Sunday, April 15, 2012

၎/ ၁၅/ ၂၀၁၂ သတင်းများ

ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Posted: 15 Apr 2012 05:56 AM PDT
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။ ဘာသာရေးက သိပ်ပြီးတော့ သိမ်မွေ့တယ်။ အခုလို အချိန်အခါမျိုးမှာ သည်းခံပါ။ တယောက်ကို တယောက် နားလည်နိုင်အောင် ကြိုးစားကြပါလို့ အဲလို မှတ်ချက်ပေးတယ်ဗျ။ နောက် ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ဘူး။ ဘယ်နိုင်ငံ ဖြစ်ဖြစ် ဘာသာရေးနဲ့ ပတ်သက်ရင် ဖြေရှင်းရ ခက်ကြတယ်။ အဲဒါကြောင့်မို့ မဖြစ်စေချင်လို ဒီလို ပြောလိုက်ရတာပါ။" ယခင်အစိုးရ အဆက်ဆက်တုန်းကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးတာ ရှိပြီး၊ နိုင်ငံရေးပယောဂ မကင်းဘဲ ဖြစ်ပေါ်လေ့ရှိတယ်လို့ မြန်မာ့သမိုင်း လေ့လာသူတွေက သုံးသပ်ထားကြ ပါတယ်။ ဘာသာရေးပေါ် အခြေခံပြီး ခိုက်ရန်ဖြစ်ပွားတာတွေကို NLD ပါတီအနေနဲ့ မလိုလားကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ 
 RFA


ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်
Posted: 15 Apr 2012 05:53 AM PDT
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)


လွှတ်တော်ပြန်ခေါ်ချိန်တဲ့ ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာ ဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။


RFA


ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး
Posted: 15 Apr 2012 05:48 AM PDT
ဓါးမြတိုက်မှုဖြစ်ပွါးပြီး အပျက်အဆီးများကိုတွေ့ ရစဉ်
မကွေးတိုင်း ကံမမြို့နယ်တွင် ၁၃.၄.၂၀၁၂ ရက်နေ့  ည ၈ နာရီအချိန်ခန့်တွင် 
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေ
အိမ်များအား အတွင်း
အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။


ည ၁၁ နာရီခန့်လောက်ထိဖြစ်ပွားခဲ့ပီး အိမ်ရှိသူများမှာ ကိုလွတ်ရုံးထွက်ပြေးကြရ

ကြောင်း ပစ္စည်းဆုံးရှုံးမှုများ စွာ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ

 ကုညီမှုမရှိ မင်းမဲ့တိုင်းပြည်လိုဖြစ်နေကြောင်း သိရပါတယ်။
 ၁၄.၄.၂၀၁၂ ည တွင်လဲ ကျန်ရှိ နေအိမ်များကို လူများစုဝေးကာ ဓါးပြတိုက်
လုယက်ဖျက်ဆီးကြောင်း သိန်းပေါင်း
များစွာဆုံးရှုံးပျက်ဆီးသွားကာ ရွှေ ၊ ငွေ ထည် 
ပစ္စည်းများစွာ လုယက်သွားသည်များကို သက်ဆိုင်ရာမှ ခုထိဘာမှ အရေးမယူ

 သေးကြောင်း ကံမမြို့ ခံများက Myanmar News Now ကို ပြောပါတယ်။


မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ
Posted: 14 Apr 2012 11:27 PM PDT
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ သင်္ကြန်မဏ္ဍပ် တစ်ခုတွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီဝန်းကျင်တွင်  ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း မြို့ခံများ ဆိုသည်။

ဗုံးပေါက်နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန်မဏ္ဍပ်တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင်အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေးအစီစဉ်တွင် ကြည့်ရှုပြီးပြန်လာသူ လူငယ်တစ်ဦးက ပြောသည်။

ဇခုန်တိန့်ယိန်းသည် ယခင် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ်အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ယခုချိန်ထိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီးမှုများ မသိရသေးပါ။  ၄င်းမဏ္ဍပ်တွင် ကချင်အဆိုတော်များသာ သီဆိုကြောင်းလည်း သိရသည်။

ကချင်သတင်းဌာန


ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ
Posted: 14 Apr 2012 11:00 PM PDT
ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင် ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။ 
 
သို့သော် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများက လိုအပ်ချက်များပြားနေသေးသောကြောင့် ထိထိရောက်ရောက် ကူညီမူ မပေးနိုင်ကြောင့် အားမလိုအားမရဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။ “အားမရဘူး ဒီထက်ပိုပြီး ကူညီချင်တယ် ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ် ဒုက္ခသည် စခန်းတိုင်မှာ လိုအပ်ချက်တွေ ရှိနေတုန်းဘဲ ဒီထဲကမှာ ကိုယ်နိုင်တာလေးကိုရွေးပြီး ကူညီရတာဆိုတော့ တခြားလိုအပ်နေသေးတဲ့ နေရာတွေ အတွက် စိတ်မကောင်းဘူး ဖြစ်မိပါတယ်” ဟု YPI သို့ပြောသည်။
 
 မြန်မာစစ်တပ်နှင့် ကေအိုင်အို အကြား စစ်ဖြစ်ပွားမူကြောင့် စစ်ပြေးဒုက္ခသည်များ ၇သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့အစည်းများမှ ကောက်ယူထားသည့် စရာင်းများအရ သိရှိရသည်။ 
(သတင်းဓါတ်ပုံ- ဆိုင်းဆွတ်) 
 Yangon Press International


မြန်မာပြည်မှာဝှက်ထားခဲ့တဲ့ ဗြိတိသျှတိုက်လေယာဉ်တွေ ပြန်ဖေါ်မယ်
Posted: 14 Apr 2012 09:17 PM PDT
မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာချိန်မှာ
ဒီလေယာဉ် တွေကို မြှုပ်ထားခဲ့တာပါ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံက ဗြိတိသျှစစ်တပ်တွေ ဆုတ်ခွာစဉ် မြန်မာနိုင်ငံ မှာ မြှုပ်ဝှက်ထားခဲ့တဲ့ ဗြိတိသျှ Spitfire တိုက်လေယဉ် အစင်း၂၀ ကို မြန်မာအစိုးရနဲ့ ပူးပေါင်းပြီး ပြန်လည် တူးဖေါ်ဖို့ သဘောတူ ခဲ့တယ်လို့ ဗြိတိသျှ အရာရှိတွေက ပြောပါတယ်။

၁၉၄၅ ခုနှစ်က မြန်မာနိုင်ငံကို ဂျပန်တွေ ဝင်လာ ချိန်မှာ ဆုတ်ခွာနေတဲ့ ဗြိတိသျှစစ်တပ်က ဂျပန်တွေ ရသွားပြီး အသုံးချမှာ ၊ ဒါမှမဟုတ် ဖျက်ဆီးလိုက် မှာကို စိုးရိမ်လို့ Spitfire တိုက်လေယဉ် အစင်း ၂၀ ကို မြှုပ်ထားခဲ့တာပါ။အဲဒီလေယာဉ်တွေဟာ ဆင်တောင် မဆင်ရသေးတဲ့ လေယာဉ်တွေ ဖြစ်ပြီး အစိတ်အပိုင်း တွေကို သေတ္တာကြီးတွေနဲ့ ထည့်ပြီး မြှုပ်ထားခဲ့တာလို့ သိရပါတယ်။စစ်ပြီးလို့ ဂျပန်တွေ လက်နက်ချပြီးတဲ့ နောက်မှာလဲ လေယာဉ်တွေ ဝှက်ထားခဲ့တာကို မေ့နေခဲ့ကြသလို၊ ဒီနောက်မှာလဲ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်လောက် စစ်တပ် အုပ်ချုပ်မှု အောက်ကို ရောက်နေခဲ့ လို့ တူးဖေါ်ခွင့်မရခဲ့ပါဘူး။


Spitfire တိုက်လေယဉ်တွေဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေက ဂျာမန်တိုက်လေယာဉ်တွေကို ယှဉ်ရာမှာ အနိုင်ရတဲ့ အောင်မြင်တဲ့ တိုက်လေယာဉ်တွေ အဖြစ် ကျော်ကြားပြီး ဂျာမဏီကို အံတုနိုင်တဲ့ အတွက် ဗြိတိသျှတို့ရဲ့ အမျိုးသားရေး လက္ခဏာတခု ဖြစ်လာခဲ့ပါတယ်။


အခု လောလောဆယ်မှာ ပျံသန်းနိုင်လောက်အောင် အခြေအနေ ရှိနေတဲ့ Spitfire တိုက်လေယဉ် တကမ္ဘာလုံးမှာ ၃၅ စင်းလောက်ဘဲ ရှိတယ်လို့ ယူဆရပါတယ်။အခုလို လေယာဉ်တွေ ပြန်လည်တူးဖေါ်ရေးနဲ့ နောက်ပြီး လေကြောင်း ပျံသန်းမှု သမိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ Spitfire တိုက်လေယာဉ်တွေ ပြန်လည် တပ်ဆင်ရေး လုပ်ငန်းတွေ ဟာ မြန်မာအစိုးရနဲ့ အတူ လုပ်ကိုင် ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း တခု ဖြစ်လိမ့်မယ်လို့ မျှော့်လင့်ကြောင်း ဗြိတိသျှ အရာရှိတဦးက ပြောပါတယ်။


ဒီကိစ္စကို ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။


ဘီဘီစီ


လေတပ်အရာရှိသုံးဦး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ချမှတ်ခံရ
Posted: 14 Apr 2012 09:09 PM PDT
ဧပြီလ (၉) ရက်နေ့က မြိတ်လေတပ်စခန်းက လေတပ်အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။
Photo: RFA
ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်မှာ အင်တာသုံးစွဲသူများ ပြည့်နက်နေချိန် မြင်ကွင်း။
လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘ၀အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီးနေလင်းဒွေးဟာ ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ်ပုဒ်မ ၃၃ (က) အပါအ၀င် ပုဒ်မ ၅/ည နဲ့ ထောင်ဒဏ်အနှစ် (၂၀) ချမှတ်လိုက်ပြီး လက်ရှိအင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။ ကျန်တဲ့ ယာယီဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီး နှစ်ဦးကိုတော့ ဘယ်ထောင်မှာ ထိန်းသိမ်းထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
သူတို့အားလုံးကို စစ်ခုံးရုံးက စီရင်ချက်ချတဲ့အခါမှာ ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းမှာ မပြောင်းလဲတာဆိုလို့ တရားစီရင်ရေးစနစ်ဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်ကအတိုင်း စီရင်နေဆဲပဲဆိုတာ တွေ့နေရတယ်လို့ အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းလွင်ဦးကပြောပါတယ်။
ဗိုလ်ကြီး နေလင်းဒွေးနဲ့ လေတပ်အရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က တာဝန်ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက်ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာလည်း မိသားစုဝင်တွေအနေနဲ့ ထောင်ဝင်စာ တရားဝင် တွေ့ခွင့်မရသေးပါဘူး။
အဖမ်းခံရတဲ့ လေတပ်အရာရှိ သုံးဦးလုံးဟာ အင်တာနက်အီးမေးလ်တွေကို ကျွမ်းကျွမ်းကျင်ကျင် သုံးစွဲတတ်သူတွေဖြစ်ပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ခြေထောက် ထိခိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အရိုးမှာ ထုံကျဉ်ခိုက်ခဲတဲ့ ဝေဒနာခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။

RFA



သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်
Posted: 14 Apr 2012 08:54 PM PDT
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
ဆရာတော် ဦးဥတ္တရ
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။

RFA


88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့ (ရုပ်/သံ)
Posted: 14 Apr 2012 05:11 PM PDT

88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ်တွင် ဖျော်ဖြေနေစဉ်.(ရုပ်/သံ)
၈၈မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်ရေးစပ်ခဲ့သောသင်္ကြန်သံချပ်

ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ

(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
... တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
(ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အစဉ်အလာကောင်းကိုထိန်း)၂
သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန်ကပါစို့

မပြောမပြီး မတီးမမြည် ......... တို့စည်တီးတာ ပြည်သူ့အတွက်

ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ
ဒီမိုကရေစီအနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း
ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြလှုံကြ
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့်
ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ
မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး
နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း
ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး
မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ
ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။

CJ myanmar  ,
Popular Myanmar News Journal


ဦးခင်ညွန့်ဆောင်းပါးအကြောင်း ဦးမြင့်ရွှေပြန်ရှင်းပြီ
Posted: 14 Apr 2012 04:24 PM PDT
ဓါတ်ပုံ (မြင့်ရွှေ-ဖေ့စ်ဘုတ်)
Bangkok Post သတင်းစာတွင်ပါရှိခဲ့သော ဦးခင်ညွန့်နှင့်

တွေ့ဆုံခြင်းဆောင်းပါးနှင့်ပတ်သက်၍ မူရင်းစာရေးသူ ဦးမြင့်ရွှေက သူ၏ facbook

စာမျက်နှာတွင် ပြန်လည်ရှင်းလင်းရေးသားထားပြီဖြစ်ကြောင်းတွေ့ရသည်။

ဦးခင်ညွန့်နှင့်သူသည် ၂၀၁၂ ခုနှစ် မတ်လလယ်ခန့်တွင်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး

သူ့အနေနှင့်အသံဖမ်းယူထားခြင်းမရှိပဲ
ဦးခင်ညွန့်တို့ဖက်ကသာလျှင် အသံဖမ်းယူထားခြင်းရှိကြောင်း၊ မှတ်တမ်းဓာတ်ပုံကိုပင်လျှင်

ဦးခင်ညွန့်၏ မိတ်ဆွေတစ်ဦးက သူ့ကိုရိုက်ပေးထားခြင်းဖြစ်ကြောင်း၊ ဦးခင်ညွန့်သည် သူ့အား ပြည်ပမီဒီယာသမားတစ်ဦးအဖြစ် လက်ခံတွေ့ဆုံခြင်းမဟုတ်ပဲ၊
မြန်မာလူမျိုးတစ်ဦးအဖြစ်သာလက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း

ဦးမြင့်ရွှေကရေးသားထားသည်။
"မည်သို့ပင်ဖြစ်စေ ကျွန်တော်သည် အလျဉ်းသင့်သလို

အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့်ဆောင်းပါးများရေးသားလေ့ရှိပြီး၊
ယခုသူနှင့်တွေ့ဆုံခြင်းကိုလည်း ပြန်လည်ရေးသားမည့် ရည်ရွယ်ချက်

ကျွန်တော့်တွင်ရှိကြောင်းကိုတော့
ဦးခင်ညွန့်သိပြီးသားဖြစ်မည်ဟု ကျွန်တော်နားလည်ပါသည်"ဟု ဦးမြင့်ရွှေကဆိုသည်။

သို့ရာတွင် ယခု Bangkok Post သတင်းစာတွင် ပါလာသော သူ့ဆောင်းပါးမှာ

မူလသူရေးသားပေးပို့ထားသည်နှင့်
ကွဲလွဲချက်များပါရှိကြောင်း ဦးမြင့်ရွှေကရှင်းပြထားသည်။
သူသတင်းစာတိုက်သို့ပေးပို့စဉ်က ဆောင်းပါး၏ ခေါင်းစဉ်ကို

"ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ်ခဲ့သည့်
မြန်မာ့ထောက်လှမ်းရေးအကြီးအကဲဟောင်း(Burma-ex-spyboss is a reformed

man.)"ဟုရေးသားထားသော်လည်း
သတင်းစာတွင်ပါလာသောအခါတွင်မူ ယင်းခေါင်းစဉ်မဟုတ်တော့ကြောင်း၊ စာသား

အထားအသိုများနှင့်
အရေးအသားဟန်ပါမတူတော့သည့်အပြင်

သူမရေးသားခဲ့သည်တို့လည်းပါလာကြောင်းကိုလည်း ဦးမြင့်ရွှေကရှင်းပြထားသည်။

အဓိကကျသောအချက်ဖြစ်သည့် ဦးခင်ညွန့်နှင့်

ဒေါ်အောင်ဆန်းစုကြည်အကြောင်းစာပိုဒ်တွင်မူ အတော်လေးခြားနားသွားသဖြင့်

အငြင်းပွားမှုများပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်းဦးမြင့်ရွှေကရေးသားရှင်းလင်းထားသည်။

ဦးမြင့်ရွှေ Bangkok Post သတင်းစာဆီသို့ ရေးသားပေးပို့ခဲ့ရာတွင်

ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ခဲ့သည်ဟု

ဦးခင်ညွန့်ကပြောကြားကြောင်းလုံးဝမရေးသားခဲ့။ သူ၏

လေ့လာသုတေသနပြုချက်များအပေါ်အခြေခံ၍သာလျှင်အမှန်ဟု
သူယုံကြည်သည်တို့ကိုရေးသားခဲ့ခြင်းဖြစ်ကြောင်းသူကရှင်းထားသည်။

ထိုသို့ရေးသားခဲ့သော်လည်း သတင်းစာထဲဝယ်
ပါလာသည်တွင်မူ သူရေးသားပေးပို့ခဲ့သည်နှင့်မတူတော့ပဲ ဦးခင်ညွန့်က

ပြောပြသည့်ဟန်ဖြစ်နေကြောင်း ဦးမြင့်ရွှေက
ရှင်းပြထားသည်။

Bangkok Post သတင်းစာမှ စာပြင်များသည် ဦးမြင့်ရွှေရေးသားသည့်စာသားများထဲမှ

ဝေါဟာရတစ်ခုဖြစ်သည့်
"အလျှင်အမြန်(snap)" ကိုလည်း "လုယူသည်(snatch)" ဟု

မှားယွင်းခဲ့ကြကြောင်းသူကထောက်ပြထားသည်။

အမှန်အားဖြင့်မူ သူသည် ယင်းဆောင်းပါးကို အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရှေ့ရှု၍
စေတနာကောင်းဖြင့်ရေးသားခဲ့ခြင်းသာဖြစ်ကြောင်း ဦးမြင့်ရွှေကဆိုသည်။

"ကျွန်တော့်ဆောင်းပါးနှင့်ပတ်သက်၍ ပြည်သူ့ရဲရုံးဌာန၀ယ်

စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်ဆိုသောကြောင့်
ကျွန်တော်အပါအ၀င် လူအများ နားလည်ရခက်ကာ ဇဝေဇ၀ါတွေဖြစ်ကုန်ကြပါသည်" ဟု

ဦးမြင့်ရွှေကဆိုထားပါသည်။

 http://www.facebook.com/myint.shwe?ref=ts

Popular Myanmar News Journal


ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ ရေကစား (ရုပ်/သံ)
Posted: 14 Apr 2012 11:08 AM PDT

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ မှာရေပတ်နေစဉ် (ဓါတ်ပုံ-Facebook)



လူထုခေါင်းဆောင်အား သွားရောက်ဂုဏ်ပြုဖျော်ဖြေနေစဉ်



ကလေးတွေရဲ့ တောင်းဆိုမူကို လိုက်လျောပြီး ခြံအပြင်ထွက်လာ နှုတ်ဆက်တဲ့ အမေစု .......

ဓါတ်ပုံ - ဦးစောလှိုင်



နှစ်ဆန်းတစ်ရက်တွင် ကော့မှုးမှသက်ကြီးမဲဆန္ဒရှင် ၆၂ဦးကို ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ပြုမည်
Posted: 14 Apr 2012 10:05 AM PDT
ယနေ့ အိမ်ရှေ့မှာတွေ့ ရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-Facebook)
 ရွေး ကောက်ပွဲတွင် ကော့မှုးမြို့နယ် ကျေးရွာအုပ်စုများမှ မဲပေးခဲ့သည့် အသက် အကြီးဆုံးမဲဆန္ဒရှင်(၆၂) ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဖိတ်ကြားကာ ဒေါ်အောင်ဆန်းစုကြည်မှ ဂါရ၀ပြုကန်တော့မည်ဟု သိ ရသည်။

ကော့မှုးမြို့နယ်တွင် ကျေးရွာ အုပ်စု(၆၂)စုရှိရာ အုပ်စုတစ်စုစီမှ မဲပေးခဲ့သူ အသက် အကြီးဆုံး ပုဂ္ဂိုလ် တစ်ဦး စီကို ဖိတ်ကြားမည်ဟု ကော့မှုးမဲအောင်နိုင်ရေးအဖွဲ့ မှ ဦးလှမြင့်က ပြော သည်။


“  NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ကိုမဲပေးမှမဟုတ်ဘူး၊ဘယ်ပါတီပဲ မဲထည်ခဲ့ထည်ခဲ့ အုပ်စုတစ်စုစီက အသက်အကြီးဆုံး မဲထည့်ခဲ့သူ၊ ကော့မှုး ကိုလည်းလာနိုင် လောက်တဲ့လူ ကိုပြောတာပါ ” ဟု ၎င်းက ရှင်းပြသည်။


သက်ကြီး ပုဂ္ဂိုလ်များကို ကော့မှုးသို့ ဖိတ်ကြား၍ ဂါရ၀ပြုကန်တော့ပြီးပါက ၎င်းတို့ ထဲမှ ပထမဆု၊ဒုတိယဆု၊တတိယဆု သုံးဆုကို မဲနှိုက်ရွေးချယ်ကာ ရပ်ရွာအကျိုးပြု ရန်ပုံငွေများ ပေးအပ်ချီးမြုင့်မည်ဟု သိရသည်။


ရန်ပုံငွေအနေဖြင့် ပထမဆု (၁၇၅)သိန်း၊ ဒုတိယဆု(၇၅)သိန်း၊ တတိယဆု သိန်း(၅၀) ချီးမြုင့်မည်ဖြစ်သည်။


“ မဲပေါက်တဲ့ ဘိုးဘွားရဲ့  ရွာတွေက ဒီငွေတွေကို ရပ်ရွာအကျိုးအတွက် ဘယ်နေရာတွေမှာသုံးမလဲဆိုတာ စီမံချက် ဆွဲပြီး ပြန်တင်ပေးရမယ်။ ကျေးရွာရန်ပုံငွေသဘောပေါ့။ ”ဟု ကော့မှုးမဲအောင်နိုင်ရေး အဖွဲ့ ၀င် ကိုလင်းဇော်က ပြောသည်။


မြန်မာနှစ်ဆန်းတစ်ရက်နေ့ တွင် ပြုလုပ်မည့် အဆိုပါ ဂါရ၀ပြုကန်တော့ပွဲသို့ ရန်ကုန် မှ အနုပညာရှင်များလည်း လာရောက်ကာအနာပညာ ဖျော်ဖြေရေးအစီအစဉ်များတင်ဆက်ကြမည်ဟု သိရသည်။


ကျော်ရဲလင်း

Popular Myanmar News Journal 


မြစ်ကြီးနားမြို့ ထူးမဏ္ဍပ်တွင် ဗုံးပေါက်ကွဲ၊ သေပျောက် ဒဏ်ရာရမှု မသိရှိရသေး
Posted: 14 Apr 2012 09:10 AM PDT
ည ၁၀နာရီခွဲ-ဧပြီ ၁၄ ရက်၊ ၂၀၁၂ ခုနှစ်၊ ဆိုင်းဆွတ် YPI

မြစ်ကြီးနားမြို့ခံများ သင်္ကြန်အကြတ်နေ့ မဏ္ဍပ်များတွင် ဖျော်ဖြေပွဲများ ကြည့်ရှုနေခိုက် ည ၉နာရီဝန်းကျင်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သဖြင့် ဖျော်ဖြေမှုများ အားလုံး ရပ်ဆိုင်းပြီး မိမိတို့ နေအိမ်များသို့ အမြန်ဆုံး ပြန်နေကြသည်။


ပေါက်ကွဲသည့်နေရာမှာ စိမ်းမြဧရာ ပန်းခြံအနီး ထူးမဏ္ဍပ်တွင် ဖေ
ျာ်ဖြေနေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းမဏ္ဍပ်မှာ လီဒိုလမ်းမကြီးပေါ်တွင်တည်ရှိပြီး ယုဇနနှင့် ရန်ကြီးအောင် ရပ်ကွက်အနီးဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရရှိမှုနှင့် အသေအပျောက်စာရင်းကိုမူ မသိရှိရသေးပေ။

ယခုနှစ် မြစ်ကြီးနားမြို့ သင်္ကြန်မှာ အစည်ကားဆုံး နှစ်တနှစ်ဖြစ်၍ မဏ္ဍပ်ပေါင်း ၂၇ ခုရှိသည်ဟု လည်းသိရှိရသည်။ ။

Yangon Press International
 
 

မြစ်ကြီးနား သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ

KNG
ကချင် ပြည်နယ် မြို့တော် မြစ်ကြီး နားရှိ သင်္ကြန် မဏ္ဍပ် တစ်ခု တွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီ ၀န်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ကြောင်း မြို့ခံများ ဆိုသည်။

ဗုံးပေါက်သော နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန် မဏ္ဍပ် တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင် အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန် မဏ္ဍပ် ဖျော်ဖြေရေး အစီ စဉ် တွင် ကြည့်ရှုပြီး ပြန်လာသူ လူငယ် တစ်ဦးက ပြောသည်။

ဇခုန် တိန့်ယိန်းသည် ယခင် ပန်ဝါ အခြေစိုက် နယ်ခြားစောင့် တပ် အသွင်ပြောင်း ကချင် ဒီမို ကရေစီသစ် တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင် ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဖြစ်သည်။

အဆိုပါ ဗုံးပေါက်ကွဲ မှုမှာ ယခု ချိန်ထိ မည်သူ မည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီး မှုများ မသိရ သေးပါ။ ၄င်း မဏ္ဍပ်တွင် ကချင် အဆိုတော် များသာ သီဆို ကြောင်းလည်း သိရသည်။
Posted by ကိုကို :D at 9:02 AM  
Posted: 15 Apr 2012 06:42 AM PDT
လောကဓံကို ကြံ့ကြံ့ခံရင်း လောလောဆယ် ဆရာတော်သတင်း သုံးနေတဲ့ မှော်ဘီတဲကျောင်း..
ရွှေညဝါသင်တန်းနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် အဆောက်အဦးများ ပြန်လည် တည်ဆောက်မည်

နွေရာသီ ဓမ္မာစရိယနှင့် အဘိဓမ္မ္မာ ရွှေညဝါဆရာဖြစ်သင်တန်းကြီး (၁၁)ကြိမ်မြှောက်ဆက်လက်၍ ဖွင့်လှစ်ရန်နှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီးကို နေရာအသစ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သင်တောရိုးကျေးရွာ၌ အမြဲတမ်းဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စာသင်ဆောင်/ ဘွဲ့နှင်းသဘင်ခန်းမနှင့် လိုအပ်သော အဆောက်အဦးများကို ရွှေညဝါဆရာတော်မှ ဦးဆောင်ကာ ပြန်လည် တည်ဆောက်မည် ဖြစ်ပါသည်။

အထက်ပါ အဆောက်အဦးများ၏ ခန့်မှန်းခြေ တန်ဖိုးပမာဏမှာ ကျပ်-သိန်းပေါင်း (၁၅၀၀၀) သောင်းငါးထောင်ကျော် ကုန်ကျခံ ဆောက်လုပ်သွားမည် ဖြစ်ပါကြောင်း ပြည်တွင်း/ပြည်ပ ဗုဒ္ဓဘာသာနွယ်ဝင် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား အသိပေးအပ်ပါသည်။

ဆက်သွယ်ရန် လိပ်စာ
ဦးသူရိယ( ရွှေညဝါ)
ဖုန်းး +၉၅၉- ၀၉၈၆၂၁၃၃၂ (မြန်မာ)
+၆၆ ၀၉၀၀၁၃၇၁၇၉ (ထိုင်း)
E-mail: shwenyawar@gmail.com
Ven.Indobhasa (ရွှေညဝါ)
မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ (ဒု-ဥက္ကဋ္ဌ)
ဖုန်း ၀၈၇၅၀၀၉၅၇၆ E-mail: ven.indobhasa528@gmail.com
Posted: 14 Apr 2012 11:57 AM PDT
ပန်းတနော်မြို့သူ၊ မြို့သားများအား တရားဥပဒေမဲ့ ခြိမ်းခြောက်ငွေကောက်ခံနေခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် လွန်ခဲ့သော နှစ်လခန့်မှစ၍ လျှပ်စစ်မီးလင်းရေး ကော်မတီဟူသော အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာပြီး မီတာတစ်လုံးလျှင် ကျပ်ငွေနှစ်ထောင်နှုန်း ကောက်ခံခဲ့ပါသည်။ ပန်းတနော်မြို့တွင်လျှပ်စစ်မီတာ ၁၆၀၀ လုံးခန့်ရှိကြောင်း သိရပါသည်။

၂၄နာရီလျှပ်စစ်မီးရရှိရေးဟု ရိုက်နှိပ်ထားသော အလှူငွေဖြတ်ပိုင်းဖြင့် မီတာတစ်လုံးလျှင် ၁၅၀ ကျပ်မထည့် မနေရစံနစ်ဖြင့် ကောက်ခံ လာခဲ့သည်မှာ ၁၀နှစ်ခန့်ရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်လမှစတင်၍ ၃၀၀ ကျပ်နှုန်းဖြင့် တိုင်းမြှင့်ကောက်ခံလျက်ရှိပါသည်။

၁၂-၄-၂၀၁၂ နေ့တွင် လက်ရှိအသုံးပြုနေသော transformer ပျက်စီးသွားပါသဖြင့် နောက် ထပ်ရရှိလာမည့် အသစ်တစ်လုံးအတွက် လျှပ်စစ်မီတာရှိသော အိမ်တစ်အိမ်လျှင် ငွေကျပ်တစ်သောင်း ပေးဆောင် ကြရမည်ဖြစ်ပြီး။ အကယ်၍ မပေးဆောင်ပါက လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမည် ဖြစ်ကြောင်း မီးလင်းရေး ကော်မတီဟုဆိုသော အဖွဲ့မှ လော်စပီကာဖြင့် လိုက်လံ ခြိမ်းခြောက် ဟစ်အော် ခဲ့သဖြင့် မြို့နေလူထုမှာ များစွာ စိတ်မချမ်းမသာ ဖြစ်နေရပါသည်။ ငွေကျပ်တစ်သောင်း မပေးဆောင် နိုင်သော ဝန်ထမ်းများ၊ ပင်စင်စားများ၊ ဆင်းရဲသား လက်လုပ်လက်စားများမှာ အနိုင်အထက်ပြုကျင့်ခံရပြီး အများအိမ်တွေ မီးလင်း နေချိန်တွင် ငြိုးငယ်စွာဖြင့် အမှောင်ထဲတွင် နေရမည့် အရေးဖြစ်ပါသည်။

ထို့ပြင် တည်ဆဲဥပဒေများအရ ထိုကဲ့သို့ ခြိမ်းခြောက်ငွေတောင်းခံခြင်းမှာ ထောင်ဒဏ် ၇လအထိ အပြစ် ပေးနိုင်လောက်အောင် ပြစ်မှုမြောက်ကြောင်းကိုလည်း ဆိုထားပါသည်။ သို့သော်လည်း ထိုမီးလင်းရေး ကော်မတီလူကြီး ဆိုသူများမှ တိုင်ချင်ရာကိုတိုင် ငါတို့ရှင်းနိုင်တယ်ဟု ဆက်လက်ပြောဆို ခြိမ်းခြောက်လျှက် ရှိပါသည်။ထို့ကြောင့် ထိုကဲ့သို့သော တရားဥပဒေမဲ့ လူမိုက်ဆန်ဆန် ခြိမ်းခြောက် ငွေတောင်း ခံနေခြင်းများကို အမြန်တားဆီးပေးပါရန် သက်ဆိုင်ရာပုဂ္ဂိုလ် များသို့ မေတ္တာရပ်ခံ တင်ပြလိုက်ပါသည်။

ကျွန်တော်တို့ ပန်းတနော် မြို့သူ မြို့ သားများမတရားသဖြင့် ခံစားနေရမှုများကို နိုင်ငံတော် သမ္မတကြီးနှင့် တကွ သက်ဆိုင်ရာ တာဝန်ရှိသူများ သိစေရန် တင်ပြလိုက်ရပါသည်။ မြန်မာပြည်သူ/သားများ အားလုံး မတရား ဖိနှိပ် အနိုင်ကျင့် ခံရခြင်းမှ ကင်းဝေးပါစေကြောင်း  မရဲ တရဲ ဆုတောင်းနေမိပါတယ်။
ပန်းတနော်သား..
Posted: 14 Apr 2012 11:26 AM PDT
ဓာတ်ပုံ သားသားလေး

ယနေ့ သင်္ကြန်အကြတ်နေ့ တက္ကသိုလ် ရိပ်သာလမ်းမှ အမေစုနဲ့ ပြည်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BGအဖွဲ့ရဲ့ ဖျော်ဖြေမှုမြင်ကွင်း.. (ရုပ်သံ ကိုနေမျိုးဇင် ဖေ့စ်ဘွတ်..) ညီငယ်ဇေယျာမှ ပြန်လည် စုစည်းတင်ပြသည်..။

Posted: 14 Apr 2012 08:44 AM PDT
ခွပ်ချိန်တန်ခွပ် … ကချိန်တန်က

၁၄.၄.၂၀၁၂သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကူညီမှု လမ်းကြောင်းများအား နေ့စဉ်နေ့တိုင်း နံနက် (၈း၃၀) နာရီအချိန်မှစ၍ ကူညီဖေးမသင်္ဂြိုလ်ပေးမှုများ လုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက် ဇဋိလ (၁)လမ်းနေ ဒေါ်စိန်ညွန့် အသက်(၈၆)နှစ်၏ နာရေးလမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူနှင့် အသင်းသား/သူများ သွားရောက်၍ ဒေါ်စိန်ညွန့်၏ ရုပ်အလောင်းအား ရေဝေးသုဿာန်သို့ ကူညီဖေးမ ကုသိုလ်ယူကာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။ ယနေ့သင်္ကြန်အကြတ်နေ့ တစ်နေ့တာ နာရေးကူညီမှုစုစုပေါင်း (၃၆) ကြောင်းအား ကူညီဖေးမပေးရာတွင် ရဲမှုခင်းဆိုင်ရာ လမ်းဘေး သေဆုံးမှုလမ်းကြောင်း (၃) ကြောင်းပါဝင်ခဲ့သည်။

နေ့စဉ်နေ့တိုင်း ပရိဒေ၀သောက အပူမီးများနှင့်သာ ကြုံကြိုက်တွေ့ဆုံနေရသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများ၊ ဝန်ထမ်းများအဖို့ ယနေ့သင်္ကြန်အကြတ်နေ့ နေ့လည် (၁း၀၀)နာရီအချိန်ခန့်တွင် အပူမီးများ ခေတ္တခဏပျယ်ပျောက်သွားမှုနှင့် ကြုံကြိုက်ခဲ့ရတော့သည်။ အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေး မော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၀င်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ “တို့တိုင်းဌာနီNLD၊ ဒေါင်းပျိုမာတာပိတောက်ဋိကာ၊ ခွပ်ဒေါင်းပြဌာန်းသစ်၊ ခွပ်ဒေါင်းသင်္ကြန်၊ အိုးဝေတွန်သံ၊ BG သင်္ကြန်အိုးဝေသံ၊ ကြည်မြစိမ်းစိုခွပ်ဒေါင်းပျို” စသည့်သီချင်းများအပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားတို့၏ တောင်းဆိုချက်ကြောင့် “ခွပ်ဒေါင်းပြန်လာပြီ” သီချင်းအား မြိုင်ဆိုင်သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် ၀င်ရောက်ကပြကြသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ (တစ်သောင်း)ကျပ်၊ အသင်းသူမပြားလီမှ ဂုဏ်ပြုငွေ(နှစ်သောင်း)ကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ (ငါးသောင်း)ကျပ်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အလှူငွေ(တစ်သိန်း)ကျပ်တို့အား ချီးမြှင့်ပေးကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြ ဖျော်ဖြေရေးအဖွဲ့သား/ သူအယောက်(၄၀)ကျော်တို့အား ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ထိုသို့သီဆိုဖျော်ဖြေမှုအား အသင်းသား/သူများ၊ ၀န်ထမ်းများအပြင် ပြင်ပမှ ဧည့်ပရိသတ်များပါ လာရောက် အားပေးကြည့်ရှုခဲ့ကြသည်။ BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေးမော်တော်ယာဉ် ထွက်ခွာသွားစဉ်၌ အဖွဲ့သား/သူများ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူများ တို့သည် BGအဖွဲ့သား/သူများတို့အား သင်္ကြန်ရေပက်ဖျန်းလောင်းခဲ့သည်။
နေ့လည် (၃း၀၀)နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအားနာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများ၊ ၀န်ထမ်းများတို့သည် လုပ်ကိုင်ဆဲ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင် ပေးဆပ်နေစဉ် (၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်၍ (၈၈)ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာသို့ ထပ်မံ ရောက်ရှိလာကြပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲတွင် ရေးစပ်ခဲ့သည့်သီချင်းများဖြင့် အဖွဲ့လိုက် သီဆိုဖျော်ဖြေခဲ့ရာ မမြင်မကြားရသည်မှာ နှစ်ပေါင်း(၂၀/၃၀)နှစ်ခန့် ရှိပြီဖြစ်သော သင်္ကြန်သံချပ်များဖြင့် (၈၈)အမျိုးသမီးအဖွဲ့၊ (၈၈)အမျိုးသားအဖွဲ့များမှ “မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့”နှင့် ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။

(၈၈)ကျောင်းသားများ၏မဟာသင်္ကြန်သံချပ်အဖွဲ့အားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဂုဏ်ပြုငွေ (တစ်သိန်း)၊ ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုငွေ(တစ်သိန်း)၊ ဒုဥက္ကဋ္ဌ- ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ(သုံးသောင်း)ကျပ်တို့အားဂုဏ်ပြုချီးမြှင့်ပေးအပ်ကာဒေါ်ရွှေဇီးကွက်နှင့် (၈၈)ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန် သင်္ကြန်ရေပက်ဖျန်းလောင်းကာနေ့လည်စာရွှေရင်အေး၊ သာကူတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသောမဟာသင်္ကြန်နှစ်များနှင့်မတူ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် မြန်မာပြည်သူ/သားများအတွက် မင်္ဂလာအရှိဆုံး မဟာသင်္ကြန် နှစ်ထူးနှစ်မြတ် ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထုတခဲနက် ထောက်ခံအားပေးမှုကို ခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုရရိှသော နှစ်ဖြစ်သလို အကျဉ်းကျနိုင်ငံရေး အကျဉ်းသားများဖြစ်သော (၈၈)ကျောင်းသားများ ပြန်လည် လွတ်မြောက်လာသော နှစ်လည်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့်မမြင်ရသည်မှာကြာပြီဖြစ်သော သံချပ်အဖွဲ့များ ပြန်လည်ပေါ်ပေါက်လာသော နှစ်သစ်လည်းဖြစ်ပေသည်။ နာရေးကူညီမှုအသင်း(ရန်ကန်)၏ နေ့စဉ်မွန်းကြပ်မှုများ၊ လှောင်ပိတ်မှုများနှင့် ကျွန်တော်တို့အား ကူးစက်လွှမ်းခြုံခြင်း ခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေးပရိဒေ၀ အပူမီးများအားယခုကဲ့သို့ ခဏတာအတွင်း ပြေပျောက် အေးချမ်းမှုကို လာရောက် ဆေးကြောပေးကြသော NLD၊BG သွေးလှူအဖွဲ့၏ ဖျော်ဖြေသီဆိုရေးအဖွဲ့နှင့် (၈၈)ကျောင်းသားများ မဟာသင်္ကြန်သံချပ်အဖွဲ့တို့အား ၀မ်းမြောက်ဝမ်းသာ ပီတိဖြစ်ကာ ကျေးဇူး အထူးတင်ရှိပါတော့သည်။

ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများသည် အများပြည်သူတို့၏ သောကအပူမီးများကို လိုက်လံ ငြိမ်းသတ် ပေးနေရသကဲ့သို့ မိမိတို့တွင်စွဲကပ်နေသော သောကအပူမီးများအားလည်း ယခုကဲ့သို့ပြန်လည်၍ ငြိမ်းအေးစေသော အချိန်အခိုက်အတန့် အတွင်းတွင် ငြိမ်းအေးစေခြင်းသည် NLD၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြ မော်တော်ယာဉ် အဖွဲ့သားများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သော ဥက္ကဋ္ဌဦးကျော်သူ၏ “ဒေါင်းဆိုတာ … ခွပ်ချိန်တန် ခွပ် ၊ ကချိန်တန် ကရတယ် ” ဟူသော စကားပမာပင် ဖြစ်တော့သည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) 
 
 
ကိုမင်းကိုနိုင်ရဲ့ သံချပ်စာသား



ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂

ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့

(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
(ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အစဉ်အလာကောင်းကိုထိန်း)၂

သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန် က ပါစို့

မပြောမပြီး မတီးမမြည် ......... တို့ စည်တီးတာ ပြည်သူ့အတွက်
ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ

ဒီမိုကရေစီ အနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း

ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြလှုံကြ
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့်

ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ
မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး

နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း

ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး

မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ

ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။

 
 
 

နှစ်သစ်ကူး သင်္ကြန်ပွဲ ၀ါရှင်တန်ဒီစီမှာ ကျင်းပ

2012-04-15
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်တ၀ိုက် နေထိုင်တဲ့ မြန်မာတွေရဲ့ စုပေါင်းသင်္ကြန်ပွဲတော် နှစ်သစ်ကူးပွဲကို မေရီလန်းပြည်နယ်က မင်္ဂလာရာမကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။
Photo courtesy of မင်္ဂလာရာမ web site
အမေရိကန် နိုင်ငံ၊ မေရီလန်းပြည်နယ်ရှိ မင်္ဂလာရာမ ဝိဟာရ မြန်မာ ဘုန်းတော်ကြီးကျောင်း ဖြစ်ပါသည်။
နှစ်သစ်ကူးပွဲနှင့်အတူ မင်္ဂလာရာမ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကိုလည်း ပြုလုပ်ပါတယ်။ အခမ်းအနားကို ကြွရောက်လာတဲ့ ရန်ကုန်မြို့ မဟာစည် သာသနာ့ရိပ်သာ သြ၀ါဒစရိယ ဆရာတော်ကြီး ဦးဇဋိလ ကလည်း နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ကာလမှာ မြန်မာပြည်သူ ပြည်သားတွေကို ဆုတောင်းမေတ္တာပို့သ ပေးလိုက်ပါတယ်။
သင်္ကြန်ပွဲကို ကြွရောက်လာတဲ့ ဧည့်ပရိသတ်တွေကိုတော့ မြန်မာ့ရိုးရာ အစားအစာတွေနဲ့ စတုဒိတာ ကျွေးမွေးဧည့်ခံပြီး အဆိုတော် မီမီဝင်းဖေအပါအ၀င် မြန်မာ-အမေရိကန် ကလေးလူငယ်တွေရဲ့ သင်္ကြန်ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
ပြည်ပကို ရောက်ရှိနေကြပေမယ့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ သင်္ကြန်ပွဲတော်တွေကို အမေရိကန်ပြည်ထောင်စု ပြည်နယ်အနှံ့မှာ ကျင်းပနေပြီး မနေ့က အင်ဒီယားနားပြည်နယ် ဖိုဒ်ဝိန်းမြို့မှာလည်း စုပေါင်းပြီး သင်္ကြန် အခမ်းအနား ကျင်းပခဲ့ပါတယ်။

အနောက်နိုင်ငံတချို့ ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း

2012-04-15
မြန်မာနိုင်ငံအပေါ်နော်ဝေးနိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
မကြာသေးမီကာလအတွင်း မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေကို ကြည့်ရင် အာဏာပိုင်တွေဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်ဆိုတာ ထင်ရှားနေကြောင်း၊ ဒီိအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ ဖြစ်ကြောင်းလည်း နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက ပြောဆိုပါတယ်။
တချိန်တည်းမှာပဲ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူများကို ပြောလိုတာကတော့ ဒီပိတ်ဆို့ အရေးယူမှုတွေကို ပြန်ချမှတ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အမှန်စင်စစ်တော့ ကျွန်တော်တို့ဟာ အရေးယူမှုတွေကို ဆိုင်းငံ့လိုက်တာပဲ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။
နော်ဝေးနိုင်ငံဟာ မြန်မာနိုင်ငံ သစ်ဝယ်ယူ တင်သွင်းမှုကိုလည်း ပိတ်ပင်တားမြစ်ထားတယ်လို့  သိရပါတယ်။ ခုလိုစီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးချက်ကို ဆက်လက် ထားရှိတယ်လို့  ဆိုပါတယ်။
တချိန်ထဲမှာပဲ မြန်မာနိုင်ငံက ရာပေါင်းများစွာသော ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို သြစတြေးလျနိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မြို့မှာ တနင်္ဂနွေနေ့က ကြေညာ ပြောဆိုလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန်အပါအဝင် လူပုဂ္ဂိုလ် အယောက် ၂၆၀ အပေါ် ချမှတ်အရေးယူထားတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူလို့ ယူဆရသူတွေ စုစုပေါင်း ၁၃၀ ခန့်ကိုတော့ အရေးယူခံရသူများ စာရင်းထဲမှာ ဆက်လက်ထားရှိမှာဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Bob Carr က ပြောဆိုပါတယ်။
မြန်မာ အတိုက်အခံတွေနဲ့ အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း သူကပြောဆိုပါတယ်။
Mr Bob Carr က သမ္မတ ဦးသိန်းစိန်ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ ဖြစ်တယ်လို့ ထင်ကြောင်း၊ ဒီအတွက် သူအကျိုး ခံစားထိုက်တယ်လို့  မိမိအနေနဲ့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ လိုအပ်လာတယ်ဆိုရင် အချိန်မရွေး ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည်ချမှတ်နိုင်ကြောင်းလည်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင်

2012-04-15
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
လွှတ်တော်ပြန်ခေါ်တဲ့အချိန် ဧပြီလ ၂၃ ရက်နေ့မှာ စကားရပ် ပြောင်းလဲသုံးစွဲဖို့ ကိစ္စ ချောချောမောမော ပြေလည်သွားမယ်လို့ ယူဆတဲ့အကြောင်း NLD နာယက အဖွဲ့ဝင် ဦးတင်ဦးက RFA ကို ပြောပါတယ်။ ကာကွယ်စောင့်ရှောက်ပါမည်ဆိုတဲ့ စကားရပ်ဟာ တပ်ထဲမှာ သုံးစွဲတာဖြစ်ပြီး နေရာတိုင်းမှာ အရိုးစွဲနေတဲ့ တပ်ပုံစံအတိုင်း လိုက်လုပ်တာလို့ ဦးတင်ဦးက ပြောပါတယ်။ အရပ်သားတွေ အနေနဲ့ လေးစား လိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်းသုံးရင် လုံလောက်တယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ အသုံးအနှုန်းကို ဥပဒေနဲ့ အညီပြင်ဆင်ဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေပြည်တော်ကို စနေနေ့က သွားပြီး နိုင်ငံတော်သမ္မတဆီ အကြံပြုစာ တင်လိုက်ပြီလို့လည်း သိရပါတယ်။ 

သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

2012-04-14
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။


ဘင်္ဂလားဒေ့ရှ် ၀က်ဘ်ဆိုက် အချို့ကို မြန်မာ “ဟက်ကာ” တွေ တိုက်ခိုက်ဟုဆို

2012-04-14
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရေပိုင်နက် အငြင်းပွားမှုအပေါ် ကုလသမဂ္ဂ ရေပိုင်နက်ဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လူသုံးများတဲ့ ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာတွေ အတော်များများကို “ဟက်ကာ” ( hacker ) လို့ ခေါ်တဲ့ အင်တာနက် ဖောက်ထွင်း ၀င်ရောက်မွှေနှောက်သူတွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တရားရုံးရဲ့အဆုံးအဖြတ်ဟာ နှစ်နိုင်ငံလုံးအတွက် မျှတပါတယ်လို့ ကျွမ်းကျင်သူတချို့က မှတ်ချက်ပြုခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်နိုင်ငံဘက်က ဟက်ကာတွေရဲ့ အင်တာနက် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့တယ်လို့ အိန္ဒိယ အင်တာနက် အွန်လိုင်းသတင်းစာ တစ်စောင်က ဖော်ပြပါတယ်။
ဧပြီလ (၁၁) ရက်နေ့ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြည့်အများဆုံး bdnews24.com အွန်လိုင်းသတင်း စာမျက်နှာကို (၁၅) မိနစ်ကြာ ဖွင့်ကြည့်လို့မရဘဲ မြန်မာနိုင်ငံက ဟက်ကာတစ်ဦးရဲ့အမည်နဲ့ အလုပ်အကိုင်သာ ပေါ်နေတယ်လို့ ဆိုပါတယ်။
အလားတူ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အင်တာနက်စာမျက်နှာ (၃) ခုအပါအ၀င် အနည်းဆုံး ၀က်ဘ်ဆိုက် (၄၀) လောက်ဟာ မြန်မာနိုင်ငံကလို့ ဆိုတဲ့ ဟက်ကာတွေရဲ့ အတိုက်ခိုက် ခံခဲ့ရတယ်လို့ rediff.com ဆိုတဲ့ အိန္ဒိယ အွန်လိုင်းသတင်းစာက ဖော်ပြပါတယ်။
ဒါ့အပြင် မကြာခင် ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ အရှိန်မြင့်လာဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။




 
 
 
 
 
 
 
 
ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး...။

မကွေးတိုင်း ကံမမြို့နယ်တွင် ၁၃.၄.၂၀၁၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင်
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေအိမ်များအား အတွင်း
အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ည ၁၁ နာရီခန့်လောက်ထိဖြစ်ပွားခဲ့ပီး အိမ်ရှိသူများမှာ ကိုလွတ်ရုံးထွက်ပြေးကြရ
ကြောင်း ပစ္စည်းဆုံးရှုံးမှုများ စွာ ဖြစ်ပေါ်ခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များမှ
ကုညီမှုမရှိ မင်းမဲ့တိုင်းပြည်လိုဖြစ်နေကြောင်း သိရပါတယ်။

၁၄.၄.၂၀၁၂ ည တွင်လဲ ကျန်ရှိ နေအိမ်များကို လူများစုဝေးကာ ဓါးပြတိုက်
လုယက်ဖျက်ဆီးကြောင်း သိန်းပေါင်းများစွာဆုံးရှုံးပျက်ဆီးသွားကာ ရွှေ ၊ ငွေ ထည်
ပစ္စည်းများစွာ လုယက်သွားသည်များကို သက်ဆိုင်ရာမှ ခုထိဘာမှ အရေးမယူ
သေးကြောင်း ကံမမြို့ ခံများက Myanmar News Now ကို ပြောပါတယ်။
သစ်ထူးလွင် .
facebook : Infinitely Power
 
 

ချင်းမိုင်သူ ထိုင်းဝန်ကြီးချုပ် ယင့်လတ်ခ် ချင်န၀ပ် ဟာ သင်္ကြန်ကာလမှာ မွေးရပ်မြေကို ပြန်ပြိး ထိုင်းမြောက်ပိုင်းရိုးရာဝတ်စုံနဲ့ တွေ့ ရစဉ်
นายกรัฐมนตรีร่วมเล่นน้ำสงกรานต์กับประชาชนชาว จ.เชียงใหม่
 
သင်္ကြန်မှာ ဖော်ချွတ်ခြင်း
သွန်းနေစိုး facebook.com/ThornNaySoul
ဧပြီ ၁၆၊ ၂၀၁၂


ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။

ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။

ကျနော် အခုရေးချင်တာက အဲဒီကိစ္စကို တားဆီးနိုင်ဖို့ဖြစ်ပါတယ်။

အကြမ်းဖျဉ်းစဉ်းစားကြည့်ရင်တော့ လွယ်ပါလိမ့်မယ်။ ဟာ ဒါများ ဘာခက်တာလိုက်လို့ ဒီလို မ၀တ်နဲ့ ၀တ်ရင် အပြစ်ပေးမယ် ဘာညာလုပ်လိုက်ပြီးတာပဲလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ တစ်ခုလေးသတိပြုစေလိုတာက အရာရာကို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်ချုပ်ချယ်လွန်းရင် အာဏာရှင်စနစ်အောက် ကျနော်တို့တွေ ပြန်ရောက်သွားပါလိမ့်မယ်။

လိုအပ်တာက အားလုံးက လိုလိုချင်ချင်နဲ့လိုက်နာလာစေဖို့ပါပဲ။

ကျနော် အရင်ဆုံးတစ်ခု ပြောကြည့်ပါမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ စိတ်အဆင့်အတန်းဟာ တဖြည်းဖြည်းနိမ့်ကျလာတယ် ... လို့ပြောရင် သင်လက်ခံမှာလား။ တကယ်လို့ အတင်းမျက်စိမှိတ် ငြင်းချင်တယ်ဆိုရင် ကျနော်ကတော့ ပြိုင်မငြင်းလိုတော့ပါ။ သင်္ကြန်နဲ့ ပတ်သက်တာလေးပဲ ပြန်သွားကြရအောင်။

တကယ်တော့ ခုလိုဖော်ချွတ်လာတာတွေဟာ သင်္ကြန်မှ မဟုတ်ပါဘူး။ တစ်နှစ်ထက်တစ်နှစ် တစ်ချိန်ထက် တစ်ချိန် ပိုပိုပြီးဆိုးလာတာ ကျိန်းသေပါပဲ။ သင်္ကြန်ကျမှ မူးကလည်း မူးနေ၊ မြူးကလဲ မြူးနေတော့ ပိုသိသာကုန်တော့တာပေါ့။ ကျနော်ကတော့ ဒီအတွက် အကြောင်းရင်း တစ်ခုအဖြစ် မြန်မာမိန်းကလေးတွေ Identity ပျောက်နေကြတဲ့ အဖြစ်ကိုပဲ အရင်ဆုံး အကြောင်းရင်းရှာပြချင်ပါတယ်။

လူဆိုတာက သူများထက် သာချင်တယ်။ အများကြားမှာ ပေါ်လွင်ထင်ရှားနေစေ့ချင်တတ်တယ် မဟုတ်လား။ ဒီအတွက် သူ့မှာ အများထက်သာလွန်ထူးခြားတဲ့အရည်အချင်း မရှိတဲ့အခါ ဖော်ချွတ်တာတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီတော့ဘာဖြစ်သလဲ? သူများဝိုင်းကြည့်တာ ခံရတယ်လေ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူက ဒါကို သာယာပါတယ်။

ကျနော်တစ်ချိန်က လူသတ်မှုတွေအကြောင်းလေ့လာဘူးတယ်။ လူတော်တော်များများဟာ လူသတ်မှုဖြစ်ရခြင်းမှာ ဘေးတွန်းအားလည်း အများကြီးပါတာကို တွေ့ရပါတယ်။ အများရှေ့မှာ ငါဟာ မိုက်တယ်ကွ၊ လူသတ်ရဲတယ်ကွ ဆိုတဲ့စိတ်တွေက သူတို့ကို နောက်ဆုတ်လို့ မရတဲ့ မပြန်လမ်းဆီပို့သွားတော့တာ။

အခု ဖော်ကြချွတ်ကြတဲ့ကောင်မလေးတွေကလည်း ဒီအတိုင်းပါပဲ။ လူတွေ သူ့ကို ၀ိုင်းကြည့်ကြတဲ့အခါ ... ဟာ တယ်ဟုတ်တဲ့ ငါပါလား၊ လူတွေတောင် ၀ိုင်းကြည့်ကြတယ် ကြည့်စမ်းဆိုတဲ့ စိတ်ဓာတ်အခြေခံကနေ ဒီလိုမျိုးတွေ ပိုလုပ်ဖို့ တွန်းအားဖြစ်စေတယ်။ မိန်းကလေးဆိုတာကတော့ သူပိုင်တဲ့ အလှအပကို ဖော်ပြချင်တဲ့ စိတ်အခြေခံရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဘယ်ယောက်ျားလေးမှ ပုဆိုးကို ထောက်ထည့်ပြီး တင်အလှပေါ်အောင် မ၀တ်ဘူးမဟုတ်လား။ ဒါပေမဲ့ အဲဒီလို ယဉ်ကျေးမွန်ရည်တဲ့ အလှဖော်ပြလိုခြင်းမျိုးနဲ့ပဲဆိုကောင်းတာပေါ့။

အခုက တရားလွန်တွေ ဖြစ်ကုန်တော့တာ။ တန်ဆေးလွန်ဘေးဆိုသလိုပါပဲ။ အလှကို ဖော်ပြလိုခြင်းနဲ့ ဟိရိသြတ္တပ္ပတရားကင်းမဲ့ခြင်းကြားက မျဉ်းဟာ တော်တော်လေးပါးလျားပါတယ်။ ဒီအတွက် တားနိုင်တဲ့အရာတစ်ခုတော့ရှိတယ်။ ဒီလို အလွန်အကျွံသရုပ်ပျက်လုပ်လာခြင်းကို သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခုလုံးက အဆင့်အတန်းမရှိတဲ့အရာအဖြစ် ပုံဖော်သဘောထားကြဖို့ပါပဲ။

ဒီနေရာမှာ မိန်းကလေးချင်းရော ယောက်ျားလေးတွေရော လိုအပ်ပါတယ်။ ဒီလို မထော်မနှမ်းဝတ်ထားတဲ့ကောင်မလေးတစ်ယောက် မဏ္ဍပ်ပေါ်တက်လာတဲ့အခါ အနူကို တွေ့သလို မိန်းကလေးတွေက ရှဲကနဲဖြစ်သွားမယ်။ ယောက်ျားလေးတွေကလည်း သွားရည်ယိုတဲ့အကြည့်နဲ့ ကြည့်မနေပဲ ဘယ်လို အဆင့်အတန်းလဲ မသိဘူးလို့ နှာခေါင်းရှုံ့ မျက်နှာလွှဲလိုက်ကြမယ်ဆိုရင် ဒီလို ဘယ်သူမှ ၀တ်ရဲလိမ့်မယ် မဟုတ်ပါ။

နောက်တစ်ချက်က ကျနော်တို့ လူ့အဖွဲ့အစည်းကို ရှေ့ဆောင်ရှေ့ရွက်ပြုနေသူတွေနဲ့လဲ အတော်သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။ လူငယ်တွေ အားကျအတုယူပြတဲ့သူတွေက ဘယ်လို ၀တ်ပြစားပြ နေပြထိုင်ပြလဲဆိုတာ အင်မတန်အရေးကြီးတယ်။ တနည်းပြောရရင် အနုပညာရှင်တွေပေါ့။ မင်းသမီးတွေက ဖော်ချွတ်ပြနေမှတော့ နောက်က ကောင်မလေးတွေ ဖော်ချွတ်ပြနေတာ ဘာဆန်းတော့မလဲ။

ဒီနေရာမှာ တစ်ခုလေးတော့ ဆွေးနွေးချင်ပါတယ်။ နာမည်ကြီး အကယ်ဒမီဒါရိုက်တာကြီးတစ်ယောက်က ကျနော့်ကို ပြောဘူးတယ်။ အခုခေတ်မင်းသမီးအသစ်တွေမှာ အနုပညာကိုတကယ်စိတ်ဝင်စားတဲ့သူ အတော်နည်းသွားပြီ တဲ့။ ဒါရိုက်တာကို ကုမ္ပဏီပိုင်ရှင်ကို မင်းသားကို လူပေးမယ်။ ဒါဆို မင်းသမီးဖြစ်ပြီလို့ ထင်နေသူတွေက များတယ်တဲ့။ အရင်က ဒေါ်ကြည်ကြည်ဌေးလည်းပြောခဲ့ဘူးတယ်။ ခုခေတ်က အနုပညာရှင်တွေ မဟုတ်တော့ဘူး၊ အညုပညာရှင်တွေတဲ့။

ဒါကို ဘယ်လို တားဆီးကြမလဲ? ဒီမိုကရေစီခေတ်ဖြစ်လေတော့ လည်ပင်းစာဆွဲ ရင်ပြင်ထုတ်ဒါဏ်ပေးဆိုတာမျိုးတော့ မရဘူး။ အရေးကြီးတာက လူငယ်တွေ အားကျအတုယူသူတွေမှာ အပေါ်ယံ ဗဟိဒ္ဒ ရုပ်သွင်သာမက အတွင်း အဇ္ဖတအရည်အချင်းလည်းရှိကြဖို့ ပျိုးထောင်ကြရပါမယ်။ ဒီအတွက်တော့ နိုင်ငံတော်ပိုင်းက အဓိက လိုအပ်လာပါပြီ။ အကယ်ဒမီလိုမျိုးကို အလှည့်ကျပေးနေတာမျိုး မလုပ်ပဲ ဒီနှစ်တော်သူ မရှိရင် ဘယ်သူမှ မပေးနဲ့။ တကယ်တော်သူကိုပဲ ပေးတာမျိုး။ အနုပညာသမားစစ်စစ်တွေ ထွက်ပေါ်လာစေရာ ကျောင်းကြီးတွေ ဖွင့်ပေးတာမျိုးလိုပါလိမ့်မယ်။

ပြောရရင်တော့အများကြီးပါပဲ။ အဓိကကတော့ တိုင်းပြည်ချမ်းသာရင် ဒါတွေအတော်များများ အဆင်ပြေလာမယ်လို့ ထင်ပါတယ်။

နောက်ပြီး ကျနော်တို့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ကိစ္စမှာ အသိပညာပေးပုံလည်း အတော်လိုတယ်လို့ ထင်မိတယ်။ အခုတက္ကသိုလ်တွေမှာ မြန်မာဝတ်စုံကို အတင်းဝတ်ခိုင်းတယ်။ ကလေးတွေက ရိုးရာဝတ်စုံကို ချစ်လာရမယ့်အစား မုန်းတောင်သွားတော့တယ်။ တကယ်က လူငယ်တွေရဲ့ အသွေးထဲ အသားထဲမှာ ရိုးရာကို ချစ်မြတ်နိုးစိတ်ပေါ်အောင်လုပ်ရမှာ။

အဲဒီလိုမဖြစ်ဖြစ်အောင်ဆိုပြီး ဇွတ်အတင်းကြိမ်လုံးနဲ့ ကြိုက်ခိုင်းလို့ မရဘူး။ လာစမ်း သီချင်းကြီးတွေ နားထောင်နေ၊ အိပ်မငိုက်စေနဲ့လို့ လုပ်လို့ မရဘူး။ ရုပ်မြင်သံကြားမှာတော့ ကိုရီးယားမင်းသမီးတွေ ဖော်ချင်သလောက်ဖော် ချွတ်ချင်သလောက်ချွတ်ခိုင်းထားပြီး မြန်မာကားတွေကို ဘယ်လိုဝတ် ဘယ်လိုစားရမယ်လုပ်လို့ မရဘူး။ ဒီနေရာမှာ ကြုံတုန်းပြောရရင် အခု သင်္ကြန်လိုမျိုးမှာ မိန်းကလေးတွေ အရက်ကို ပေါ်ပေါ်တင်တင်ဖောဖောသီသီသောက်လာတာ ကိုရီးယားဇာတ်ကားတွေရဲ့ သြဇာ အများကြီးပါတယ်လို့ ထင်ပါတယ်။ ဒီအတွက်ကိုတော့ ကျနော် ရေးဖြစ်ခဲ့တဲ့ Status လေးတစ်ခုရဲ့ အဓိကအကြောင်းအရာကို ပြန်ရေးပြခြင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

သင်္ကြန်ဟာ အရက်ပွဲတော်ဖြစ်နေပါပြီ။ မိန်းကလေးတွေကတောင် ပေါ်ပေါ်တင်တင် ဖောဖောသီသီကြီး သောက်နေတယ်။ အဲဒါ ကိုရီးယားကားတွေရဲ့ သြဇာ တော်တော်ကြီးပါတယ်လို့ ယူဆပါတယ်။

ကိုရီးယားကားတွေ ဈေးကွက်မှာ ရှိနေတာကို မပြောလိုပါ။ ဈေးကွက်ဖွင့်ထားတဲ့အခါ ကိုရီးယားကားသာမက ဟောလီးဝုဒ်၊ ဘောလီးဝုဒ် အစုံရှိမှာပါပဲ။ ဒါပေမဲ့ မြန်မာပြည်မှာ လူကြည့်အများဆုံးဖြစ်တဲ့ ရုပ်မြင်သံကြားဌာနတွေ ကိုယ်တိုင်က ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးအောင် တင်သွင်းနေခြင်းအပေါ်သဘောမတူပါ။

ကျနော်တို့နဲ့ ယဉ်ကျေးမှု မတူပါ။ ကြာရင် တိုင်းပြည်ပျက်ပါတော့မယ်။ တိုင်းပြည်ကို ချစ်ရင် ကိုရီးယားကားတွေ ရုပ်မြင်သံကြားက ပြနေတာ ရပ်တန့်ပေးပါ။ ဘာကြောင့် ဒီလိုလုပ်လဲ စဉ်းစားမရပါ။

ကိုရီးယားဆို မြောက်ကိုရီးယားကတော့ ကျနော်တို့နဲ့တော်တော်နီးနီးစပ်စပ် ပတ်သက်ပါလေရဲ့။ဒါပေမဲ့ ... ဒုံးပျံလွှတ်တာတောင် ဖွတ်ခနဲ ရေထဲကျတဲ့နိုင်ငံကို ဘာမှ အထင်ကြီးစရာ မမြင်ပါ။

(မှတ်ချက် - သွန်းနေစိုး Facebook Fan Page facebook.com/ThornNaySoul တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။ ဤဆောင်းပါးကို Facebook တွင် တရက်အတွင်း ၂၀၀ ကျော် ရှယ်ထား၊ လက်ဆင့်ကမ်း ဖတ်ရှုထားကြောင်း တွေ့ရသည်)
 

 
 
 
 
 
 
 
 

 
 
 
 
 
 
 
 
Ah Ba Yah's Photos
သိစေချင်တယ် အပြင်မှာတကယ်ဖြစ်ပျက်နေတာတွေကို
သမီးမိန်းကလေးရှင်တွေလည်း ကိုယ့်သမီးတွေကို အပေါင်းအသင်းမမှားအောင် သွန်သင်ပေးနိုင်ဖို့
 မိဘတွေလည်း အိမ်အပြင်မထွက်ရပဲ အိမ်ထဲကနေပြီး လောကကြီးရဲ့ အခြေအနေကို သိစေချင်တဲ့စေတနာနဲ့
 တင်လိုက်တာပါ ။
 
 
 
ကဲ.. Play Boy Facebook ပါဆိုမှ.. သူတို့က ယုံကြဘူးတော့..

ကောင်မလေး တော်တော်မာန်ပါတယ်
 
 

‎" မြန်မာတစ်မျိုးသားလုံး စုစည်းညီညွတ်စွာ ကာကွယ်တားဆီးကြရတော့မည့် ဘေးတစ်ခု "
------------------------------------------------------------------------------------------

" သင်္ကြန်လည်တာ အတိုမဝတ်ပါနဲ့လို့လည်း
မပြောပါဘူး ထမီ(ထမိန်)ဝတ်ပြီး လည်ရမယ်လို့လည်း
တစ်ခါမှ မပြောခဲ့ပါဘူး၊ အတိုဘဲဝတ်ဝတ်၊ ဂျင်းဘောင်းဘီနဲ့ဘဲ
လည်လည် ဂါဝန်ဝတ်ချင်လဲဝတ်အတိုအကပ် ကြိုက်ရာ
ညီမလေးတို့ နှစ်သက်တာဝတ်ပါ။
ဒါပေမဲ့ လုံလုံခြုံခြုံလေး ဖြစ်စေချင်တာ တစ်ခုတည်းပါကွဲ့။
ဈေးကွက်တင်လေလံရောင်းရအောင်က ကုန်ပစ္စည်းပြပွဲမှ
မဟုတ်တာလေ။ အာသာငမ်းငမ်းကြည့်ချင်သူတွေက
ဒါမျိုးမှ ခေတ်မီတယ်ဆိုကြမယ် နားမယောင်လိုက်ပါနဲ့
သူတို့နှုတ်ခမ်းဖျားက ယိုစီးကျနေတဲ့သွားရည်စက်တွေ
ညီမလေးတို့ မြင်အောင်ကြည့်နိုင်ကြပါစေ။ ။ "

- အစိမ်းရောင် လွင်ပြင်
 
ညီမလေးတို့ရေ..
သင်္ကြန်လည်တာ အတိုမဝတ်ပါနဲ့လို့လည်း မပြောပါဘူး
ထမီ(ထမိန်)ဝတ်ပြီး လည်ရမယ်လို့လည်း တစ်ခါမှ မပြောခဲ့ပါဘူး၊
အတိုဘဲဝတ်ဝတ်၊ ဂျင်းဘောင်းဘီနဲ့ဘဲ လည်လည်
ဂါဝန်ဝတ်ချင်လဲဝတ်
အတိုအကပ် ကြိုက်ရာ
ညီမလေးတို့ နှစ်သက်တာဝတ်ပါ။
ဒါပေမဲ့
လုံလုံခြုံခြုံလေး ဖြစ်စေချင်တာ တစ်ခုတည်းပါကွဲ့။
ဈေးကွက်တင်လေလံရောင်းရအောင်က
ကုန်ပစ္စည်းပြပွဲမှ မဟုတ်တာလေ။
အာသာငမ်းငမ်းကြည့်ချင်သူတွေက
ဒါမျိုးမှ ခေတ်မီတယ်ဆိုကြမယ်
နားမယောင်လိုက်ပါနဲ့
သူတို့နှုတ်ခမ်းဖျားက ယိုစီးကျနေတဲ့သွားရည်စက်တွေ
ညီမလေးတို့ မြင်အောင်ကြည့်နိုင်ကြပါစေ။ ။
အစိမ်းရောင် လွင်ပြင်
 
 
Ah Ba Yah's Photos
သိစေချင်တယ် အပြင်မှာတကယ်ဖြစ်ပျက်နေတာတွေကို
သမီးမိန်းကလေးရှင်တွေလည်း ကိုယ့်သမီးတွေကို အပေါင်းအသင်းမမှားအောင် သွန်သင်ပေးနိုင်ဖို့ 
မိဘတွေလည်း အိမ်အပြင်မထွက်ရပဲ အိမ်ထဲကနေပြီး လောကကြီးရဲ့ အခြေအနေကို သိစေချင်တဲ့စေတနာနဲ့ 
တင်လိုက်တာပါ ။
 

ဆိုင်ကယ် သုံးစီး ဆင့်တိုက်

မန်းသင်္ကြန် ဒုတိယ အကြတ်နေ့၊ ၂၀၁၂

CJMyanmar 030
 
 

အခြေခံလူမှုဘ၀နဲ့ အစိုးရထိပ်ပိုင်း ဘ၀အခြေအနေတွေ တကယ်ကို ကွာဟလွန်းတယ်
 

သင်္ကြန် အကျနေ့ ( ၁၃ ဧ ၂၀၁၂ ) မနက်ခင်း မြင်ကွင်းများ 
 

ဒုတိယ ကမ္ဘာစစ် လက်ကျန်တိုက်လေယာဉ်များ ဗြိတိန်ကို ပြန်ပို့မည်
by-RFA
 
 

ဒီနေ့သင်္ကြန်အကျနေ့

 
 
 
 
 
 
iCJ Photo News: အေးမြင့်သာယာအုပ်စု NLD ပါတီဝင်များ၏ စုပေါင်းအလှူပြုခြင်း (ပျဉ်းမနား ဖိုသား ပေးပို့)
 
iCJ Photo News: အေးမြင့်သာယာအုပ်စု NLD ပါတီဝင်များ၏ စုပေါင်းအလှူပြုခြင်း (ပျဉ်းမနား ဖိုသား ပေးပို့)


အမေနဲ့  အတာ...
 နှစ်သစ်မင်္ဂလာမှာ အားလုံးငြိမ်းချမ်းပျော်ရွှင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝကြပါစေ......
အောင်မိုး (ကနေဒါ)
 

No comments: