမ တွေ ပေါ်မှာ .
ဈေးကွက် ရှာတဲ့ သူတွေ နဲ့ သာမန်မိန်းခလေးတွေ နဲ့ ရောနေရော . သာမာန် မိန်းခလေးတွေ အတွက် အနှောက်အယှက်ဖြစ်သလို .
ပြည့်တန်ဆာမလေး အတွက် လဲ ဈေးကွက် နစ်နာတဲ့ အပြင် . ဒီကိစ္စ ကို ဆန္ဒရှိတဲ့ ယောက်ျားတွေ အတွက်ရော ဆန္ဒ မရှိတဲ့ ယောက်ျားတွေ အတွက်ပါ .အဆင် ပြေ မှု မ၇ှိတော့ ဘူး .

အဲ့ ဒီတော့ တရားဝင် ပြည့် တန်ဆာတန်း ၇ှိသင့်တယ် လို့ ယူဆပါတယ် ။
အဲ့ လို မှ မဟုတ်ရင်တော့  သင်္ကြန် ဆိုတာ ကြီး မှာ  national heritage တွေ rape လုပ်ခံနေရ အုံးမှာပါပဲ . . .
 Facebook မှ

မြန်မာပြည်စင်တင်တေးဂီတဘီယာဆိုင်တချို့နှင့် ဒစ်စကိုကလပ်အချို့တွင် မော်ဒယ်လျောက်ရင်း ပြည့်တန့်ဆာအခကြေးငွေကို ခေါင်းပုံဖြတ်ခံနေရသည့်မြန်မာအမျိုးသမီးငယ်များ။




စင်တင်တေးဂီတရှိဘီယာဆိုင်များနှင့် ဒစ်စကိုကလပ်များသို့ အလှည့်ကျဖျော်ဖြေဖောက်သည်ရှာဖို့အတွက် ကိုယ်စားလှယ်များ(ခေါင်း) စီစဉ်ပေးသည့်ကားများဖြင့် သွားလာလှုပ်ရှားနေရသည့် မြန်မာအမျိုးသမီးငယ်တချို့ရဲ့ညဘဝ။




မဖော်လည်း လှပါတယ် မမတို့ရယ်


(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ)
ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှင်မိန်းကလေးများနှင့်တကွ သာမန်အပြင်မှမိန်းကလေးအများစုအချို့၏ လက်လန်ရလောက်အောင်ဝတ်စားဆင်ယင်မှု.အပေါ်တွင် အမျိုးမျိုးသော ထင်မြင်ချက်ပေးမှုများရှိခဲ့ပါသည်။ မတင့်တယ်သောကြောင့် ဆန့်ကျင်ဘက်ယောင်္ကျားလေးအချို့မှ မကြိုက်နှစ်သက်ကြောင်း ဝေဖန်မှု.များတွေ့ရသလို ကြည့်ကောင်းပါ၏ လို့မှတ်ချက်ပေးကြသူများလည်းရှိ၏။ ပုရိသများဘက်မှ အမြင်မတော်ပါဟု ပြောကြားသည်ကိုမြင်ရသည်မှာ အတော်လေးတော့ ၀မ်းသာရမည့်အကြောင်းတရားလေးလို့တော့
ယူဆသည်။ ယောင်္ကျားဆိုသည်မှာ မြင်ရင်ကြည့်မည်။ ကြညိ့သောသူမှာအပြစ်မရှိ ။ပြသောသူမှာသာ အရှက်ရရုံအပြင် ဘာအကျိုးမှမရှိ။ ယခုကဲ့သို့ အမြင်မတော်မှု.မျိုးကို ၀ိုင်းဝန်းဝေဖန်ခြင်းသည် မတရားသဖြင့် တစ်ဖက်သားကို ပြောဆိုနေခြင်းတော့ မဟုတ်ချေ။ မလုပ်သင့်၊မ၀တ်သင့်၊ မပြုသင့်သည်ကို လုပ်သောသူမှာသာလျှင် ဤအပြောအဆိုကို ခံရုံသာရှိသည်။ ယဉ်ကျေးမှုပျက်စီးနေသည်မှာ ယခုမှဖြစ်တာတော့မဟုတ်ပေ။ အတော်ကြာနေပေပြီ။ သို့သော် ဤအချိန်မှ သင်္ကြန်ရောက်မှသာ ၀တ်စားမှု.ဆိုးရွားခြင်းသည် ၀တ်ချင်နေသူများအတွက် အခွင့်ကောင်းဟုယူဆထားပုံရသည်။ ၀တ်ချင်သူများဝတ်သည်။ အမြင်မတော်လျှင် ပြောကြမည်။ ကြိုက်သူများကအားပေးမည်။ ဒါအားလုံးအတွက် ရနေသည့်အခွင့်အရေး။ သို့သော် ထိုပျက်စီးမှု.များကို ရှေးယခင်ကကဲ့သို့ ရှေ့ဆောင်လမ်းပြအနေဖြင့် လူသိများသော ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်များမှ ၀တ်ဆင်ပြသင့်သည်ဟု status တစ်ခုတွင် ဖတ်လိုက်ရပါသည်။ တစ်ခုတော့ရှိပါသည်။ သူများလုပ်တိုင်းလိုက်မလုပ်သူတွေများလှသလို ကောင်းတာကိုအတုမခိုး၊ မကောင်းတာမှလိုက်တုချင်တာက ခပ်များများရယ်ပါ။ တစ်တိုင်းပြည်လုံးနီးပါး ချစ်ခင်လေးစားရပါသော ဒေါ်အောင်ဆန်းစုကြည် မည်သို့ဝတ်ဆင်သနည်း။ လိုက်ဝတ်ကြပါသလား အားလုံးသောမိန်းကလေးများ ? .....ဒီနေရာမှာ သူ့နေရာနှင့်သူ ၀တ်တတ်ဖို့လည်းလိုပါသည်။ ထမီ၊လုံချည်မှာ နေရာတိုင်းအတွက်တော့ ယခုခေတ်တွင် ၀တ်ဆင်ရအဆင်မပြေပါ။ သွားလာရအဆင်မပြေဖြစ်ပါသည်။သို့သော် ထမီရင်လျား ပုံစံထက်တောင် မြင်ရအကျည်းတန်သည့် ၀တ်စားမှုသည် မည်သည့်ခေါင်းဆောင်ကောင်း ရှေ့ဆောင်လမ်းပြကောင်းများက လမ်းညွှန်ပြခဲ့၍ ၀တ်ဆင်နေကြပါသနည်း။ မည်သူမပြုမိမိမှုသာ။ ရှိသမျှမိန်းကလေးများကို သူတို့တွေဒီလိုဝတ်နေတယ် ။လိုက်ဝတ်ကြလို့ပြောကြည့်ပါ ။တစ်ယောက်မှနားထောင်မည်မဟုတ်။ ကိုယ်လုပ်ချင်ရာသာလုပ်ကြပေလိမ့်မည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပေကိုး။ ဒီလိုဝတ်ဆင်ခြင်းကို သဘာဝ ဟုထင်မြင်နေလျှင်တော့ ဒီထက်ပိုပျက်စီးကြရုံသာရှိမည်။ မသင့်တော်ဟု ၀ိုင်းဝန်းပြောဆိုနေကြချိန်တောင် ၀တ်နေကြလျှင် သဘာဝပါကွာ ရှေ့ဆောင်လမ်းပြ လုပ်ပြရမယ်၊ သူတို့တွေပြောင်းလဲဖို့ဟု ပြောနေသူတွေများလာလျှင်တော့ နောင်တစ်ချိန် ကျွန်မတို့ မျိုးဆက်များလက်ထက်တွင် သင်္ကြန်မှမဟုတ် ပုံမှန်အချိန်များတွင်တောင် ရေကူးဝတ်စုံနှင့် အပြင်ထွက်ကြပေတော့မည်။ တန်ဖိုးဆိုတာ စာအုပ်ထဲမှာပြန်ရှာ၊ အာပေါက်အောင်ရှင်းပြရင်တောင် လက်မခံတော့မယ့် သားသမီးများနှင့် နပန်းလုံးနေရပေတော့မည်။ ထို့ကြောင့် ရှေ့ဆောင်လမ်းပြတွေ၊ မော်ဒယ်လ်တွေကို အားကိုးနေလျှင်တော့ ဒီတစ်သက်လုံခြုံလာမည်မဟုတ်။ ရှက်စရာကိစ္စကို ပြုလုပ်သူများမှ အနည်းငယ်သာဖြစ်စေသိနိုင်ရန် ၀ိုင်းဝန်းပြောဆိုမှသာလျှင် တော်ပေလိမ့်မည်။ ဒီထဲကမှ ကြီုက်တယ် ဘာပြောပြောဝတ်တယ်ဆိုသူတွေလည်းရှိမည်သာ။ ၀တ်ကြပါစေပေါ့။ အနည်းဆုံးတော့ ကိုယ့်အစ်မ၊ညီမ၊ တူမ၊သားသမီးတွေဒီလိုမ၀တ်ရင်ပဲ ၊ ရှင်းပြလျှင်လက်ခံနိုင်ရင်ပဲ တော်ကာကျပါသေးသည်။အမြင်မတော်သည်ကို လက်မခံပဲ ပြောဆိုမှသာ လူနည်းစုကျန်ပေမည်။ အဓိကမှာဝတ်ပြသောမည်သည့်နိုင်ငံခြားမင်းသမီးများအပြစ်မဟုတ် ။ မစဉ်းစား မဆင်ခြင် အရှက်မဲ့သော ၀တ်ဆင်သူများအပြစ်သာဖြစ်သည်။ လူတိုင်းတွင် စဉ်းစားဆင်ခြင်နိုင်သော ဦးနှောက်တစ်လုံးစီပိုင်ဆိုင်ထားပါ၏။ ဤနေရာတွင်အသုံးချပါက အကျိုးရှိမည်သာဖြစ်သည်။ ပုရိသများဖြစ်ပါလျက် မသင့်တော်ဟုပြောသော မြင်သောသူများကိုလေးစားပါကြောင်း၊ ထိုသူများကြောင့်သာ ယဉ်ကျေးမှုပျက်စီးခြင်းဘေးမှ အနည်းငယ်သာဖြစ်စေ သက်သာရာရလိမ့်မည်ဖြစ်ပါကြောင်း မိန်းကလေးတစ်ချို့နှင့် လူမိုက်လုပ်ကာ ရေးသားလိုက်ရပါသည်။ ယောင်္ကျားတိုင်းသည် မိမိချစ်ခင်သော တန်ဖိုးထားသောမိန်းကလေးကို တန်ဖိုးရှိသလိုသာမြင်ချင်ကြသည်။ ဖော်မှကြိုက်တယ်ဟု အထင်မမှားစေလိုပါ။ မိမိ၏ အနေအထိုင်ကသာ မိမိတန်ဖိုးကိုပြပါသည်။ တန်ဖိုးမြင့်စေချင်ပါသည်။ ဆရာလုပ်တာမဟုတ်ပါ။ လုံခြုံပြီး လှပခေတ်မီ စတိုင်ကျရန် ၀တ်ဆင်၍ လူစိတ်ဝင်စားကာ မိမိချစ်သူ ချစ်ခင်မြတ်နိုးရန် နေထိုင်နိုင်ကြောင်း စေတနာဖြင့် ပြောပြလိုက်ပါသည်။
(status တင်ရန်သာရည်ရွယ်ရေးရာမှ ပြောချင်တာများပြီး နုတ်စ်ဖြစ်သွားပါတယ် ။ နားလည်ခံစားပေးနိုင်ရန်မျှော်လင့်မိပါတယ်..)
မေ၀င်းလဲ့ရီ

No comments: