Monday, April 2, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား

ဟင်္သာတ (ဗကသ)အဖွဲ့ဝင် ကျောင်းသား/သူ (၆)ဦးအား ပါမောက္ခချုပ် ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့မှ စုံစမ်းစစ်ဆေးနေခြင်းအပေါ် ဟင်္သာတခရိုင် (ဗကသ)မှ ကြေငြာချက်ထုတ်ပြန်


၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့(ဟင်္သာတခရိုင်) ဖွဲ့စည်းခြင်း အခမ်းအနား..
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ယခင်ဖွဲ့စည်းခဲ့တဲ့ မန္တလေးခရိုင်၊ မြင်းခြံ၊ မုံရွာ၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဒဂုံ၊ မအူပင်ခရိုင်များမှာ မည်သည့် ပြသနာမျှ ပေါ်ပေါက်ခဲ့ခြင်း မရှိပဲ ဟသာင်္တခရိုင်(ဗကသ)အဖွဲ့ဝင် ကျောင်းသား/သူ (၆)ဦးအား ပါမောက္ခချုပ် ဒေါက်တာမျိုးသိမ်းကြီးနှင့် အဖွဲ့မှ စုံစမ်း၊ စစ်ဆေးနေခြင်းအပေါ် ဟင်္သာတခရိုင် (ဗကသ)မှ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်.
 

ယနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက် ပြည်သူများရဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား...


ယနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် ဖဆပလရပ်ကွက်နေ ပြည်သူများမှ မင်္ဂလာတောင်ညွန့်မြို့နယ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မဖြူဖြူသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ် ဂုဏ်ပြု ခဲ့ကြပါတယ်..။

ရပ်ကွက်နေ ပြည်သူများမှ မဖြူဖြူသင်း ရွေးကောက်ပွဲ အောင်နိုင်ပွဲ အထိမ်းအမှတ် လာရောက်သူများအား စတုဒီတာကျွေးမွေး ဧည့်ခံခဲ့ကြပါတယ်..။
ဓာတ်ပုံ... ဒီမိုကောင်းကင်၊ ဒီမိုဝေယံ
»

ယနေ့ ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ 


ယနေ့ မနက်(၁၁)နာရီက ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ထောင်ချီတဲ့ ပြည်သူလူထုအား ကျေးဇူးတင် အမှာစကားနဲ့ အတူ တခြားအဖွဲ့အစည်းတွေ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူ အပြောအဆိုကို မလုပ်ကိုင်ကြဖို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်..။
ဓာတ်ပုံ AP,Getty Images,Reuters
 
 
ဒီမိုဝေယံကို ပေးပို့လာတဲ့ ဒီနေ့ရဲ့ အကြိုက်ဆုံးပုံ... စစ်ကိုင်းက မင်းလမ်းရပ်ကွက်.. အမေစု ၁၃၄၀ ကြံ့၁၀၂ သနားတယ်ဟေ့တဲ့ ရဲရဲနီတဲ့ မင်းလမ်းကို ခွပ်ဒေါင်းလမ်းလို့ ပြောင်းမယ်..။
 

ယနေ့ညနေ အဖွဲ့ချုပ်ရုံးရှေ့ အောင်ပွဲခံနေတဲ့ ခွပ်ဒေါင်းမြင်ကွင်းများ...


ဓာတ်ပုံ Reuters,AP

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ယနေ့ထုတ်ပြန်ကြေငြာတဲ့ ဆန္ဒမဲလက်မှတ် ဖျက်ဆီးခြင်းကိစ္စ...


 
 
 
 

No comments: