Friday, April 6, 2012
သတင်း,
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကျ
Posted: 06 Apr 2012 07:32 AM PDT
မန္တလေးမြို့တော်တွင် ယနေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများ နှစ်ကြိမ်
 ကျခဲ့ကြောင်း မန္တလေး ဒေသခံများထံမှ သိရသည်။
ညနေ ၃ နာရီခန့်မှ စတင်ကာ မိုးရွာသွန်းခဲ့ပြီး ၃ နာရီ မိနစ် ၂၀ တွင် အသေးစား ကျောက်ခဲအရွယ် မိုးသီးများ
 ကျခဲ့ကာ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ထပ်မံ၍ မိုးသီးများ ကျခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းမှု ရပ်
တန့် ခဲ့ကြောင်း၊ မိုးသီးကျချိန်တွင် လမ်းမများပေါ်တွင် လူသူနည်းပါးနေချိန် ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူ 
မရှိကြောင်း ၎င်းတို့က ပြောကြားသည်။
  The Voice Weekly
------------------------------------------------
မန္တလေး ဧပြီ ၆
ယနေ့ညနေပိုင်းတွင် ကျရောက်ခဲ့သော မိုးသက်လေပြင်းများကြောင့် ၂၆လမ်း။၆၆နှင့်၆၇ လမ်းကြား
 ဆီဒိုးနား ဟိုတယ် ရှေ့ ကျုံးဘေးရှိ သက်တမ်းရင့် ပေပင်ကြီးသည် ဆောက်လုပ်ဆဲ သင်္ကြန်မဏ္ဍ့ပ် ပေါ် 
လဲကျခဲ့ရာ မဏ္ဍ့ပ် မှာတစ်ခြမ်းခန့်ပျက်စီးသွားပြီး လမ်းပိတ်ဆို့သွားသဖြင့် စည်ပင်ဝန်ထမ်းများက ချက်
ချင်းလာရောက်ရှင်းလင်းခဲ့ရပါသည်။ ထိုသို့ဖြစ်ပွား ရာတွင် ထိခိုက်ဒဏ်ရာရရှိ မှု တစ်စုံတစ်ရာမရှိကြောင်း
သိရှိရသည်။
CJMyanmar
photo credit: John Major
မဲပြားပေါ်တွင် ဖယောင်းသုတ်ခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးမည်
Posted: 06 Apr 2012 07:24 AM PDT
ရန်ကုန်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အချို့၌
 ဖြစ်ပွားခဲ့သည့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ
 ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်း
များ ထံမှ သိရသည်။
ဆန္ဒမဲ လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့် နေရာများတွင် ဖယောင်း
များ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် 
အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန် 
 ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့ ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ်
 ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားလှယ်လောင်း
 တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်းကုန်းမြို့နယ်နှင့် 
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော်
 ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ ဟုတ်မှန်ခြင်း ရှိပါက 
မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် 
ဖွင့်ဖောက် စစ်ဆေးသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။
အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ်
 ကော်မရှင်ရုံးများသို့ ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေးပါရန်
 နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ 
ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
 The Voice Weekly
ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်
Posted: 06 Apr 2012 06:56 AM PDT
ရန်ကုန်မြို့နေပြည်သူများအတွက် သုံးရက်လျှင် ၁ ရက် ၂၄ နာရီ မီးအပြည့်ရမည်ဖြစ်ပြီး ကျန် ၂ ရက်တွင်
 ၁၈ နာရီစီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားတော့မည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဥက္ကဋ္ဌဦးအောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်
တို့ကပြောသည်။
သို့သော် နေ့စဉ် ၂၄ နာရီမီးပေးဝေနိုင်ရန်မှာမူ လတ်တလောမဖြစ်နိုင်သေးကြောင်း တာဝန်ရှိသူများက
ဆက်လက်ပြောသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စ စ်မီး
တိုး၍ဖြန့်ဖြူးနိုင်ရန်အတွက် နယ်အချို့၌ လျှပ်စစ်ပေးဝေမှုကို လျော့ချမည်ဖြစ်ပြီး စက်မှုဇုန်များသို့ ညပိုင်း
လျှပ်စစ်မီးပေးဝေမှု ရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။ ထိုသို့ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးတိုးချဲ
့ပေးရန် စီစဉ်ခြင်းမှာ မြို့ခံလူထုအဆင်ပြေရန်ဖြစ်ပြီး၊ အွန်လိုင်းစာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း
 ပျံ့နှံ့နေသော ၂၄ နာရီမီးရရှိရေး လှုံ့ဆော်မှုအစီအစဉ်စတင်မည်ဆိုသော သတင်းများနှင့် မသက်
ဆိုင်ကြောင်း အထက်ပါတာဝန်ရှိသူများက ဆိုသည်။
ထို့အပြင် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အားတိုး၍ ဖြန့်ဖြူးနိုင်ရန် ရွှေလီရေအားလျှပ်စစ်စီမံကိန်းတွင် 
စက် ၂ လုံးထပ်မံတပ်ဆင် လည်ပတ်ပြီး မဂ္ဂါဝပ် ၁၂၀ ထပ်မံထုတ်လုပ်နိုင်ရန် စီစဉ်သွားမည်ဟုလည်းဆိုသည်။
သုံးရက်လျှင် တစ်ရက် ၂၄ နာရီနှင့် ၂ ရက် ၁၈ နာရီစီပေးဝေမှုမှာ ယနေ့ညနေမှ စတင်မည်ဖြစ်သည်။ 
ထိုသို့ပေးဝေသောအခါ အုပ်စုသုံးအုပ်စုကို ထိုမီးပေးသည့်အချိန်တိုင်း အလှည့်ကျပေးဝေသွားမည်ဖြစ်သည်။
ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ အများဆုံးအချိန်တွင် ၆၂၂ မဂ္ဂါဝပ်၊ အနည်းဆုံးအချိန်တွင်
 ၃၀၂.၉ မဂ္ဂါဝပ်ရှိပြီး ပျမ်းမျှ ၄၈၅ မဂ္ဂါဝပ်ကျော်ရှိသည်။
 7Day News Journal
မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု 
လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား
Posted: 06 Apr 2012 06:51 AM PDT
ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)
ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့် သတင်းများ
 ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင်
 ရပ်နားထားမည်ဖြစ်သည်ဟု ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ 
သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန၏
 ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
Yangon Press International 
ဇဗ္ဗူသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းထံသို့ပေးစာ
Posted: 06 Apr 2012 05:51 AM PDT
ကျွန်တော်တို့တစ်တွေဟာဝန်ကြီးဌာနအသီးသီးကအဆင့်ပေါင်းစုံဝန်ထမ်း
များဖြစ်ကြပြီး၊လွတ်လပ်မှု၊တရားမျှတမှု၊သာတူညီမျှမှု စတဲ့ဒီမိုကရေစီ
ကိုမြတ်နိုးသူများဖြစ်ကြသလို၊အမေစုကိုတန်ဘိုးထားချစ်ကြည်အားကိုးကြ
သည့်အတွက် NLD ကိုယုံကြည်စွာဖြင့်တစ်ခဲနက်အားပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည်။
အမေစုချမှတ်ထားသည့်မူဝါဒအတိုင်းလွှတ်တော်အတွင်းအားကြိုးမာန်တက်ဆောင်
ရွက်လိမ့်မည်ဟုမျှော်လင့်ပါသည်။ မဲအရှုံးအနိုင်ကြေညာသည့်နေ့ကလေလှိုင်း တွင်ကြားလိုက်ရသည်
မှာမြေကိစ္စကိုပထမဦးဆုံးကိုင်တွယ်မည်ဟုပြောကြား သွားပါသည်။ ဝန်ထမ်းရေးရာကိစ္စများပြောကြားသည်
ကိုမကြားရပါ။ကျွန်တော်တို့ဝန်ထမ်းများအပြောင်း အလဲကိုလိုချင်ကြပါသည်။ဝန်ကြီးဌာနများအတွင်းမတရား
မှုများပပျောက်စေချင်ပါသည်။
ဥပမာ-နှစ်သီးစားကိစ္စများ၊ရာထူးတိုးမြှင့်ရေးနှင့်ဝန်ထမ်းရေးရာမတရားမှုများ၊လာဘ်ပေး
လာဘ်ယူအဂတိလိုက်စားမှုများ၊နီးစပ်ရာသားသမီးများတပည့်များနှင့်နီးစပ်ရာစားတော်
 ခေါ်မှုများဖြစ်ပါသည်။
လက်ရှိအစိုးရတစ်နှစ်ပြည့်မြောက်သွားသော်လည်းပပျောက်သွားခြင်းမရှိပါ။လွှတ်တော်
ဥက္ကဌကြီးကိုယ်တိုင်မေတ္တာရပ်ခံသော်လည်းလိုက်နာခြင်းမရှိပါ။ယခုထက်တိုင်ပို၍ပို၍
သာဆိုးလာပါသည်။
လွှတ်တော်သည်အစိုးရကိုထိန်းကျောင်းရန်ခက်ခဲနေသည်ကိုတွေ့
မြင်နေရသည့်အတွက်အမေစုနှင့်NLD လွှတ်တော်ထဲသို့မြန်မြန်ရောက်ပြီးကြိုးစားပေး
မှသာအပြောင်းအလဲတွေပေါ်ပေါက်လာမည်ဟုယုံကြည်သည့်အတွက် လုံခြုံရေးလက်
နက်ကိုင်ဝန်ထမ်း၊အထူးအခွင့်အရေးရဝန်ထမ်းမှအပ ကျန်ဝန်ထမ်းများ(မိသားစုဖြင့်နေ
သူများ၊အဆောင်နေသူများ)အားလုံးအကြောက်တရားမရှိတက်ညီလက်ညီဖြင့်ရင်ထဲက
အမှန်ဆန္ဒကိုဖေါ်ထုတ်ပြီးဒေါ်စန္ဒာမင်းကိုရွေးချယ်မဲပေးခဲ့ကြပါသည်။
သို့ပါ၍ဒေါ်စန္ဒာမင်းအနေဖြင့်အခြားကိစ္စရပ်များစတင်ကိုင်တွယ်ရန်အခက်အခဲရှိနေ
ရင်တောင်မှဝန်ကြီးဌာနများအတွင်းကမတရားမှုများကိုဦးစွာကိုင်တွယ်ဆောင်
ရွက်ပေးနိုင်ပါရန်မေတ္တာရပ်ခံပါသည်။
(ဒေါ်စန္ဒာမင်းဧ။်CONTACTS များတရားဝင်ကြေညာပေးပါရန်။နေပြည်တော်နယ်နမိတ်
အတွင်းလိုအပ်သည်များဝိုင်းဝန်းကူညီပါမည်။)
နေပြည်တော်ဝန်ထမ်းများကွန်ယက်၊Anti-Corruption Group(ACG)ကွန်ယက်၊
လျှပ်စစ်(၁)ကွန်ယက်၊လည်/ဆည်ကွန်ယက်၊စက်မှုကွန်ယက်၊သပြေကွန်ယက်၊
သီရိ(၁-၉)ကွန်ယက်
Myanmar News Now
နေပြည်တော်သို့ စေလွှတ်လိုက်တဲ့ သူရဲကောင်းလေးဦး
ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံး ကြားဖြတ်ရွေးကောက်ပွဲ မဲရုံစစ်ဆေးရေး လုပ်ငန်းများတွင် ပါဝင်ကူညီခဲ့
Posted: 06 Apr 2012 05:25 AM PDT
မပွင့်ဖြူပြုံး
ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း လေးခွဖြင့် ချောင်းမြောင်း ပစ်ခတ်မှုကြောင့် 
ဒဏ်ရာရရှိခဲ့သည့် မပွင့်ဖြူပြုံးသည် ဧပြီ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ 
မဲရုံစစ်ဆေးရေး လုပ်ငန်းများ တွင် ပါဝင်ကူညီ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ''၂၈ ရက်နေ့ ကစပြီး ပြန် 
လှုပ်ရှားခဲ့တယ်။ ၂၉ မှာ မျက်လုံး ထဲက သွေးကျလာလို့ တစ်ရက် နားခဲ့တယ်။ နောက်ပိုင်း နေ့တိုင်း 
လှုပ်ရှားခဲ့တယ်။ မဲရုံကိုယ်စား လှယ်လည်း လုပ်ခဲ့သလို မဲရုံ စစ်ဆေးတဲ့နေရာမှာလည်း လုပ်ခဲ့ တယ်''ဟု
၎င်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက် ည ၇နာရီ ဝန်းကျင်ခန့်က နေပြည် တော် ကောင်စီ ဥတ္တရသီရိမြို့
နယ်အတွင်း NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူနှင့် စည်းရုံးရေးအဖွဲ့အား လေးခွဖြင့် ချောင်းမြောင်း 
ပစ်ခတ်ခံခဲ့ ရစဉ်က ဦးခေါင်းကို ထိမှန်ခဲ့ပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆေးရုံတွင် လေး ရက်ကြာဆေးကု
သမှု ခံယူခဲ့ရသည်။ ''အခု မျက်လုံးက သွေးနည်း နည်းကျ တာကလွဲရင် အရင်လို မူးတာတို့၊ အန်တာတို့ 
ဘာမှမရှိတော့ ပါဘူး။ အရင် ကထက် အများကြီး ပိုသက်သာ လာပါပြီ''ဟု မပွင့်ဖြူပြုံး က ၄င်း၏ ကျန်းမာရေး 
အခြေအနေအား ပေါ်ပြူလာနယူးစ်မှ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။ ဆရာဝန်ထံ တစ်ပတ်တစ်ခါ
 ပြသနေရဆဲပင်ဖြစ်ပြီး ကုန်ကျ သည့်ဆေးကုသစရိတ်အား NLD ပါတီမှတာဝန် ယူဖြေရှင်း ပေးကြောင်း၊ 
ပျဉ်းမနားဒေသခံ ပါတီဝင်များက အနီးကပ်စောင့်ရှောက်ပေး ထား ကြောင်း သိရသည်။ ''သူကတော့ ဧပြီ
 ၁ ရက် ထိအောင်နိုင်ရေးကို မမှိတ်မသုန် လုပ်နေတာပါပဲ''ဟု ဥတ္တရသီရိ မြို့နယ်ကိုယ်စား လှယ်လောင်း
 ဦးမင်းသူက ပေါ်ပြူလာနယူးစ်သို့ ဧပြီ ၂ ရက်က ပြောသည်။
By: Popular Myanmar News Journal
ဘ၀တူဆရာမလေးများထံသို့
Posted: 06 Apr 2012 04:46 AM PDT
 ကျွန်မတနေ့ကျောင်းကအပြန်ကားပေါ်မှာကျောင်းသားမိဘလို.
ထင်ရတဲ့မိန်းမနှစ်ယောက်ရဲ့စကားသံကြားခဲ့
ရပါတယ်။
ထုံးစံအတိုင်းဆရာမတွေစာ
မသင်တဲ့အကြောင်း၊ကျူရှင်ပဲသင်
တဲ
့အကြောင်းစုံလို့ပါဘဲ။ယူနီဖောင်းဝတ်ထားတဲ့ကျွန်မကိုပင်
အားမနာ၊ကျွန်
မကိုတွေလို့ဘဲပိုပြောနေလားပင်မသိပါ။ ကားပေါ်ကလူတွေရဲ့မျက်လုံးကလည်းကျွန်မဆီ
ကိုဦးတည်နေ
ပါတယ်။
ကျွန်မရဲ့ခံစားချက်ကိုဘ၀တူဆရာမတွေနားလည် ပါတယ်။ အခိုးအငွေ့ပျံပြီးပျောက်လို့ရရင် 
နေရာမှာတင်ဖျောက်လိုက်
ချင်ပါတယ်
တကယ်တော့လည်းထိုမိန်းမကြီးတွေေ
ပြာတာတစ်ခုမှ
မမှားပါ။ဘယ်သူမပြု
မိမိမှုဆိုသလိုပါဘဲ။ကိုယ်လုပ်လို့ကိုယ်ခံရတယ်ဆိုရအောင်လည်းကျွန်မတို့လို
တိုးချဲ့မြိုနယ်ကဆရာမတွေမှာကျူရှင်ဆိုတာမရှိတဲ့
အပြင်လစာပင်မလောက်လို့အိမ်ကပြန်တောင်းနေရတဲ့ဘ၀ပါ။
ကျွန်မတို့ဆရာ
မအချင်းချင်းဆိုရင်သိပါတယ်။အမှန်အတိုင်းပြောရရင်ဆိုးဝါးလှတဲ့ပညာရေးစနစ်အောက်
မှာဆရာမတွေအထူးသဖြင့်ဆရာမအငယ်တွေကအလူးအလဲ
ခံေ
နရတာပါ။
ပညာရေးဝန်ကြီးကစလို့ညွှန်မှူးများ၊ဦးစီးများအပါအ၀င်မြန်မာပြည်ပညာရေး
ကိုအောက်ဆုံးထိရောက်အောင်
ဆွဲချပြီးနောက်ဆုံးအပြစ်ပြောခံရတော့ဆရာမတွေဖြစ်နေပါတယ်။
တကယ်လဲကျင့်ဝတ်နဲ့မညီတဲ့ဆရာမတွေ
အမျာြး
ကီးရှိနေပါတယ်။
ကျွန်မအဓိကပြောချင်တာကတော့လူငယ်ဆရာမတွေကိုပါ။တနေ့နေ့တချိန်ချိန်
ကျွန်မတို့ကိုယ်တိုင်ခေါင်းေ
ဆာင်နေရာမှာတာဝန်ထမ်းဆောင်ရရင်ဖြစ်ဖြစ်၊
လက်ရှိတာဝန်ထမ်းဆောင်
ရတဲ့နေရာမှာပဲဖြစ်ဖြစ်ရိုးသားစွာတာဝန်ထမ်းဆောင်
ကြဖို့တိုက်တွန်
းလိုပါတယ်။
ကျွန်မတို့ကိုယ်တိုင်
စေတနာအမှန်နဲ့ကြိုးစားကြမယ်ဆိုရင်အတိတ်တချိန်က
ဆရာမတွေကိုလေးစာ
းခဲ့ရတဲ့အချိန်တွေကိုပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
ကျွန်မတို့လူ
ငယ်ဆရာမများကလည်းရှေ့ကဆရာမများ(ကျင့်ဝတ်နဲ့မညီသောဆရာမအချို့)
လိ
ုဘဲရေလိုက်ငါးလိုက်ပဲဆက်လုပ်နေမယ်ဆိုရင်အနာဂတ်မြန်မာ့ပညာရေးမတွေးဝံ့စရာပင်။
ပညာရေးကသာတိုင်းပြည်ရဲ့အနာဂတ်ကိုဖော်ဆောင်နိုင်မှာပါ။
ကျွန်မတို့အားလုံးတိုင်ြး
ပည်ကိုချစ်မြတ်နိုးကြသူတွေချည်းဖြစ်ပါတယ်။တိုင်းပြည်ကို
တကယ်ချစ်ရင်ပညာရေးဌာနကလူငယ်တွေတင်မကဘဲအခြားသောဌာနဆိုင်ရာမှလူငယ်များ၊တပ်မတော်
သားများအပါအ၀င်ကျောင်းသားလူငယ်များပါအစွမ်း
ကု
န်ပြုပြင်ပြောင်းလဲပေးစေလိုပါတယ်။လမ်းပေါ်မှာအမှိုက်ပစ်တာကအစလူငယ်တွေ
အားလုံးပြုပြင်ရပါမယ်။
      မကြာမီအချိန်မှာကျွန်မတို့နိုင်ငံရဲ့အနာဂတ်အာရုဏ်ဦးရောက်လာတော့မှာဖြစ်
ပါတယ်။ကျွန်မတို့ရဲ့ခေါ
င်းဆောင်အမေစုကိုယ်တိုင်ပညာရေးကိုအဓိကထားပြီးပြုပြင်ပေးပါ့မယ်လို့ပြော
ခဲ့ပါတယ်။တံခါးဖွင့်ပေးတဲ့လူကဖွင့်ပေးနေပါပြီ။ကျွန်မတို့ကိုယ်တိုင်
အခန်းထဲဝင်ဖို့ပဲကျန်ပါတော့တယ်။ကျွန်မတို့အားလုံးလက်တွဲပြီးကြိုးစားကြရပါမယ်။
      ဒီဆောင်းပါးလေးကိုဖတ်မိတဲ့သူများရှိခဲ့ရင်တဆင့်စကားနဲတဆင့်ပြောပေးစေလိုပါတယ်။ဆရာမ
အငယ်တွေရဲ့ရှေ့မှာအထက်ကဖော်ပြခဲ့သောအပြုအမူ
မျိုးကိုရှောင်ရှားပေးဖို့အလေး
အနက်ထားပြီးတောင်းဆိုပါတယ်။တကယ်လို့အတန်း
ပိုင်ဆရာမကိုမကြေနပ်တာရှိရင်သက်ဆိုင်ရာကျော
င်းအုပ်(သို့)ပညာရေးမှူးများနဲ့တွေ့ဆုံဆွေးနွေးပေးစေ
လိုပါတယ်။
အဘယ်ကြောင့်ဆိုသော်ကားပေါ်မှာအော
်ဟစ်ပြော
ဆိုနေရုံဖြင့်ကောင်းကျိ
ုးအနေဖြင့်ဘာမျှမရနိုင်ပါ။ကာယကံရှင်ဆရာမမှာအရှက်ရပြီး
ပညာရေးလောကကိုလုံးဝကျောခိုင်းသွားနိုင်ပါတယ်။အသင်ပြကောင်းတဲ့ဆရာမဖြစ်ခဲ့
ရင်တိုင်းပြည်အတွက်
အများကြီးနစ်နာနိုင်ပါတယ်။
တစ်နှ
စ်ကိုထိုဆရာမကကျောင်း
သား(၅၀)ဦး
စာသင်ပေးနိုင်ရင်(၁၀)နှစ်ဆိုရင်ကျောင်းသား(၅၀၀)ဦးလောက်နစ်နာမှုတွေ ရှိနိုင်ပါတယ်။
ဒါကြောင့်ဒီလိုအပြုအမူမျိုးကိုရှောင်ရှားစေလိုပါတယ်။
       နောက်ဆုံးအနေဖြင့်ပြောချင်တာကတော့ကျွန်မတို့ဆရာမလေးများပညာရေးဌာနရဲ့ယူနီဖောင်းဧ။်
ဂုဏ်အမြင့်ဆုံးသို့ပြန်လည်ရောက်ရှိအောင်ဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့တိုက်တွန်းလိုပါတယ်။
သော်တာ
Myanmar News Now 
မန်းနွေခေါင်ခေါင် မိုးသီးများ ကြွေ
Posted: 06 Apr 2012 04:10 AM PDT
ဧပြီလ ၆ရက် ညနေ ၄နာရီ ၃၀မိနစ် ခန့် က မန်းတွင် မိုးသည်းထန်စွာ ရွာသွန်းရာ မိုးသီးများ ကြွေကျလာသည်ကို တွေ့ရသည်၊ မိုးသီးများကို ကလေးငယ်များ လိုက်လံ ကောက် ယူ ဆော့ ကစား ခဲ့ကြသည်။
 Popular Myanmar News Journal
ဥရုချောင်းတံတား ဖြတ်သန်းခွင့် ပိုမိုကောက်ခံသူ ကန်ထရိုက် လုပ်ကိုင်ခွင့်ရုတ်သိမ်း
Posted: 06 Apr 2012 03:56 AM PDT
စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်း
ကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး တံတားဖြတ်သန်းခ 
စတင်ကောက်ခံနေပါတယ်။
အဆိုပါ ဥရုတံတား လေလံမဲစနစ်အောင်မြင်သူ ဦးမင်းလွင်ဦး သည် စာချုပ်ပါစည်းကမ်းချက်များ
 ဖောက်ဖျက်၍ တံတားဖြတ်သန်းခ ကောက်ခံခွင့်ရုပ်သိမ်းလိုက်ကြောင်း ဆောက်လုပ်ရေး
ဝန်ကြီးဌာန မှ ယနေ့ ထုတ် အစိုးရပိုင် သတင်းစာမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ယနေ့ ထုတ် သတင်းစာပါ ဖြတ်ပိုင်းကိုတွေ့ ရစဉ်
Myanmar News Now မှ အောက်ပါ သတင်းကို ဧပြီလ ၂ ရက်နေ့ ၂၀၁၂ က ဖော်ပြခဲ့
ပြီးနောက် သက်ဆိုင်ရာမှ ချက်ချင်းအရေးယူဆောင်ရွက်ခဲ့တာကိုတွေ့ ရပါသဖြင့်
ဒေသခံပြည်သူများနဲ့ အတူ MNN မှ သက်ဆိုင်ရာအား အထူးကျေးဇူးတင်ရှိပါသည်။
Myanmar News Now
ဥရုကြိုးတံတား
စစ်ကိုင်းတိုင်းဒေသကြီး၊ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာ နဲ့ သဖန်းကုန်းရွာကြား ဥရုချောင်း
ကိုဖြတ်ပီး ဆောက်လုပ်ထားတဲ့ ဥရုတံတားကို အခုလ ဧပြီ (၁)ရက်နေ့ကစပီး
တံတားဖြတ်သန်းခ စတင်ကောက်ခံနေပါတယ်။
ဒီတံတားကို အားထားပီးတော့ နမ်တော-နောင်ပိုအောင် မှ ဟုမ္မလင်းသို့ နေ့စဉ်သွားလာနေ
ရတဲ့ အဓိကတံတားကြီးဖြစ်ပါတယ်။ ဒီဒေသက သွားလာရေးမှာ အဓိက အားဖြင့် ဆိုင်ကယ်
ကိုပဲ အများဆုံးအသုံပြုနေရပါတယ်။
သဖန်းကုန်းရွာနဲ့ နောင်ပိုအောင်စံပြကျေးရွာဆိုတာလည်း နှစ်ရွာတစ်ရွာလိုဖြစ်နေပီး
တစ်နေ့ကို ဆိုင်ကယ်တစ်စီးနဲ့အသွားပြန် (၅) ခေါက်လောက် လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ပညာရေးကိစ္စ
အတွက်ပါ မသွားမဖြစ်သွားလာဖြတ်သန်းနေရတာဖြစ်
ပါတယ်။
အခု ဥရုတံတား လေလံအဖွဲ့က ဆိုင်ကယ်တစ်စီးကို ဖြတ်သန်းခ (၅၀၀)ကျပ်
ကောက်ခံနေပါတယ်။တစ်နေ့ကို (၅)ခေါက်ထက်မနည်းသွားလာနေရတဲ့ဒေသခံတွေ
ဟာ အသွားပြန်တစ်ခေါက်ဆိုရင်ပဲ (၁၀၀၀)ကျပ်ကုန်နေပီ (၅)ခေါက်ဆိုရင် (၅၀၀၀)ကျပ်
ကုန်နေပါပီ။
ဆိုင်ကယ်ဖြတ်သန်းခ ဈေးကြီးတာကြောင့် ဟိုဘက်ဒီဘက်သွားဖို့တောင် ဆိုင်ကယ်ဖြတ်
သန်းခ(၅၀၀)ကျပ်ဆိုတာကြီးက အပူတစ်ခုလိုဖြစ်နေတာကြောင့် ဒေသခံတွေ
တော်တော်လေးစိတ်ညစ်နေပါတယ်။
ဒီဥရုတံတားဖွင့်စကဆိုရင် ဆောက်လုပ်ရေးဝန်ကြီးမှ တံတားဖြတ်သန်းခ ကောက်ခံဖို့
မသင့်တဲ့ဒေသဆိုပီး တံတားကို အခမဲ့ဖြတ်သန်းစေခဲ့ပါတယ်။ ဥရုတံတားဖွင့်ပီး ၂၀၁၀
ခုနှစ် လောက်ကစကာ နောင်ပိုအောင်ဒေသဖွံ့ဖြိုးရေးရံပုံငွေအတွက်ဆိုပီး ကြံ့ဖွတ်ပါတီအမတ်
ဦးခင်မောင်ဆွေမှ ဦးစီးပီး တံတားဖြတ်သန်းခကို စတင်ကောက်ခံ
ခဲ့ပါသေးတယ်။
အဲဒီတုန်းကလည်း အခုလိုပဲ ဒေသခံတွေစိတ်ညစ်ခဲ့ရပါတယ်။အဓိကပြောချင်တာကတော့ အစိုးရအဖွဲ့မှ
 လေလံပေးထားတဲ့တံတားမှန်ရင်လည်း ဆိုင်ကယ်ဖြတ်သန်းခ တစ်စီး (၅၀၀)ကျပ်ကို ပြန်လည်ပီး
 ပြင်ဆင်ပေးဖို့ ဒေသခံတွေနဲ့ထပ်တူ သမ္မတဦးသိန်းစိန်နဲ့တကွ
 သက်ဆိုင်သူများသိစေရန်တင်ပြအပ်ပါတယ်။                                                                                                                                                                                                                                                                                                                                                                                                                                                      ( နောင်ပိုအောင်စံပြကျေးရွာ ဒေသခံတစ်ဦး)
Myanmar News Now
ရန်ကုန်မှာ ၂၄ နာရီ မီးပေးတော့မယ်လို့  မီးရထားဝန်ကြီးဦးအောင်မင်း ပြောကြား
Posted: 06 Apr 2012 06:16 AM PDT
ဧပြီလ ၆ ရက်နေ့  ၂၀၁၂
ရန်ကုန်မြို့တော်ကို အလှည့်ကျ မီးပေးစနစ်မှ ၂၄ နာရီ မီးပေးစနစ်သို့ ပြောင်းလဲပေးသွားမည်      
   ဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ယနေ့ ဧပြီလ (၆) ရက်နေ့ မှာ KNU နဲ့ ရန်ကုန်မြို့ မှာ
 ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွင် ပြောကြားလိုက်ကြောင်း              
 ဆွေးနွေးပွဲ မှာ တက်ရောက်သတင်းယူနေတဲ့ သတင်းထောက်တဦး က Myanmar News Now
 ကိုပြောပြပါတယ်။  
အဆိုပါ ဆွေးနွေးပွဲတွင် KNU မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် အဖွဲ့ဝင် ၂၁
 ဦးပါဝင်ခဲ့ပြီး မြန်မာ အစိုးရဘက်မှဦး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ရထား
ပို့ဆောင် ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါအ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့တက်ရောက်ဆွေးနွေး
ခဲ့ကြတာဖြစ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဖွဲ့ကလည်း ရန်ကုန်တစ်မြို့လုံးအတွက်
ယနေ့ည တွင် စမ်းသပ်၍ ၁၂ နာရီ လျှပ်စစ်မီးပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သတင်းထောက်
တွေကိုပြောပါတယ်။
ယနေ့ ရန်ကုန် အလုံမြို့ နယ် အတွင်းက လျှပ်စစ်ဓါတ်အားပေးရေးရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်း
လင်းပွဲမှာ ညနေ ၅ နာရီ ကနေ မနက် ၅ နာရီ အထိ မီးပေးမယ်လို့ ရန်ကုန်မြို့ တော် လျှပ်စစ် ဓါတ်
အားပေးရေးအဖွဲ့ က ဥက္ကဌဦးအောင်ခိုင် ကပြောဆိုလိုက်တာဖြစ်ပါတယ်။
 Myanmar News Now
ဓါတ်ပုံ(ဒီဗွီဘီ)
မီးပူနဲ့ ကပ်တဲ့ တရားသူကြီး ကတော် အိမ်ဖော်မလေးရဲ့ မိခင်ထံ တဆင့်ဖုန်းဖြင့် ဆက်သွယ်လာ
Posted: 06 Apr 2012 02:13 AM PDT
 ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင်  ရဲ့ မိခင်
 ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား  နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။
"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
 စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
 လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော် သမီးဆီကို
 လိုက်မလာပါနဲ့နော် ဆိုပီး ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ ပြောပါတယ်...နောက် အခု
 ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"
မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။
အိမ်ဖော်မလေး မအေးယုအောင် ဟာ (၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ 
ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊
 လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး
 ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား
 မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရတာဖြစ်ပါတယ်။
 အခုချိန်ထိတော့ ပဲခူးမြို့ မှ တာဝန်ရှိ အုပ်ချုပ်ရေးပိုင်ဆိုင်ရာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတာ
မရှိသေးကြောင်း အမှုကိုလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
Myanmar News Now
NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်
Posted: 06 Apr 2012 01:42 AM PDT
ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း
 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏
 ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို
ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး
 ဦးအောင်သိန်းလင်း က ဆိုသည်။
ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်
ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်
ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် 
စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
usdp3
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ 
 ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း
 ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ပြော (ဓါတ်ပုံ မဇ္ဈိမ)
“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။
 ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က
 ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။
ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် 
၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန်
 ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ
 နိုင်ငံရေးမှူးက ဆိုသည်။
NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု
 ပြောဆိုမှုများရှိ
ကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ
 ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက
 ဆိုသည်။
“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။
NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြားထားသော်လည်း
 အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင်
 ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်
ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။
“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ 
အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်
လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။
 ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား
 စိတ်အနှောင့်အယှက်ဖြစ်အောင်
အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည်
 ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို 
တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင်
 အေးအေးချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း
 ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု
 ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု
 ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်
ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို
 ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။
အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း 
သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန်
 ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော် လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး 
သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။
No comments: