Thursday, April 19, 2012

၎/ ၁၉/ ၂၀၁၂ သတင်းများ

ငါတို့နိုင်ငံမှာ

ညီအရင်းတွေထက်တောင် အသက်ငယ်တဲ့ အကိုအရင်းတွေ ရှိတယ်။ (U21, U22 ဘောလုံးသမားတွေ)
ကမ္ဘာကျော်တွေနဲ့လုပ်စားနိုင်တဲ့ လောင်းကစားဒိုင်တွေလည်း ရှိတယ်။


အင်္ဂလိပ်ဆေးတွေနဲ့ သွေးနှောထားတဲ့ ကပြား တိုင်းရင်းဆေးတွေရှိတယ်။
ခွေးသေကောင်ကိုတောင် ဆတ်သားခြောက်ဖြစ်အောင် လုပ်နိုင်သူတွေလည်းရှိတယ်။


လမ်းကြားမှာ အမှိုက်ပစ်ချတတ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေရှိတယ်။
လွတ်လပ်မှုတွေကို “လု”ယူချင်တဲ့ “လု”အခွင့်အရေးသမားတွေလည်း ရှိတယ်။


နိုင်ငံရေး အရေခွံအလဲမှာ ရုတ်ခြည်း နီရဲသွားတဲ့ “ပုတ်သင်သရုပ်ဆောင်” တချို့လည်းရှိတယ်။
ညစ်ပတ်ပေမဲ့ အနီကတ်အပြမခံရ…ဆုတွေတောင် ရသွားတဲ့ သမ္မတလည်းရှိတယ်။
(ကောင်းကင်ကို)




ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်
ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့
ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည်
အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ
အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။


သူက ဦးခင်ညွန့်ကို
နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်အခါက ပြည်ပ မီဒီယာများနှင့်
တွေ့ဆုံခြင်း မပြုရန်၊ တပ်မတော်နှင့် ထောက်လှမ်းရေးတပ်ဖွဲ့
အတွင်းရေးသတင်းများကို မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မပြုရန်၊
စည်းကမ်းချိုးဖေါက်ပါက ကျန်ရှိ ထောင်ဒဏ်များကို ပြန်လည် ကျခံရမည်ကို
သိရှိပါကြောင်း လက်မှတ်ရေးထိုးခဲ့ရကြောင်း ရှင်းပြပါတယ်။



 ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းက ဘန်ကောက်ပို့စ် သတင်းစာမှာ ကနေဒါရောက်
မြန်မာတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေ ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီပဲယင်း
အရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်လှမ်းရေး တပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရတယ် ဆိုပြီး ဦးခင်ညွန့်က ပြောဆိုတယ်လို့ ဖော်ပြထားတဲ့အတွက် သတင်းတပ်ဖွဲ့မှ ဒုရဲမှူးကြီး ၀င်းနိုင်ထွန်း က သွားရောက် စစ်ဆေးမေးမြန်းခဲ့ရပါသေးတယ်။ 



အဲဒီ့ အချိန်က ရဟန်းဘောင်ဝင်နေတဲ့ ဦးခင်ညွန့်က ဦးမြင့်ဆွေကို သတင်းထောက်တစ်ယောက် အနေနဲ့ မဟုတ်ပဲ သုတေသီ တစ်ဦးအနေနဲ့သာ
တွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံပြောဆိုမှုတွေကိုလည်း မည်သည့်မီဒီယာတွင်မှ
ရေးသားဖော်ပြခြင်း မပြုရန် ကြိုတင် သဘောတူညီချက် ရယူခဲ့ကြောင်း၊
ဒီပဲယင်းကိစ္စလည်း မပြောကြောင်း စသဖြင့် ရှင်းပြတယ်လို့ သိရပါတယ်။



ဒီဗွီဘီ 


 မင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသားများအမည် အသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်
မင်းကိုနိုင်နှင့် ၈၈မျိုးဆက် ကျောင်းသားများ၏ အမည်များကိုအသုံးပြု၍ ငွေကျပ်ကိုးသိန်းလိမ်လည်မှုတစ်ခု
တောင်ငူတွင်ဖြစ်ပွားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ထံမှ သိရသည်။


အဆိုပါ နည်းလမ်းဖြင့် တောင်ငူမြို့ "စည်ပင်ဂိုဏ်းအုပ်ကျောင်း" ဆရာတော် ဦးဥာဏိဿလင်္ကာရထံမှ ကျပ်လေးသိန်းတစ်ကြိမ်၊ ငါးသိန်းတစ်ကြိမ် လိမ်လည်ခဲ့ကြောင်းသိရသည်။

ဆရာတော်၏ တိုင်တန်းချက်ကြောင့် လိမ်လည်သူငါးဦးကို တောင်ငူရဲစခန်းတွင် ဖမ်းဆီးရမိပြီဖြစ်ပြီး၊ လိမ်လည်ရာတွင် အသုံးပြုခဲ့ကားကိုလည်း ယင်းရဲစခန်းတွင်ပင် သိမ်းဆည်းထားကြောင်းသိရသည်။ ယင်းလိမ်လည်သူတို့ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။
Popular Myanmar News Journal 
စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက မူအားဖြင့်သဘောတူ လက်နက်ရောင်းချမှုကလွဲယင် မြန်မာအစိုးရပေါ်ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်မှုအားလုံးကို တနှစ် ရပ်ဆိုင်းဖို့ အီးယူနိုင်ငံတွေက မူအားဖြင့်သဘောတူလိုက်ကြောင်း AFP သတင်းအရ သိရပါတယ်။


 ရန်ကုန်ရှိ အိးယူသံတမာန်တဥိးက မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မလုပ်ဆိုတာကို စောင့်ကြည့်ရမှာမို့ လောလောဆယ် တနှစ်ဘဲ ရပ်ဆိုင်းထားတာလို့ ဆိုပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပရယ်လ ၂၃ ရက် Luxembourg မှာလုပ်မဲ့ အိးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပုံမှန်လပတ်အစည်းအဝေးမှာ တရားဝင်ကြေငြာဖို့ ရှိကြောင်းလည်း ရန်ကုန်ရှိ အိးယူသံတမာန်တဥိးကို ကိုးကားပြိး AFP သတင်းမှာ ရေးသားထားပါတယ်။


ဒီဗွီဘီ  

ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမည် ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမဲ့အကြောင်း ဧပရယ်လ ၁၉ ရက်ထုတ် Asahi Shimbun သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံနဲ့ ညီမျှပါတယ်။ 


ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်
မှာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်စမဲ့အကြောင်း လည်း Asahi Shimbun သတင်းမှာ ရေးသားထားပါတယ်။
ဒီဗွီဘီ 
NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး ဆုံးဖြတ်ရန် ရက်ထပ်မံ ရွှေ့ ဆိုင်း
ရန်ကုန်၊ ဧပြီ ၁၉


ဧပြီ ၂၃ ရက်နေ့ တွင် ပြန်လည် စတင်မည့် လွှတ်တော် အစည်း အဝေး များသို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် မည်၊ မတက် ရောက်မည်ကို ဧပြီလ ၁၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်မည် ဟု သတင်း ထုတ်ပြန် ထားပြီး ဖြစ်သော်လည်း ထပ်မံ ရွှေ့ ဆိုင်းလိုက်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုရမည့် စာပုဒ်နှင့် ပတ်သက်၍ ပြင်ဆင်ပေးရန် NLD က သမ္မတရုံးသို့ အကြံပြုလွှာ ပေးပို့ထားပြီး NLD ပါတီ၏ ဗဟို အလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းသည် ယင်းကိစ္စ ဆောင်ရွက်ရန် နေပြည်တော်သို့ သွားရောက်နေကြောင်း၊ ဦးဥာဏ်ဝင်း ပြန်လာ ပြီးမှသာ ယင်းကိစ္စကို ဆုံးဖြတ်နိုင်တော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လွှတ်တော် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များတွင် လွှတ်တော် ကိုယ်စားလှယ် ကတိ သစ္စာပြုချက် နည်းဥပဒေ ၅(ဂ)နှင့် ၉(က)တွင် "ကျွန်ုပ်…..သည်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ် ခံရပြီး ဖြစ်သဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများ ကိုလည်း လိုက်နာပါမည်"ဟု ဖော်ပြထားသည်။



 The Voice Weekly
ဒုက္ခသည်စခန်းမှာ ၀က်သက်ရောဂါအဖြစ်များနေ
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းမှာ အခုတလော ၀က်သက်ရောဂါတွေ အဖြစ်များနေပြီး သေဆုံးတာလည်း ရှိတယ်လို့ သိရပါတယ်။ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေက
ပြောပါတယ်။

ဗန်းမော်မြို့ ရောဘတ် ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းဝင်းရှိ ဒုက္ခသည်စခန်းမှာ အခုလအတွင်း ကလေးနဲ့ လူငယ်တွေအပါအ၀င် လူဦးရေ ၃၀၀ ကျော်လောက် ၀က်သက်ရောဂါခံစားနေရတဲ့ အကြောင်း အဲဒီဒုက္ခသည်စခန်းက ကော်မီတီဝင် တစ်ယောက်က ပြောပြပါတယ်။

"ဆရာဝန်တွေမရှိဘူး အရင်တုံးကတော့ ကမ့်ကို ဆရာဝန်တွေ လွှတ်ပေးတယ်။ အခုနောက်ပိုင်းကျတော့ တောင်ပေါ်က ဆေးသင်တန်း
တက်ထားတဲ့ ဆရာမတွေပဲ ရှိတာ။ အခုဆေးကုနေတာက ဒုက္ခသည် စခန်းကပဲ ၀ယ်ထားတဲ့ ဆေးတွေနဲ့ ကုနေရတာ။ ကျနော်တို့ကလည်း လူက ၂၀၀၀ ကျော်တယ်။ ကမ့်မှာရှိတဲ့ ဆေးဝါးလောက်နဲ့ပဲကုသပေးနိုင်တယ်။
အခြေအနေ ဆိုးရွားလာတဲ့အခါ ဆေးရုံပို့တဲ့ အခါကျတော့ မထောက်ပံ့နိုင် တော့ဘူး။"

ဒီအကြောင်းနဲ့ပတ်သက်လို့ ဗန်းမော်ဆေးရုံကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ကျဆရာမတစ်ဦးက သူတို့ဆီကို ဒုက္ခသည်စခန်းက
ဝက်သက်ရောဂါနဲ့ ရောက်လာတဲ့ လူနာ ၆ ယောက်လောက်ရှိပြီး ဒုက္ခသည်စခန်းကို ဆရာဝန်တွေမသွားနိုင်တာဟာ သင်္ကြန်ကာလ ဖြစ်နေလို့ မကြာခင် သွားဖို့ အစီအစဉ်ရှိပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

ဗန်မော်မြို့ ရောဘတ် ခရစ်ယာန် ကျောင်းဝင်းရှိ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ၂၃၀၀ ကျော်ရှိပြီး နှစ်၂၀၀၀ စခန်းနဲ့ဆိုပါက စုစုပေါင်း ဒုက္ခသည် ၄၀၀၀ လောက်ရှိပြီး သူတို့ဟာ မံစီမြို့နယ်နဲ့ မိုးမောက်မြို့နယ် အတွင်းက ထွက်ပြေးရောက်ရှိလာတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။
RFA
  ကျမ်းသစ္စာစကားရပ် ပြင်ဆင်နိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
လာမယ့် ဧပြီလ ( ၂၃) ရက်နေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် လို့ မပြင်ဆင်သေးသရွေ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် မတက်နိုင်သေးကြောင်း ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေမှာ
ဖေါ်ပြခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အာအက်အေ ရဲ့ ဒီမိုကရေစီခရီးကြမ်း ကဏ္ဍ မှာ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တာကတော့ -

"ဒီလိုပါ။ လွှတ်တော်မတက်ဘူးလို့ ကျမတို့က ပြောတာ မဟုတ်ပါဘူး။ ဒီကျမ်းသစ္စာဆိုပြီးမှ လွှတ်တော်တက်မယ်။ ဒီ ကျမ်းသစ္စာမှာ ဒီစကားပြောင်းဖို့ ဆိုတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲက စာသားအတိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အခက်အခဲ မရှိဘူးလို့တော့ မျှော်လင့်ပါတယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင် ဦးဥာဏ်ဝင်း ဟာ ဒီကနေ့ နေပြည်တော် ကို သွားရောက်မှာဖြစ်ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့တွင်းနဲ့ လွှတ်တော်တွင်းမှာ အပြောင်းအလဲကို မလိုလားသူတွေရှိနေတယ်ဆိုတဲ့ အပြောအဆိုတွေ ပေါ်ပေါက်နေတာ
ကြောင့် လွှတ်တော်တွင်း ၀င်ရောက်တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲလို့ အာအက်အေက မေးမြန်းရာမှာ -

"ပြုပြင်ပြောင်းလဲရေးကို ဘာဖြစ်လို့ မလိုလားလဲ ဆိုတဲ့ မေးခွန်းကို ကျမတို့ ပထမ အဖြေရှာဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းတော့ ရှိရမှာပေါ့။ ဒီအကြောင်းကို မသိဘဲနဲ့ ဒီဟာကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့က လွှတ်တော်ထဲ
ရောက်သွားတယ် ဆိုလို့ရှိရင် အမျိုးမျိုးသော အမြင်တွေနဲ့ ထိတွေ့နိုင်ခွင့်ရှိမယ်လို့ မျှော်လင့်ထားတယ်။ ဒါမှလည်း ဘယ်လို အဖြေတွေကို မှန်မှန်ကန်ကန် ရှာလို့ရမလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပါ။"

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လူငယ်တွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်တွင်း သတင်းမီဒီယာတွေရဲ့ ကျေးဇူး ကလည်း အတော်ကြီးကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် အမေရိကန်ကြိုဆို
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၂၄) နှစ်အတွင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီး စတင်မယ့်အပေါ် အမေရိကန်အစိုးရ က ကြိုဆိုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်ဇွန်လအတွင်း နော်ဝေး နဲ့ဗြိတိန်နိုင်ငံကို ခရီးထွက်ဖို့ စီစဉ်ထား ပါတယ်။ ဘယ်နိုင်ငံကို ဦးဆုံးသွားမလဲဆိုတာမသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်
နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Mark Toner က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို ရောက်ရှိခဲ့တုန်းကလည်း
ဒေါ်အောင်ဆန်းစုကြည် ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ကြောင်း
ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးကိုဦးဆုံးသွားရောက်ဖွယ်ရှိတယ်လို့
လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲဆုကို
ဒေါ်အောင်ဆန်းစုကြည် ဟာ ကိုယ်တိုင် လာရောက်လက်ခံယူမှာ
ဖြစ်တယ်လို့ နော်ဝေးနိုင်ငံကပြောပါတယ်။

အလားတူ အမေရိကန် လွှတ်တော်အမတ်တွေကလည်း အမြင့်ဆုံး အရပ်သားဆု ဖြစ်တဲ့ ကွန်ဂရက် ရဲ့ရွှေတံဆိပ် ဆု လက်ခံဖို့
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားပါတယ်။

စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေးဌာန အကြီးအကဲ မစ္စတာမိုက်ကယ် မွန်တက်စာနို က အခုလို ပြည်ပခရီးစဉ် အစီအစဉ်ဟာ
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို ပြန်လာခွင့်ပြုလိမ့်မယ် ဆိုတာ ယုံကြည် စိတ်ချရပြီလို့ အထင်အရှားပြသလိုက်တာပါ၊ မြန်မာနိုင်ငံရဲ့
နောက်ထပ် တိုးတက် ပြောင်းလဲမှုတစ်ရပ် လည်း ဖြစ်ပါတယ် လို့ပြောဆိုပါတယ်။

အမေရိကန်အစိုးရဟာ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်
ကိုလည်း လာမယ့် မေလမှာ အမေရိကန်ပြည်ထောင်စု ကို လာရောက် လည်ပတ် ဖို့ ဖိတ်ကြားလိုက်ပါတယ်။ ဦးဝဏ္ဏမောင်လွင် ဟာ ကုလသမဂ္ဂ ကို လာရောက်ခဲ့ပေမဲ့ အခုလို အမေရိကန်အစိုးရက ဖိတ်ကြားတာဟာ ပထမဆုံးဖြစ်ပါတယ်။
RFA


  ဒေါ်အောင်ဆန်းစုကြည် ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေး
Photo (Education Digest)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပနိုင်ငံတွေကို
သွားရောက်လည်ပတ်ဖို့ ပတ်စ်ပို့လျောက်ထားတာ ခုချိန်ထိ မရရှိသေးကြောင်း
 အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ကိုးကားပြီး ရန်ကုန်ကပေးပို့တဲ့ အေအက်ပီသတင်းမှာ ရေးထားပါတယ်။


 ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးနဲ့ ဘရစ်တိန်ဝန်ကြီးချုပ်
 ဒေးဗစ်-ကင်မရွန်းတိုရဲ့ ဖိတ်ကြားချက်အရ လာမဲ့ဇွန်လမှာ နော်ဝေနဲ့ ဗြိတိန်နိုင်ငံ
 တွေဆီ သွားရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ 


အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတဦးရဲ့ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ 
အနဲဆုံး ပြည်ပနိုင်ငံ ၃-ခုကို သွားရောက် လည်ပတ်မဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့ အေအက်ဖ်ပီသတင်းမှာ ရေးသားထားပါတယ်။


ဒီဗွီဘီ (Facebook) 
မြန်မာ့အရေး အိန္ဒိယအကြံပေးချက် အမေရိကန် ချီးကျူး
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell(ဓါတ်ပုံ-Google Images)
မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရဲရဲတင်းတင်း ဆောင်ရွက်လာတာကြောင့်၊ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း မြန်မာအပေါ် အရေးယူဒဏ်ခတ်မှုအချို့ ရုပ်သိမ်းတာ အပါအ၀င် အပြုသဘော တုံ့ပြန်ချက်တွေကို ဆောင်ရွက်ဖို့ စီစဉ်နေပြီလို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောဆို လိုက်ပါ တယ်။ ၅ကြိမ်မြောက် India US Dialogue ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ Mr.Campbell က သတင်းထောက်တွေကို ပြောသွားတာပါ။
မြန်မာနိုင်ငံခြားရေးဝန်ကြီး အမေရိကန်ပြည်ထောင်စုကို အလည်အပတ် လာရောက်ဖို့လည်း ဖိတ်ခေါ် ထားတဲ့ အပြင်၊ မြန်မာခေါင်းဆောင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတာကိုလည်း ပြန်လည် ရုပ်သိမ်းဖို့ရှိတယ်လို့ Mr.Campbell က ပြောပါတယ်။ မြန်မာအစိုးရရဲ့ သတ္တိရှိရှိ ရဲရဲ တင်းတင်း ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ဆက်ဆံရေး ထူထောင် လာတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲလို့ သုံးသပ်တဲ့အခါမှာ၊ အိန္ဒိယနိုင်ငံနဲ့ တိုင်ပင် ဆွေးနွေးနိုင်တဲ့အတွက် လည်း အိန္ဒိယနိုင်ငံကို ချီးကျူးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့တုန်းက မြန်မာ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအားလုံးနီးပါး အနိုင်ရခဲ့တဲ့နောက်၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ကိုယ်တိုင် ကြေညာချက်ထုတ်ပြန်ပြီး မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ကို ပြန်လည် ရုပ်သိမ်း ပေးမယ့် အကြောင်း ပြောခဲ့တာပါ။ ဒါပေမယ့်လည်း ဒီလိုပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်လှည့် မသွားဖို့နဲ့၊ ပြောင်းလဲမှုအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုတော့ အရေးယူမှု တွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။


By ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)  



ပထမဆုံး ရေအောက်ကမ္ဘာ ဟိုတယ်





အိမ့်သံစဉ် ရေးသားသည်)

အလှတရားနှင့်ပတ်သက်ရင် ရေအောက် ကမ္ဘာရဲ့ အလှတရားဟာ အလွန်ထူးဆန်းစွာ အရောင်အသွေးစုံစွာနဲ့ လှပကြောင်း ဖတ်ဖူး ကြားဖူးခဲ့ပါတယ်။
အခုတော့ ဖီဂျီ (Fiji) ကျွန်းစုနိုင်ငံမှာ ရှိတဲ့ ကမ္ဘာ့ပထမဦးဆုံး ရေအောက် ဟိုတယ်ကို၂၀၀၈ စက်တင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါ တယ်တဲ့။

The Poseidon Undersea Resort ဟိုတယ် ဖြစ်ပါတယ်။
အဆိုပါ ဟော်တယ်ဟာ ရေအောက်မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး ကြယ်ငါးပွင့် အဆင့်ထဲမှာပါရှိပါတယ်။

တည်းခိုခကတော့ တစ်ပတ်ကို အမေရိကန်ဒေါ်လာ ၃ သောင်း ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရေအောက်ကမ္ဘာက ထူးဆန်းတဲ့ အလှအပတတွေကို ရှု့စားနိုင်မယ့် ဒီဟော်တယ်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် ဘယ်လာက်မှာ တည်ရှိတယ်ဆိုတာ ရှင်းလင်းစွာ မသိရပါဘူး။ ထူးဆန်းတဲ့ ခံစားမှုကို မက်မောသူများအတွက် အဆိုပါဟော်တယ်က ထူးခြားမှု တချို့ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ဟိုတယ်ဝက်ဆိုက် http://www.poseidonresorts.com/poseidon_main.html ကို ၀င်ကြည့်တာတောင် ရေအောက်ရောက်သွားသလို နည်းနည်း ခံစားမိသလို ပါပဲ လို့ ညွှန်းလိုက်ပါတယ်။ 

မီးပူနဲ့ကပ်တယ်၊ လက်မှတ်လိမ်ထိုးခိုင်းတယ်


အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမီဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်က မီးပူနှင့်ကပ်ခဲ့သော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှ ဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့ သွားရောက် စုံစမ်းခဲ့ပါသည်။

တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊

ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းက တရားရုံးဘေးနားတွင် ကားဖြင့် လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီး ၀န်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်း တရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံ သဘောတူညီချက် မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင် တွေ့ရှိရပါသည်။

ဒေါ်ကြူကြူမှာ အနီး ပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတက်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး ဦးအောင်ဖုန်းဝင်းက အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီး ၀န်ခံသဘောတူညီချက် မှတ်တမ်းမှာ လက်ဗွေနှိပ် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စာရွက်ပေါ်ပါ အချက်အလက်များအား ဖက်ပြခြင်းမရှိပါ၊

“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းက ပေးမတွေ့သေးကြောင်း ပြောဆိုသဖြင့် ဥပဒေအရပဲ ပြောတော့မယ် ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာ မလွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူ မအေးယုအောင်အား လကုန်မှ ပြန်ပို့ပေးမည်ဟုသာ ပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်းမှ အသိ မိတ်ဆွေများအား ဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းက ကျမကိုလိမ်ညာပြီး လက်မှတ်ထိုးခိုင်းကြောင်း သိရှိခဲ့ရပါတယ်၊ ကျမလို မိခင် တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ကြားမှာ အရမ်း ကြောက်နေရတာ ကျမ သမီးလေးမှာ ကျမထက် အဆပေါင်းများစွာ ကြောက်လန့် တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက် အနေနဲ့ သိနေတယ်၊ ကျမ သမီးလေးကို သူတို့ လာပြန်မပို့ဘူး ဆိုလျှင်တော့ ဥပဒေအရပဲ ရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊ အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူး အရမ်း တင်ပါတယ်၊ ကျမ သမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေ ပေးတဲ့ အသက်ပဲ ရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူက ပြောဆိုခဲ့ပါတယ်။
လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။(Facebook မှာ ဖြန့်နေကြတဲ့ အချက်အလက်များ ပုံများ ဖြစ်ပါတယ်)

ထိုင်း အောက်လွှတ်တော်မှာ အပြာပုံပြ


(ဓာတ်ပုံ - ဘန်ကောက်ပို့စ် / အွန်လိုင်း)
အိပ်ငိုက်၊ မျက်လုံးစင်းနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မျက်လုံးကျယ်သွားနိုင်ပါတယ်။ အမတ်မင်း တယောက် လွှတ်တော်ထဲ မိန့်ခွန်းချွေနေတုန်း လွှတ်တော်ဥက္ကဋ္ဌဘေးက ပိတ်ကားမှာ အမျိုးသမီးတယောက်ပုံ ပေါ်လာပါတယ်။
အာရှသူ ခပ်ငယ်ငယ် အမျိုးသမီး အင်္ကျီဖြူကို သပ်သပ်ယပ်ယပ် ၀တ်ထားတယ်။ ဒါပေမယ့် အောက်ပိုင်းဗလာ လို့ ဆိုတယ်။
အမတ်မင်းတွေ မျက်လုံးပြူးသွားနိုင်တာပေါ့။

အဲဒီပုံက သုံးကြိမ်တိတိ ပေါ်တယ်လို့ ဆိုတယ်။ တကြိမ်ကို ၅ စက္ကန့်လောက် ကြာမယ် တဲ့။ နေ့ခင်း ၃ နာရီ ပျင်းစရာကောင်းတဲ့ လွှတ်တော်ဆွေးနွေးခန်းအလယ်တည့်တည့်မှာ ပေါ်လာတာပါ တဲ့။ သင့်တော်တဲ့အချိန်ပေါ့။
လွှတ်တော်ဝန်းကျင်မှာ ကြိုးမဲ့အင်တာနက်ကွန်ရက် ရှိတယ်၊ မနေ့က လွှတ်တော်ထဲ အလည်လာသူ တယောက်ယောက်က ဒီကွန်ရက်ထဲ ၀င်ပြီး လက်ဆော့သွားပုံရတယ်လို့
အောက်လွှတ်တော် ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ်က ရှင်းပါတယ်။

သူက အောက်လွှတ်တော်အဆောက်အအုံရဲ့ ရုပ်သံစနစ် စောင့်ကြည့်ရသူပါ။ သူ့တပည့်တွေလက်ချက်တော့ မဟုတ်ကြောင်း သူက ငြင်းပါသတဲ့။

သြော် ... ဒီလိုဖြစ်ရပ်မျိုး ရှိသကိုး။

ဒါက ဘန်ကောက်ပို့စ် သတင်းစာ မျက်နှာဖုံးမှာ ရေးထားတာပါ။

The Nation မှာလည်း အမတ်မင်းများ မျက်လုံးကျယ်စေနိုင်တဲ့ ဒီသတင်း ပါပါတယ်။

the intrusion may have come from the outside and that Parliament still didn't have a security system in place to prevent this kind of attack.
ဆိုပြီး အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောတယ် တဲ့။ ဘာသာပြန်ရရင် - (လွှတ်တော်အဆောက်အအုံ) အပြင်ဘက်က လုပ်လိုက်ပုံ ရပါတယ်၊ လွှတ်တော်မှာတော့
ဒီလို တိုက်ခိုက်မှုမျိုးကို ကာကွယ်နိုင်ငံ လုံခြု့ရေးအစီအစဉ် မရှိသေးပါဘူး တဲ့။


ဗိုလ်ချုပ်ကြီးတို့ နိုင်ငံတကာမှာ ၀င်ဆံ့ချင်သလား?

Facebook မှာ တွေ့ရတဲ့ အလံတွေပါ။
မြန်မာ့ သုံးရောင်ခြယ်အလံကို တွေ့ကြမှာပါ။


သိပ်မကြာသေးခင်က ပြောင်းလဲလိုက်တဲ့ မြန်မာနိုင်ငံတော်အလံဟာ နိုင်ငံတချို့ရဲ့ အလံနဲ့ ဆင်တူနေတယ်လို့ ထောက်ပြနေကြပါတယ်။
ဂါနာနိုင်ငံအလံနဲ့ ဆိုရင် ၇၅ ရာနှုန်းကျော် တူနေတာပါ။
ဒီလို နိုင်ငံအများအပြားနဲ့ တူညီအောင် လုပ်ထားရခြင်းဟာ စည်းကမ်းရှိတဲ့ ဗိုလ်ချုပ်ကြီးတွေက နိုင်ငံတကာမှာ ၀င်ဆံ့ချင်လို့?
ရင်းနှီးချစ်ခင်မှုကို ပြချင်လို့များလား?

အိုးဝေ ဆင်ဆာတင်မည် မဟုတ်


အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုရှိန်းရာဇာထွန်း၊ ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို တို့ကို အိုးဝေမဂ္ဂဇင်း စာစောင်နဲ့ ပတ်သက်လို့ စာပေစိစစ်ရေးက ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီသတင်းထောက်ငြိမ်းငြိမ်းက ဗကသ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

ကိုကျော်ကိုကို - အိုးဝေမဂ္ဂဇင်း၊ ကျောင်းသားမဂ္ဂဇင်းကို ထုတ်ဝေခဲ့တာ မည်သည့် မှတ်ပုံတင် စိစစ်ရေးကိုမှ တင်စရာမလိုဘဲ ထုတ်ဝေခဲ့တယ် ဆိုတာက သမိုင်းစဉ်လာအရ ရှိနေခဲ့တယ်။
ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဆင်ဆာကို ဖြတ်သန်းပြီး၊ စိစစ်ရေးကို ဖြတ်သန်းပြီး အိုးဝေမဂ္ဂဇင်း ထုတ်သွားမယ့် အခြေခံ သဘောထား မရှိပါဘူး။
ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အရ ဒီမိုကရေစီအခွင့်အရေးအရ ကျောင်းသားထုရဲ့ မဂ္ဂဇင်းတစောင်ကို ကျောင်းသားထုရဲ့ ကြွေးကြော်သံတစောင်ကို လွတ်လပ်စွာ ထုတ်ဝေခွင့်ရှိရမယ်ဆိုတဲ့ အယူအဆမျိုး ကျနော်တို့အားလုံးဆီမှာ ရှိကြပါတယ်။

စာမှာပါတဲ့အကြောင်းအရာက ဧပြီလဆန်းပိုင်းက ဗကသများအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက ထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းဟာ စာပေစိစစ်ရေးရဲ့ မူနဲ့အညီ ထုတ်ဝေထားခြင်း မရှိကြောင်းကို စိစစ်တွေ့ရှိရပါတယ် ဆိုတဲ့အချက်၊
အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် စာပေစိစစ်ရေးမှတ်ပုံတင် ဥပဒေနဲ့အညီ မှတ်ပုံတင်ရမယ်၊ ဒါမှမဟုတ် စိစစ်ရေးကို ဖြတ်သန်းပြီးတော့မှ စစ်ဆေးပြီးတော့မှ ထုတ်ဝေခွင့် ရှိတယ်ဆိုတာကို ခေါ်ယူ အသိပေး ဆွေးနွေးအပ်ပါတယ်ဆိုတဲ့အချက်၊
နောင်တချိန်မှာ အိုးဝေမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုရင် တည်ဆဲဥပဒေ နည်းပဒေများအတိုင်း ဆောင်ရွက်သွားပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ဆိုတဲ့ အချက် ၃ ချက် ပါတယ်။
ငြိမ်းငြိမ်း - လာတွေ့ဖို့အတွက် ဘယ်လို အကြောင်းကြားခဲ့တာလဲ။

ကိုကျော်ကိုကို - စာနဲ့ခေါ်တာတော့ မဟုတ်ဘူး။ လာတွေ့ဖို့အတွက် အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုရှိန်းရာဇာထွန်းနဲ့ ကျနော့်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားတာပါ။

ငြိမ်းငြိမ်း - ဘယ်သူက ခေါ်တွေ့တာလဲ။

ကိုကျော်ကိုကို - ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေပါ။

ငြိမ်းငြိမ်း - စာအုပ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာပြောသေးလဲ။

ကိုကျော်ကိုကို - စာအုပ်ထဲက အကြောင်းအရာတွေက အန္တရာယ်ရှိတာတွေ တခုမှမပါပါဘူး တဲ့၊ သူတို့ ပြောစကားအရ၊ တကယ်လည်း ဟုတ်ပါတယ်။ ကျနော်တို့ ပြောထားတာက ကျောင်းသားသမဂ္ဂ ပြန်လည် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ အတွက်ကို လိုအပ်တဲ့ သမိုင်းစဉ်လာ အချက်အလက်တွေပဲ ပါပါတယ်။ ပြီးတော့ ကျနော်တို့ ကျောင်းသားထုကြားမှာ သမဂကို သိရှိအောင်လို့ တိုက်တွန်းနှိုးဆော်တဲ့သဘောဆောင်တဲ့ ဆောင်းပါးတွေကို ကျနော်တို့ ရေးသားထားတာပါ။ ကျောင်းသားသမဂရဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တရားဝင်လှုပ်ရှားမှုတွေကို လက်ရှိ အချိန်ထိ လှုပ်ရှားမှုတွေကို တခုချင်းစီကဏခွဲပြီး ရေးထားတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ သူတို့က အနရာယ်ရှိတယ်လို့ မမြင်ပါဘူး။ အဓိကအချက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ ထုတ်ဝေတဲ့ မည်သည့်ဂျာနယ်မဆို မည်သည့်စာစောင်မဆို မည်သည့်မဂ္ဂဇင်းမဆို ပြင်ရမယ်ဆိုတဲ့အပေါ်မှာသာ အဓိက အသားပေးပြီး ဆွေးနွေးတာပါ။

ဒါဖတ်ပြီးမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ပါ


မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင် သင့်သော အကြောင်းအရာများ



"---ကလေးငယ်သေးသေးလေးကို ကိုယ်တုံးလုံးချွတ် အမြဲထားလျက် ပိုက်ဆံ လိုက်လံတောင်းရမ်းနေသူများ---"

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကြီး ခေတ်မှီ ဖွံ့ဖြိုး တိုးတက်လာသည် နှင့်အမျှ အောက်ဖေါ်ပြပါလိုအပ်ချက် အနည်းငယ်ကို အတတ်နိုင်ဆုံး အမြန်ဆုံး ပြုပြင် ပြောင်းလဲ အကောင်အထည် ဖေါ်သင့်ပြီ လို့ ထင်မြင်ယူဆမိပါတယ်၊

(၁) ၊ နိုင်ငံတော် အစိုးရ အသိအမှတ်ပြု တရားဝင်ငွေလဲလှယ်ခွင့် လိုင်စင်ရယူထားကြသော ဘဏ်လုပ်ငန်း များ နှင့် နိုင်ငံတော်အစိုးရ ရှေးဟောင်းသုတေသနဌာန ( zone fee ) ကောက်ခံရာနေရာများအားလုံး၊ ( နိုင်ငံခြားငွေ ဒေါ်လာငွေ မျက်နှာ နည်းနည်းပွန်း၊ နည်းနည်း နွမ်း များကို) လက်ခံမယူခြင်း ကိစ္စ၊

နိုင်ငံခြားသားတိုင်း ရန်ကုန်လေဆိပ် ၀င်ဝင်ခြင်း မြန်မာပြည်သို့ရောက်ရောက်ခြင်း ဆောက်နဲ့ ထွင်းခံရသောအခြေအနေ ဖြစ်ပါသည်၊ ( နိုင်ငံတော်အစိုးရပိုင် ဗဟိုဘဏ်က လက်မခံသောကြောင့်ဟု ဆိုပါသည်၊ )

တရားမ၀င်ပြင်ပ ငွေလဲလှယ်ရာနေရာများတွင် ၊ black market များတွင်၊ မြန်မာငွေ ၂၀ကျပ် လောက် အကွာ ဖြင့်လဲလှယ်လက်ခံပေးနိုင်ပါသည်၊ ပြင်ပ black market များက ငွေ အနွမ်း၊ အကြေကို လက်ခံ နိုင်ပြီး. အစိုးရ ဗဟိုဘဏ်က လက်မခံ လို့ အစိုးရ တရားဝင်လိုင်စင်ရ ငွေလဲလှယ်ခွင့် ရှိ ဘဏ် များမှာ လက်မခံ ခြင်းဖြစ်သည် ဟု့ ဆိုလာသည်၊

(၂)၊ ရန်ကုန်မြို့ ဆူးလေ ဘုရား ဖိနပ်စောင့် အလှုခံပုံးအတွင်းသို့ အတင်းအဓမ္မ ငွေကြေးအလှုငွေ ထည့်ခိုင်းသော အလှုခံပုံး အစောင့် ကိစ္စ၊

မြန်မာပြည် အနှံ့ ဘုရားများတွင် မဖြစ်မနေ ဖိနပ်ချွတ်ရပြီး အဆိုပါဖိနပ်အား စောင့်ကြည့်ရန် အစောင့်ထားသလို အလှုခံပုံးထားရှိပါသည်၊

အလှုခံပုံးဟု သာ ရေးသားထားသော်ငြားလည်း သဒ္ဒါ ပေါက်သလို ထည့်ခွင့် မရှိဘဲ အတင်းအဓမ္မ ငွေ အလှုခံခြင်း နှင့် အလှုငွေ ထည့်ခိုင်းခြင်း ကို မည်သို့ ဖြေရှင်းမည်နည်း၊

(၃)၊ ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား တို့တွင် နိုင်ငံခြားသားများအား ၀င်ကြေး ၂ ဒေါ်လာ ကောက်ခံသလို နိုင်ငံခြားသားများ အဆင်ပြေ ချောမွေ့စေရန်အတွက်လဲservice ရေအိမ်သာ များ သန့်ရှင်းစွာ ဆောက်ပေးသင့်ခြင်း၊

(၄)၊ ဗိုလ်ချုပ်ဈေး၊ မြို့လည်ခေါင် ဆူးလေ တစ်ဝိုက်၊ တရုတ်တန်း နေရာများတွင် အခပေး Mobile - Toilet များ ဆောင်ရွက်ပေးသင့်ခြင်း၊

(၅)၊ မန္တလေးမြို့၊ အင်းဝ ရှေးဟောင်း မြို့တော် ရှိ လမ်း များ အသွားအလာခက်လောက်အောင် ပျက်စီးယိုယွင်းနေခြင်း နှင့် မြည်းလှည်းများ ၏ ကြံ့ခိုင်ရေး ခိုင်ခန့်မှု လုံခြုံစိတ်ချရမှု နည်းပါးနေခြင်း အတွက် မည်သို့ အဖြေရှာ သင့်ပါသနည်း၊

( လမ်းပြုပြင်ရေး အတွက် နိုင်ငံတော် အစိုးရလမ်းတံတား ဌာနက အမြန်ဆုံး တာဝန်ယူသင့်ပါသည်၊ )
( မြင်းလှည်းများ ကြံ့ခိုင် လုံခြုံမှုရှိပြီး မြည်းလှည်းပေါ်တွင် ထိုင်စီးရသော ဧည့်သည်များ သက့်တောင့် သက်သာမှု ရှိစေရန် ကူရှင်ဆိုဖာ အထူစားများ အစားထိုးသုံးစွဲခြင်း၊ မြင်းလှည်းများအား ဆေးသုတ်ခြင်း၊ တောင့်တင်းခိုင်ခန့်စေရန် ၊ သပ်ရပ်လှပစေရန်.၊ ပြင်လည် ပြင်ဆင်မှုများပြုလုပ်နိုင်စေရန် ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး မှ အစည်းအဝေးများစွာပြုလုပ်ပြီး သိန်းပေါင်းများစွာ ကုန်ကျမည့် ငွေများထဲမှာ လက်တွေ့ ကျစွာ အသေးစားချေးငွေများ သို့ မဟုတ် ထောက်ပံ့မှု များ စသဖြင့် နည်းလမ်းအမြန်ရှာသင့်ပေသည်၊ )

(၆)၊ မန္တလေး -မင်းကွန်း သွား မော်တော် များ ၊ စစ်တွေ- မြောက်ဦးသွားမော်တော်များ တွင် life - jacket များလုံလောက်စွာ မပါရှိခြင်း နှင့် ပါရှိပါကလဲ ၁၀ မိနစ် မကြာမှီ ရေမြုတ် နိုင်သော အပေါစား life- jacket များသာကို တွေ့မြင်နေရဆဲဖြစ်ခြင်း၊

( အဆိုပါကိစ္စ ကို၂၀၁၁၊ သြဂုတ်လ အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဓာတ်ပုံသက်သေများဖြင့် ဖေါ်ပြ တင်ပြ ပြီးသားဖြစ်သော်ငြားလဲ ထူးခြားမှု၊ တိုးတက်မှု တစ်စုံတစ်စုံတစ်ရာ ပွင်းလင်းမြင်သာစွာ မရှိ၊ မတွေ့မြင်ရသေးခြင်း၊ )

(၇)၊ အမရပူရ ဦးပိန်တံတား အောက်ခြေ ရှိ သစ်သားတိုင် တော်တော်များများသည် နှစ်ပေါင်းများစွာ ကြာလှပြီ ဖြစ်သဖြင့် သဘာဝဒဏ် များကြောင့် အလွန်အမင်းပျက်စီးယိုယွင်းစ ပြုနေပါသည်၊ တံတားအောက်ခြေ သို့ ဖြတ်ပြီး လက်လှော်သမ္မန် ငယ်ဖြင့် သွားရောက် ကြည့်ရှု ပါက အလွန်သိသာစွာ မြင်ရပါလိမ့်မည်၊ အပေါ် တွင် ဖြတ်လျှောက် နေကြသော လူပေါင်းများစွာ အတွက် စိုးရိမ်စရာ အနေအထား တွင် ရှိနေသည်ဟု့ ယူဆမိပါသည်၊ ပညာရှင် များဖြင့် တိုင်ပင်၍ မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက် သင့်သည်ကို စတင်ပြုလုပ်သင့်ပြီဟု ထင်ပါသည်၊

(၈)၊ ရွှေပိဿချိန်များစွာဖြင့် စံပယ်နေသော မန္တလေးမြို့ကျက်သရေဆောင် မဟာမုနိဘုရားကြီး၊ ( နိုင်ငံခြားသားများအနေ အမြင်ကတော့ ရုပ်တုကြီး ဟု့သာ သတ်မှတ်ပြောဆိုပါသည်)

အဆိုပါ ရွှေပိန်းချ ဘုရားဝင်းအတွင်းရှိ စားစရာ မရှိဟု့ ညီးတွားလျှက် နိုင်ငံခြားသားများကို target ထားပြီး ပိန်လှီညှော်ညှာနေသော လမစေ့ ပုံစံ ကလေးငယ်သေးသေးလေးကို ကိုယ်တုံးလုံးချွတ် အမြဲထားလျက် ပိုက်ဆံ လိုက်လံတောင်းရမ်းနေသူများကို လည်းကောင်း၊ ရွှေပိန်းချ ဘုရားကြီး ရင်ပြင်တော် တွင် စုတ်ပြတ်သတ်စွာ ပြစ်ချထားသော အမှိုက်များ၊ ခွေးချေး၊ ခိုချေး၊ လူချေးပေါင်းစုံများကို မည်သည့် နည်းလမ်းများ၊ နည်းစနစ်များ၊ ဥပဒေများ၊ ထားပြီး အဖြေရှာ ဖြေရှင်းသင့်ပါသနည်း။

(၉)၊ မုံရွာမြို့ နယ်၊ သမိုင်းဝင်ဖိုဝင်တောင်နေရာတွင် မျောက်စာ ရောင်းသူများ၊

( ၊ မျောက်စာ မြေပဲထုတ်များကို စက္ကူ စ များဖြင့်ထုတ်၍ မျောက်များကို ကျွေးမွေးပြီး စုတ်ပြဲပွစိလန်နေသော စက္ကူ အမှိုက်ပေါင်းများစွာ ကို နေရာတကာတွင် တွေ့မြင်နေရပါသည်၊ )

မျောက်စာသည် များ ဈေးမရောင်းရဟု သတ်မှတ်စည်းကမ်းထားခြင်းထက် ရန်ကုန်မြို့ ဘုရားဝင်းများအနီးတွင်ရောင်းချနေကြသော ခိုစာသည်များ ကုလားပဲစေ့များကို ပန်းကန်ပြားပေါ်ထည့်ပြီး ရောင်းသလို ၊ မျောက်စာမြေပဲ များကို ပန်းကန်ပြားများ အတွင်း ထည့် သွင်းရောင်းချ ခိုင်းခြင်းမျိုးဖြင့် အမှိုက်စက္ကူ မပွရှုပ်စေခြင်း ကဲ့သို့ အဖြေရှာမှုများ၊

(၁၀)၊ နိုင်ငံခြားသား အများဆုံးလာရောက်သည့် ပုဂံရှေးဟောင်း မြို့တော် ရှိ အသုံးဝင်သော ဖြတ်လမ်းများ ဖြစ်သည့် ဓမ္မရာဇိကဘုရား ၀င်းဘေး ကပ်ရပ် ဖြတ်လမ်း မှ ဓမ္မရံကြီး - စူဌာမဏိ ဘုရား -ဆူဟာတို လမ်းမ အထိပေါက်သော ဖြတ်လမ်း များကို ကတ္တရာလမ်း မခင်းနိုင် သော်ငြားလည်း ကျောက်ခဲလမ်းများခင်းစေ၍ မြေညီဖြစ်အောင် ညှိပေးသင့်ခြင်း၊

(၁၁)၊ ရှေးဟောင်း ပုဂံမြို့တော် တွင် သဗညုဘုရား အနီး၊ ရွှေဆံတော်ဘုရား အနီးတို့တွင် ခေတ်မှီရေအိမ်သာများ တည်ဆောက်ပေးခဲ့သော ဟိုတယ်ခရီး ၀န်ကြီးဌာန အား ကျေးဇူးတင်ရှိမှု နှင့် အတူ ရွှေစည်းခုံဘုရား အနီး၊ ညောင်ဦးဈေး အနီး၊ မင်းနန်သူရွာဘက်ခြမ်းများတွင် လည်း ထပ်မံ ဆောက်ထားပေးနိုင်ပါက အလွန်ကောင်း မွန်မည်ဖြစ်ခြင်း၊

( ၁၂ )၊ အင်းလေး ဒေသရှိ နိုင်ငံခြာသားများ စီးနင်းလိုက်ပါသည့် စက်လှေများတွင် ညဘက်ခရီးစဉ် များအတွက် သိသာထင်ရှားစေရန်သော်၎င်း၊ စက်လှေအချင်းချင်း ရှောင်ရှားနိုင်ရန်. ယာဉ်တိုက်မှု မဖြစ်နိုင်စေရန်၊ ရောင်ပြန်ပြားများ တတ်ဆင်ပေးသင့်ခြင်း၊

( ၁၃ )၊ အင်းလေးကန်အသွား၊ ညောင်ရွှေ မြို့ လှေဆိပ်တွင် သန့်ရှင်းသော Mobile - Toilet များ ထားရှိပေးသင့်ခြင်း၊

( ၁၃ )၊ မန္တလေး-မင်းကွန်း-အင်းဝ- အင်းလေး - ဒေသများတွင် ရှိသော ကမ်းစပ်၊ ကမ်းနား အဆင်းအတက် ကုန်းဘောင် များ၊ ဆိပ်ခံ သစ်သားတံတားများ ခိုင်မာကြံ့ခိုင်မှု ရှိစေရန် စစ်ဆေး အရေးယူပြင်ဆင်မှုများပြုလုပ်ပေးသင့်ခြင်း၊

(၁၄)၊ ပုဂံ၊ အင်းလေး ဒေသများတွင် နိုင်ငံခြားသားများ အတွက်ကျန်းမာရေး SOS အရေးပေါ်ဌာန များ ဆေးဝါးအပြည့်အစုံဖြင့် ပြုလုပ်ပေးသင့်ခြင်း၊

( ၁၅ )၊ April 13 , 2012 . (http://groups.google.com/group/travelmyanmar?hl=en. ) Site တွင် ကျွန်မ တင်ပြပြီးဖြစ်သော ကျိုက်ထီးရိုးဘုရားခရီးစဉ် ကန့်လန့်ကာ နောက်ကွယ် အနေအထားများ၊ နှင့် ဆောင်ရွက်သင့်သည်များ၊ http://groups.google.com/group/travelmyanmar/msg/d0118c3aeabf7c22?hl=en&

( ခရီးသွားလုပ်ငန်းတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နေကြသော ထောင့် ပေါင်းစုံမှ မည်သူ မဆို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်စေရန် အလို့ငှာ ဝေဖန် အကြံပေး ထောက်ပြ ဖြည့်စွက် မှု များ ပြုလုပ်နိုင်ပါသည်၊ ပြုလုပ်သင့်ပါသည်၊ )

ဓာတ်ပုံ - www.economist.com/



"သံဃာနှင့် နိုင်ငံ့ ရေးရာ"

နိုင်ငံရေး ဆိုတဲ့ နေရာမှာ နိုင်ငံသား ပြည်သူတွေရဲ့ စီးပွါးရေး လူမှု့ရေး ဘာသာရေး ကျမ်းမာရေး ပညာရေး အစစ အရာရာ အားလုံး ပါဝင် ပါတယ်။ ပြည်သူတွေရဲ့ သာရေး နာရေး အားလုံး နိုင်ငံ ရေးလို့ ပြောလို့ ရပါတယ်။

ကျောင်းသား စာသင်တာ၊ စစ်သား စစ်မှု့ထမ်းတာ အလုပ်သမား အလုပ်လုပ်တာ ကျောင်းဆရာ စာသင်တာ ကုန်သည် အရောင်းအ၀ယ် လုပ်တာ အစိုးရ၀မ်ထမ်း ရုံးအလုပ်လုပ်တာ..အစအဆုံး အပြင် သံဃာတွေလည်း ဆိုင်ရာ အလုပ်လုပ်တာ၊ ဒါတွေအားလုံး နိုင်ငံရေးလို့ ပြောလို့ ရပါတယ်။

လတ်တလော ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ချိန်ဆပြီး ဘုန်းကြီးတွေ နိုင်ငံ့ အရေးထဲ ဘယ်လို ဘယ်ပုံ ပါဝင် ကြမှာလဲ.. အဲ့တာလည်း မေးခွန်းပဲဗျာ။ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်၊ ကိုယ့်ဟာကိုယ် ပဲ ဖြေကြည့်မယ်ဗျာ။

၁. တရားဟောခြင်း

တရားဟောပြီဆိုရင် လူတွေရဲ့ ကိုယ်ကျင့်တရား အကျင့်စာရိတ္တ အုပ်ချုပ်နေတဲ့ အစိုးရပိုင်းက အဂတိ လိုက်စားမှု့၊ အုပ်ချုပ်တဲ့ လူကြီးပိုင်းက အကျင့်ပျက်မှု့၊ လူတွေစည်းကမ်းမရှိမှု့ ဒါတွေကို ဆုံမတဲ့ စကားတွေ နဲ့ ဗုဒ္ဒအဆုံးအမ တရားတွေကို ထည့်သွင်း ဟောပြောခြင်း တွေရှိတယ်။

လူတွေရဲ့ အကျင့်စာရိတ၊ အုပ်ချုပ်တဲ့ အာဏာပိုင်တွေကို တရားဟောတဲ့ အခါ ထည့်သွင်း ဆုံးမ မှု့တွေဟာ ခေတ်အဆက်ဆက်မှာ ရှိတယ်။ ဒီခေတ် ဒီအခါမှ မဟုတ်ဘူး။ ဒါလည်း နိုင်ငံ့ရဲ့ အရေး တိုင်းပြည်က လူတွေရဲ့ အရေး ကိစ္စအတွက် ပါဝင်ကြတာပဲ။

၂. သံဃာတော်တွေ ပါဝင်လှုပ်ရှားခြင်း

မွန်းကျပ် ပိတ်ဆို့တဲ့ ကာလတွေမှာ ပြည်သူတွေကို စာနာခြင်းနဲ့ သံဃာတော်တွေ ပါဝင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အဖြစ်အပျက်ကို ကြည့်ရင် သိနိုင်ပါတယ်။ သံဃာတော်တွေ သက်ဆိုင်တဲ့ အလုပ်တွေ မလုပ်နိုင်ပဲ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် လမ်းမပေါ် ထွက်ပေးခဲ့တာ ဘယ်သူမှ ကန့်ကွက် ဝေဖန်ကြမှာ မဟုတ်ပါဘူး။

လူတွေရဲ့ အရေးသည် သံဃာတော်တွေရဲ့ အရေးဖြစ်ပြီး နိုင်ငံ့ အရေး လည်း ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းကျခံ နေရတဲ့ ဘ၀တူ သံဃာတော်တွေ လွတ်မြောက် ရေးအတွက် တောင်းဆို တာမျိုးက လုပ်သင့် လုပ်ထိုက်တဲ့ တောင်းဆိုမှု့ပါ။

၃.၀င်ရောက် အားပေးခြင်းနှင့် လှုံ့ဆော်ခြင်း

NLD ဖြစ်လာတော့ အန်အယ်လ်ဒီက လူတွေကို အားပေး စကားပြောတာမျိုး၊ ငြိမ်းချမ်းရေး အတွက် ကိုယ်စားလှယ်လုပ်ပြီး ပြည်ပ နိုင်ငံခြားသား လာတော့ သွားတွေ့တာ မျိုးတွေ ရှိလာတယ်။ စင်မြင့်ပေါ် တက်ပြီး နိုင်ငံရေး စကားပြောတာ မျိုးတွေ ဖြစ်လာတယ်။ အပြောင်းအလဲ အလှုပ်အရမ်း ကာလတွေမှာ သတင်း မီဒီယာတွေက ပိုထည့်သွင်း ရေးသားကြတယ်။

အကျိုးဆက်က ဘာဖြစ်လာလဲ ဆိုရင် ပါဝင် အားပေးတဲ့ သံဃာတော်တွေက သတင်းမီဒီယာတွေရဲ့ မျက်နှာဖုံး ဖြစ်လာကြတယ်။ နောက်လိုက်နောက်ပါ လူထုတွေ များလာကြတယ်။

သံဃာတော်တွေက လူနဲ့မတူတဲ့ အချက်တွေ ရှိတယ်။ သံဃ အုပ်ချုပ်ရေး ဆိုတာပါပဲ။ သံဃနာယက ဆိုတာ သံဃာနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ဆုံးဖြတ် စီရင်ပိုင်ခွင့် ရှိတယ်။ လူတွေကို အုပ်ချုပ်တဲ့ အဖွဲ့ အစည်း အစိုးရတွေမှာ မတရားမှု့ တွေ ရှိသလိုပဲ၊ သံဃနာယက အဖွဲ့မှာလည်း မတရားမှု့ဆိုတာ ရှိနိုင်တယ် ဆိုတာ မေ့ထားလို့ မရဘူး။

နိုင်ငံရေး အဖွဲ့အစည်း နိုင်ငံရေးသမား တွေကို ၀င်ရောက် အားပေးတဲ့ သံဃာတော် တွေမှာ လူတွေ အကျိုးအတွက် အစိုးရကို တွန်းကန် နေရင်း မတရားတဲ့ သံဃ အဖွဲ့အစည်းကိုလည်း တွန်းပါတယ်။

မြန်မာပြည်မှာက သံဃနာယက ဆိုတဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့ လူတွေ အနေနဲ့ အရေးဆို နိုင်တဲ့ အင်အား မရှိဘူး။ အင်အား မရှိရုံမကဘူး အခြေအနေကို မရှိဘူး။ စဉ်းစားကြည့်ရင်ဗျာ.. ဘုန်းကြီးကို ဆရာလုပ် အရေးဆို ရမယ့် ကိစ္စ ဘယ်သူလုပ်နိုင်မှာလဲ။

သံဃ နာယကနဲ့ သံဃာတော်တွေ အချင်းချင်း ကစ်ကြတဲ့ ပွဲကျပြန်တော့လည်း ကြည့်မကောင်း သလိုပဲဗျာ။ ကျွန်တော်တို့ လူတွေရဲ့ ဆန္ဒကို ပြောရရင် သံဃနာယက ကိုလည်း မျှမျှတတ ဆုံးဖြတ် စေချင်တယ်။ သံဃာတွေကိုလည်း နောက်ပါ လူထုတွေနဲ့ စုရုံး လှုပ်ရှားပြီး ဆန္ဒကို ထုတ်ဖော်တာမျိုး မမြင်ချင်ဘူး။

ဗုဒ္ဒ တည်ထောင်ခဲ့တဲ့ သံဃ အဖွဲ့အစည်းဆိုတာက ညီညွှတ်ခြင်း ရှိနေမှ တည်မြဲမှာပါ။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်ရှိ နေတဲ့ အဖွဲ့အစည်းဟာ ဂိုဏ်းဂန အဖွဲ့တွေနဲ့ အခုအချိန်မှာ ပေါင်း ၁၇ ဂိုဏ်းမက ကွဲသွားပြီ ဖြစ်ပါတယ်။

မြန်မာ ပြည်တစ်ခု ထဲမှာတောင် သံဃ နာယက အဖွဲ့နဲ့ သံဃာတော်တွေ အချင်းချင်း ထပ်ကွဲတာမျိုး မဖြစ်စေချင် ပါဘူး။ ဘေးကနေ စဉ်းစားဝေဖန်ရတာ ဘေးကျပ် နံကျပ်ပဲဗျာ။

ကျွန်တော့် အနေနဲ့ ဖြစ်သင့်တာ တစ်ခုကို စဉ်းစားရရင် သံဃ အဖွဲ့အစည်းမှာလည်း ပွင့်လင်း မြင်သာမှု့ ရှိသင့်တယ် ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေည၀ါ ဆရာတော်ဘုရား ကိစ္စမှာ ဘာကြောင့် ကျောင်းက နှင်ထုတ်ရသလဲ၊ အရှင်ဂမ္ဘီရ ကိုဘာကြောင့် အရေးယူရသလဲ၊ ဦးသုမင်္ဂလကို ဘာကြောင့် တစ်နှစ် ပိတ်ရသလဲ ဆိုတဲ့ အကြောင်းပြချက်တွေကို သံဃာ့

အဖွဲ့အစည်း အတွင်းမှာ မကပဲ လူတွေ သိနားလည် အောင်ကြော်ငြာ ချက် ထုတ်ပြီး ၀က်ဆိုဒ်တွေ သတင်း မီဒီယာတွေ မှာ ဖော်ပြသင့်တယ်။

ဒါမှ လူတွေ အနေနဲ့ အမှန်အတိုင်း သိနားလည်နိုင်မယ်။ ဘာကြောင့် ဘာအတွက် ဆိုပြီး နားလည် သဘောပေါက် ကျေနပ်တဲ့ အခါ ထောက်ခံပြီး၊ အကြောင်း အကျိုး မဆီလျှော်ခဲ့ရင် ပြန်လည် ဝေဖန် ကန့်ကွက်သံ ထွက်လာ နိုင်မယ်။

အနှစ်ချုပ်ပြောရရင် လှုပ်ရှားမှု့ တစ်ခုပြီးတိုင်း နောက်ဆက်တွဲ ကိစ္စတွေ ကျန်ရစ်ပါသေးတယ်။ နောက်ဆက်တွဲ ကိစ္စတွေက အကျိုးဆက် ကြီးမားပါတယ်။

အချက် သုံးချက်မှာ နောက်ဆုံးအချက်က နောက်ဆက်တွဲ ကိစ္စတွေ အတော် များများ ပါဝင်ပါတယ်။

သံဃာတော်တွေ အနေနဲ့ နိုင်ငံရေး ပါတီတွေ လူတွေနဲ့ ဆက်နွယ်ပြီး အစိုးရနဲ့ သံဃ အဖွဲ့အစည်းကို ပြောင်းလဲမှု့တွေ လုပ်စေချင်တာ အန္တာရယ်များတယ် ထင်ပါတယ်။ အကယ်လို့များ နိုင်ငံရေးပါတီ နိုင်ငံရေးသမားတွေနဲ့ မဆက်စပ်ပဲနဲ့ သံဃ နာယက ကိုပြုပြင် ပြောင်းလဲဖို့ သံဃာတော်တွေတောင်းဆို ကြိုးစားကြမယ် ဆိုရင်ရော..။ နိုင်ငံရေး နယ်ပယ်ထဲ အတိုင်းအတာ တစ်ခုကို ကျော်လွန်ပြီး ဘုန်းကြီးတွေ ပွင့်ပွင့်လင်းလင်း မရောက်လာသင့်ဘူး လို့ ထင်မိကြောင်း သုံးသပ် မိပါတယ်။

သာမန် နည်းပညာသမား၊ ၀ါသနာရှင် စာရေးသူ တစ်ယောက်ရဲ့ သုံးသပ်ချက်ပါ။

စိုးထက် ကိုယ်တိုင်ရေးတွေ ဖြစ်ပါတယ်။
 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်မှတ် eBay မှာ ၀ယ်နိုင်ပြီ

အိမ့်သံစဉ် ရေးသားသည်)


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖန်တီးပြီး လက်မှတ်ရေးထိုးထားတဲ့ Greeting Card ကလေး တခုပါ။
ပန်းရောင် ပန်းပွင့်လေးများ (Pink Flowers ) တွေဟာ ကျမရဲ့ ပန်းတွေထဲက အစိပ်အပိုင်း တခုဖြစ်ပါသတဲ့။ဒေါ်အောင်ဆန်းစုကြည်ဟာ ပန်းချစ်သူ ပီပီ ပန်းကလေးများကို ကတ်ပြားမှာ ကိုယ်တိုင် ပုံဖော်ထားပြီး
လက်မှတ် ထိုးထားပါတယ်။

ဗြိတိန်အခြေစိုက် Burma Campaign UK ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အကူအညီပေးရေး လုပ်ဆောင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ မြှင့်တင်ရေး အစိတ်အပိုင်း တခု အဖြစ် အခုလို လေလံတင် ရောင်းချနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

eBay မှာ လေလံ တင်ထားရာမှာ အခု လက်ရှိပေးထားတဲ့ ဈေးကတော့ စတာလင်ပေါင် ၅၁၀ ဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံများ - eBay 



မလေးနယ်စပ်မှ မြန်မာ ၂ ဦး အချုပ်ကားအတွင်း သေဆုံး

သန်းထိုက်ဦး ရေးသားသည်)

ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာပြည်သား ၆၂ ဦးကို မနေ့က နေရပ်ရင်း ပြန်ပို့ရာမှာ သူတို့ထဲက ၂ ဦး ကားထဲမှာ သေဆုံးသွားပါတယ်။

သေဆုံးသူတွေကတော့ အသက် ၂၅ နဲ့ ၃၆ နှစ် အရွယ် အမျိုးသမီး တဦးနဲ့ အမျိုးသား တဦး ဖြစ်ပါတယ်။

သူတို့ကို ထိုင်း-မလေးရှား နယ်စပ်ကနေ ဖမ်းဆီး ခေါ်ဆောင်လာတာလို့ ဆိုပါတယ်။

အသက် ၄၃ နှစ်အရွယ် အချုပ်ကားမောင်းသူကို ရဲက စစ်ဆေးတော့ သူက “အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်သွန်မလို့ စောင်ခလာ (Songkhla) မြို့နယ်ကနေ မဲဆောက်မြို့က လ၀က အချုပ်ကို မောင်းလာတယ်၊ ဒါနဲ့ မဲဆောက်ကို ရောက်တော့ လူတွေ အားလုံး ကားပေါ်က ဆင်းတော့ ကားထဲမှာ ၂ ယောက်သေနေတာ တွေ့တော့ အာဏာပိုင်တွေကို သတင်းပို့ခဲ့ပါတယ်” လို့ ပြောဆိုကြောင်း ထိုင်း မန်နေဂျာ အွန်လိုင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။

၂ ယောက် သေဆုံးသွားတဲ့အကြောင်း ကားတစီးထဲ စီးလာတဲ့ လူတွေ သိ၊ မသိ ဆိုတာကိုတော့ သတင်းမှာ ရေးထားတာ မတွေရပါဘူး။

မဲဆောက်ဆေးရုံ တာဝန်ရှိသူတွေကတော့ ကားထဲမှာ တင်လာတဲ့ လူတွေကများတယ်၊ ကားစီးတဲ့ အချိန်က ကြာတယ် ဆိုတော့ အပူဒဏ်ကြောင့် ဖျားနာသေဆုံးတာဖြစ်တယ်လို့ ဆိုကြပါတယ်။
ရုပ်အလောင်း ၂ ခု မဲဆောက်ဆေးရုံမှာ ရှိနေတယ်၊ သက်ဆိုင်ရာ မိသားစု နယ်စပ်ရောက်လာရင် ဆေးရုံအာဏာပိုင်တွေကို ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ် တဲ့။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နယ်စပ်အခြေစိုက် KNU တပ်ဖွဲ့ဝင် တဦးက “ထိုင်းအာဏာပိုင်တွေက ပြန်ပို့မယ် ဆိုရင် ကောင်းကောင်း ပြန်ပို့ရမယ်၊ ဘာလို့လဲဆိုတော့ ပြန်ပို့ရမယ့် ခရီးက ဝေးတယ်၊ နေပူတယ်၊ ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်မယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး” ဆိုပြီးတော့ ပြောဆိုကြောင်း ဒီနေ့ dailyworldtoday အင်တာနက် စာမျက်နှာမှာရေးထားပါတယ်။

ညွှန်း - http://manager.co.th/Local/ViewNews.aspx?NewsID=9550000048120

ဒီဓာတ်ပုံမှာ ဖော်ပြထားချက်အရဆိုရင် မြန်မာပြည်သား ၆၂ ဦး ကို ကုန်တင်ကားနဲ့ သယ်ဆောင်လာတာ ဖြစ်ပါတယ်။ထိုင်း-မလေးရှားနယ်စပ်က စောင်ခလာ (Songkhla) မြို့ ဆိုတာ ရနောင်း-ကော့သောင်းနဲ့ နီးပါတယ်။ ဒီလောက် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်မှာ ပိုနီးတဲ့ အဲဒီ နယ်စပ်မြို့ကို မရွေးဘဲ ပိုဝေးတဲ့ မြ၀တီ မဲဆောက်ဒေသကို ရွေးတာ ဘာကြောင့်လဲ ဆိုတာ သတင်းတွေထဲမှာ ရေးမထားပါဘူး။

သေဆုံးမှုမှာ တာဝန်ရှိသူတွေ ဘယ်လို အရေးယူခံရတယ် သို့မဟုတ် မခံရဘူး ဆိုတာလည်း ရေးမထားတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

မြ၀တီနယ်စပ် ဗိုင်းရပ်စ်များ

မင်းစစ်သွေး

- မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဗိုင်းရပ်စ်များ -


လတ်တစ်လော ကုန်သွယ်ရေး လမ်းကြောင်းတွေထဲမှာ ခရီးမိုင် အတိုဆုံးနဲ့ သယ်ယူစရိတ်အသက်သာဆုံးလို့ ယူဆထားရတဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းကြီးဟာ သွားနေတဲ့ နိုင်ငံရေး ပြောင်းလဲမှု စနစ်ကို သွေဖီပြီး လာဘ်ပေးရင် ရန်မလိုဘူး(လာဘ်ပေးရန်မလို) ပုံစံနဲ့ ခေါက်ရိုးကျိုး အရိုးဆွဲနေတုန်းပါပဲ။

သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရားဝင်ကုန်သွယ်လမ်းကြောင်းကို နိုင်ငံတော်က ဖွင့်လှစ်ပေးတာက တစ်ကြောင်း၊ အခွန်အခတွေကို ဖြေလျှော့ပေးလိုက်တာက တစ်ကြောင်း၊ လွတ်လပ်စွာ တင်ပို့ခွင့်ရှိလာတာ တို့ကြောင့် ဒီကုန်သွယ်ရေးလမ်းပိုင်းကို အသုံးပြုကြရာမှာ ဆိုးဝါးတဲ့အဖြစ်တွေ ကြုံတွေ့နေရဆဲဖြစ်တယ်။

ဒီကုန်သွယ်မှုလမ်းကြောင်းပေါ်က စစ်ဆေးရေးအဖွဲ့ဆုံ တာဝန်ယူစစ်ဆေးနေတဲ့ မြ၀တီကုန်သွယ်ရေးဇုန်က အကောက်အခွန် အရာရှိ တချို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းကို လူ ကြားကောင်းအောင် ပြောဆိုပြီး ငွေတောင်းယူမူတွေ ရှိနေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုတယ်။

===========================
ပြည်သူကြားက ပြည်သူ့အကြောင်း တစေ့တစောင်း

===========================
သူတို့ပြောနေပုံအရဆိုရင် လုပ်ငန်းရှင်တွေက နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်တဲ့အတွက် သူတို့ အခွန်ဝန်ထမ်းတွေအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်နေရသလို၊ အလုပ်ပဲ ပိုရှုပ်သွားသလို ပုံစံမျိုးတွေ ပြော နေကြတယ်လို့ ကိုယ်တွေ့ကြုံ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပြန်တယ်။

“ကျွန်တော်တို့ သွင်းကုန်သွင်းလာတာ မြ၀တီချစ်ကြည်ရေးတံတားမှာ ဆိုင်ကယ်တစ်စီးကို တစ်သောင်း တောင်းတယ်။ အစီး ၅၀ ဆိုတော့ ငွေငါးသိန်းပေးခဲ့ရတယ်။ ဇုန်ရောက်ပြန်တော့ အပြင်ကပဲ စစ်မယ်ဆိုပြီး ငွေသိန်းနှစ်ဆယ် ထပ်တောင်းတယ်။ ကျွန်တော်က ဘာတစ်ခုမှ မမှန်မကန်တာ မလုပ်တာကြောင့် အကျိုး အကြောင်းပြောပြတော့ မရဘူး။ အကုန်လုံးကို ဖောက်စစ်မယ်လို့ ပြောတယ်။ အခွန်ထမ်းအနေနဲ့ အချိန်တွေ ကုန်ငွေတွေကုန်တဲ့အပြင် လူပါစိတ်ညစ်ရတယ်လို့” သူက ဆိုတယ်။

ထို့ကြောင့် နိုင်ငံတော်အပေါ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် မှန်မှန်ကန်ကန် အခွန်ထမ်းဆောင်ရွက် ပါသော်လည်း ယင်းသို့သော ဆိုးဝါးလွန်းသည့် ဗိုင်းရပ်စ်များ ရှိနေသဖြင့် တရားမ၀င်လမ်းကြောင်းမှသွားလျှင် ငွေကုန်တာခြင်းအတူတူ ပိုစိတ်ချမ်းသာလိမ့်မယ်လို့ ပြောပါတယ်။

ယင်းသို့စစ်ဆေးရာမှာ အ ကြောင်းအမျိုးမျိုးပြ ပညာပေးမှုတွေ ရှိနေတာကြောင့် အဆိုပါ ဇုန်ထဲပဲ အချိန်လေးရက်ကြာ ကုန်ဆုံးခဲ့ရ ကြောင်း ကြားသိရသည်။

ပြီးခဲ့သော အပတ်က မုံရွာ ကြေးနီသတ္တူတွင်း စီမံကိန်းအတွက် သွင်းယူလာသော မြေသယ်ယာဉ် ကားကြီး များကို ကုန်သွယ်လုပ်ငန်းခွန် ၂၀% သွင်းကုန်ခွန် ၃% အသီးသီး ပေးဆောင်စေခဲ့ ပြီး ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်များ သွင်းကုန်တင်သွင်းရာ ကုန်သွယ်လုပ်ငန်းခွန် ၂၅% နှင့် သွင်းကုန်ခွန် ၅ % ပေးဆောင်ခိုင်းခြင်းတို့မှာ မည်သို့ ကွာခြားနေသလဲဟု တင်ပြရင်း နိဂုံး ချုပ်အပ်သည်။

NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေး၏ လှုပ်ရှားမှု။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD_BG လူငယ်များဦးစီး၍ သင်္ကြန်-အလှပြဖျော်ဖြေးရေးယာဉ်သည် ဖိတ်ကြားထားသောနေရာများသို့ သွားရောက် ဖျော်ဖြေခဲ့ပါသည်။






အကြိုနေ့ -ပုဇွန်တောင်မြို့နယ်သို့ လှည့်လည်ဖျော်ဖြေစဉ် ( ဓာတ်ပုံ ၁)။


အကျနေ့- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်ဖျော်ဖြေဂါရ၀ပြုစဉ် ( ဓာတ်ပုံ ၂+၃)။


တက္ကသိုလ်ရိပ်သားလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ပထမအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်။


ပုဇွန်တောင်မြို့နယ်တွင်းသို့သွားရောက်ဖျော်ဖြေရာတွင် ပြည်သူများ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်( ဓာတ်ပုံ ၂၆)။


ပထမ အကြတ်နေ့- နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်တွင် သွားရောက်ဖျော်ဖြေစဉ်( ဓာတ်ပုံ ၅ မှ ၁၄ ထိ)။


နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်၊ အန်တီဒေါ်သန်းမြင့်အောင်တို့မှ NLD-BG အလှပြ ဖျော်ဖြေရေးယာဉ်အား ပျော်ပျော်ရွှင်ရွှင် အားပေးနေကြစဉ်( ဓာတ်ပုံ ၆)။


နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ပြည်သူ့အချစ်တော် ကိုကျော်သူနှင့်ဇနီး၊
အသင်းသူ အသင်းသားများမှ သောင်းသောင်းဖျဖျ ကြိုဆိုကြစဉ်( ဓာတ်ပုံ ၉)။


မြောက်ဥက္ကလာပ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ဂဂ-မျိုးဆက်ကျောင်းသားများရုံးရှေ့တွင် သွားရောက်ဖျော်ဖြေစဉ် ( ဓာတ်ပုံ ၁၅)။


တက္ကသိုလ်ရိပ်သားလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
အမေဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဒုတိယအကြိမ်သွားရောက်ဖျော်ဖြေဂါရဝပြုစဉ်( ဓာတ်ပုံ ၁၆ မှ ၁၉ ထိ)။


ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းအတွင်းမှ အလှပြဖျော်ဖြေရေးယာဉ်အား
ပြည်သူများပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြပုံ ( ဓာတ်ပုံ ၂၆)။


NLD_BG အလှပြဖျော်ဖြေရေးယာဉ်အား သာကေတမြို့နယ်ပြည်သူများမှ သောင်းသောင်းဖျဖျ ပျော်ရွှင်စွာ ကြိုဆိုနေကြပုံ( ဓာတ်ပုံ ၂၉ မှ ၃၂)။


မေတ္တာဖြင့်ကူညီပေးသော တေးရေးဆရာ ကိုသားဖေထင် ( NLD-BG) ။ Music Arrangement ကိုဝင်းကျော် (G.T.X) နှင့် နာကူ ဥက္ကဋ္ဌ ဦးကျော်သူတို့တွေ့ဆုံကြစဉ်( ဓာတ်ပုံ ၄၀)။


ခွပ်ဒေါင်းတွေခွပ်ပြီးသွားပြီ၊ ကတဲ့အချိန်ရောက်ပြီ၊ အမြဲတမ်းကနိုင်ကြပါစေဟု
နာကူ ဥက္ကဋ္ဌ ၊ဦးကျော်သူမှ နှုတ်ခွန်းဆက်စကားပြောကြားစဉ်။


ဗိုလ်ချုပ်လမ်းပေါ်ရှိကမ္ဘာသစ်မဏ္ဍပ်ပေါ်တွင် NLD-BG အလှပြဖျော်ဖြေရေးယာဉ်မှ ခွပ်ဒေါင်းသင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေနေစဉ် ဂဂ-ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ကိုဂျင်မီ၊မမီးမီးတို့ဦးဆောင်သောကျောင်းသားများလည်း လာရောက်အားပေးကြသည်။
ကိုမင်းကိုနိုင်မှ လာရောက်အားပေးကြသော ပြည်သူလူထုအား သင်္ကြန်နှင့်ပတ်သက်သော အကြောင်းအရာတစ်ခုကို အောက်ပါအတိုင်းပြောကြားသွားခဲ့ပါသည်။


သံကြပ်မပါတဲ့ သင်္ကြန်ဟာ အင်္ဂါမစုံတဲ့လူနဲ့တူတယ်။ အင်္ဂါမစုံရင် ဘယ်လိုမှ ကြည့်မကောင်းဘူး။ သံကြပ်ဟာ ပြည်သူတွေရဲ့အသံကို ပြောပေးတဲ့အတွက်ကြောင့် ဘယ်စီစစ်ရေးကိုမှ တင်စရာမလိုဘူး။


၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။


NLD-BG ၏ ရည်ရွယ်ချက်များ။


NLD-၏လုပ်ငန်းစဉ် (င) ဖြစ်သော လူထုအကျိုးပြုလူမှုလုပ်ငန်းများကို ဒီချုပ်လူငယ်များစုစည်း၍ အကောင်အထည်ဖေါ်၍ဆောင်ရွက်နေပါသည်။


၎င်းတို့မှာ - (၁) ကွန်ပျူတာအခြေခံသင်တန်းများ၊
(၂) နိုင်ငံခြားဘာသာစကားသင်တန်းများ၊
(၃) သူငယ်တန်းမှ လေးတန်းအထိ ဘာသာစုံ အပတ်စဉ်သင်ကြားခြင်း။ (ကျူရှင် အခမဲ့သင်ကြားပေးခြင်း)၊
(၄) ပဉ္စမတန်းမှ ဒသမတန်းအထိ Grammar သင်တန်းများ၊
(၅) စက်ချုပ်သင်တန်းများ၊
(၆) ဆံပင်ညှပ်သင်တန်း၊
(၇) သံဂဟေဆော်သင်တန်း၊
(၈) အမှိုက်ကောက်ကလေးလူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးရေး၊


-- ( စက်ချုပ်သင်တန်း ) အပတ်စဉ် (၃)နှင့် ဆံပင်ညှပ်သင်တန်း အပတ်စဉ် (၁) တို့ကို ၉-၄-၂၀၁၂ တွင် ဒီချုပ်နာယက ဘဘဦးတင်ဦးကိုယ်တိုင် ကြီးကြပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။




မှတ်ချက် BG- သည် အဖွဲ့မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောက်တွင် တည်ရှိနေသော ကွန်ယက်များထဲမှ NLD လုပ်ငန်းစဉ် (င) အား ဦးစားပေးဖေါ်ဆောင်နေသော ကွန်ယက်ငယ်တစ်ခုဖြစ်ပါသည်။


သင်တန်းကျောင်းတည်နေရာ= (၈၃၉) မြရည်နန္ဒာလမ်း၊ ၁၉ - ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်။ ကျန်းမာရေးမှတ်တိုင်။ ရန်ကုန်တိုင်းဒေသကြီး။


ဆက်သွယ်ရန်ဖုံးနံပါတ် = ၀၉-၇၃၁ ၂၅၈၈၅၊ ၀၁၀၅၅၅၀၂၀၂၊


တာဝန်ခံ ဒါရိုက်တာ ကိုညီညီ= ၀၉-၄၉၃၂၈၀၅၅၊


နှစ်သစ်တွင် ပြည်သူအများ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည်စုံနိုင်ကြပြီး အမေဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံကာ ဒီမိုကရေစီ ပန်းတိုင်သို့ တက်ညီ လက်ညီ ချီတက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်း အပ်ပါသည်။


NLD-BG - အရေးပေါ်အသက်ကယ် သွေးအကူညီပေးရေးနှင့် အသိပညာ အတတ်ပညာသင်ကြားပေးရေးပညာဒါနကျောင်းမှ ကျောင်းသား ကျောင်းသူ ဆရာ၊ဆရာမများမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။


မေမေ့သား- လင်းဆက် (NLD-BG )။


လေသူရဲ ၃ ဦးကို အီလက်ထရွန်နစ် ပုဒ်မဖြင့် ဖမ်းဆီးထောင်ချ





တနင်္သာရီတိုင်း မြိတ်မြို့ တပ်မတော် လေတပ်စခန်းက ဗိုလ်ကြီး နေလင်းဒွေး အပါအ၀င် လေတပ်အရာရှိ ၃ ဦးကို အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် နှစ် ပေါင်း၂၀ စီဖြင့် စစ်ခုံရုံးက ဧပြီလဆန်းပိုင်းတွင် အကျဉ်းရုံး တရားစီရင်ပြီး ယခု အချိန် အထိ မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို မသိရကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီး နေလင်းဒွေး (ဓာတ်ပုံ - ကိုဇော်လင်းဒွေး၏ Facebook မှ)
D.S.A စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း လေသူရဲ ဗိုလ်ကြီး နေလင်းဒွေးသည် ပြည်ပအခြေစိုက် အင်တာနက် စာမျက်နှာတွင် တပ်မတော်တွင်းက အခြေအနေမှန်များကို ရေးသားတင်ပြ၍ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ကတည်း က ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်း မသိရဘဲ မိသားစုနှင့်လည်း အဆက်အသွယ် မရကြောင်း သိရသည်။
“ထောင် အနှစ်၂၀ ကျသွားတယ်ပဲ သိရတယ်လို့ သူ့ညီက ဖုန်းဆက်ပြောတယ်”ဟု ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီ ကို ပြောသည်။
ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) အသက် ၃၈ နှစ်ရှိ ဗိုလ်ကြီးနေလင်းဒွေးကို အီလက်ထရွန်နစ် ပုဒ်မ ၃၃ (က) နှင့် ပုဒ်မ ၅/ည တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ ထို့အပြင် လေတပ်အရာရှိ ၂ ဦးကိုလည်း ဖမ်းဆီး အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများက ဆိုသည်။
ဗိုလ်ကြီးနေလင်းဒွေးသည် မြိတ် လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိနေစဉ် တပ်မတော်လေတွင် ခွက်ပျောက် နေ သော လေတပ်အရာရှိ ၃၀ ကျော် ( http://photayokeking.org/specialpart/soldiers-right/179-who-loss-cup) နှင့် တပ်မတော်တွင်း ဖြစ်ရပ်မှန်များကို ပြည်ပ အခြေဆိုက် “စည်းလုံးခြင်းရဲ့ အင်အား” အမည်ရှိ အင်တာနက်စာမျက်နှာတခု တွင် ရင်ဖွင့်ရေးသား၍ ဖြစ်နိုင်ကြောင်း မြိတ် လေတပ်စခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးကို အဆိုပါ အင်တာနက်စာမျက်နှာမှ ဆောင်းပါးရှင်“ဝေဟင်”အဖြစ် စွပ်စွဲပြီး ဖမ်းဆီးထောင်ချခြင်းဖြစ် နိုင်ကြောင်း သူက ဆက်ပြောသည်။
“စည်းလုံးခြင်းရဲ့ အင်အား” အင်တာနက် သတင်းစာမျက်နှာသည် မြန်မာ့တပ်မတော်သားများ၏ ဘ၀ ပုံရိပ်များနှင့် တပ်တွင်း သတင်းများ၊ တပ်မတော်သားများ၏ အခက်အခဲများကို အထူးသဖြင့် ဖော်ပြလေ့ရှိသည်။ ပြည်တွင်းနှင့် ပြည်ပရောက် တပ်မတော်အရာရှိများ၏ တပ်မတော်နှင့်ပတ်သက်၍ တင်ပြရာ အင်တာနက် ၀က်ဘ်ဆိုက်လည်း ဖြစ်သည်။
ဧရာဝတီမှ လက်ခံရရှိထားပြီး အင်တာနက်စာမျက်နှာများတွင်လည်း ပျံ့နှံ့နေသည့် ဗိုလ်ကြီး နေလင်းဒွေး၏ ညီဖြစ်သူ ကိုဇော်လင်းဒွေး၏ စာတွင် “ရာထူး တိုးသင့်တဲ့အချိန်မှာ တိုးမပေးဘဲ ညစ်ထားခြင်း ခံရတဲ့သူတွေကိုယ်စား ရေးမိတာ ပြော မိတာ ပုထုဇဉ် သဘာဝပါ။ အရှိအရှိအတိုင်း၊ ဖြစ်နေတာ ဖြစ်နေတဲ့အတိုင်း မှန်ရာရေးမိ၊ ပြောမိလို့ တပ် စည်းကမ်း ဖောက် တယ်၊ ဥပဒေ ချိုးဖောက်တယ် ဆိုပြီး ထောင်ချခံရတာပါ”ဟု ဆိုထားသည်။
“ဘယ်နိုင်ငံတကာ၊ ဘယ်ပါတီ၊ အဖွဲ့အစည်း၊ အန်ဂျီအိုကိုမှလည်း အကူအညီမတောင်းပါဘူး။ ဘယ်မီဒီယာကိုမှလည်း မပြော နေပါဘူး။ ပြည်တွင်းရေး ပြည်တွင်းမှာသာ ဆိုတာကိုလည်း လက်ခံပါတယ်။ ဒါကြောင့်မို့ နိုင်ငံသားတယောက် အနေနဲ့ ရသင့်တဲ့ အခွင့်အရေးအဖြစ် နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကိုတော့ဖြင့် မိသားစုက ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ တောင်းဆို သွားမှာပါ”ဟုလည်း ကိုဇော်လင်းဒွေး၏ စာတွင် ပါရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်နေစဉ် ယခုကဲ့သို့ မဖြစ်သင့်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံ ရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည် က ဧရာဝတီကို ပြောသည်။
“စစ်တပ်က အရာရှိ ၃ ယောက်ကို အီလက်ထရွန်နစ် အက်ဥပဒေနဲ့ ထောင်နှစ်ရှည်ချလိုက်တယ်လို့ ကြားရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး အသေးစိပ်ကို ထပ်မံ စုံစမ်းနေဆဲဖြစ်ပါတယ်။ သေချာတာက ဒီလူတွေဟာ မျှတတဲ့ တရားစီရင်မှု မရဘူး။ စစ် ခုံရုံးမှာ အကျဉ်းနည်းနဲ့ထောင်ချတယ်၊ နောက်တခုက မိသားစုနဲ့ အဆက်အသွယ်ဖြတ်ထားတယ် ဆိုတဲ့ ပုံစုံမျိုးကို ကျနော်တို့ ကြားသိရတယ်”ဟု ကိုဘိုကြည်က ဆိုသည်။
ဧရာဝတီက အဆိုပါ တပ်မတော်လေ အရာရှိ ၃ ဦး၏ မိသားစုဝင်များကို ဆက်သွယ်ရန်ကြိုးစားသော်လည်း မရရှိခဲ့ပေ။
၎င်း အရာရှိများ၏ မိသားစုဝင်များနှင့် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း မကြာသေးမီက ဖမ်းဆီး ထိန်းသိမ်း ထားရာ က ပြန်လွတ်လာသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း ပြောသည်။
ဗိုလ်ကြီး နေလင်းဒွေးအား လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလက ဖမ်းဆီးထားသည်ကို မိသားစုဝင်များ မသိရှိခဲ့ကြောင်း၊ တာဝန်ဖြင့် နယ် ခရီးသွားနေသည်ဟု သက်ဆိုင်ရာက တပ် တွင်းတွင် သတင်းလွှင့်ထားကြောင်း၊ ထို့နောက် ရာထူး ချထားသည်ဟု ဆို လာ ကြောင်း၊ နောက်ပိုင်းတွင် မိသားစုဝင် များကို လိုင်းခန်း ပြန်အပ်ခိုင်းခဲ့ကြောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဆက်လက် ပြောဆိုသည်။
နောက်ဆုံးရရှိသည့် သတင်းများအရ ဗိုလ်ကြီး နေလင်းဒွေး၏ မိသားစုဝင်များက သမ္မတ ဦးသိန်းစိန် ထံသို့ အသနားခံစာ တင်ထားကြောင်း သိရသည်။

ကံမ ဖျက်စီးမူ နောက်ဆက်တွဲသတင်း(ဗလီနှင့်အစ္စလာမ်ဘာသာဝင်များ၏အိမ်ဖျက်စီးမှုတွင် ကြံဖွတ်အမတ်ပါဝင်ပါတ်သက်)



ဟာဂျီမ ဒေါ်ဝါ၀ါ ပိုင်တဲ့ နန္ဒာမြတ်နိုး(၁)စက်လှေကို တနင်္ဂနွေနေ့ညတွင်ထပ်မံ ဖျက်ဆီးခဲ့သည်။ (ပုံပါ)

ဟာဂျီမဒေါ်ဝါ၀ါအိမ်ကို ဖျက်ဆီးခံရသဖြင့် ကံမမြို့နယ်ရဲစခန်းသို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏မောင် ဦးဌေးလွင်က သွားရောက်တိုင်ကြားခဲ့ရာ ကံမရဲစခန်းမှူးက
အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။ ကျွန်တော့်အဆင့်က အသေးအဖွဲအဆင့်ပဲရှိတယ်၊ ဒီကိစ္စက Heavy ဖြစ်တယ်။
ကျွန်တော်လုပ်မပေးနိုင်ဘူး၊ တိုင်းကလုပ်မှရမယ်။ ဒီကိစ္စက အဆင့်ဆင့်တင်ပြပြီး အထက်က ခွင့်ပြုမှလုပ်လို့ရမှာ၊ (၇)အိမ်ပျက်စီးတာမှာ
ခင်ဗျားအိမ်တစ်အိမ် တည်းကပဲ ဘာဖြစ်လို့လာပြီးအမှုဖွင့်တာလဲဟု ကံမမြို့ ရဲစခန်းမှူးက ပြန်ပြောကြောင်းကိုယ်တိုင်အမှု ဖွင့်ရန် သွားရောက်ခဲ့သူ ဦးဌေးလွင်က myanmarmuslim.net သို့ ပြောကြားခဲ့သည်။
ယခုအထက်ပါဖြစ်ရပ်သည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အမတ် ဦးဝင်းနိုင် ၏ လှုံ့ဆော်ကြိုးပမ်းမှုဖြစ်သည်ဟု ဟာဂျီမ ဒေါ်ဝါ၀ါ က myanmarmuslim.netသို့ ပြောကြားသည်။ကျွန်မတို့အမျိုးတွေအိမ်အားလုံ အဖျက်ခံရတယ်၊ တစ်ယောက်ပဲအဖျက်မခံရဘူး၊ အဲဒါက ကျွန်မဦးလေး ဦးမောင်ကိုအိမ်၊ သူက ဦးဝင်းနိုင်ရဲ့ အဒေါ်၊ ဒေါ်အမလေးနှင့် အိမ်ထောင်ကျတာ ဒါကြောင့်မို့လို့အဖျက်မခံရတာု ဟာဂျီမ ဒေါ်ဝါ၀ါ က ပြောကြားသည်။

Source : Myanmarmuslim.net

သြဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ ထဲက သမ္မတဦးသိန်းစိန်


၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အမေရိကန်ပြည်ထောင်စုမှ အပတ်စဉ်ထုတ် TIME မဂ္ဂဇင်းက ယနေ့ထုတ်ပြန်

၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အမေရိကန်ပြည်ထောင်စုမှ အပတ်စဉ်ထုတ် TIME မဂ္ဂဇင်းက ယနေ့ထုတ်ပြန်လိုက်သည်။
ယင်းစာရင်းဝယ် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် က အမှတ်စဉ် ၆၇ နေရာတွင်ပါရှိသည်။အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၆၁ နေရာတွင်ပါရှိကာ၊ ဟီလာရီကလင်တန်က အမှတ်စဉ် ၈၈ နေရာ တွင်ပါရှိသည်။စာရင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
1.Jeremy Lin
2.Christian Marclay
3.Viola Davis
4.Salman Khan
5.Tim Tebow
6.E.L. James
7.Louis CK
8.Rihanna
9.Marco Rubio
10.Ali Ferzat
11.René Redzepi
12.Kristen Wiig
13.Anthony Kennedy
14.Novak Djokovic
15.Ben Rattray
16.Jessica Chastain
17.Yani Tseng
18.Raphael Saadiq
19.Elinor Ostrom
20.Samira Ibrahim
21.José Andrés
22.Ann Patchett
23.Dulce Matuz
24.Henrik Schärfe
25.Freeman Hrabowski
26.Maryam Durani
27.Manal al-Sharif
28.Anjali Gopalan
29.Rached Ghannouchi
30.Barbara Van Dahlen
31.Ron Fouchier
32.Donald Sadoway
33.Hans Rosling
34.Asghar Farhadi
35.Sarah Burton
36.Anonymous
37.Pete Cashmore
38.Cami Anderson
39.Ali Babacan and Ahmet Davutoglu
40.Ai-jen Poo
41.Marc Andreessen
42.Preet Bharara
43.Robert Grant
44.Andrew Lo
45.Sharmeen Obaid-Chinoy
46.Alexei Navalny
47.Ray Dalio
48.Hamad bin Jassim bin Jaber al-Thani
49.Chelsea Handler
50.Harvey Weinstein
51.Chen Lihua
52.Warren Buffett
53.Alice Walton
54.Harold Hamm
55.Sheryl Sandberg
56.Sara Blakely
57.Tim Cook
58.Eike Batista
59.Daniel Ek
60.Virginia Rometty
61.Barack Obama
62.Goodluck Jonathan
63.Xi Jinping
64.Fatou Bensouda
65.Christine Lagarde
66.Mario Draghi
67.U Thein Sein
68.Ayatullah Ali Khamenei
69.Mitt Romney
70.Juan Manuel Santos
71.Timothy Dolan
72.Portia Simpson Miller
73.Mario Monti
74.Wang Yang
75.Maria das Graças Silva Foster
76.Andrew Cuomo
77.Iftikhar Chaudhry
78.Mamata Banerjee
79.Walter Isaacson
80.Ron Paul
81.Benjamin Netanyahu
82.Dilma Rousseff
83.Erik Martin
84.Cecile Richards
85.Angela Merkel
86.Lionel Messi
87.Tilda Swinton
88.Hillary Clinton
89.Catherine
90.Duchess of Cambridge
91.Pippa Middleton
92.Adele
93.Matt Lauer
94.Oscar Pistorius
95.Claire Danes
96.Stephen Colbert
97.Kim Jong Un
98.Mullah Mohammed Omar
99.Sheik Moktar Ali Zubeyr
100.Bashar Assad


သတင်း..... Popular Myanmar News Journal 

တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ..



ဒါကတော့ ရွှေလီရေအားလျှပ်စစ်စက်ရုံရဲ့ နှစ်အလိုက် ထုတ်လုပ်မှု ပို့လွှတ်မှု နှစ်စဉ်ရောင်းရငွေ စာရင်း..
Myanmar Electric Power Enterprise (MEPE)နဲ့ တရုတ်ယူနန် Yunnan Power Grid Corporation (YNPG)ကိုရောင်းချတဲ့ ရောင်းရငွေ တရုတ်ယွမ် (RMB) သန်းပေါင်း ၁၆၁၀ (အမေရိကန်ဒေါ်လာ ၂၅၅သန်း)ခန့်ပေါ့.။ ဒီမိုဝေယံက လက်ခံရရှိထားတဲ့ ရွှေလီရေအားလျှပ်စစ် စီမံကိန်း ၂၀၀၉ကနေ ၂၀၁၂ထိရောင်းရငွေ အစီရင်ခံစာထဲက တခုပါ..။ အဆိုပါငွေတွေ ဘယ်ကိုရောက်.. ပိုလျှံနေလို့ ရောင်းရတယ်ဆိုရင် ကျွန်တော်တို့ တနိုင်ငံလုံး မီးတွေလင်းနေပြီလား..။ တရုတ်က ဆောက်ပေးထားတဲ့ အဆိုပါ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားတွေကို တယူနစ်ကို မည်မျှနှုန်းနဲ့ ရောင်းနေပါလဲ..။ သက်ဆိုင်ရာ ပညာရှင်တွေ တွက်ချက် ပြပေးစေလိုပါတယ်..။
 ဒါကတော့ ရွှေလီစက်ရုံက မြန်မာ၊ တရုတ်ဝန်ထမ်းအင်အားနဲ့ အဆောက်အဦး စာရင်းပါ..။ 
မြစ်ဆုံဆည်မှာ တရုတ်ဝန်ထမ်း မည်၍၊ မည်မျှ ရှိတယ်ဆိုတာကို သတင်းထောက်တွေက မေးတာ မဖြေနိုင်တဲ့ လဝကဝန်ကြီးဦးခင်ရီ သိပါလေစ..
 ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံကို ၂၀၀၉မေလမှာ ဖွင့်လှစ်ပါတယ်..။ ရွှေလီ(၁)ရေအားလျှပ်စစ် စက်ရုံမှာ ဓာတ်အားပေးစက် (၆)လုံး လည်ပတ်နေတယ်..။ စက်ရုံဖွင့်လှစ်ပြီး (၂)နှစ်တောင် မပြည့်သေးတဲ့ အချိန်မှာ စက်(၆)လုံးစလုံး အကြီးစား ပြုပြင်နေရတယ်..။ ကောင်းရော...။ ဒီGenerator တွေထုတ်တဲ့ ကုမ္ပဏီက တော့ Herbin Generator Factory limited ဖြစ်ပြီး တရုတ်ပြည်ကဖြစ်ပါတယ်..။

၃နှစ်တောင် မပြည့်ခင် ၂၀၁၂ခုနှစ်မှာတော့ ရေလှောင်ကန်ရဲ့ အောက်ခြေတမံတွေ ပျက်စီးနေလို့ ပြန်လည် ပြင်ဆင်ရတယ်..။ ဒီစက်၊ ဒီလူ၊ ဒီနည်းပညာနဲ့များ မြစ်ဆုံဆည်ကို ဆောက်ဦးမယ် ဆိုရင်တော့...
တရုတ်နိုင်ငံမှ ဆောက်လုပ်ပေးတဲ့ ရွှေလီ(၁) ဓာတ်အားပေး စက်ရုံဆိုင်ရာ အချက်အလက်များ
အချက်(၁၁)ချက်ပါပါတယ်..။  နောက်ထပ်ဖြည့်ရန် အမှတ်စဉ်တွေကတော့ ဖွင့်လှစ်ပြီး (၂)နှစ်မတိုင်မှီ ဓာတ်အားပေးစက် ၆လုံးပျက်စီးသည့်နေ့၊ ၃နှစ်မပြည့်မှီ ရေလှောင်ကန် အောက်ခြေကြိုးပဲ့ ပျက်စီးသည့်နေ့၊


အပြည့်အစုံအား ဆက်လက်ဖော်ပြပေးပါမယ်..။

အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေ





တိုးတက် ပြောင်းလဲလာနေသော နိုင်ငံတကာ ဆက်ဆံရေးနှင့် ပြည်တွင်း ပြုပြင်ပြောင်းလဲမှုများ အရှိန် ရလာသည်နှင့် အမျှ ချမှတ်ထားသော ရည်ရွယ်ချက်များကိုထိရောက် အောင်မြင်နိုင်ရေး နေပြည်တော် အစိုးရအဖွဲ့ ပြင်ဖွဲ့ရန် သမ္မတ ဦးသိန်းစိန် စဉ်းစားနေပြီဟု သတင်းရရှိသည်။

ယခုအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကို ၂၀၁၁ ခုနှစ်က အခမ်းအနားတခု၌ တွေ့ရစဉ် (ဓာတ်ပုံ - AP)
နေပြည်တော်အစိုးရနှင့် နီးစပ်သူများက ဝန်ကြီး ၃၇ ဦး ပါဝင်ဖွဲ့စည်းထားသော အစိုးရအဖွဲ့ကို လာမည့် ရက်သတ္တပတ်များအတွင်း သမ္မတအနေဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ရာ နီးစပ်ရာ “ပြုပြင်ပြောင်းလဲလိုသူ” များနှင့် အကျိုးအပြစ်တို့ကို တိုင်ပင်နေကြောင်း သိရသည်။ ၄င်းတို့က “ခေါင်းမာသူ” များသည် “တာဝန်ပြောင်းခံရ” သို့မဟုတ် “တာဝန်လျှော့ချခံရ” နိုင်ကြောင်းလည်း ဆိုသည်။
လန်ဒန်ထုတ် ဖိုင်နန်ရှယ်တိုင်းမ် (Financial Times – FT) သတင်းစာ အွန်လိုင်း သတင်းတပုဒ်တွင်လည်း ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်နိုင်သွားခြင်း၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှု တဝက်တပျက်သာ လျှော့ချခြင်းတို့ကြောင့် “ခေါင်းမာသူ” များအကြား လက်ရှိပြုပြင်ပြောင်းလဲရေးကို သံသယများ တိုးလာနေသောကြောင့် အစိုးရအဖွဲ့တွင်းနှင့် လွှတ်တော်တွင်းတွင် အာဏာလွန်ဆွဲလာရသည်ဟု ရေးသားထားသည်။
“ဖြစ်ခဲ့တဲ့ ဖြစ်ထွန်းမှုတွေနောက်မှာ အပြောင်းအလဲတွေ ဆက်လုပ်ဖို့ အချိန်ကောင်းပါ” ဟု နေပြည်တော်အစိုးရနှင့် နီးစပ်သူတဦးက FT ကိုပြောထားသည်။ “အခုဆို စိန်ခေါ်မှုအသစ်တွေက ဘယ်မှာလိုနေသလဲ၊ ပိုထက်တဲ့ ပိုအားကောင်းတဲ့သူတွေ ဘယ်မှာလိုနေသလဲ စသဖြင့် ပိုရှင်းလာနေပါတယ်။ ဘယ်သူဘယ်ဝါကို ချန်ထားရစ်မယ်၊ ဘယ်တာဝန်တွေ ဘယ်သူ့ပေးမယ် ဆိုတာကတော့ မဆုံးဖြတ်ရသေးဘူး” ဟုလည်း ဆက်လက်ပြောသည်။
အစိုးရနှင့်နီးစပ်သူ တခြားတဦးကလည်း ပြုပြင်ပြောင်းလဲရေး ရှေ့ဆက် အကောင်အထည်ဖော်ရန် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှာ “ချိန်ခွင်လျှာသစ်” ဖြစ်ကြောင်း ဆိုသည်။
၎င်းက “အကြီးဆုံးစိန်ခေါ်မှုက ဒီချိန်ခွင်လျှာသစ်ကို ဘယ်လိုတည်ဆောက်မလဲ။ ဒီသုံးဦးဟာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးဘက်က ခေါင်းမာသူတွေရဲ့ ထိုးနှက်ချက်တွေကို တန်ပြန်ဖို့ အင်အားကောင်းရမယ်။ ဒီပုံစံနဲ့ အလုပ်ဖြစ်မှာပါ” ဟု ဆိုသည်။
လူအများက “ခေါင်းမာသူ” များစာရင်းတွင် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် ဦးအောင်သောင်းနှင့် ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းတို့ကို ထိပ်ဆုံးတွင် နေရာပေးကြသည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်၏ ဧပြီလ ၁၂ ရက်နေ့က ရေးသားခဲ့သော “လူမှန်နေရာမှန်” ဆောင်းပါးတွင် “ပညာရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး၊ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး စတဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ စီမံကိုင်တွယ်မှုတွေမှာ အရည်အချင်းရောရှိရဲ့လား၊ အလုပ်ရော တကယ်လုပ်နိုင်ရဲ့လား၊ ဘယ်လောက် ကောင်းအောင် လုပ်နိုင်သလဲဆိုတာ မေးခွန်းထုတ်သင့်ပါတယ်” ဟု တိုက်တွန်းရေးသားခဲ့သည်။
“သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး တနှစ်ကျော်တဲ့အထိ အလုပ်မဖြစ်ဘူး၊ အရင် စစ်အစိုးရတုန်းကလိုပဲ အမူအကျင့် မပြောင်းဘူး၊ နေရာမှန်မှာ ရှိနေတာ မဟုတ်ဘူးဆိုရင်တော့ သမ္မတ ဦးသိန်းစိန် အစိုးရက သင့်တော်တဲ့လူတွေ၊ အရည်အချင်း ရှိသူတွေနဲ့ ရဲရဲဝံ့ဝံ့ အစားထိုးပါလို့ တိုက်တွန်းပါရစေ” ဟုလည်း ရေးသားထားသည်။

မြန်မာအစိုးတပ်သို့ လက်နက်ချသော KIA အဖွဲ့ဝင်များ အားလုံးနီးပါး ကျဆုံး


ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ၀င်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။


၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။
kia-deserter2-1904
ဧပြီ ၁၆-၁၇ ရက် မြန်မာအစိုးရတပ်သို့ အလင်းဝင်သည့် KIA တာလောကြီး အရပ်သား တပ်ဖွဲ့ ၀င်များ။


သို့သော်“၎င်းတို့သည်စစ်သားများမဟုတ်ပဲတာလောကြီးကျေးရွာမှMHH ခေါ်အရပ်သားတပ်ဖွဲ့ဝင်များသာ
 ဖြစ်သည်ဟု KIAကဆိုသည်။


ဧရာဝတီဝက်ဆိုက်အမှန်တကယ်ဖောက်ထွင်းခံရပါသလော?



 အောက်တွင်ဖေါ်ပြထားသောသတင်းစာမျက်နှာသည် ဧရာဝတီသတင်းဝက်ဆိုက်တွင်တင်ထားစဉ်ကူးယူထားလိုက်သောသတင်းစာမျက်နှာတခုဖြစ်သည်။ဧရာဝတီဝက်ဆိုဒ်သည်ထိုနေ့တချိန်တည်းတွင်မြန်မာ့နိုင်ငံရေးလောကနာမည်ကြီးသူများ၏ မမှန်သတင်းများကိုဖေါ်ပြပြီးနောက် မိမိတို့ဝက်ဆိုဒ်အားခိုးဝင်ရောက်ပြီးသတင်းများတင်သွားခဲ့ကြောင်း အင်တာနက်စာမျက်နှာမှတဆင့်ဖြေရှင်းခဲ့သည်။ ဧရာဝတီကဲ့သို့ ပြည်ပအခြေစိုက်သတင်းဌာနကြီးတွင် ခဏခဏအဖောက်ခံရသည်မှာ အံသြစရာကောင်းကြောင်းဖေ့ဘွတ်စာမျက်နှာတွင်ရေးသားလာသူတယောက်ရဲ့ စာကိုဖေါ်ပြလိုက်ပါသည်။ ဧရာဝတီဝက်ဆိုက်အဆိုအရ သူတို့ရဲ့ဝက်ဆိုက်ကိုခိုးဝင်ရောက်တင်ခဲ့သောသတင်းများကိုနာရီပိုင်းအတွင်း ဖျက်ပစ်ခဲ့သော်လည်း ထိုသတင်းများကို ဧရာဝတီမှမဖျက်ခင်ကူးယူထားသော သတင်းဝက်ဆိုက်တခုကိုသွားရောက်ကြည့်ရှုနိုင်ရန်ဖေါ်ပြလိုက်ပါသည်။

Facebook တွင်ရေးသားထားသည်မှာအောက်ပါအတိုင်းဖြစ်သည်။
 
ပြည်ပသတင်းဌာနတွေရဲ့ (ဒီဗွီဘီ၊ ဧရာဝတီနဲ့ မဇ္ဈိမ) ဝက်ဘ်ဆိုက်တွေက ခဏ ခဏ အဖောက်ခံရတယ် အတိုက်ခံရတယ်ဆိုပြီး သတင်းတွေ ထွက်ထွက်လာနေတယ်။ အထူးသဖြင့် ဧရာဝတီဆိုက်ဒ်ဟာ အဖောက်ခံရတိုင်း ပြူးတူးပြဲတဲ့ အဝါရောင်သတင်းတွေချည်း တက်တက်လာပြီး၊ အဲဒီသတင်းဟာ အထုပ်နဲ့အထည်နဲ့ ပြန့်နှံ့သွားပြီးဆိုရင်တော့၊ ဧရာဝတီဆိုက်ဒ်မှာ အဲဒီသတင်းမရှိတော့ဘဲ ဆိုက်ဒ်အဖောက်ခံလိုက်ရပြီဆိုတာကို အတည်ရော အနှောက်ရော ရေးထားပါလေရော။ ဒီလို မကြာခဏ ဖြစ်နေတော့လည်း ယုံချင်စရာတောင် မကောင်းတော့ဘူး။ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတာရောမှ ဟုတ်ကြပါရဲ့လားဗျာ။ လုပ်ပါအုန်း၊ လူထုက ကိုဘိုရေ၊ ခင်ဗျားက သမိုင်းကိုလည်း စနစ်တကျလေ့လာဆည်းပူးနေသူဆိုတော့၊ အရင်ပုံနှိပ်သက်သက် သတင်းခေတ်မှာရော စာစီဆရာက မှားစီလိုက်ပါဆိုတဲ့ ပြူးတူးပြဲတဲ သတင်းတွေ ပုံနှိပ်သတင်းစာတွေ ပါဖူးတဲ ထုံးရှိလေသလားဗျာ။ စာခွက်မှောက်တာကို ကြေးမုံဦးသောင်းရဲ့ စာမှာ ဖတ်ဖူးမှတ်ဖူးမိပါတယ်။ နောက်ပြီး ပါလီမန် ဒီမိုကရေစီခေတ်မှာပဲ မီးလောင်တဲ့ သတင်းမှာ လူမသေဘဲ၊ လူသေတယ်လို့ သတင်းထောက်ကရေးပို့တာကို သတင်းထဲထည့်မိလိုက်တဲ့ ခင်ဗျားအဖိုးတော့ နောက်ရက်တွေမှာ အမှားပြင်ဆင်ချက်ထည့်ပေးတာကိုတောင် ဆိုရှယ်ညစ်တွေက လက်မခံဘဲ ထောင်ထဲ ၂ နှစ် နီးပါး
နေခဲ့ရတယ်ဆိုတာကိုလည်း ဖတ်ဖူးမှတ်ဖူးပါရဲ့။ ဒါကြောင့်ပဲ စာနယ်ဇင်း လွတ်လပ်ခွင့်ပေး လွတ်လပ်ခွင့်ပေးလို့ တစာစာအော်နေသူတွေကို ဟိုဂျပုက ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ခင်းပြတာ မလွန်လောက်ပါဘူးလို့ ပြောရမလိုဖြစ်ပြီ။ facebook

ဧရာဝတီဝက်ဆိုက်မှပြန်ပြီးမဖျက်ခင်ကူးယူတင်ထားသော link ။


KIO အဖွဲ့နှင့်ဒေါ်အောင်ဆန်းစုကြည်ဆက်ဆံရေးအခြေအနေ





No comments: