Thursday, April 5, 2012

သတင်းများ


သေတမ်းစာအတု လူတစုဖြန့် ဝေနေ
Posted: 05 Apr 2012 04:59 AM PDT
အွန်လိုင်းစာမျက်နှာများနှင့် လူမှု့ကွန်ယက် Facebook 
တွင်ယခုရက်ပိုင်းအတွင်ပျံ့နှံ့လျှက်ရှိသော ဒေါ်အောင်ဆန်းစုကြည်၏သေ 
တမ်းစာဟုအမည်တပ်ထားသောစာမှာ ဒေါ်အောင်ဆန်းစုကြည်ရေးသား
ထားသည့်စာမဟုတ်ကြောင်းသူမ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သတင်းဌာနတို့က ငြင်းဆိုသည်။
 7Day News Journal
စစ်ကိုင်း​တိုင်း​က ​တောင်သူများ​ စိုက်ခင်း​ဖျက်ဆီး​တဲ့​ကုမ္ပဏီကို တရား​စွဲ
Posted: 05 Apr 2012 04:45 AM PDT
စစ်ကိုင်း​တိုင်း​ မုံရွာမြို့​ ကနီ​ကျေး​ရွာမှာ သူတို့​စိုက်ခင်း​တွေကို ဖျက်ဆီး​ခဲ့​တဲ့​ ကုမ္ပဏီကို ရွာသား​တွေက တရား​စွဲဆိုတဲ့​အမှုကို မ​နေ့​က မုံရွာမြို့​နယ်တရား​ရုံး​မှာ ရုံး​ထုတ်တယ်လို့​ ဒီအမှုကို လိုက်ပါ​ဆောင်ရွက်တဲ့​ ​ရှေ့​နေကွန်ယက်က ဦး​မြင့်​သွင်က ​ပြောပါတယ်။
“​တောင်သူ ၇၇ ​ယောက်ရဲ့​ ​မြေ​တွေကို တင်ဝင်း​ထွန်း​ကုမ္ပဏီက ဖျက်ထား​လိုက်လို့​လေ။ ကျ​နော် တင်ဝင်း​ထွန်း​ကုမ္ပဏီကို ​တောင်သူ​တွေရဲ့​ နစ်နာ​ကြေး​အတွက် တရား​စွဲ​ပေး​ထား​တာ မ​နေ့​က ရုံး​ချိန်း​မှာ တရား​ရုံး​က ​တောင်သူ​တွေ အကုန်လုံး​ ​ခေါ်ခဲ့​ပါဆိုလို့​ ​ခေါ်သွား​ရတယ်။ ကျ​နော်တို့​ စစွဲထား​တဲ့​အတွက် ​တောင်သူ​တွေရဲ့​ လက်မှတ် မှန် မမှန်။ နစ်နာတာ ဟုတ် မဟုတ်။ ​တောင်သူ​တွေ တကယ်စွဲတာ ဟုတ်မဟုတ် တရား​ရုံး​က ​ခေါ်စစ်တဲ့​သ​ဘောပါ။”
ဦး​မြင့်​သွင်ဟာ အာဏာပိုင်​တွေနဲ့​ နီး​စပ်သူ​တွေရဲ့​ လယ်သိမ်း​ယာသိမ်း​ အမှု​တွေကို လိုက်ပါ​ဆောင်ရွက်ရင်း​ ​ရှေ့​နေလိုင်စင် ရုပ်သိမ်း​ခံထား​ရသူ ဖြစ်ပါတယ်။
တင်ဝင်း​ထွန်း​ကုမ္ပဏီက ​တောင်သူ ၇၇ ဦး​ရဲ့​ လယ်ယာ​မြေဧက ၁၀၀ နီး​ပါး​ ​ပေါ်က​နေ လမ်း​ဖောက်လုပ်တဲ့​အတွက် သီး​နှံ​တွေ ပျက်စီး​ခဲ့​တဲ့​အ​ပေါ် ကုမ္ပဏီကို ​တောင်သူ​တွေက တရား​စွဲဆိုခဲ့​တာ ဖြစ်ပါတယ်။
တောင်သူတဦး​ချင်း​ ပိုင်ဆိုင်မှုက ​သေး​ငယ်တာ​ကြောင့်​ လယ်​မြေဧက အား​လုံး​အတွက် ၂၄၃ သိန်း​ခန့်​ပဲ နစ်နာ​ကြေး​ရလိုမှု ​တောင်း​တာလို့​ ဒီအမှုကို လိုက်ပါကူညီ​နေသူ ​ရှေ့​နေများ​ကွန်ယက်က ဦး​မြင့်​သွင်က ​ပြောပါတယ်။
တင်ဝင်း​ထွန်း​ ကုမ္ပဏီဟာ သူတို့​ရဲ့​ ကုမ္ပဏီလုပ်ငန်း​အတွက် လယ်ကွင်း​တွေထဲကို မနှစ်​မေလဆန်း​ပိုင်း​က လမ်း​ဖောက်လို့​ ​တောင်သူ​တွေရဲ့​ ငှက်​ပျောခင်း​၊​ နှမ်း​နဲ့​ ပဲစဉ်း​ငုံခင်း​တွေ ပျက်စီး​ခဲ့​ပါတယ်။ ကုမ္ပဏီဘက်က ကိုယ်စား​လှယ် ဦး​လေး​မောင်နဲ့​ ​ဒေါ်နုယဉ်ဆိုသူတို့​က နစ်နာဆုံး​ရှုံး​ခဲ့​ရသမ်ွအတွက် ​လျော်​ကြေး​ပေး​ပါမယ်လို့​ ၂၀၁၁ ခုနှစ်ဇွန်လဆန်း​ပိုင်း​က ​တွေ့​ဆုံကတိ​ပေး​ခဲ့​ပြီး​မှ ပျက်ကွက်ခဲ့​တဲ့​အတွက် တရား​ရုံး​ကို တိုင်တာဖြစ်ပါတယ်။
ဒီအမှုကို ဧပြီလ ၁၀ ရက်​နေ့​မှာ ပြန်ချိန်း​ဆိုထား​ပါတယ်။ 
ဒီဗွီဘီ
မြန်မာပြည်ဝင်ခွင့်​ e-visa စနစ်စတင်
Posted: 05 Apr 2012 03:58 AM PDT
မြန်မာနိုင်ငံကို လာ​ရောက်လည်ပတ်ကြမယ့်​ ကမ္ဘာလှည့်​ခရီး​သည်​တွေ အဆင်​ပြေ​စေဖို့​အတွက် e-visa စနစ်ကို စတင်စမ်း​သပ်​နေပြီး​၊​သမ္မတရဲ့​ ခွင့်​ပြုချက်ရရင် ဒီလထဲ စတင်ထုတ်​ပေး​မှာ ဖြစ်ပါတယ်။
e-visa ​လေ်ွာက်ထား​ရယူလိုသူ​တွေအ​နေနဲ့​ myanmarevisa.gov.mm ဝက်ဘ်ဆိုဒ်ကို ဝင်​ရောက်ပြီး​၊​ ပတ်စပို့​ နံပါတ် စသဖြင့်​ အဆင့်​ ၄ ဆင့်​ပါ အချက်အလက်​တွေကို ဖြည့်​သွင်း​ရမှာ ဖြစ်ပါတယ်။
အဲ့​ဒီလို ဖြည့်​သွင်း​လိုက်တာနဲ့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနကို အီး​မေး​လ် ဝင်​ရောက် လာမှာဖြစ်ပြီး​၊​ ကာယကံရှင်ဆီကို အီး​မေး​လ်ရရှိ​ကြောင်း​ အ​ကြောင်း​ ပြန်​ပေး​မှာ ဖြစ်ပါတယ်။
ဌာနဆိုင်ရာ လုပ်ထုံး​လုပ်နည်း​တွေအတိုင်း​ စစ်​ဆေး​ပြီး​ ဗီဇာကို အီး​မေး​လ် က​နေပဲ ပြန်ပို့​ပေး​မှာ ဖြစ်တယ်လို့​ ဟိုတယ်/ခရီး​ဝန်ကြီး​ဌာနက စုံစမ်း​သိရှိရပါတယ်။
အွန်လိုင်း​က​နေ e-visa ​လေ်ွာက်ထား​ရင် ၅ ရက်​လောက်ကြာမှာ ဖြစ်ပြီး​ မြန်မာနိုင်ငံရဲ့​ အင်တာနက် မြန်နှုန်း​နဲ့​ လ်ွပ်စစ်မီး​ ရရှိမှု အ​ခြေအ​နေ​တွေက ဒီလုပ်ငန်း​စဉ် ​အောင်မြင်မှု ရှိ မရှိ အဆုံအဖြတ် ​ပေး​မှာ ဖြစ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ ရှင်တဦး​က မှတ်ချက်​ပေး​ ​ပြောဆို လိုက်ပါတယ်။ 
ဒီဗွီဘီ
မြန်မာပြည်ကို ​ဒေါ်လာ ၁ ​သောင်း​ ယူလာနိုင်ပြီ
Posted: 05 Apr 2012 03:57 AM PDT
၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်ကစပြီး​ မြန်မာနိုင်ငံကို လာ​ရောက်ကြမယ့်​ နိုင်ငံခြား​သား​တွေဟာ အ​မေရိကန် ​ဒေါ်လာ ၁ ​သောင်း​ ဒါမှမဟုတ် ​ဒေါ်လာ ၁ ​သောင်း​နဲ့​ ညီမ်ွတဲ့​ မည်သည့်​ နိုင်ငံခြား​ ​ငွေကိုမဆို ယူ​ဆောင်လာနိုင်တယ်လို့​ မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်က သတင်း​ ထုတ်ပြန်လိုက်ပါ တယ်။
ဒီလိုယူ​ဆောင်လာရာမှာ အ​ကောက်ခွန်ဌာနမှာ ​ကြေညာစရာမလိုဘူး​လို့​လည်း​ဆိုပါတယ်။ အရင်က နိုင်ငံခြား​သား​တွေ မြန်မာပြည် လာရင် ​ဒေါ်လာ ၂ ​ထောင်ပဲ ယူ​ဆောင် အသုံး​ပြုခွင့်​ ​ပေး​ထား​ တာပါ။
မြန်မာပြည်မှာ ဘဏ်ကဒ် သုံး​လို့​လည်း​ မရ​သေး​။ ​ဒေါ်လာကိုင် ​ဆောင်ခွင့်​ကိုလည်း​ ကန့်​သတ်ထား​တာ​တွေ ရှိ​နေ​သေး​တာ​ကြောင့်​ နိုင်ငံခြား​သား​ ခရီး​သည်​တွေ ​ငွေ​ကြေး​အသုံး​ပြုရာမှာ အဆင်မ​ပြေမှု​တွေ ကြုံ​တွေ့​နေကြရပါတယ်။
အခုလို ​ဒေါ်လာ ၁ ​သောင်း​အထိ တရား​ဝင် ယူ​ဆောင် အသုံး​ပြုခွင့်​ပြုလိုက်တာ​ကြောင့်​ နိုင်ငံခြား​သား​ ခရီး​သည် ​တွေ​ရော၊​ ခရီး​သွား​လုပ်ငန်း​နဲ့​ ပတ်သက်ဆက်နွယ်​နေတဲ့​ သူ​တွေ အား​လုံး​ အတိုင်း​ အတာတခုအထိ အဆင်​ပြေ သွား​နိုင်တယ်၊
မြန်မာ့​ဓန မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဆရာသီဟ​စောက ​ပြောင်း​ဖို့​လို​နေတဲ့​ ​ငွေ​ကြေး​နဲ့​ ဘဏ်စနစ်​တွေထဲက အ​ပြောင်း​အလဲတခုဖြစ်တယ်လို့​ ​ပြောပါတယ်။ 
ဒီဗွီဘီ
ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး လုပ်မည်
Posted: 05 Apr 2012 03:47 AM PDT
ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဲအပြတ်သတ် အနိုင်ရရှိပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြီးမားသည့် စိန်ခေါ်မှုဖြစ်လာနိုင်ဖွယ် ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေးများကို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီသို့ ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲအတွက် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ရန်ကုန်တွင် မဲဆွယ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ (ဓာတ်ပုံ - Reuters / Soe Zaya Tun)
နေပြည်တော်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ကြံ့ခိုင်ရေးပါတီ အစည်းအဝေးတွင် ပါတီ ဗဟိုအလုပ်မှုဆောင် အများစု တက်ရောက်ခဲ့ကြကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်မှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သကဲ့သို့ ပါတီ ရှေ့ဆက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“လက်ရှိ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ကျနော်တို့ အားလုံးပဲ သဘောတူပါတယ်။ နောက်တခုကတော့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ ပါတီရဲ့ အားနည်းချက် အားသာချက်များကိုလည်း ဖော်ထုတ်ပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်” ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ပါတီ၏ အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင် အလွယ်တကူ ဆောင်ရွက်ခြင်းများ ရှိသကဲ့သို့ ခက်ခဲမှုများလည်း ရှိကြောင်း၊ ထို့ကြောင့် ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီမူဝါဒလမ်းစဉ်ကို လူထုသိရှိစေရန် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဦးဌေးဦးက ပြောသည်။
ထိုသို့ NLD က အပြတ်အသတ် အနိုင်ရခြင်းအပေါ် ဦးဌေးဦး၏ အမြင်ကို ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့မှာ လူထုအကျိုး လုပ်ဆောင်မှု မတွေ့ရှိရသေးသဖြင့် လတ်တလော အခြေအနေကို သုံးသပ်ရန် ခက်ခဲနေသေးကြောင်း ဖြေကြားသည်။
သို့သော် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်နွယ်၍ လူသိများခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှု၊ နိုင်ငံတကာအသိုင်းဝိုင်း၏ ထောက်ခံမှု၊ တပြည်လုံး စည်းရုံးလှုံ့ဆော်မှု အားကောင်းခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD က တဖက်သတ် အနိုင်ရရှိသွားခြင်းဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက သုံးသပ်ကြကြောင်း သိရှိရသည်။
NLD ပါတီ အနိုင်ရရှိမှုကို ကြံ့ခိုင်ရေးပါတီက ကြိုဆိုသွားမည်ဖြစ်ပြီး လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပတွင်လည်း ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည့်ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ဦးဌေးဦးက ပြောသည်။
“အကောင်းမြင်သမားလို့တော့ ကျနော့်ကိုယ်ကျနော် မဆိုလိုပါဘူး။ ဒါပေမယ့် ကျနော်တို့ တော်တော်စိတ်ဓာတ် ကျသွားပါတယ်” ဟု လွှတ်တော်အတွင်းမှ စစ်တပ်ကိုယ်စားလှယ်တဦးက ပြောကြောင်း Reuters သတင်းဌာနက ရေးသားထားသည်။
ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
၂ဝဝ၃ ခုနှစ် မေလ ၂၇ ရက်နေ့တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ စစ်ကိုင်းတိုင်း ဒီပဲယင်းအရပ်၌ တိုက်ခိုက်ခံရပြီး လူ ၇၀ ကျော်သေဆုံးခဲ့သည့် လုပ်ကြံမှုကြီးတွင် အဓိက လက်သည်အဖြစ် ကြံ့ခိုင်ရေးအသင်းက နာမည်ထွက်ခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ ပတ်သက်မှုမရှိဟု ဦးဌေးဦးက ငြင်းဆိုသွားသည်။
ထို့အတူ လူထုဆန္ဒပြမှုများကို နှိမ်နင်းရာတွင် ပါဝင်ခဲ့သည့် စွမ်းအားရှင်အဖွဲ့နှင့်လည်း ပတ်သက်မှုမရှိကြောင်း မကြာသေးမီက ဧရာဝတီနှင့်ဆက်သွယ်မေးမြန်းခန်းတွင် ဖြေဆိုခဲ့သည်။

ကျော်ခ (ဧရာဝတီ)
အစိမ်းရောင်မြေက ခွပ်ဒေါင်းအောင်ပွဲ
Posted: 05 Apr 2012 03:18 AM PDT
ရေးသားသူ-သီဟ၊ အိဖြူလွင်

ပြင်ဦးလွင်မြို့၏ အေးစိမ့်စိမ့်နံနက် ခင်းတွင် ထိုမြို့၏ အခမ်းအနား ဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်သော တပ်မတော် စစ် တက္ကသိုလ်၏
အောင်ဆန်းခန်းမ ရှေ့၌ ဆံပင်တိုတိုပြတ်ပြတ် ပုံစံ တူညှပ်ထားသည့် အသက် (၂၅) နှစ်ဝန်းကျင် လူငယ်များ အစု လိုက်၊ အစုလိုက်။
စီတန်းနေကြသူများ နောက် တွင် လော်လီကားများက နောက် ထပ် လူငယ်များကို ထိုနေရာသို့ အသုတ်လိုက် ပို့ဆောင်လျက်ရှိ
နေသည်။ ထိုလူငယ်များအားလုံး က ဧပြီ ၁ ရက် နံနက် ၆ နာရီဝန်း ကျင်တွင် အောင်ဆန်းခန်းမရှေ့၌ အစုအဖွဲ့လိုက် တန်းစီစောင့်ဆိုင်း
နေကြခြင်းပင်။
ထိုနေ့တွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၀င် ရောက်မဲပေးရန် တပ်မတော်စစ်
တက္ကသိုလ်မှ မဟာဘွဲ့သင်တန်း သားများဖြစ်သည့် တပ်မတော်အ ရာရှိငယ်များ စောင့်ဆိုင်းနေကြ ခြင်း ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲ တွင် စုစုပေါင်း မဲဆန္ဒနယ် ၄၅ နေ ရာရှိရာမှ ပြင်ဦးလွင်သည် တပ် မတော်သားဦးရေ အများဆုံးသော
မဲဆန္ဒနယ်များထဲမှ တစ်ခုဖြစ် သည်။
"မဲပေးဖို့ ဘာဖိအားမှ မရှိ ပါဘူး။ လျှို့ဝှက်စွာ မဲပေးခွင့် ရှိ ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရုရှားသွားရဦးမယ်ဗျာ။ ဒီလောက်ပဲပြော
ချင်တယ်"ဟု မဲပေးအပြီး ခပ် သုတ်သုတ် ဖြေရင်း ထွက်သွားသူ မှာ တပ်မတော်စစ်တက္ကသိုလ် အ ပတ်စဉ်(၅၃)ဆင်း ဗိုလ်အဆင့်ရှိ
အရာရှိငယ်တစ်ဦး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ယခင် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီ (တပ်မတော်) အစိုးရလက်ထက် ၂၀၁၀ ခုနှစ်
နိုဝင်ဘာ ရွေးကောက်ပွဲမှ တက် လာသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက် ထက် အထိပင် တပ်မတော်၏အခန်း ကဏ္ဍသည်
အဓိကနေရာမှ ပါဝင် နေဆဲဖြစ်သည်။
လက်ရှိနိုင်ငံရေး အပြောင်း အလဲများနှင့် အခင်းအကျင်းများ ပေါ်တွင် စိတ်ဝင်တစား စောင့် ကြည့်လျက်ရှိကြသည်။ တပ်မ တော်သားများရှိသကဲ့သို့ မိမိ၏ တာဝန်ကိုသာ ကျေပွန်စွာထမ်း ဆောင်ပြီး မည်သည့်အစိုးရတက် တက် မိမိအစိုးရဟုသာ ခံယူထား သည့်
တပ်မတော်သားများလည်း ရှိသည်။
"ကိုယ့်အလုပ် ကိုယ်လုပ်ရုံ ပါပဲ။ ခံစားခွင့်တွေ တိုးလာနိုင် တယ်။ လျော့လာနိုင်တယ် ဆိုတာ က ကိုယ့်အလုပ်ပေါ်မှာပဲ မူတည်
တယ်လို့ ထင်တယ်"ဟု ပြင်ဦးလွင် တပ်နယ်မှ တပ်မတော်အရာရှိ တစ်ဦးက ပြောသည်။
ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်လွှတ်တော် မဲဆန္ဒနယ် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည် ခိုင်ဖြိုးပါတီ နှစ်ပါတီသာ ၀င် ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး၊ ဧပြီ ၂ ရက်နေ့ နံနက်အထိ ရရှိသော စာရင်းများအရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီက အသာစီး ဖြင့် အနိုင်ရနေသည်။
ပြင်ဦးလွင်မဲဆန္ဒနယ်ကဲ့သို့ တပ်မတော်သားအရေအတွက် များသည့် မဲဆန္ဒနယ်နောက်တစ်ခု မှာ နေပြည်တော်တိုင်း စစ်ဌာန
ချုပ်တည်ရှိရာ ပုဗ္ဗသီရိမြို့နယ် မဲဆန္ဒနယ်ဖြစ်သည်။
ဧပြီ ၁ ရက် နံနက် ၈ နာရီ နှင့် ၉ နာရီကြား အချိန်တွင် ပုဗ္ဗ သီရိမဲဆန္ဒနယ်အတွင်းရှိ နေပြည် တော်တိုင်းစစ်ဌာနချုပ် တည်ရှိ ရာ ၈
လမ်းသွား လမ်းမကြီးထက် တွင် ပုံမှန်အတိုင်း ယာဉ်သွားလာ မှုများမှအပ ရှင်းလင်းနေသည်။ စစ်ဌာနချုပ်အတွင်း မဲရုံ ၃ ရုံရှိ သော်လည်း
စစ်ဌာနချုပ်ရှေ့ ဂိတ် ပေါက်မှ ကြည့်လျှင် ထူးခြားသော လှုပ်ရှားမှုများမရှိဘဲ ငြိမ်သက် တိတ်ဆိတ်နေသည်။
မဲရုံများအားလုံးသို့ ရွေး ကောက်ပွဲစောင့်ကြည့်လေ့လာသူ များကို ၀င်ရောက်ခွင့်ပြုထားသော် လည်း စစ်ဌာနချုပ်အတွင်းရှိ မဲ ရုံများကို သက်ဆိုင်ရာပါတီများ ၏ မဲရုံကိုယ်စားလှယ်မှအပ အ ခြားသူများ ၀င်ရောက်ခွင့် မရှိခဲ့။
ထိုမဲဆန္ဒနယ်အတွင်းရှိ လေ ကြောင်းရန် ကာကွယ်ရေးတပ်၏ မဲရုံ ၁ ရုံကမူ နံနက် ၈ နာရီခွဲကပင် မဲပေးပြီးဖြစ်သည့်အတွက် မြို့နယ် ကော်မရှိသို့ ဆန္ဒ မဲလက်မှတ်များ အားလုံးကို ရေတွက်အပ်နှံခဲ့ သည်။
ပုဗ္ဗသီရိတွင်လည်း ပြည်ခိုင် ဖြိုးပါတီက ပြင်ဦးလွင်ကဲ့သို့ပင် မဲအသာစီး ရနေသည်။
ပြင်ဦးလွင်မြို့နယ် တပ်မ တော်အုပ်ချုပ်မှုကျောင်းအတွင်း မဲရုံတွင် ကြီးကြပ်လျက်ရှိသည့် တပ်မတော်အုပ်ချုပ်မှုကျောင်းမှ
ဗိုလ်မှူးအဆင့်ရှိသူ အရာရှိတစ် ဦးက
''ဘယ်သူ့ကို ဘာပေးပါလို့ ကန့်သတ်ထားတာ မရှိဘူး။ လွတ် လွတ်လပ်လပ် ပေးလို့ရတယ်။ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ တပ်က
တပ်ပဲ"ဟု ဆိုသည်။
တပ်မတော်သား မဲဆန္ဒရှင် အားကောင်းရာ နယ်မြေဒေသ တစ်ခုဖြစ်သော မကွေးမြို့မှ မဲ ဆန္ဒရှင် တပ်မတော်သားတစ်ဦး က
"သိတဲ့အတိုင်းပဲလေ။ တပ်မ တော်သားဆိုတော့ ပြည်ခိုင်ဖြိုးကို ပဲ မဲပေးခဲ့တယ်။ ကိုယ့်ဆန္ဒနဲ့ ကိုယ်ကြိုက်လို့ ပေးခဲ့တာ"ဟု ပြတ်ပြတ် သားသားစကားဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲက နေ အပြောင်းအလဲတစ်စုံတစ်ရာ မြင်တွေ့လာနိုင်သည်ကိုလည်း မျှော်လင့်လျက်ရှိသည့် တပ်မ တော်သားအချို့ကိုလည်း တွေ့ရ သည်။
"အပြောင်းအလဲအများဆုံး လုပ်ပေးနိုင်မယ်ထင်တဲ့ပါတီပဲ မဲ ပေးခဲ့ပါတယ်။ ပါပဲပြောပြော ပြောင်းလဲမှုရှိရင် အနည်းအများ
ပိုကောင်းသွားမယ်ထင်ပါတယ်"ဟု အခြားအဆင့် တပ်မတော်သား တစ်ဦးက မျှော်လင့်စကားဆိုသည်။


7Day News Journal

ရမ်းဗြဲကျွန်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်
Posted: 05 Apr 2012 02:43 AM PDT
မြန်မာနိုင်ငံ၏ အကြီးဆုံး ကျွန်းတစ်ကျွန်း  ဖြစ်သော ရခိုင်ပြည်နယ်ရှိ  ရမ်းဗြဲကျွန်းတွင် ဘိုးရင်းလေယာဉ်ကြီးများ ဆင်းသက်နိုင်မည့် နိုင်ငံတကာ အဆင့်မီလေ ယာဉ်ကွင်းကြီးတစ်ခုကို ဂျပန်က တာဝန်ယူ တည်ဆောက်ရန် လာရောက် လေ့လာခဲ့ ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ဖလားဝါးနယူးစ်သို့ ထုတ် ဖော်ပြောကြားသည်။

အဆိုပါနိုင်ငံတာကာအဆင့်မီ လေယာဉ် ကွင်းကြီးကို တည်ဆောက်ရန်အတွက် ဂျပန် နိုင်ငံကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ များသည် ရမ်းဗြဲကျွန်း သို့ လာရောက်ကာ အကြိုလေ့ လာဆန်းစစ်မူများ ကို စတင်ဆောင်ရွက်နေ ပြီဖြစ်ကြောင်း သိရသည်။

'' ဟုတ်ပါတယ်။ ဂျပန်အဖွဲ့ တစ်ဖွဲ့ ဒီရက်ပိုင်းအတွင်းက လာသွားပါ တယ်။ သူတို့က လေ့လာရုံ သက်သက်တော့ လာသွားတာမဟုတ်ပါဘူး။ သူတို့ နိုင်ငံတာကာ အဆင့်ရှိ လေယာဉ်ကွင်းကြီး တစ် ကွင်းကို ရမ်းဗြဲကျွန်း မှာ ဘာဖြစ်လို့ တည် ဆောက်ချင်ရ သလဲဆိုရင် ဒီကျွန်းကြီးဟာ မကြာမီ အချိန်တွင်းမှာ နိုင်ငံတကာအဆင့် ရှိတဲ့စက်မူဇုန်ကြီးတွေ၊ ရေနက်ဆိပ်ကမ်း တွေ ပေါ်ပေါက်လာမယ့် နေရာဖြစ်လို့ ဒီကျွန်းကြီး ပေါ်မှာ ယခုလို နိုင်ငံတကာ အဆင့်မီတဲ့ လေယာဉ်ကွင်းကြီး  တစ်ခုကို တည်ဆောက်ဖို့ စီစဉ်တာပါလို့ သိရပါ တယ်''ဟု ရခိုင်ပြည်နယ် ဥပဒေရေးရာ ချုပ်ဦးလှသိန်းက ပြောသည်။

ယင်းလေယာဉ်ကွင်း တည် ဆောက်မည့်နေရာသည် ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်း တည်နေရာနှင့် ၁၂ မိုင် သာ ကွာဝေးကြောင်းသိရသည်။ အဆိုပါ လေယာဉ်ကွင်း အကောင်အထည်ပေါ် လာပါက ရမ်းဗြဲ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းသည် ရခိုင်ပြည်နယ်၏ ပထမ ဆုံးသော နိုင်ငံတကာအဆင့်ရှိ လေယာဉ် ကွင်းဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။

'' ဒေသခံ တစ်ဦး အနေနဲ့ ဒီသတင်းကိုကြားရတာ အင်မတန်ဝမ်းသာ ရပါတယ်။ ဒီလေယာဉ်ကွင်း တည်ဆောက် မယ့်နေရာ ကလဲ ရခိုင်ပြည်နယ် မှာစီးပွား ရေးဇုန်တစ်ခုလို စည်ကားလာမယ့်  နေရာ ဖြစ်နေတော့ လုပ်လဲ လုပ်လာ နိုင်ပါတယ်။ လက်ရှိဆိုရင်လဲ ရေနက်ဆိပ်ကမ်း တွေက အကောင်အထည်ဖော်နေပြီဆိုတော့ ဒါ တွေနဲ့ဆက်စပ်ပြီး ဖွံ့ဖြိုး တိုးတက်လာမယ့် ရှေ့အလားအလာ တွေကို မျှော်ပြီး တည် ဆောက်လာ နိုင်တာ ဖြစ်တယ် လို့သုံးသပ်မိ ပါတယ်။ ဒီလိုစီမံကိန်းကြီးတွေက ကျွန်တော်တို့ရဲ့ ဒေသကြီးဖွံ့ဖြိုးမှုကို အများကြီး  အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ မျှော် လင့်ပါတယ်''ဟု စစ်တွေမြို့ခံ ဦးရွှေသိန်း မောင်က သုံးသပ် ပြောကြားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းကြီး အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ  လေဆိပ်အဖြစ် သုံးခုရှိပြီး ပဲခူးတိုင်း ဟံသာဝတီ၊ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ရှိရာ ဒေသတို့တွင် ယင်းကဲ့သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီး တည်ဆောက်ရန်စီစဉ်လျက်ရှိကြောင်း သိ ရသည်။

ယင်းသို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တိုးချဲ့တည်ဆောက်မည့် အစီအစဉ်များကို ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံများ အားဖိတ်ခေါ်ချ  ပြထားကြောင်း၊ ယခုအခါ ယင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်များ အပြင် ဟဲဟိုးနှင့် ညောင်ဦး  လေဆိပ်များ အဆင့် မြှင့်တင် ရေး၊ သံတွဲလေဆိပ်အား တိုးမြှင့် ရေးတို့ကို စီစဉ်ဆောင်ရွက်  လျက်ရှိပြီး ယခင် က ရခိုင်ပြည်နယ်တွင် ပြေးလမ်းပေ ၈၀၀၀ ရှိသော မာန်အောင် စမုတဲ လေယာဉ်ကွင်း ဟောင်း ကိုလည်းပြန်လည်  အသုံးပြုနိုင်ရန် အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအ စိုးရအဖွဲ့ကို တင်ပြထားကြောင်း သိရ သည်။

ရန်ကုန်တိုင်းမ်
အလင်းတန်း ဂျာနယ် အမှတ်စဉ် ၇၀၀
Posted: 05 Apr 2012 02:13 AM PDT
သင်္ကြန်ရေပက်ရာတွင် မီးသတ်ပိုက်များကို စစ်ဆေးအရေးယူသွားမည်
Posted: 05 Apr 2012 02:01 AM PDT
ယခုနှစ် မန္တလေးမဟာသင်္ကြန်တွင် ကျုံးပတ်လည်၌ ရေကစားမည့် မဏ္ဍပ်များနှင့် ရေစုပ်စက် အသေးစားများဖြင့် ရေကစားမည့် နေရာများတွင် မီးသတ်ပိုက်များဖြင့် ရေပက်မှုများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရေနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးတင့်လွင်က ပြောကြားသည်။ “အဓိကကတော့ ရေပက်တဲ့နေရာမှာ အန္တရာယ်မဖြစ်အောင်လို့ပါ။ ကျုံးအနောက်ဘက်မှာ ရေစုပ်စက် အသေးလေးတွေနဲ့ မီးသတ်ပိုက်တွေနဲ့ ပက်တာ များတယ်။ ဒီနှစ်မှာ အဲဒီအသေးစား ရေစုပ်စက်တွေ လျှောက်လွှာတင်တဲ့နေရာမှာလည်း စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ မီးသတ်ပိုက်နဲ့ ရေပက်တာကို ခွင့်မပြုပါဘူး” ဟု ဌာနမှူးက ဆက်လက်ပြောသည်။ ယခုနှစ်တွင် အသေးစား ရေစုပ်စက် သုံးမည့်သူများအတွက် ရေစုပ်စက်တစ်လုံးကျပ် ၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သော နှစ်သင်္ကြန်၌ ရေစုပ်စက်အသေးစားများလျှောက်ထားမှုမှာ ကျုံးအရှေ့ဘက်တွင် သုံးဦး၊ ကျုံးအနောက်ဘက်တွင် ၁၀၄ ဦး၊ ကျုံးမြောက်ဘက်တွင် ၃၀ ဦးနှင့် မြို့တွင်းတွင် တစ်ဦးရှိခဲ့ပြီး စုစုပေါင်း ၁၃၈ ဦးလျှောက်ထားကာ ရေကစားခဲ့သည်။ ပြီးခဲ့သော မတ်လဆန်း၌ ကျုံးရေနည်းသွားသော်လည်း ၂၈ ရက် တိုင်းတာချက်အရ ကျုံးရေအမှတ်မှာ ၈ ဒသမ ၅ အထိ ပြန်မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သောနှစ် သင်္ကြန်အကြိုနေ့တွင် ကျုံးရေအမှတ် ၈ ဒသမ ၄ ရှိခဲ့သည်။ ၂၀၁၁ ခုနှစ် သင်္ကြန်လေးရက်အတွင်း ကျုံးရေ အသုံးပြုမှုမှာ ၅၂ ဒသမ ၅ သန်းထိ ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ဘန်ကီမွန်း ဝမ်းမြောက်စွာ ဂုဏ်ယူ
Posted: 05 Apr 2012 01:52 AM PDT
ကြားဖြတ်ရွေးကောက်ပွဲသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အထူးပင် စနစ်တကျ ရှိလှသည့်အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများအား ဝမ်းမြောက်စွာ ဂုဏ်ယူပါကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဧပြီလ ၂ ရက်နေ့က ကြေညာသည်။ အခု ကြားဖြတ် ရွေး ကောက်ပွဲမှာ လွတ်လပ်စွာပူးပေါင်းပါဝင်ခဲ့ကြတဲ့ NLD အပါအဝင် နိုင်ငံရေး ပါတီအမျိုးမျိုးက ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် သိသာထင်ရှားတဲ့ တက်လှမ်းမှု တစ်ရပ်လည်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်း ကပြောပါတယ်”ဟု သူ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ‘အထူးသဖြင့် ဒီလိုတိုးတက်မှု မျိုးပေါ်ပေါက်လာအောင် ဆောင်ရွက်ရဲပြီး အမြင်လည်းရှိတဲ့ သမ္မတဦးသိန်းစိန်ကိုလည်း အသိအမှတ်ပြု ကြောင်း သူကပြောပါသေးတယ်” ဟု ဘန်ကီမွန်း၏ ပြောခွင့် ရပုဂ္ဂိုလ်က ပြော ပါသေးသည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်ပြီး စီးစေရန် ဆောင် ရွက်ခဲ့ကြသော မြန်မာနိုင်ငံ အစိုးရ၊ နိုင်ငံရေးပါတီ များနှင့် ပြည်သူ အပေါင်း တို့၏ အပြုသဘောဆောင်သော လုပ်ရပ်များ ကိုလည်း မှတ်တမ်း တင်ကြောင်း၊ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှု အရှည် တည်တံ့စေရေးနှင့် စစ်မှန်သော အမျိုးသားစည်းလုံး ညီညွတ်မှုရရှိစေရေး အတွက်လည်း အားလုံးက ယခုထက် နှစ်ဆတိုးကြိုးစားကြရန် တိုက်တွန်း ပါကြောင်းလည်း မစ္စတာ ဘန်ကီမွန်း၏ ကြေညာချက်တွင် ပါရှိသည်။ 
Popular Myanmar News Journal
ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို
Posted: 05 Apr 2012 01:46 AM PDT
ထွန်းထွန်း (နိရဉ္စရာ)
----------
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။


" လူကတော့ သိန်းချီပြီး ရှိပါတယ်။ ဆိုင်ကယ်တွေ ကားတွေကလည်း ထောင်ချီပြီး ရှိပါလိမ့်မယ်။ ဒီလို လူတွေကြိုဆိုတာကို အခုတစ်ခါမှ တွေ့ဖူးပါတယ်" ဟု စစ်တွေမြို့မှ ကြိုဆိုရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာရာက်ကြသည့် ရခိုင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအား ရခိုင်လူထုက လိုက်လိုက်လှဲလှဲ ကြိုဆိုကြခြင်းမှာ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

များမကြာမှီက ထောင်ထဲမှ လွှတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ခိုင်ကောင်းစံကလည်း ကြိုဆိုသူ အထူးများပြားကြောင်းကို ယခုလို ပြောသည်။

" ဆိုင်ကယ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ပြီး လာကြိုကြတာလည်း မနည်းပါဘူး။ ဆိုင်ကယ်က သောင်းချီရှိမယ်ထင်ပါတယ်။ ကားအစီးပေါင်း ၃၀၀၀ လောက်ရောက်မယ် ထင်ပါတယ်။ ဒီလို ပြည်သူတွေ ကြိုဆိုတာကို ပထမဆုံး အကြိမ် ကျွန်တော့်ဘ၀မှာ မြင်ဖူးတာပါ" ဟု ပြောသည်။


ယနေ့ နံနက် ၈နာရီ မိနစ် ၂၀ ခန့်တွင် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သာ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေလေယာဉ်ကွင်း ကိုရောက်ရှိလာခဲ့ပြီး လေယာဉ်ကွင်းတွင် ရခိုင်စည်တော် အဖွဲ့ဝင်များက စည်တော်တီးပြီး ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲသို့ အစိုးရပိုင်းမှ တာဝန်ရှိသူများ၊ စစ်တပ် အရာရှိများ၊ ဘုန်းကြီးတော်ကြီးများ၊ အမျိုးသမီးများလည်း တက်ရောက် ခဲ့ကြသည်။

ကြိုဆိုသူ လူအုပ်ကြီးမှာ လေယာဉ်ကွင်းမှ အလိုတော်ပြည့် ကျောင်းတောင် ကုန်းအထိ ပြည့်နှက်နေပြီး လမ်းမကြီးတွင်လည်း နာရီစင်အသစ်မှ ရူပမြောက်အဆုံး အထိလူများ ပြည့် ကျပ်နေ ကြောင်း သိရသည်။

ကြိုဆိုသူများသည် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြပြီး ဆိုင်းဘုတ်များတွင် "မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ" " ရခိုင်ပြည်မှ ဖိတ်ခေါ်သံ" "ရခိုင်ပြည် ငါရို့ပြည်" " လွတ်မြောက်ပါစီ ငါရို့မြီ” “မျိုးချစ်စိတ်ဓါတ် နှင့်ရှင်သန်နိုင်ပါစီ" "ငါ ရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ဟု ရခိုင်လို ရေးသားထားကြသည်ဟု သိရသည်။

အိန္ဒိယအခြေစိုက် ဒုခေါင်းဆောင် ခိုင်သုခဦးဆောင် အဖွဲ့သည် ဧပြီလ ၃ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အခြေစိုက် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့ ဧပြီလ ၄ရက်နေ့တွင် ရောက် ခဲ့ခြင်း ဖြစ်သည်။


အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့…. သမ္မတ ဦးသိန်းစိန် (ရုပ်/သံ)
Posted: 05 Apr 2012 01:35 AM PDT

အနှစ် ၂၀ ပိတ်ဆို့မူတွေကြောင့် နောက်ကျကျန်နေခဲ့တယ်..ပြန်ရုပ်သိမ်းပေးမယ်ဆိုရင်တော့….
သမ္မတ ဦးသိန်းစိန်
မြန်မာ့အရေး အာဆီယံထိပ်သီးများနှင့် အမတ်များ သဘောထားမတူ
Posted: 05 Apr 2012 01:27 AM PDT
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ကြားဖြတ်ရွေးကောက်ပွဲ ပြီးနောက် အမြန် ရုတ်သိမ်းပေးရန် အာဆီယံအသင်းကြီးက တောင်းဆိုလိုက်သော်လည်း မြန်မာ့အရေး ဆောင်ရွက်
နေသည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ AIPMC ကမူ ပိတ်ဆို့မှုမျာအား အဆောတလျင် ရုတ်သိမ်းပါက မခိုင်မာသေးသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ထိခိုက်သွားစေနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က သဘောထား ထုတ်ပြန်လိုက်ကြသည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ကျင်းပသည့် အကြိမ် ၂ဝ မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန် သည့် အာဆီယံကြေညာချက်တွင် “နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ကို ရုတ်သိမ်းရန်စဉ်းစားဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါမှသာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနဲ့ အမျိုးသား ဖွံ့ညဖိုးတိုးတက်မှုတွေအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ဆန္ဒကို ဖော်ထုတ်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု ပါရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Hor Namhong က ဖတ်ကြားပြသည်။

“(မြန်မာအပေါ်)ပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့အတွက် အာဆီယံ ခေါင်းဆောင်အားလုံးက သက်ဆိုင်ရာနိုင်ငံတွေကို
တောင်းဆိုပါတယ်”ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်း က ပြောဆိုလိုက်ပြီး “အာဆီယံခေါင်းဆောင်တွေဟာ
ရွေးကောက်ပွဲအပေါ်မှာ ကျေနပ်အားရမှု ရှိကြပါတယ်”ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင် ပစ်ဆူဝမ် က ပြောဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာကြီးတွင် ဖော်ပြပါရှိသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကလည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းခြင်း သည် “အပြောင်းအလဲတွေ ရှိနေကြောင်း ပြသမယ့် အားကောင်းတဲ့ အချက်ပြမှုတခု”ဖြစ်သည်ဟု ဆိုသည်။

သို့သော် မြန်မာပြည်အရေး ဆောင်ရွက်နေကြသည့် AIPMC အာဆီယံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ကမူ ပိတ်ဆို့မှုများအား အဆောတလျင် ရုတ်သိမ်းလိုက်ပါက တိုင်းပြည်တွင်း မတည်မငြိမ်ဖြစ်မှုကို နှိုးဆွပေးသကဲ့သို့
ဖြစ်သွားနိုင်ကြောင်း သတိပေးထားသည်။

“စုပြုံကျလာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးဆက်တွေကို ကျင်ကျင်လည်လည်ကိုင်တွယ်ဖို့ မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အခြေခံအဆောက်အအုံတွေ ချို့တဲ့နေပါသေးတယ်” ဟု AIPMC ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော် ကိုယ်စားလှယ် Eva Kusuma Sundari က ပြောသည်။

ထို့ပြင် “အပျက်သဘော အတွေ့အကြုံအဖြစ် အခုနှစ်တွေအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကြီးမားတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အတူ ပါလာတဲ့ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ရေးရာ၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ သက်ရောက်မှုတွေ က သက်သေပြနေပါတယ်” ဟု ထောက်ပြပြောဆိုထားသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေးများအား ကာကွယ်ပေးမည့် စီးပွားရေးနှင့် စက်မှုလက်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အမြောက်အများ ရေးဆွဲပြဋ္ဌာန်းရန် လိုနေသေးကြောင်းလည်း Eva Kusuma Sundari က ပြောဆို သွားသည်။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့သည့် မြန်မာနိုင်ငံမှ ကြားဖြတ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍မူ “လွတ်လပ် မျှတ၍ ထင်သာမြင်သာရှိသော” ရွေးကောက်ပွဲအဖြစ် အာဆီယံခေါင်းဆောင်များက ရှုမြင်သကဲ့သို့ AIPMC ကလည်း “ဒီမိုကရေစီ အခွင့်အရေးများအား အောင်မြင်စွာ အသုံးချလိုက်နိုင်မှုအတွက်” မြန်မာပြည်သူများအား ဂုဏ်ပြု ချီးကျူးထားသည်။
အမေရိကန်ပေးတဲ့ အကူအညီမှာ အကြွေးကတ်စနစ် ပါဝင်ဖွယ်ရှိ
Posted: 04 Apr 2012 07:10 PM PDT
မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေအတွက် အမေရိကန် ပြည်ထောင်စုက စီးပွားရေးတိုးတက်ရေး အကူအညီပေးဖို့ စတင် ပြင်ဆင်နေတဲ့အထဲမှာ အကြွေးကတ်စနစ် ထွန်းကားရေးလည်း ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရအရာရှိ အသိုင်းအ၀ိုင်းက ပြောပါတယ်။
စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ Master/ Visa/ American Express စတဲ့ အကြွေးကတ်တွေ သုံးစွဲနိုင်တဲ့စနစ် ကင်းမဲ့နေတာကြောင့် မြန်မာပြည်ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေအတွက် အခက်တွေ့ကြရပြီး ငွေစက္ကူတွေ အများအပြား သယ်ဆောင် နေကြရပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲအပြီး မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှု တချို့လျော့ပေါ့ပြီး ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကူအညီတွေပေးမယ်လို့ အမေရိကန်အစိုးရက ပြောဆိုခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ အမေရိကန် အရာရှိကြီးတစ်ဦးက - ပိတ်ဆို့မှုတွေကို ဘယ်လို ဘယ်ပုံ လျော့ပေါ့မယ်၊ အချိန်ဇယား ဘယ်လိုရှိမယ်ဆိုတာ မိမိတို့ မသိပေမဲ့ အီလက်ထရောနစ် ကုန်သွယ်ရေးစနစ် ကျင့်သုံးနိုင်ရေးဟာ ထိပ်တန်းက ပါဝင်ပါလိမ့်မယ်လို့ အေအက်ဖ်ပီ သတင်းကို ပြောဆိုပါတယ်။
အကြွေးကတ်စနစ် မသုံးစွဲနိုင်သေးတဲ့ နိုင်ငံ နည်းနည်းလေးထဲမှာ မြန်မာ ပါဝင်ပါတယ်။ စီးပွားဖလှယ်ရာမှာ ဒီကိစ္စက အတော်လေး အခက်အခဲ ရှိပါတယ်။ အဲဒါလေးကို ပြုပြင်လိုက်ရင် စီးပွားရေး အခွင့်အလမ်းတွေ တမဟုတ်ချင်း ပွင့်လန်းသွားနိုင်ပါတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

RFA
ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးပိတ်ဆို့မှုတချို့အမေရိကန်လျှော့မည်
Posted: 04 Apr 2012 07:05 PM PDT
မြန်မာနိုင်ငံရဲ့ စီးပွားရေးခေတ်မီတိုးတက်ဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရစေဖို့ရည်ရွယ်ပြီး အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လတ်တလော လတွေထဲမှာဖြစ်ခဲ့တဲ့ တိုးတက်မှုတွေကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာတိုင်း အမေရိကန်က တစ်ဆင့်ခြင်း တုံ့ပြန်အသိအမှတ်ပြုသွားမယ်လို့ ပြောထားတဲ့အတိုင်း၊ အမေရိကန် က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အပြောင်းအလဲကိုလိုလားနေတဲ့ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ စိတ်ဆန္ဒအတိုင်း လက်တွေ့ဖြစ်လာအောင် မြန်မာအစိုးရကရော ပြည်သူတွေကပါ ဒီသတင်းပါတ်ထဲမှာ တဆင့်တိုးဆောင်ရွက်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာနိုင်ငံဆိုင်ရာ အထူးထုတ်ပြန် ကြေညာချက်မှာ ပြောကြားသွားခဲ့ပါတယ်။
“အစိုးရထဲမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ မျိုးဆက်သစ်တွေရောက်ရှိလာဖို့ ပြည်သူတွေတဲ့ ပြင်းပြတဲ့ ဆန္ဒတွေက April လ ၁ ရက်နေ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲရလဒ်တွေအပေါ်မှာ ထင်ဟပ်နေပါ တယ်။ ဒါဟာ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုအတွက် အင်မတန် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။”
နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်တုန်းကနဲ့မှမတူအောင် အရေအတွက်အမြောက်အများ ပြန်လွှတ်ပေးခဲ့ တာ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ဥပဒေသစ်တွေထုတ်ပြန်ခဲ့တာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်လာတာ တွေဟာ တိုးတက်မှုတွေဖြစ်တယ်လို့လည်း အမေရိကန်က ယူဆပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်ရေးလမ်းကိုလျှောက်နေတဲ့ မြန်မာ အစိုးရနဲ့ ပြည်သူတွေကို အမြဲအားပေး တုံ့ပြန်မယ်လို့ ကတိပြုထားတဲ့ အတိုင်း မြန်မာနိုင်ငံက လက်တလောတိုးတက်မှုတွေအပေါ် ဘယ်လို တုံ့ပြန်မှု တွေ လုပ်သင့်တယ်ဆိုတာကို အမေရိကန်အစိုးရအနေနဲ့ Congress လွှတ်တော်အပါအဝင် ဥရောပနဲ့ အာရှက မဟာမိတ်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က သူရဲ့ အထူးကြေညာချက်မှာ ပြောကြားသွားပါတယ်။ ခုလို တိုင်ပင်ဆွေးနွေးမှုတွေကနေ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးတာပါဝင်တဲ့ အမေရိကန်ရဲ့တုံ့ပြန်ချက်တွေကို ခုလို အသိပေးကြေညာပါတယ်။
“ပထမတစ်ချက်က ရန်ကုန်မှာ အပြည့်အဝ သံအမတ်အဆင့်တာဝန်ထမ်းဆောင်နိုင်မယ့် သံအမတ်ကြီးအဖြစ် ဘယ်သူ့ကို တာဝန်ပေးမယ် ဆိုတာ တရားဝင်ကြေညာပြီးတာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ခန့်အပ်နိုင်အောင် ကြိုးစားသွားပါမယ်။ ဒုတိယအချက်အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာအထောက်အကူ ပေးရေးအဖွဲ့ USAID ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှာ ပြန်ထားရှိဖို့နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို ထောက်ပံ့ပေးသွားပါမယ်။ တတိယအချက်ကတော့ ဒီမိုကရေစီအခြေခံ တည်ဆောက်မှု လုပ်ငန်းတွေကနေ ကျန်းမာရေး၊ ပညာရေး စတဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုထဲက ပုဂ္ဂလိကအဖွဲ့အစည်းတွေကို အားပေးကူညီသွားပါမယ်။ စတုတ္ထအချက် အနေနဲ့ကတော့ အစိုးရတာဝန်ရှိသူတချို့နဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ်အချို့ အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ရေး စီစဉ်ပေးမှာရှင်။
နံပါတ်ငါးအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ကန့်သတ်အရေးယူမှုတွေ လျှော့ချဖို့ကိစ္စကို စတင်ဆောင်ရွက်သွားပါမယ်။ ဒါဟာ ခေတ်မီစီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအရှိန်ရစေဖို့ ကျယ်ပြန့်တဲ့ အားထုတ်မှုရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေအတွက် အဟန့်အတားဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ တားမြစ်ချက်တွေကိုတော့ ဆက်ထားသွားပါမယ်”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကြေညာချက်မှာ သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကိုလည်း အပြည့်အဝလက်ခံ အသိအမှတ် ပြုတယ် ဆိုတာကို တစ်ကြိမ်မက ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင် တော်တော်များများဟာ မြန်မာနိုင်ငံကို သမိုင်းဝင် လမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Clinton က ချီးကျူးပါတယ်။
“လုပ်စရာတွေ အများကြီးရှိနေသေးသလို သိသာတဲ့ စိန်ခေါ်မှုတွေရှိနေသေးပေမယ့် သမ္မတနဲ့ သူ့ရဲ့အစိုးရ အဖွဲ့ဝင်တွေကို သူတို့ရဲ့ ရဲရင့်မှု အတွက် ကျွန်မတို့က ချီးကျူးပါတယ်။ လွှတ်တော်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့အတွက်ရော၊ သူ့ရဲ့ပါတီဝင်တွေ အနိုင်ရခဲ့တဲ့အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပါတယ်။”
လုပ်စရာတွေ အများကြီးရှိနေသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အနာဂါတ်ဟာ သဲသဲကွဲကွဲ မရှိသေးသလို မရေမရာဖြစ်နေသေး တယ် ဆိုတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အထူး ကြေညာချက်မှာ ထောက်ပြသွားပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး သူ မြန်မာနိုင်ငံမှာ ပြောခဲ့သလိုပဲ ဆောင်ရွက်မှုတိုင်းအတွက် တုံ့ပြန်မှုလုပ်သွားမှာဖြစ်တယ်ဆိုတာကိုလည်း ထပ်ပြောသွားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်မြောက်ရေး၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားပေးရေးအတွက်ကိုလည်း အမေရိကန်က ဆက်တောင်းဆို သွားမယ်လို့ ဆိုပါတယ်။ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ လူမှု အသိုင်းအဝိုင်းအတွက်ကို အများကြီး အထောက်အကူပြုနိုင်တဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ အားကောင်းခိုင်မာလာဖို့ကို အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားမဲ့အကြောင်းလဲ ပြောပါတယ်။ ဒါ့အပြင် -
“အမျိုးသားပြန်လည်သင်ြ့မတ်ရေးလုပ်ငန်းစဉ်တွေ တိုးတက်လာစေဖို့ အထူးသဖြင့် လူနည်းစုတိုင်းရင်းသား တွေနဲ့ သင့်မြတ်မှုရရေး ဆောင်ရွက်မှုတွေတိုးတက်ဖို့ ဆက်ပြီး တိုက်တွန်းသွားပါမယ်။ ဒါ့အပြင် မြောက် ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာဆက်ဆံရေး အဆုံးသပ်ဖို့ အတွက်ကိုလည်း ဆက်ပြီး ဖိအားပေးသွားပါမယ်။”
ခုလို နောက်ထပ်လုပ်စရာကိစ္စတွေအတွက် အမေရိကန်က တိုက်တွန်းနေပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အပြည့်အဝ အသိအမှတ်ပြု လက်ခံတယ်။ ထိစပ် ဆက်ဆံရေးမူကိုလည်း ဆက်ပြီး ကျင့်သုံးသွားဆိုတာကိုလဲ ထပ်ပြီး ပြောသွားပါတယ်။
အစိုးရ ခေါင်းဆောင်ပိုင်းက တိုင်းပြည်အနာဂတ်အတွက် ဘာတွေလုပ်ရမယ်ဆိုတာကို နားလည်သလို စိတ်ပိုင်းဖြတ် လုပ်ဆောင်နေတာ တွေဟာ ရေရှည်ဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်သလို နောက်ထပ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေထွက်ပေါ်လာဖို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာနိုင်ငံဆိုင်ရာ အထူးကြေညာချက်ထုတ်ပြန်ရာမှာ ပြောကြားသွားပါတယ်ရှင်။

VOA
ကျွန်းစုမြို့နယ် ကြံ့ခိုင်ရေး ၀န်ကြီး၏ မကောင်းစိတ်များ ပြင်စေချင်
Posted: 04 Apr 2012 06:59 PM PDT
၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြိုင်ဖက်မရှိဘဲ အမတ်ဖြစ်သွားတဲ့
ကြံ့ခိုင်ရေး တိုင်းသစ်တောဝန်ကြီး ဦးသိန်းလွင်မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သို့ ကိုယ်တိုင်
စည်းရုံးရေးဆင်းပြီး နယ်မှပြည်သူတွေကို ကြံ့ခိုင်ရေးကိုမဲမထည့်ရင်
မီးသွေးလှေများအား ဖမ်းမည်ဟု နယ်ခံလူမိုက်များနှင့်
ပေါင်းပြီးခြိမ်းခြောက်မဲဆွယ်ခဲ
့ပါတယ်။

ဧပြီ(၁)ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD မှ ပြည်သူအများထောက်ခံမှုဖြင့်
ပြတ်ပြတ်သားသားအနိုင်ရသွားတော့
(၃/၄/၂၀၁၂) ညက သစ်တောဦးစီးဌာနကို အရေးပေါ်အစည်းအဝေးခေါ်ပြီး
ကျွန်းစုဘက်က တက်လာသမျှ မီးသွေးလှေများ ဖမ်းဖို့ အမိန့်ပေးခဲ့တယ်လို့
သစ်တောဝန်ထမ်းတွေဆီက သိရပါတယ်။

 
မြို့နယ်၏ ထမင်းဟင်းချက်ပြုတ်ရန် အဓိကလောင်စာမှာ မီးသွေးဖြစ်သည့်အတွက်
တစ်မြို့နယ်လုံး အခက်အခဲကြုံနေကြရသည့်အပြင်
တနိုင်တပိုင်လုပ်ငန်းငယ်များလည်
း ထိခိုက်ကုန်ပါသည်။
ဝန်ကြီးဦးသိန်းလွင်ကတော့ သစ်တရားမ၀င်လုပ်တဲ့ လူတစုနဲ့ပေါင်းပြီး
မြိတ်နှင့် နယ်တွေမှာ ထင်ရာစိုင်းလုပ်နေတာကို တိုင်းဝန်ကြီးချုပ်
ဦးမြတ်ကို ဒါတွေမသိတာလား ...
မသိဟန်ဆောင်နေတာလား .... သိသော်လည်း ကိုယ့်လူကိုယ်မထိန်းနိုင်တာလား ...
ဒီမိုကရေစီအတုအယောင်ဝန်ကြီးချု
ပ်မဟုတ်ဘူးဆိုရင်တော့
ကိုယ့်လူကိုယ်ပြန်ထိန်းသင့်ပါ
တယ်။
အရင်ဝန်ကြီးချုပ်ဦးခင်ဇော် လက်ထက်က ဘာဆိုဘာမှလုပ်ပိုင်ခွင့်မရကြလို

အခုမှ လက်စွမ်းပြနေတာလား...။
တိုင်းသစ်တောဝန်ကြီးဦးသိန်းလွင် လို့ ခေါ်ထိုက်အောင်တော့ စိတ်ဓါတ်လေးတွေ
ပြင်စေချင်တယ်။

ဝန်ကြီးများကို အဆင့်မီစေချင်သူ ပြည်သူတစ်ဦး
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် နေအိမ်ဝယ်ယူမည်
Posted: 04 Apr 2012 06:06 PM PDT


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ဟာနေပြည်တော်
၊ဇေယျာသီရိမြို့နယ်မှာနေအိမ်တစ်လုံးဝယ်ယူဖို့စီစဉ်နေတယ်လို့ဒီချုပ်ရဲ့ကိုယ်ရေး
အရာရှိဖြစ်တဲ့ ဦးဟံသာမြင့်ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်ကို
သွားရောက်ရာမှာအဆင်ပြေချော့မွေ့စွာနေထိုင်လုပ်ကိုင်နိုင်ဖို့အတွက်ဝယ်ယူရခြင်း
ဖြစ်တယ်လို့သိရပါတယ်..ဦးဟံသာမြင့်ဟာနေအိမ်ဝယ်ယူဖို့အတွက်ဧပြီလ(၇)
ရက်နေ့မှာနေပြည်တော်ကိုသွားရောက်မယ်လို့သိရှိရပါတယ်။

သံလွင် (Blog)
NLD ကို ကြိုတင်မဲ ထည့်ပြီး ကွယ်လွန်သွားသူ
Posted: 04 Apr 2012 05:53 PM PDT
ပုလဲမြို့နယ် နွယ်ရှောက်ကျေးရွာ နေ မ၀င်းဆွေ ၄၁နှစ် မှာ ကျန်းမာရေးမကောင်းသဖြင့် အိပ်ရာထဲ လဲနေတာကြာပါပြီ 31.3.2012နေ့ 23း0 တွင် ကော်မရှင်မှ ကြိုတင်မဲ လာရောက်ယူသောအခါ ဘယ်သူကိုမဲထဲမှာလဲမေးတော့ ခွပ်ဒေါင်း ခွပ်ဒေါင်း ခွပ်ဒေါင်း သုံးခါပြောပါတယ် ကော်မရှင်ကလည်း လူနာ ပြောတဲအတိုင်းမဲပေးပြီး ပြန်သွားပါတယ် နောက်တစ်နာရီ အကြာ မှာကွယ်လွန်သွားတယ်လို့ကျန်ရစ်သူ မ၀င်းဆွေ၏အကို နှင့် ကော်မရှင် လူကြီးများကပြောပါတယ် ၄င်းသတင်းကို သိသိချင်း ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့် ဦးအောင်ရှင်တို့ သွားရောက် ကူညီခဲပါတယ်။ လှော်ကား ကျေးရွာ ဦးစံလွင် ၇၇နှစ် လဲ ၁၂နာရီတွင် ကြိုတင်မဲပေးပြီးနာရီဝက်ခန့်အကွာတွင် ကွယ်လွန်သွားသည်ဟု ၄င်းမိသားစုများမှ ပြောကြားခဲ့ပါတယ် (Photo: a2 zm@iCJ)

ဒီဗွီဘီ
ဝင်းကုန်းကျေးရွာ မီးဘေးသင့် ပြည်သူတွေအတွက် NLD အလှူ
Posted: 04 Apr 2012 05:34 PM PDT
၀၃-၀၄-၂၀၁၂။ ယင်းမာပင်မြို့နယ် ၀င်းကုန်းကျေးရွာ မီးဘေးသင့် ပြည်သူတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ကျပ်သိန်းတစ်ရာကို ပုလဲမြို့ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နှင့် ခရိုင်အောင်နိုင်ရေးခေါင်းဆောင် မုံရွာဦးအောင်ရှင် ၊ ဗဟိုလူငယ်များ ယင်းမာပင်မြို့ အဖွဲ့များ သွားရောက်လှုဒါန်းခဲပါတယ် ။ ရွာသူရွာသားတွေရဲ့ တောင်းဆိုချက်အရ ရေရရှိရေးကို ကော်မတီများဖွဲ စည်းခဲပြီး လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။ (Photo: မုံရွာမောင်မောင် @iCJ)

DVB





နမ့်စန်မြို့ နယ် ကာလေကျေးရွာမှာ အရပ်သားတဦးကို စစ်သားတဦးမှ ဓါးဖြင့်ထိုးသတ်ခဲ့
Posted: 05 Apr 2012 03:08 AM PDT
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ကာလေကျေးရွာ တွင် (3-4-2012)ရက်နေ့က အမှတ်(၁၅၂) ကာလေတပ်မှ တပ်သားတစ်ဦးသည် ၄င်းကျေးရွာ၌ နေထိုင်သော ကိုကတုံး ခေါ်ဒေသခံပြည်သူတစ်ဦးအား ကိုကတုံး ၏ အခန်း၌ပင် ဓါးဖြင့် (၅)ချက်တိတိ ထိုးခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
 
ထို့အပြင် ......“စစ်တပ်ကိုဘာမှတ်နေသလဲ...စစ်တပ်အကြောင်းသိအောင်လုပ်ပြလု
ိက်တာ ” ဟုကြိမ်း ၀ါးခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့တစ်ဦးမှပြောပြပါသည်။

ထိုတပ်သားအမည်နှင့် ရာထူးကိုမူမသိရှိရပါ။
၎င်းတပ်မှာ (ရ.လ.ခ) ခိုလမ်၏လက်အောက်တွင်တည်ရှိပြီး ယခင်ကာလများ တွင်လည်း ပြည်သူအားအနိုင့်ကျင့်စော်ကားရာ
ရောက်သည့် လုပ်ရပ်ပေါင်းများစွာကို ပြုလုပ်ခဲ့ဖူးကြောင်း  ဒေသခံများက Myanmar News Now ကိုပြောပြပါသည်။ 

Myanmar News Now
နမ့်ဆန်မြို့ 

  
ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်
Posted: 04 Apr 2012 03:03 PM PDT
ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အခုလာမယ့် စနေနေ့ NLD ပါတီရုံးချုပ်မှာ တွေ့ဆုံပြီး လွှတ်တော်အတွင်း လုပ်ဆောင်သွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစဉ် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးသို့ ရောက်ရှိနေစဉ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့သတ်မှတ်ချက်အတိုင်း ရက်ပေါင်း ၆၀ အတွင်း တင်ပြနိုင်အောင်၊ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ဆောင်ကြဖို့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းဖို့ရှိကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့သတ်မှတ်ချက်အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကျပ်သိန်း ၁၀၀ အထိ သုံးစွဲခွင့်ရှိကြောင်း သိရပါတယ်။
ဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအတွက် လာမယ့် သင်္ကြန်ပိတ်ရက် ကာလတွေမှာ အနားယူဖို့ ရှိကြောင်းလည်း သိရပါတယ်။

RFA
မြန်မာအစိုးရနဲ့ KNU ဖားအံမှာဆွေးနွေး
Posted: 04 Apr 2012 03:02 PM PDT
KNU နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့တို့ ဖားအံမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။ (ဧပြီလ ၄ ရက်၊ ၂၀၁၂။)
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရတိုရဲ့ငြိမ်းချမ်းရေးအဖွဲတို့ကြား သဘောတူညီထားတဲ့ အပစ်ရပ်ရေး ပိုမိုခိုင်မာမှုရှိအောင် နှစ်ဘက်အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ ဖားအံမြို့မှာတွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။ တပ်ခစန်းချထားရေးနဲ့ နှစ်ဘက်တပ်ဖွဲ့တွေ လိုက်နာရမယ့်စည်းကမ်းချက်တွေအပေါ် အဓိကဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ထိ ညှိနှိုင်းဆွေးနွေးသွားမယ် လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
ကရင် KNU အဖွဲ့နဲ့  မြန်မာအစိုးရရဲ့  ငြိမ်းချမ်းရေးအဖွဲ့တို့ကြား ဒီကနေ့ ဖားအံမြို့မှာ အဓိက ဆွေးနွေးကြတာကတော့ ပြည်နယ်ပဏာမ သဘောတူညီချက်ထဲမှာ အဓိကအချက်ဖြစ်တဲ့ အပစ်ရပ်ရေးထဲက နှစ်ဘက်လိုက်နာရမယ့် အချက်တွေ ကို အသေးစိတ် ထပ်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒါဟာ KNU အဖွဲနဲ့ အစိုးရအဖွဲတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှု လည်း ဖြစ်ပါတယ်။ အထုးသဖြင့်ကတော့  တပ်စခန်းတွေနေရာချထားရေး တွေ တခါ တပ်တွေရော ဒေသခံလူထုတွေ ကပါ ဒီအပစ်ရပ်သဘောတူညီချက်ထဲကအတိုင်း လိုက်နာဆောင်ရွက်ရမယ့် ကိစ္စတွေ ဆွေနွေးကြတယ်လို့ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ကို ဦးဆောင်လာသူထဲကတဦးဖြစ်တဲ့ လူမှုကြိကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီက  VOA မြန်မာပိုင်းကို ပြောပါတယ်။
“ပထမပြည်နယ်အဆင့်မှာ အပစ်အခတ်ရပ်စဲရေးအတွက် အရင်ဆွေးနွေးခဲ့တာ ရှိတယ်ခင်ဗျ။ အဲဒါကို ထပ်ပြီးတော့ ပိုမိုခိုင်မာအောင်ဆိုပြီးတော့ cease fire ကာလအတွင်း နှစ်ဘက်လိုက်နာရမယ့်  ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ- အဲဒါတွေကို ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက် ဒီဘက်က ဘာလိုက်နာရမယ်၊ ဟိုဘက်က ဘာလိုက်နာရမယ်ဆိုတာ အပြန်ပြန်အလှန်လှန် ဆွေးနွေး ခဲ့ကြပြီးတော့ ဒါကို ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်ခင်ဗျ”
အခု KNU နဲ့ ဆွေးနွေးညှိနှိုင်းတဲ့အထဲမှာ အစိုးရဘက်ကလိုက်လျောဖို့ ခက်ခဲနေတဲ့ အချက်အလက်တွေများ ရှိနေလားလို့လည်း မေးကြည့်ပါတယ်။
"ကျနော်ထင်တယ်။ မရှိနိုင်ဘူးထင်တယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဘက်လုံးကတအားဖြစ်ချင်တယ်လေ။ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးလိုလားတဲ့သူတွေပဲဖြစ်နေတော့ ဖြစ်ချင်တဲ့ဆန္ဒရှိနေတဲ့အခါကျတော့ သိပ်အခက်အခဲ မရှိနိုင်ပါဘူး။ လိုတိုး ပိုလျှော့ နှစ်ဘက်ညှိတဲ့အချိန်လေးပဲ ကြာချင်ကြာနိုင်မှာပါ။ ကျနော်ထင်ပါတယ်။ အခက်အခဲ မရှိနိုင်ပါဘူးခင်ဗျ။"
ဧပြီလ ၄ ရက်နေ့ ဖားအံမှာ အခုတွေ့ပြီး KNU အဖွဲ့တွေ ရန်ကုန်ကိုသွားကာ   ဧပြီလ ၁၁ ရက်နေ့ အထိ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေရဖို့ ဆက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
“အဲဒါက ဒီမှာမပြတ်တဲ့ကိစ္စတွေနဲ့ ဟိုမှာက သူတို့ဘက်က တင်ပြချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ ကျနော်တို့က ဆွေးနွေးမှာပါ။ သူတို့က တင်ပြလာမှာပါ။ ဟိုကျမှပဲ ကျနော်တို့က အသေးစိတ်သိရမယ်ခင်ဗျ။ အားလုံးက ငြိမ်းချမ်းရေးလိုချင်တယ်၊ ပြည်သူတွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ နှစ်ဘက်ညှိတဲ့ပုဂ္ဂိုလ်တွေကလည်း ငြိမ်းချမ်းရေးလိုချင်တယ်၊ အကြီးအကဲတွေကလည်း ဒါတွေ ဖြစ်မြောက်အောင်ဆောင်ရွက်ခိုင်းတယ်ဆိုတော့ အခက်အခဲတော့မရှိဘူးခင်ဗျ။ တချို့နေရာတွေမှာ နှစ်ဘက်ညှိရတဲ့ အချိန်ယူရတဲ့ အပိုင်းတွေတော့ ရှိမှာပါ။ နောက်ဆုံးတော့ ထာဝရငြိမ်းချမ်းရေး ကျုပ်တို့တိုင်းပြည်မှာ ကျိန်းသေရသွားမယ့်သဘောဖြစ်ပါတယ်။”
ဒါကတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ထဲက လူမှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ၀န်ကြီး ဦးခင်ရီက က KNU နဲ့ဆွေးနွေးနေတဲ့ အခြေအနေတွေကိုပြောပြခဲ့တာပါရှင်။ ကရင်ပြည်နယ် အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်နေခဲ့တဲ့  ပဋိပက္ခတွေကို ငြိမ်းချမ်းရေးရအောင်ဆောင်ရွက်ရာမှာ အရင်က ရှိခဲ့ဖူးတဲ့ အပစ်ရပ်သဘောတူညီချက် ပျက်ခဲ့တာမျိုး တွေ ထပ်မဖြစ်ရအောင် အထူးသဖြင့်ကတော့ အာမခံချက်ရှိတဲ့ သဘောတူညီချက်တွေဖြစ်ဖို့ လိုတယ်လို့ KNU အဖွဲ့က တာဝန်ရှိသူတဦး လည်းဖြစ်၊  သတင်းနဲ့ပြည်သူ့ဆက်ဆံရေး တာဝန်ခံ နော်မေဦးကလည်း ပြောပါတယ်။ ပြည်နယ်အဆင့် ပမာဏတွေထဲ အခုလို ခိုင်မာတဲ့ အပစ်ရပ်သဘောတူညီချက်တွေပြီးပြီဆိုရင် ပြည်ထောင်စုအဆင့်ဆွေးနွေးချက်တွေထဲ နိုင်ငံရေးအချက်တွေ ဆက်ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
“စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဘက်ကို ဦးတည်သွားနိုင်ဖို့ဆိုတာကို လိုအပ်တဲ့အပေါ်မှာ ကျမတို့ စောင့်ကြပ်ကြည့်ရှုသွားမယ့် monitoring မော်နီတာရင်းအဖွဲ့ဆိုတာကို ဆွေးနွေးခြင်းဖြစ်ပါတယ်။ ပထမသဘောတူညီချက်ရေးထိုးခဲ့တုန်းက အဲဒီ အချက်တွေ-အချက်တစ်ချက်ပေါ့နော်၊ သဘောတူညီချက် ရေးထိုးခဲ့တဲ့အထဲမှာ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးပေါ့။ အဲဒီဟာတွေက ပြည်ထောင်စုအဆင့်မှာ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့၊ အနှဝ်သာရရှိတဲ့အပစ်အခတ်ရပ်စဲရေး တစ်ခုဖြစ်ဖို့အတွက်ကို ကျမတို့ အခု လောလောဆယ်မှာ ဆွေးနွေးနေတုန်းပဲဖြစ်ပါတယ်။ ”
ရန်ကုန်မှာ KNU အဖွဲ့ဟာ  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးပါတီတချို့ကို လည်း တွေ့ဆုံဖို့စီစဉ်ထားသလို ပဲခူးတိုင်းက ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ကို သွားမယ် လို့လည်း ပြောပါတယ်။
"NLD နဲ့တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားလူမှုရေးအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးပါတီတွေနဲ့ တတ်နိုင်သမျှပေါ့ တွေ့ဖို့ရှိပါတယ်။ မငြိမ်းချမ်းတဲ့အတွက်ကြောင့် တကယ်တန်း မြေစာပင်ဖြစ်နေတဲ့ ပြည်သူတွေရဲ့  အခန်းကဏ္ဍ တကယ်ပဲ အရေးကြီးတာကို ကျမတို့က လက်ခံထားတဲ့အတွက်ကြောင့် စစ်မက်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ကျမတို့ လူထုတွေရဲ့ အခြေအနေတွေကို သွားပြီးလေ့လာဖို့ပဲ ဖြစ်ပါတယ်။"
KNU အဖွဲ့က တာဝန်ရှိသူ နော်မေဦးပြောပြခဲ့တာပါရှင်။ ဧပြီလ ၄ရက် ဗုဒ္ဓဟူးနေ့က ဖားအံမှာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို အရပ်ဘက်လေ့လာစောင့်ကြည်ရေးသုံးဦးလည်း တက်ရောက်နားထောင်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရထားဝန်ကြီးဦးအောင်မင်းနဲ့  လူမှုကြိကြပ်ရေးနဲ့  ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီတို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း  စစ်ဌာနချုပ်တိုင်းမှူးနဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါသလို  ကရင် KNU ဘက်ကတော့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်က  ကိုယ်စားလှယ် အဖွဲ့ဝင် ၂၀ တက်ရောက်လာခဲ့ကြပါတယ်။

VOA
ကယန်းပြည်သစ် ပါတီရုံး၌ နှတ်ခွန်းဆက်စကားပြောကြားစဉ်
Posted: 04 Apr 2012 02:52 PM PDT
ကိုမြအေး၊ ကိုပြုံချိုတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကာယားပြည်နယ်သို့ ညနေ ရောက်ရှိပြီး ဖယ်ခုံမြို့ရှိ ကယန်းပြည်သစ် ပါတီရုံးသို့ ရောက်ရှိစဉ် ကယန်းတိုင်းရင်းသား ညီအကို မောင်နှမများက လှိုလှဲစွာ ကြိုဆိုခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။

ကိုမြအေး၊ ကိုပြုံချိုတို့ ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ကာယားပြည်နယ်သို့ ညနေ ရောက်ရှိပြီး ဖယ်ခုံမြို့ရှိ ကယန်းပြည်သစ် ပါတီရုံးသို့ ရောက်ရှိစဉ် ကယန်းတိုင်းရင်းသား ညီအကို မောင်နှမများက လှိုလှဲစွာ ကြိုဆိုခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသားများမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြသည်။
By: Nge Lay (Facebook)

No comments: