Monday, April 2, 2012

လားရှိုးမြို့ သီရိရွှေစင် ကာရာအိုကေဆိုင်တွင် မိုက်မှ ဓာတ်လိုက်သေဆုံးမှု

 သတင်းဟောင်းပါ။

သတင်းကတော့ ကြာခဲ့ပါပြီ..။ ဒါပေမယ့် လုပ်ရပ်ကတော့ ပျောက်မည်မဟုတ်ပါ။
ကာရာအိုကေ ဆိုင် ပိုင်ရှင်  ဦးစိုင်းစံမင်းနှင့်အနိုင်ရတဲ့ ရွေးကောက်ခံအမတ် ဦးစိုင်းစံမင်းအတူတူလားဆိုတာတော့မသိရသေးပါ။
ဆက်လက်ဖေါ်ပြပါမည်။

 

Linn Yaung
ရှမ်းမလေးတွေ အတွက်ပါ.. အဲလေ...
ရှမ်းပြည်သူတွေ အတွက်ပါ


သတင်းမှန် ..မမှန်ကို ချင့်ချိန် သုံးသပ်ကြပါကုန်။

http://www.vimutti.co.cc/2010/08/blog-post_1033.html

Monday, August 23, 2010



သြဂုတ်လ ၅ ရက်၂၀၁၀ ခုနှစ်

လားရှိုးမြို့ လားရှိုးကောလိပ်အနီး သီရိရွှေစင် ကာရာအိုကေ ဆိုင် ( ပိုင်ရှင်မှာ ဦးစိုင်းစံမင်း နှင့် ဒေါ်နန်းမေ၀င်း ဟုသိရ) တွင် ၂၇.၇.၂၀၁၀ ည ၈ နာရီခွဲ ၀န်းကျင်တွင် ကာရာအိုကေ စက် ချို့ယွင်းချက်ကြောင့် သီချင်းဆိုသော မိုက်ကရိုဖုန်းတွင် ပြင်းထန်သော လျှပ်စစ် စီးကြောင်း ဖြစ်ပေါ်စေပြီး ပထမထပ်တွင် သီချင်း ဆိုနေသော မောင်စောမားကတ်စ် ဖရီးဒမ်း (ဦးစောတိုင်းကျော်)+ဒေါ်နန်းဆောင်ခမ်း တို့၏ အကြီးဆုံးသား၊ နွဲ့နော ရပ်ကွက်၊ ကျိုင်းတုံမြို့နေသူ အသက် ၂၇ နှစ် အရွယ် လူငယ်တဦးကို နေရာတွင်ပင် ချက်ချင်း သေဆုံး စေခဲ့သည်ဟု သိရသည်။ ကြမ်းခင်းသည် ကြွေပြား ခင်းထားပြီး မည်သည့် လျှပ်ကာ ပစ္စည်းမှ ခင်းကျင်းထားခြင်း မရှိဟု သိရသည်။ ထိုအဖြစ်ကြောင့် ထူးချွန် ထက်မြက်ပြီး မိခင်မုဆိုးမ နှင့် ကျောင်းသား ညီငယ် ၂ ဦးကို အလုပ် အကျွေး ပြုနေသော နိုင်ငံတကာ လူမှု ကူညီရေးအဖွဲ့ ကဲရ်အင်တာနေရှင်နယ် မြန်မာ၏ Field Office Coordinator အဖြစ် တာဝန် ထမ်းတောင်နေသော ၀န်ထမ်းတစ်ဦး အသက် ဆုံးရှုံး ခဲ့ရသည်။

မိသားစုနှင့် ခွဲခွာပြီး တနယ်တကျေးးတွင် သွားရောက် အလုပ် လုပ်ကိုင်နေသာ သားဖြစ်သူ၏ အဖြစ်ဆိုးကြောင့် ကျိုင်းတုံမြို့မှ လားရှိုးမြို့သို့ အပြေး ရောက်လာသော မိခင် ဒေါ်နန်းဆောင်ခမ်းနှင့် ညီနှစ်ဦးအား ကာရာအိုကေ ဆိုင်ပိုင်ရှင်သည် ရပ်မိ ရပ်ဖများနှင့် အတူ လာရောက် တွေ့ဆုံပြီး ကာယကံရှင်များနှင့် ထပ်တူ ၀မ်းနည်းကြောင်း၊ ၄င်းတို့မှ ငွေကျပ်သိန်း ၃၀ နစ်နာကြေး ပေးမည် ဖြစ်ကြောင်းနှင့် အမှုကို ကာယကံရှင် ဘက်မှ ကျေအေးပေးရန်ဟု တောင်းဆိုခြင်းကို အားလုံးရှေ့တွင် ကတိပေး နှစ်ဦး သဘောတူခဲ့ သော်လည်း အသုဘ ကိစ္စ ပြီးသွားချိန်တွင် ဆိုင်ရှင်မှ ကတိကို ဖောက်ဖျက်ပြီး အာဏာရှိသူများနှင့် ပူးပေါင်းကာ သက်သေများ၊ ရင်ခွဲ စစ်ဆေး အဖြေများ ကို ဖျောက်ဖျက် ပြောင်းလဲရန် ကြိုးစားခဲ့သည် ဟု အန်ဂျီအို ၀န်ထမ်းလောက အတွင်း ခိုင်လုံသော သတင်းများ အရ သိရပါသည်။

ထိုထက် မကသေးဘဲ ဆိုင်တွင် စက်ကိုင် အလုပ်လုပ်သော ၁၆ နှစ်သား ကလေး၏ အပြစ်သာ ဖြစ်သည်ဟု ဆိုင်ပိုင်ရှင်မှ စွပ်စွဲပြီး ထိုကလေးကို ဖြစ်ရပ်၏ တရားခံအဖြစ် အချုပ်ထဲသို့ ထည့်ထားသည်ဟု သိရှိရသည်။ ယနေ့ ၅.၈.၂၀၁၀ ထိတိုင် ဆိုင်ပိုင်ရှင်မှ လျှော်ကြေး ပေးရန် အကြောင်း အမျိုးမျိုးပြ ရှောင်နေပြီး စစ်အာဏာပိုင် များထံ ချည်းကပ်ကာ အမှုကို မြန်မြန် ပိတ်သိမ်းနိုင်ရန်နှင့် ၁၆ နှစ် သားလေးအား ၄င်းတို့အစား ပြစ်ဒဏ် ကျခံနိုင်စေရန် နည်းလမ်းပေါင်းစုံသုံး ကြိုးစားနေသည်ဟု စုံစမ်း သိရှိရသည်။ ကာရာအိုကေဆိုင်တွင် သီချင်း ဆိုသော သူများ နှင့် အလုပ် လုပ်နေသောသူများ သတိထား ဂရုပြုစရာ ဖြစ်ရပ်ဖြစ်ပြီး လားရှိုးမြို့နှင့် အန်ဂျီအို လောကတွင် လူအများ စိတ်ဝင်စားဆုံး ဖြစ်ရပ်ဖြစ်နေသည် ဟုလည်း သိရပါသည်။

No comments: