Saturday, April 14, 2012

သမိုင်းလမ်းဆုံမှလှည်းကူးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတစ်စီးတိမ်းမှောက်

ဒီနေ့ (၁၂-၀၄-၂၀၁၂) မနက် ၉ နာရီအချိန်မှာ သမိုင်းလမ်းဆုံမှလှည်းကူးကို ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတစ်စီးတိမ်းမှောက်ခဲ့ပါတယ်။ အဲဒီလိုင်းကားပေါ်မှာလူ ၃၀ လောက်စီးနင်းလိုက်ပါခဲ့ပြီး အခုလိုတိမ်းမှောက်မှုကြောင့် သံဃာတော်တစ်ပါပျံလွန်တော်မူပြီး၊ လူတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကားပေါ်မှာလိုက်ပါလာတဲ့ကျန်ခရီးသည် ၁၀ ဦးထက်မနည်း ဒါဏ်ရာအပြင်းအထန်ရပြီး အင်းစိန်ဆေးရုံမှာဆေးကုသမှုခံယူနေရပါတယ်။ ဒီယာဉ်တိမ်းမှောက်မှုဟာ ယာဉ်မောင်းသူရဲ့မဆင်မခြင် မောင်းနှင်မှုကြောင့်လို့ ဒီယာဉ်တိမ်းမှောက်မှုမှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပြခဲ့ပါတယ်


d :(

No comments: