Tuesday, April 17, 2012

အမေစုသတင်းအတိုအထွာ

အခုတလော ဦးခင်ညွှန့်၊ဦးမြင့်ရွှေနဲ့ဘန်ကောက်ပိုစ့်တို့ ကိစ္စတွေက နည်းနည်းဆူညံနေပါတယ်။
ဦးခင်ညွှန့်ကလည်း SB ကရဲမှုးကြီး ဝင်းနိုင်ထွန်းကို ပြည်ပမီဒီယာတွေကို သူမတွေ့ခဲ့ပါဘူးလို့ ပြောသလို၊ဦးခင်ညွှန့်ကို လာမေးသွားတဲ့ ကနေဒါက ဦးမြင့်ရွှေကလည်း "ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွှန့်ကယ်တယ်"ဆိုတဲ့ စကားရပ်ဟာ သူ့ရဲ့ စကားရပ်ဖြစ်ပါတယ်။ဦးခင်ညွှန့်က သူ့ကို မပြောပါဘူးလို့ ပြန်ငြင်းဆိုတော့ ကျွန်တော်တို့ သုံးနေကြ စကားနဲ့ဆိုရင် "ဂျာအေး သူ့အမေရိုက်"ဇာတ်လမ်း ဖြစ်နေပါတယ်။
တကယ်တော့ ၂၀၀၃ ခုနှစ်၊မေလ ၃၀ ရက်မှာ ဖြစ်သွားတဲ့ ဒီပဲယင်း ကိစ္စမှာ စစ်မဟာဗျူဟာလေ့လာရေးဌာနကြီးမှုးနဲ့တပ်မတော် ထောက်လှမ်းရေးမှုးချုပ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့ အမိန့်နဲ့မန္တလေးနဲ့စစ်ကိုင်းတိုင်းက ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ခဲ့ပါတယ်။
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ယာဉ်တန်းကို ပြည်ခိုင်ဖြိုးက တိုက်ခိုက်မယ်လို့ သိတဲ့ အချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဒေသခံ စစ်တိုင်းမှုးဗိုလ်ချုပ် စိုးဝင်းကို "ဘယ်သူ့ အမိန့်ကြောင့် လုပ်တာလဲ"ဆိုပြီး မေးပါတယ်။
ဒီတော့ ဗိုလ်ချုပ်စိုးဝင်းက "ကက(ကြည်း) အမိန့်ကြောင့်ပါဆိုပြီး ဖြေပါတယ်။ကက(ကြည်း)ရဲ့ အမိန့်ဆိုတာ သိရတဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေးကို ထပ်မေးတော့ သူလုပ်တာလည်း မဟုတ်ဘူးဆိုတာ သိရတော့၊ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးကို ခေါ်ပြီး၊တပ်ချုပ်ကြီးကို ထပ်မေးတော့ "သူခိုင်းတာ "ဆိုတဲ့အဖြေကို ရပါတယ်။
ဗိုလ်ချုပ်မှုးကြီးရဲ့ အမိန့်ဆိုတော့ ပြန်ငြင်းလို့ မရတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်း မန္တလေးက စထွက်ခွာလာကတည်းက အတူပါသွားတဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဒီပဲယင်း အရေးအခင်း စဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကယ်ထုတ်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေနဲ့ဖြစ်လို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေရဲ့ ရိုက်နှက်မှုခံခဲ့ရပါတယ်။
ကျွန်တော်နဲ့ စကားပြောဖြစ်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင် တွေပြောတာကတော့ ဘားအံမှာ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ အတွင်းရေးမှုး(၂)၊ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ အမှုမှာလည်း ထောက်လှမ်းရေး တပ်ဖွဲ့က ပါဝင်ပက်သက်ခြင်း မရှိဘူးဆိုတာပါ။
ဒီလိုရေးသားတာဟာ ဘယ်သူ့ကို သာစေ၊နာစေဆိုပြီး ရေးသားတာ မဟုတ်ပါဘူး။တကယ် ဖြစ်ခဲ့ပါတယ်ဆိုတာကို စုံစမ်းပြီး ရေးသားရတာပါ။

(ကျနော်ရေးတာမဟုတ်ပါဘူး။ သတင်းသမားတစ်ဦး ရေးတာပါ။ မိုး သူအောင် ပါ။
 
 
 
 
အဂ္ဂမဟာ ဒီမိုဖက်တီး's Photos
မနေ့က ၈၈ သံချပ်အပြီး ၈၈ များ အမေ့ခြံထဲတွင် မုန့်လုံးရေပေါ်သုံးဆောင်ပြီး အ၀င်အထွက်များ ပြုလုပ်စဉ် .... ပုဂ္ဂိုလ်တစ်ဦး ပန်းစည်းအကြီးကြီးနဲ့ ၀င်လာ
ပြီး အမေ့ကို ထိခြင်းငါးပါးနှင့် ဦးသုံးကြိမ်ချ ကန်တော့သွားတယ်။

ရဲဆေးလည်း အတော်သောက်ထားပုံပဲ။ လုံခြုံရေးတွေကတော့ အတော်လန့်သွား
တာပေါ့လေ။ သူတို့လည်း လုံးဝ မမျော်လင့်ထားဘူး။ သင်္ကြန်တွင်းကြီး ပန်းစည်း
ရောင်းတဲ့နေရာကလည်း ရှားသကိုး။ သူတို့လည်း သတိလွတ်သွားတုန်းဖြစ်တာ
ဆိုတော့ လန့်တာပေါ့ ........

အမေကတော့ အေးအေးဆေးဆေးပဲ။ ရုတ်တရက်ချည်းပြေးဝင်လာတာကို မြင်ရဲ့
သားနဲ့ ခြေတလှမ်းမှ နောက်မဆုတ်ပဲ ရပ်နေတယ်။

ကန်တော့ခံပြီးတော့ "သား မုန့်လုံးစားသွားပါအုံး" တောင် ဧည့်ဝတ်ပြုလိုက်သေး။
အဲသည့်ပုဂ္ဂိုလ်ကလည်း ကလေးများ ကားပေါ်တွင် စောင့်နေ၍ မစားတော့ပါဘူး
ဟု ဆိုကာ လုံခြုံရေးများကို တောင်းပန်နှုတ်ဆက်ပြီး ပြန်ထွက်သွားပါတယ် .......

လူထုခေါင်းဆောင် နဲ့ လုံခြုံရေး ဒရာမာပေါ့ဗျာ ....... လုံခြုံရေး အရမ်းတင်းကြပ်
ရင်လည်း နေပူတော်က အဘတို့လို လူထုနဲ့ ကင်းကွာသွားမယ်။ မတင်းကြပ်ပြန်
တော့လည်း .........
 

No comments: