Monday, April 16, 2012
၎/ ၁၆/ ၂၀၁၂ သတင်းများ
"The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့် အစအဆုံး ကြည့်ရှုနိုင်ပါပြီ
Posted: 16 Apr 2012 04:56 AM PDT
"The Lady" ဇာတ်ကားကိုကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ
နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး..Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။
“သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ရုပ်/သံ)
Posted: 16 Apr 2012 04:06 AM PDT
၁၆ ဧပြီ ၂၀၁၂။ အတာသင်္ကြန် အတက်နေ့ မနက်က သာဓုပါဗျာ (ဟာသ သရုပ်ဆောင်များ) သံချပ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ လာရောက်ဖျော်ဖြေ။
ဒီဗွီဘီ
ဓါတ်ပုံ(ပေါ်ပြူလာဂျာနယ်)
“သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
Posted: 16 Apr 2012 04:09 AM PDT
ယနေ့ နံနက် ခြံရှေ့  သို့လာရောက်ဖျော်ဖြေသည့် “သာဓုပါဗျာ” သံချပ်အဖွဲ့  ၏တင်ဆက်မှုကို အားပေးနေသည့် ဒေါ်အောင်ဆန်းစုကြည်
 Popular Myanmar News Journal and Hlaing Bwa Maung (Facebook)
ပုဂံမြို့၊ ယွန်းပညာကောလိပ်၏ သတ္တမအကြိမ် ဒီပလိုမာအောင်လက်မှတ်အပ်နှင့်ပွဲကျင်းပ
Posted: 15 Apr 2012 06:48 PM PDT
ညောင်ဦးမြို့နယ်၊ ပုဂံမြို့ရှိ ယွန်းပညာကောလိပ်၏ ၂ဝ၁ဝ-၂ဝ၁၁ပညာသင် နှစ်
သတ္တမအကြိမ်ပြောက် ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယခုနှစ်မတ်လ
(၆)ရက်နေ့ အဆိုပါ ယွန်းပညာကောလိပ်ခန်းမမှာကျင်းပရာ ယခုနှစ် ဒီပလိုမာ
အောင်လက်မှတ်ရရှိသူ (၁ဝ၁)ဦး ရှိကြောင်းသိရှိရပါသည်။
သမဝါယမပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် တက်ရောက်၍  ပထမ၊ ဒုတိယ၊
တတိယဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပါသည်။
ယွန်းထည်လုပ်ငန်းအတတ်ပညာသည် ပုဂံခေတ်ကပင်ရှိခဲ့ပြီး ကမ္ဘောဒီးယား၊
ယိုးဒယား တို့မှတဆင့် ရောက်ရှိလာကြောင်း အဆိုရှိသည်။ဂျပန်၊ ဗီယက်နမ်၊
လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အိန္ဒိယ စသည့်နိုင်ငံများတွင် နိုင်ငံအလိုက်
နည်းစနစ်များ ကွဲပြားလျှက်ရှိရာ မြန်မာတို့၏ လက်နှင့်လုပ်သည့်(ံညေိ
ြေိန)ဖြစ်ခြင်းနှင့် ရိုးရာဒီဇိုင်းတို့မှာ ထင်ရှားပါသည်။
ယွန်းထည်များကို မြန်မာများနှစ်သက်ဂုဏ်ယူစွာ သုံးစွဲနေသကဲ့သို့
အိမ်တွင်းအလှဆင် ပစ္စည်းများအဖြစ် တန်ဘိုးထားဝယ်ယူနေကြသလို
ကမ္ဘာလှည့်ခရီးသွားများကလည်း အမှတ်တရ ဝယ်ယူနေသော မြန်မာ့ဂုဏ်ဆောင်
လုပ်ငန်းဖြစ်ပါသည်။
 အင်္ဂလိပ်လက်ထက် ၁၉၂၄ခုနှစ်မှစတင်ပြီး ယွန်းအတတ် ပညာများမတိမ်ကောစေရန်
သင်ကြားပေးသည့် ယွန်းကျောင်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ခေတ်အဆက်ဆက်ဖွင့်လှစ်ခဲ့ရာ ယွန်းအတတ်ပညာသင်ကျောင်း၊ ယွန်းပညာသိပ္ပံမှ
ယွန်းပညာကောလိပ်အထိ တိုးချဲ့ ဖွင့်လှစ်ပေးခဲ့ပါသည်။ ယွန်းအတတ်ပညာအပြင်
စီးပွားရေးဘာသာရပ်များသင်ကြား ပေးပြီး (၂)နှစ်တက်ရောက်အောင်မြင်သူများကို
ဒီပလိုမာအောင်လက်မှတ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
(၂)နှစ်တက်ရောက်အောင်မြင်ပြီးပါက သက်ဆိုင်ရာစီးပွားရေးတက္ကသိုလ်
များတွင်ပေါင်းကူး တက်ရောက်နိုင်ပါသည်။ လာမည့်နှစ်မှစတင်ပြီး
စီးပွားရေးတက္ကသိုလ်များသို့ချိတ်ဆက်တက် ရောက်စေမှုရပ် ဆိုင်းပြီး
ဖွင့်လှစ်မည့် သမဝါယမတက္ကသိုလ်များသို့တက်ရောက်စေမည်ဖြစ်ကြောင်း ဝန်ကြီးက
ပြောကြားသွားပါသည်။ နိုင်ငံတော်သမ္မတရဲ့ ဒေသအပေါ်ထားတဲ့ တိုးတက်စေလိုတဲ့
စေတနာကိုလည်း ပြောပြပါသည်။
ယွန်းပညာကောလိပ်သည် ပုဂံမြို့ဟောင်းအတွင်း ဗူးဘုရား၊ မဟာဗောဓိဘုရား
တို့အနီးတွင်တည်ရှိပြီး ရှေးဟောင်းဇုံအတွင်း အဆောက်အဦ
အထူးတိုးချဲ့ခွင့်ရရှိခဲ့သော ကျောင်းဖြစ်ပါသည်။ နောက်ထပ်လည်း
ဗူးဘုရားသွားလမ်းတဖက်မှာ တိုးချဲ့နေတာ တွေ့ခဲ့ရပါသည်။ တောင်ဘီရွာအနီး
ကျုံးဘေးတွင် ဝန်ထမ်းအိမ်ယာ၊ ကျောင်းသား-ကျောင်းသူဆောင်များရှိသော်လည်း
အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ ယခုနှစ်တွင်မထားတော့သည့်အတွက်
အပြင်ဆောင်များတွင် နေထိုင်ပညာသင်ကြားနေရပါသည်။ ယခုပညာသင်နှစ်တွင်
တက်ရောက်သူနည်းသွားပြီး(၅ဝ) ကျော်ခန့်သာရှိကြောင်းသိရပါသည်။
ဒီလောက်အဆောက်အဦတွေပိုလျှံနေတာ ပိုပြီးအကျိုးရှိမဲ့ ဒေသနဲ့ကိုက်ညီတဲ့
ပညာရပ်တွေ၊ သင်တန်းတွေဖွင့်ဖို့ မြို့တစ်မြို့လုံးရွှေ့ပြောင်းပေးခဲ့ရတဲ့
ဒေသခံတွေရဲ့ရင်ထဲမှာ ရှိနေကြောင်း သိရပါတယ်။
နိုင်ငံတကာနှင့်ဆက်ဆံနေရတဲ့ပုဂံမှာ ဒေသခံတွေလုပ်နေရတဲ့ ဟိုတယ်လုပ်ငန်း
ပညာရပ်တွေ၊ ရှေးဟောင်းသုတေသနပညာရပ်တွေ၊ ဘာသာစကားမျိုးစုံတွေ
တတ်မြောက်နေယင် သူတို့အတွက်ပိုမြင့်တဲ့အခြေအနေတွေဖန်တည်းနိုင်
 မည်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း လိုအပ်နေမှာ ဖြစ်တာမို့ သက်ဆိုင်ရာ သင်တန်းကျောင်းတွေနဲ့ညှိနှိုင်းပြီးနိုင်ငံတကာဒီပလိုမာ အောင်လက်မှတ်
ရသည်အထိဖွင့်လှစ်ပေးဖို့မျှော်လင့်နေကြပါတယ်။
ဦးရဲမြင့် (ပုဂံ) မှ ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း
Posted: 15 Apr 2012 05:37 PM PDT
နော်ဝေ
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere
မြန်မာနိုင်ငံအပေါ်နော်ဝေး နိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေ
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere က တနင်္ဂနွေနေ့မှာ ကြေညာ လိုက်ပါတယ်။
မကြာသေးမီကာလ အတွင်း မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုတွေ ကို ကြည့်ရင် အာဏာပိုင်တွေ ဟာ တကယ်ပဲ ပြုပြင်ပြောင်းလဲချင်တယ်
ဆိုတာ ထင်ရှားနေကြောင်း၊ ဒီိအတွက် ကြိုဆိုရမှာ ဖြစ်ကြောင်း၊ အခု
မြန်မာနိုင်ငံ လိုအပ်နေတာကတော့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်မိဖို့ ၊
စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့အပြည်ပြည်ဆိုင်ရာ အကူအညီတွေပဲ
ဖြစ်ကြောင်းလည်း နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere
က ပြောဆိုပါတယ်။
ပြုပြင်ပြောင်းလဲမှုကိုဆန့်ကျင်သူများကို ပြောလိုတာ ကတော့ ဒီပိတ်ဆို့ အရေးယူမှု တွေကို ပြန်ချမှတ်နိုင်တယ်ဆိုတာ ဖြစ်ပါတယ်။ အမှန်စင်စစ်တော့ ကျနော်တို့ ဟာ အရေးယူမှုတွေကို ဆိုင်းငံ့လိုက်တာပဲ
ဖြစ်ပါတယ်လို့ လည်း ပြောဆိုပါတယ်။
နော်ဝေး နိုင်ငံဟာ မြန်မာနိုင်ငံ သစ်ဝယ်ယူတင်သွင်းမှုကိုလည်း ပိတ်ပင်တားမြစ်ထားတယ်လို့  သိရပါတယ်။ အခုလို စီးပွါးရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပေမဲ့ လက်နက်ရောင်းချမှု ပိတ်ပင် တားဆီးချက်ကို ဆက်လက် ထားရှိတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံ က ရာပေါင်းများစွာသော ပုဂ္ဂိုလ်တွေအပေါ် ချမှတ်ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ နဲ့ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့  အရေးယူမှုတွေကို သြစတြေးလျား နိုင်ငံက ရုပ်သိမ်းမယ်ဖြစ်ကြောင်း
သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မြို့ မှာ တနင်္ဂနွေနေ့ က
ပြောဆိုလိုက်ပါတယ်၊
သမ္မတ ဦးသိန်းစိန် အပါအဝင် လူပုဂ္ဂိုလ် ၂၆၀ ဦး အပေါ် ချမှတ် အရေးယူထားတဲ့ ပိတ်ဆို့မှု တွေကို ရုပ်သိမ်းလိုက်ကြောင်း၊ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်သူလို့  ယူဆရသူ စုစုပေါင်း ၁၃၀ ခန့် ကိုတော့ အရေးယူခံရသူများ စာရင်းထဲမှာ ဆက်လက်ထားရှိမှာ ဖြစ်ကြောင်း သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီး
Bob Carr က ပြောဆိုပါတယ်။
မြန်မာ အတိုက်အခံတွေ နဲ့ အခြားအခြားသော နိုင်ငံတွေကို တိုင်ပင်ဆွေးနွေးပြီးမှ အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း
သူက ပြောဆိုပါတယ်။
Mr. Bob Carr က သမ္မတ ဦးသိန်းစိန် ဟာ တကယ်ပဲ ရိုးသားဖြောင့်မတ်သူ
ဖြစ်တယ်လို့ ထင်ကြောင်း၊ ဒီအတွက် သူ အကျိုး ခံစားထိုက်တယ်လို့  မိမိအနေနဲ့ ယူဆကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ လိုအပ်လါမယ်ဆိုရင် ပိတ်ဆို့ အရေးယူမှုတွေကို အချိန်မရွေး
ပြန်လည်ချမှတ် နိုင်ကြောင်းလည်း သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုပါတယ်။
RFA
ပွင့်လင်းသင်္ကြန် မဏ္ဍပ် မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေ (ရုပ်/သံ)
Posted: 15 Apr 2012 05:07 PM PDT
၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားလူငယ်များ စီစဉ်သည့် ပွင့်လင်းသင်္ကြန် မဏ္ဍပ်သို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ၏ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက် ဖျော်ဖြေခဲ့ကြပါသည်။ ၄င်းဖျော်ဖြေရေးအဖွဲ့သို့ မြောက်ဥက္ကလာပမြို့ခံများက ဂုဏ်ပြု အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။
ဘားမားဗီဂျေ
ကင်ဂျုံအွန်း လူထုကို ပထမဦးဆုံး မိန့်ခွန်းပြောကြား
Posted: 15 Apr 2012 03:38 PM PDT
မြောက်ကိုရီးယား ခေါင်းဆောင်သစ် ကင်ဂျုံအွန်းဟာ လူထုရှေ့ကို ပထမဦးဆုံး အကြိမ် ထွက်လာပြီး ပြုံရမ်းမြို့ လူထုကြီးကို မိန့်ခွန်း ပြောကြားသွားရာမှာ ရန်သူတွေဟာ အဏုမြူဗုံး သုံးပြီး မိမိတို့တိုင်းပြည်ကို ခြိမ်းခြောက်နေတာတွေဟာ ကုန်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။
အမျိုးသားရေး ဂုဏ်သိက္ခာက
 ပိုအရေးကြီး ကြောင်း ပြောကြားခဲ့
နောက်ပြီး စစ်တပ်ဟာ နည်းပညာတွေနဲ့ အင်အားတောင့်တင်း ခိုင်မာနေရင် နယ်ချဲ့သမားတွေ ဝင်ရောက် ချယ်လှယ်နိုင်မှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။
မစ္စတာကင်ဟာ သူ့အဖိုးဖြစ်သူ မြောက်ကိုရီးယားကို တည်ထောင်သူ ကင်အီဆွန်းရဲ့ ရာပြည့်ပွဲ အတွက် ကြီးမားလှ စစ်ရေးပြ အခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
သူက ငြိမ်းချမ်းရေးဟာ အရေးကြီးကြောင်း၊ ဒီထက် ပိုအရေးကြီးတာကတော့ အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်တယ်လို့လည်း ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်ကတော့ မြောက်ကိုရီးယားတို့ဟာ ဒုံးပျံတစင်းပစ်လွှတ်ရာ မအောင်မမြင် ဖြစ်ပြီး ပျက်ကျသွားခဲ့ပါတယ်။
အခု စစ်ရေးပြပွဲမှာတော့ ဆေးရောင်ချယ်ပြီး ပုံဖျက်ထားတဲ့ ဒုံးကျဉ်တလုံးကို ပြသခဲ့ရာ ဒါဟာ မြောက်ကိုရီးယားတို့ရဲ့ နောက်ထပ် ပိုမြိုကြီးမားတဲ့ လက်နက် ဖြစ်ပုံပေါ်တယ်လို့ အကဲခတ် တွေက ပြောပါတယ်။
ဒီဒုံးကျဉ်ဟာ တကယ်အစစ် ဖြစ်ခဲ့ရင်တော့ ဘယ်လို အသုံးပြုနိုင်မယ်ဆိုတာကို ရှင်းရှင်း လင်းလင်း မသိရဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။
ဘီဘီစီ
မင်းကိုနိုင် တို့ သံချပ်အဖွဲ့ ကို တိုက်ခိုက်သူတွေ သံလျှင်ရဲစခန်းက လိုက်လံဖမ်းဆီးလျှက်ရှိ ညနက်ပိုင်းအထိ (၇) ဦး ဖမ်းဆီးမိထား
Posted: 15 Apr 2012 03:06 PM PDT
ဧပြီလ ၁၆ ရက်နေ့ ၂၀၁၂
သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစုမှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ 
ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်းရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်။ ထိုလူအုပ်တွင် အမျိုးသမီးတဦးပါဝင်ပြီး ကြံ့ ခိုင်ဖွံ့ ဖြိုးရေး ပါတီအကျီင်္ဝတ်ထားသူ တဦးကိုလည်းတွေ့ လိုက်ရကြောင်း ပြောပါတယ်။ 
သန်လျှင်ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့တဲ့ သန်လျှင် NLD မှ ကိုညီညီဦးကတော့ အခုချိန်ကိုက်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ကို ဒုတိယ ဒီပဲယင်း ဖြစ်စဉ်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောပါတယ်။သန်လျှင်ရဲစခန်းမှလည်း ပါဝင်သူများကို လိုက်လံဖမ်းဆီးလျှက်ရှိပြီး ညနက်ပိုင်းအထိ လူ ၇ ဦးခန့် ဖမ်းဆီးရရှိထားကြောင်းသိရပါတယ်။ ထိုလူစုမှာ အခြားခရီးသည်တင်ကားတစီးကိုလည်း တားဆီးပြီး ခရီးသည်တဦးကို ခေါင်း ၈ ချက် ချုပ်ရသည်အထိ ရိုက်ခဲ့ကြောင်း သိရပါတယ်။ 
ဘားမားဗီဂျေ
ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ
Posted: 15 Apr 2012 02:52 PM PDT
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်မှ ကောင်းမွန်ချောမွေ့စွာအပြန်(ဓါတ်ပုံ-88 Generation Students)
ဧပြီလ (၁၅) ရက်နေ့  ၂၀၁၂
ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ
တယ်။
 ထို ၁၅ ယောက်အုပ်စု အနက် နှစ်ဦးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အကျီ ၀တ်ဆင်ထားပြီး မိန်းကလေး တဦးပါဝင်၊ ကိုညီညီဦး အိမ်အတွင်း ခေါ်ယူထိမ်းသိန်းထားသော အဖွဲ့ချုပ် လူငယ်များကို ကာကွယ်ပေးသောကြောင့် ထို လူရမ်းကား ၁၅ ယောက်ခန့်မှ အိမ်ကို အုတ်နီခဲ့ ၁၀ လုံးခန့်ဖြင့် ထုခဲ့ပါတယ်။
ကိုညီညီဦးမှ သန်လျင် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားစဉ် ထို ၁၅ယောက် အုပ်စုမှာ သန်လျင်လျပ်စစ် ရုံးရှေ့ မဏ္ဍပ်တွင် သာမန် အရပ်သားတဦးရဲ့ ကားကို ထိုလူအုပ်ကပင် ခဲဖြင့်ထုပြီး မှန်ကိုခွဲရာ ကားသမား ထိခိုက်ပြီး ဦးခေါင်းတွင် ရှစ်ချက် ချုပ်ရရှိကြောင်း သတင်းရရှိပါတယ်။
Myanmar News Now
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်တွင် (ဓါတ်ပုံ-88 Generation Students)
သုံးခွမြို့ နယ် ပင်လယ်ကမ်းခြေကျေးရွာမှာ သောက်သုံးရေ ရှားပါးမှု့ ဖြစ်ပေါ်နေ
Posted: 15 Apr 2012 03:11 PM PDT
ဖြစ်ပေါ်နေပါတယ်။
ရေနောက်တွေကို ထုံးခတ် နှစ်ရက်လော
က်အနယ်ထိုင်ပြီးသောက်သုံးကြတယ်လို့
ဒေသခံတွေကပြောပါတယ်။
အချိန်ကြာလာရင်တော့ သောက်ရေက ပုတ်
စော်နံတယ်လို့ ပြောပြကြပါတယ်။
အိမ်ခြေ (၁၀၀)ခန့် ရှိပြီး လူဦးရေ(၃၅၀)ခန့် နေထိုင်ကြတဲ့ရွာလေးတွေဟာပင်လယ်
ကမ်းခြေရေပါတ်လယ်ဝိုင်းနေပေမဲ့ ရေကောင်းရေသန့် တော့ရှားပါးပါတယ်
ရွာဦးဆရာတော်ကပြောပြတာတော့သူတိ
ု့ ရွာဟာ ရေကိုမြင်ရပေမဲ့
ဆားငန်ရေတွေမို့ သောက်သုံးလို့ 
မရဘူး ၊ ဖောင်စီးရင်းရေငတ်နေတာလို့ ပြောပါတယ်။
ရွာရဲ့သောက်သုံးေ
ရကန်ကတော့ ဓါတ်ပုံမှာတွေ့ ရတဲ့အတိုင်းပဲ အတိုင်းခန်းခြောက်နေပါတယ်၊သူတို့ ရဲ့လိုအပ်ချက်ကိုဘယ်အဖွဲ့ အစည်းမဆို ကူညီလှူဒါန်းသင့်တယ်လို့
ထင်ပါတယ်။
အနီးအနား ရွာတွေဖြစ်တဲ့ ထွန်းစိန်ရွာ ၊ သာသာမြိုင်ရွာတွေမှာလည်းသောက်သံ
ုး
 ရေရှားပါးနေတာသိခဲ့ရပါတယ်။
ကျေးရွာရဲ့သောက်သုံးရေကန်တွေလည်း ခန်
းခြောက်နေတာမြင်တွေ့ ခဲ့ရပါတယ်၊ 
နိုင်သလောက်ကူညီ
နိုင်အောင် ပြည်သူတွေကို အသိပေးတင်ပြလိုက်ပါတယ်။
ကိုလေး(သုံးခွ)
Myanmar News Now 
ရေနောက်တွေကို ထုံးခတ် ထားစဉ်
ရေနောက်ပစ်နေတဲ့ ရေကန်
သုံးခွ NLD မှ ရေသွားရောက်လှူဒန်းစဉ်
တရွာလုံးအားထားနေရတဲ့ ရေကန်က ခန်းခြောက်နေပုံ
ပင်လယ်ကမ်းခြေ
Posted: 15 Apr 2012 10:57 PM PDT
မနေ့ညက ကိုမင်းကိုနိုင်နှင့် အဖွဲ့တိုက်ခိုက်ခံရမှု သတင်း
မနေ့က ညနေပိုင်းက သံလျင်သို့ သွားရောက် ဖျော်ဖြေခဲ့တဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈သံချပ်အဖွဲ့ဟာ အပြန်မှာ ကိုညီညီဦး (၁၉၈၉ သံလျင်ရေနံချက် စက်ရုံ ဖောက်ခွဲမှုဖြင့် မတရား စွပ်စွဲဖမ်းဆီးခံရပြီး ၂၀၁၂ မတ်လက ပြန်လည်လွတ်မြောက်လာသူ အဖွဲ့ချုပ်အဖွဲ့ဝင်)၏ မဏ္ဍပ်သို့ ဝင်ရောက် နှုတ်ဆက်ရန် သွားရောက်ခဲ့သည်။ အဆိုပါသတင်းအား ၈၈အဖွဲ့အား တိုက်ခိုက်ရန် ကြိုးစားသူများမှ ကြိုတင် သိရှိခဲ့ပြီး ကိုမင်းကိုနိုင်တို့ အဖွဲ့ ရောက်ရှိချိန်၌ လူ၇ဦးခန့် (၂ဦး ဝါးရင်းတုတ်ကိုင် ၅ဦးမှ အုတ်ခဲများကိုင်ကာ ၂ဦးကြံ့ဖွံ့အဖွဲ့အကျီင်္ ဝတ်ဆင်ထားသူ) တို့မှ ဝင်ရောက်တိုက်ခိုက်ကြသည်..။ အဆိုပါဝင်ရောက် တိုက်ခိုက်မှုကြောင့် ကိုမင်းကိုနိုင် တို့အဖွဲ့အား အလျင်အမြန် ပြန်ထွက်သွားခိုင်းခဲ့ပြီး သံလျင် အဖွဲ့ချုပ်ဝင်များမှ ပြန်လည်တားဆီးရာ အဖွဲ့ချုပ်အဖွဲ့ဝင် ၃ဦးခေါင်းကွဲ သွားခဲ့သည်..။
အဆိုပါအမှုအား ရဲစခန်း၌ တိုင်ချက်ဖွင့်ရာ တဦးဖမ်းဆီး ရရှိမိခဲ့သည်ဟု မနေ့ညက ဖြစ်ပျက်ခဲ့မှုအား တွေ့ရှိခဲ့ရသူ သံလျင် နိုင်ငံရေးလှုပ်ရှားသူ တဦးမှ ပြောဆိုပါတယ်...။ ယနေ့မနက်အထိ ကိုညီညီဦးအား အဆိုပါအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရဖြစ်နေပါတယ်..။ ဆက်လက် စုံစမ်းရရှိပါက ထပ်မံဖော်ပြသွားပါမည်။
ဒီမိုဝေယံ
Posted: 15 Apr 2012 12:05 PM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (BGအဖွဲ့)၏ အတာသင်္ကြန် လှည့်လည်ဖျော်ဖြေပွဲ (ရုပ်သံ)
ဧပြီလ (၁၂) ရက်နေ့၊ ၂၀၁၂ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် သင်္ကြန်အကြိုနေ့ည၌ ရန်ကုန် ပုဇွန်တောင်မြို့နယ်အတွင်းရှိ "ထူး" ရေခဲမုန့်ဆိုင်ရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (BG)ဖျော်ဖြေရေးအဖွဲ့၏ အတာသကြန် လှည့်လည်ဖျော်ဖြေပွဲ၌ "အမေဒေါ်စု ပြန်လာပြီ" သီချင်းနှင့် မြန်မာပြည်သူ ပြည်သားများသာမက အမေဒေါ်စုကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသားများပါ ရွှင်လန်းစွာ ကခုန် ပျော်ရွှင်ခဲ့ကြပါသည်။
(ဗွီဒီယို - ယောသားလေး မင်းမင်း)၊ ကိုနစ်နေမန်း
အမေစုကို ချစ်တဲ့ နိုင်ငံခြားသားများ... from Demo Waiyan on Vimeo.
Posted: 15 Apr 2012 11:11 AM PDT
၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့ ဖျော်ဖြေနေစဉ် 
(ဓာတ်ပုံ Burma VJ)
သံလျင်မှာ ကိုမင်းကိုနိုင်တို့ အဖွဲ့တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ နီးစပ်သူတဦး ထံဖုန်းဆက်သွယ်မေးမြန်းရာမှာ သိရှိရတာကတော့....
၈၈မျိုးဆက်ကျောင်းသားအဖွဲ့ သံလျင်မှ အပြန် သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုကို တွေ့ရှိခဲ့ရကြောင်းနဲ့ ကိုမင်းကိုနိုင်တို ညနေပိုင်းမှာ နေအိမ်သို့ ချောချောမောမော ပြန်လည် ရောက်ရှိကြောင်း ပြောဆိုပါတယ်..။ မနက်ဖြန်သင်္ကြန်အတက် နေ့မှာလည်း  မနက် ၇နာရီခွဲမှ စ၍ အစီအစဉ်အတိုင်း လှည့်လည် ဖျော်ဖြေမှာ ဖြစ်ကြောင်း သိရှိရပါတယ်..။
သံလျင်တံတားပေါ်မှာ ခိုက်ရန်ဖြစ်ပွားနေတဲ့ လူအုပ်စုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အဆိုပါ သတင်း အနေအထားကို အတိအကျ မသိရှိရပေမယ့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုပါတယ်..။ မနက်ဖြန်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ကြောင်း သိရှိရပါတယ်..။
သံလျင်မှ ကိုညီညီဦးထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း အချိန်လင့်နေတဲ့အတွက် အဆက်အသွယ် မရရှိခဲ့ပါ..။
ဒီမိုဝေယံ
Posted: 15 Apr 2012 07:28 AM PDT
ယနေ့ ရာသီဥတု သာယာကြည်လင်တဲ့ တိုကျိုမြို့ရဲ့ အထင်ကရ Gin Za ရပ်ကွက်ရှိ Hibya ပန်းခြံမှာ အစဉ်အလာ မပြတ် (၂၁)ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်အား ကျင်းပပြုလုပ်ခဲ့ပါတယ်...။ နှစ်စဉ်နှစ်တိုင်း ဖျော်ဖြေပါဝင်နေကြ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေမှုများ၊ မြန်မာ့ရိုးရာ အတာသင်္ကြန် ယိမ်းများ၊ အစဉ်အလာမပြတ် တိုကျိုမြို့မှ နာမည်ကြီး မင်္ဂလာဒိုးအဖွဲ့တို့မှ ကြွရောက်လာသော ပရိသတ်များအား ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်...။ အမိမြန်မာပြည် အမှတ်တရ မြန်မာ့ရိုးရာ အစားအသောက် ဆိုင်များ၊ အမှတ်တရ အရောင်းဆိုင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ယခုနှစ် ၂၁ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲအား မြန်မာ၊ ဂျပန်နှင့် နိုင်ငံအသီးသီးမှ ပရိသတ် ၁၀၀၀ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်..။
အိုင်တီတိုကျိုသင်္ကြန်မှ သင်္ကြန်ချစ်တဲ့ ဂီတဝါသနာရှင်များရဲ့ ဖျော်ဖြေသီဆိုမှုများ.. ရုပ်သံ.... ကိုသော်၊ ကိုထွန်းလွင်၊ ကိတ္ထိမ၊ ကိုအောင်သူ)
 တိုကျိုမြို့လယ် အထင်ကရ ဘုရင့်နန်းတော်၊ Ginza အရပ်မှာရှိတဲ့ ယနေ့ သင်္ကြန်ပွဲ ကျင်းပြုလုပ်ရာ
 Hibiya ပန်းခြံမြင်ကွင်း
No comments: