Monday, April 9, 2012

ဦးခင်ညွှန့် ဘုန်းကြီးဝတ် ၊ မပျော် ၃ နှစ် ၊ ပျော်ရင် တသက်ဝတ်မည်ဟုဆို



ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်တွင် ၂၀၀၃၊မေလကဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံမှုကို စစ်အစိုးရကျောထောက်နောက်ခံပြုအဖွဲ့မှအကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကို ထောက်လှမ်းရေးမှကယ်တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန်မှ ပြောကြားခဲ့ပြီးနောက် မြန်မာ့စစ်အရာရှိများအကြားတွင် ပြသနာများကြီးထွားနေကြောင်းသတင်းရရှိသည်။ ထိုသို့ဒီပဲရင်းအကြောင်းကိုမီဒီယာသို့ပြောကြားပြီးနောက်ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်သွားကြောင်းသတင်းရရှိသည်။ သာသနာဘောင်သို့  ၀င်ရောက်မှု နှင့်ပတ်သက်ပြီး 
မပျော်လျှင် ၃ နှစ် ၊ ပျော်လျင် တသက် ၀င်တော့မည်ဖြစ်ကြောင်း သိရပါတယ်။  ပြည်သူအများစုကတော့ တသက်လုံး ၀တ်စေချင်ကြောင်းသိရပါတယ်။ 
ကိုယ်ပြောတဲ့စ ကားရဲ့ အဓိပ္ပါယ်သက်ရောက်မှု့ အတိုင်းအတာကို သိလို့ ၊ ကိုယ်ရန်ကိုယ်ရှာင်နှိင်ဖို့ လား၊ ဒါမှမဟုတ် တာဝန်ယူဖြေရှင်းရရင်၊ တနွယ်ငှင်၊ တစင်ပါဖြစ်မှာမို့ လား ဆိုတာတော့ကာယကံရှင်ကိုယ်တိုင်ဘဲ့သိနိုင်ပါလိမ့်မယ်။
မြန်မာ့နိုင်ငံရေးလောက ဇတ်ခုံပေါ်မှာတော့ သူ့ လိုလူမျိုးအတွက်နေရာမရှိသင့်တော့ပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကိုသူကယ်တင်လိုက်ပါတယ်ဆိုတဲ့ပြောဆိုချက်ကို၊ အဘဦးတင်ဦးကိုမေးမြန်းခန်းကိုနားဆင်ပြီးဆင်ခြင်နိုင်ပါတယ်။
အောင်မိုး (ကနေဒါ)

No comments: