Tuesday, April 3, 2012

ရဲရဲတောက်ခင်ရွှေလှိုင်သို့ .....(ညီညီ)


မခင်ရွှေလှိုင်ရေးထားတာတွေကအမှားနဲ.အမှန်ရောရေးထားတာပါ။ဥက္ကဌ ဖမ်းထားတာကိုနောက်မှ သိရတာပါဆိုတာကိုငြင်းပါတယ်။ကိုထွန်းအောင်ကျော်နဲ.အတူတူ ကျနော်ရောအတူတူအဖမ်းခံခဲ့ရပြီး အဲဒီနေ.ညနေမှာပဲဗိုယ်မှုးပန်းးအောင်ကလာခေါ်သွားပြီး ကျနော်ကို KIA စခန်းရုံးကဧည့်ဆောင်မှထား ပါတယ်။အဲဒီမှာခင်ဗျားနဲ.အတူတူဆေးသင်တန်းတက်ခဲံ့တဲ့သူတွေ(အဆောင်ချင်းကလဲတအားနီး တော့) လာလာလည်ကြတာနေ.စဉ်ပါပဲ။ ၁၅ ယောက်အခုတ်ခံခဲ့ရတဲ့ ကသာက အေးမြင့်(ဆေးသင် တန်းပြီး မှထောက်လှမ်းရေးကကျော်ထင်ဦးနဲ.စကားများထိုးကြိတ်ကြပြီး ထောက်လှမ်းရေးအဖွဲ.ကိုဆဲ တဲ့အမှု နဲ.သေဒဏ်ထဲအထည့်ခံရသူ)ဆိုရင်မနက်တခါ၊ နေ.လည်တခါ ၊ညတခါ လာလာနေတာ ပြန်တယ် လို. ကိုမရှိပါဘူး။နောက်တခါ ၁၅ ယောက်ခုတ်တဲ့အချိန်မှာ မခင်ရွှေလှိုင်ပြောတာနဲ.ကျော်ခိုင် ဝင်းပြောတာတွေ ကနဲနဲကွဲလွဲနေတယ်။ကျော်ခိုင်ဝင်းရဲ.အဆိုအရဆိုရင် မခင်ရွှေလှိုင်ဟာအင်မတန်နီရဲ မာကျောပြီး၊ကိုယ် တိုင်ရေးတဲ့အထဲမှာတော့ နဲနဲပြော့သွား၊သဘောကောင်းသွား၊ဆင်ခြင်တုံတရားပြည့် စုံသွား၊သဘောထား နဲနဲပိုကြီးသွားသလိုပဲ၊ ရပါတယ်၊ရာဇဝတ်မှုတွေမှာက သူကနဲနဲဖော် ကိုယ်ကနဲနဲ ဖော် အချိန်တန်ရင် အားလုံး (ကျန်နေတဲ့သူတွေရော)ပေါ်သွားမှာပါ။ဥက္ကဌ ထွန်းအောင်ကျော်နဲ. ပက်သက်လို. သူအယုံလွန်လို.ပဲဖြစ်ဖြစ်။ အ လို.ပဲဖြစ်ဖြစ် တာဝန်မကင်းခဲ့ဘူးဆိုတာကို ကျနော်ရဲ. အစောပိုင်း SMAR ညီညီနာမည်နဲ.ရေးတဲ့ အင်္ဂလိပ် လိုနဲ.ရော ဗမာလိုရောရေးထားပြီးသားပါ။နောက် ထပ်ခင်ဗျားသိတာတွေကိုဆက်ရေးပါအုံး၊အခုမန္တလေးက လုပ်နေတဲ့သူတွေကပုဂ္ဂိုလ်စွဲမရှိပါဘူး၊အမှား နဲ.အမှန်ပဲရှိတာပါ။အမှုမှန်ပေါ်ဖို.ပဲလုပ်နေကြတာ ပါ။ကျနော် တို.ထဲမှာရောပါနေတဲ့၊ကိုယ်ရောင်ဖျောက် နေတဲ၊ဘက်ကူး လာသလိုလို လုပ်နေတဲ့တွေကိုခင်ဗျားဖော်ပေးပါ။
ခင်ဗျားတို.နဲ.အမှုတွဲပေးပါ.မယ်။ နောက်တခါစကားတွေကိုအကျအနကောက်ပြီးထောက်လှမ်းရေးဖြစ်ကြောင်းဝန်ခံတဲ့စကားတွေလို. ကောက်ချက်ချတာနဲ.ပက်သက်ပြီး သင်းသင်းညီ အဖမ်းခံပြီးအတွင်းကိုဝင်ပြီးထောက်လှမ်းတာကို သူကိုယ်တိုင်ဝန်ခံထားပါတယ်။ ကြောင် က CS ကို ဘာလို.အဆိပ်မခပ်တာလဲဆိုတော့ “ချစ်လို.”ဖြေ တာဘာဖြစ်လဲ၊သူဝန်မခံရင်သေမယ်၊ငြင်း ရင်သေ မယ်။ ဒီတော့သူ.လွတ်ရာလွတ်ကြောင်းအကောင်းဆုံးဖြေသွားတာပဲ၊ခင်ဗျားရေးထားတဲ့အထဲ ထွန်းအောင်   ကျော်နဲ.ညီညီကျော် တာဝန်မကင်းကြောင်းရေးခဲ့ တယ်။တကယ့်တရားခံတွေကိုကျတော့မေ့နေ တယ်။နောက်ပြီးကိုယ့်ဘာသာကိုယ်အဆိပ်ခပ်ခံခဲ့ရသလားဆိုတာသံသယရှိတယ်ဆိုတော့အဆိပ်ခပ်တဲ့သူ ကိုဘယ်သူလို.ထင်ထားလို.လဲ?အဖမ်းခံနေရပြီး သီးခြားအချုပ်ခံနေရတဲ့သူတွေတော့မဖြစ်နိုင်ဘူး။ဆေး ဆရာမတွေဆိုရင်ကော?ဆေးကုရင်းတခါထဲ ရှင်းပစ်လို.ရတာပဲ၊အဲဒီတော့ခင်ဗျားနဲ.ဆက်နေတဲ့ခင်ဗျားရဲ. အနကလဥက္ကဌ အောင်နိုင်ရောမဖြစ်နိုင်ဘူးလား?နောက်ထောက်လှမ်းရေး(၁)ကဗိုလ်မှုးထွန်း အောင်ကျော် (မကဒတ ရောက်ချိန်မှာ အသက် ၂၉နှစ်)နောက်ထောက်လှမ်းရေး(၁)ကပဲ ညီအကိုတဝမ်းကွဲတော်တဲ့ ဗိုလ်မှုးမောင်မောင်ချို ရောမဖြစ်နိုင်ဘူးလား? ခင်ရွှေလှိုင်ရေ ဈေးချိုအလယ်ပေါက်မှာတို.များ strike လုပ်
တုန်းက ထောက်လှမ်းရေး(၁) က ဗိုလ်ကြီး မြင့်ဦး ကို ယောက္ခမ လို.ခေါ်လို.ဆိုပြီး ခင်ရွှေလှိုင်တို. ၂ ယောက် ကို မာဇဒါ ဂျစ်ရဲ.နောက်ခန်းထဲမှာတင်ခေါ်သွားတာ အခြားသူတွေအဖမ်းခံရပြီး ဗိုလ်ကြီးမြင့်ဦးရဲ.ကားပေါ်ပါ သွားတဲ့ခင်ဗျားတို.၂ ယောက်ပြန်လွတ်လာတာကိုလဲအခြားသူတွေကိုကောက်ချက်ပေးသလိုမျိုးကောက် ချက်ချပေးစမ်းပါ။အဲဒီတုန်းက ထောက်လှမ်းရေးအကြီးအကဲကို ဗိုလ်ကြီးအဆင့်ပဲထားတယ်ဆိုတာကို ခင်ဗျားတကယ်မသိခဲ့တာလား? ဒါမှမဟုတ် အဲဒီတုန်းကထောက်လှမ်းရေးရုံးထဲမှာ ဗိုလ်မှုးထွန်းအောင်   ကျော်နဲ. ဗိုလ်မှုးမောင်မောင်ချိုရောထိုင်နေတာတွေ.ခဲ့ပါတယ်လို.များပြောအုံးမလို.လား? ခင်ရွှေလှိုင်ရေ ကာကွယ်တဲ့နေရာမယ်တဖက်သက်ကြီးဆိုရင်တော့ ကိုယ်ပါရောနှစ်သွားမယ်။မင်းတို. ထဲမှာလည်းတာဝန် မကင်းသူတွေပါတာပဲဆိုရင်လဲဖော်ပေးပါ။ကြိုဆိုပါတယ်။တရားခံတယောက်မှမ လွတ်ဖို.အတွက်ဆုံးဖြတ် ချက်ချထားပါတယ်။
ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း)
၃-၄-၂၀၁၂

No comments: