Monday, April 2, 2012

ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း ….(ထွန်းအောင်ကျော်)Stand for the ABSDF ပြောရေးဆိုခွင့်ရှိသူ ညိုထက်(လမ်းသစ်ဦး)




ABSDF မြောက်ပိုင်းတွင် ဗဟိုဥက္ကဌ ကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင် ၃၀ ကျော်ကို ညှင်းပန်းနှိပ်ပြီး လူမဆန်စွာသတ်ဖြတ်ခဲ့ကြသည့် အပြင် လူ ၇၀ ကျော်ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့် အဓိကတရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ရော်နယ်အောင်နိုင်(ထိုင်း)၊မျိုးဝင်း (သေဆုံး)၊ သံချောင်း (ထောင်တွင်း)တို့နှင့် တောင်ပိုင်းဗဟိုမှ မြောက်ပိုင်းသတ်ဖြတ်မှုကို လုံးဝတာဝန်ယူ သဘောတူ
ခဲ့ သည့် ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်နှင့် ဦးဆောင် ဗဟိုကော်မီတီဝင်များဖြစ်သော ဗဟိုရောက်မြောက်ပိုင်း ကိုယ်စားလှယ် ကိုလှဌေး(ယခုအိန္ဒိယ အေဘီဦးစီး)နှင့် နိုင်အောင်ဖက် ဗဟိုကော်မီတီဝင်များအနေနှင့် တာဝန်ယူဖြေရှင်းရမည်မှာ သာဓက ထင်ရှားစွာရှိနေပေသည်။

လက်ရှိ ကိုသံခဲဦးဆောင်နေသောABSDF ဗဟိုကော်မီတီကို၊မန္တလေးတွင် ပြုလုပ်မည်ဖြစ်သော အောင်းမေ့ ဘွယ် အခန်းအနားသို့၊ ဝမ်းနည်းကြောင်း သဝဏ်လွှာ အချိန်မှီပို့ပေးရန် တိုက်တွန်းခဲ့သော်လည်း လက်ရှိ ဗဟိုခေါင်းဆောင်များမှ မပို့ပေးဘဲ နေခဲ့ကြသည်၊ အေဘီဗဟိုကော်မီတီထဲတွင် မြောက်ပိုင်းကိစ္စသည်အကြီး အကျယ်မှားယွင်းမှု ဖြစ်သည်ကို လက်ခံကြသူများရှိသော်လည်းအဓိက အာဏာချုပ်ကိုင်ထားသူတချို့ က ဒေါက်တာနိုင်အောင်ဖက်ခြမ်းဗဟိုတွင် သဘောတူပါဝင်ဆုံးဖြတ်ခဲ့ကြသူများ ဖြစ်ခဲ့သဖြင့် မိမိတို့မှားမှန်း သိလျက် လုပ်သင့်သည်ကို မလုပ်ဘဲ အမှားကိုပြင်ရန်သတ္တိမရှိဘဲ မြောက်ပိုင်းကိစ္စကို မြေမြုပ်သင်္ဂြိုလ်ရန် ဆိတ်ဆိတ်နေခဲ့ကြသည်ကို တွေ့ရသည်မှာ ဝမ်းနည်းစရာဖြစ်သည်။

ကျွန်ုပ်အနေနှင့် မကဒတကို သမိုင်းမညစ်စေချင်သည့် စေတနာဖြင့်တိုက်တွန်းခဲ့သော်ငြားလည်း လက်ရှိ မကဒတ ခေါင်းဆောင်တချို့၏ဒေါက်တာနိုင်အောင်၏ စားကြွင်းစားကျန်များ စားထားသည့် အပင်းမှရုန်းမ ထွက်နိုင် ဘဲ ကိုယ်ပါ ရောပါမည့် ဘေးမှလွတ်ရန်၊ ကိုနိုင်အောင်မညိုညင်စေရန် မန္တလေး အထိမ်းအမှတ် ပွဲကို စာထုတ်ပြန် ပေးရေးမလုပ်ဘဲ ပျက်ကွက်ခဲ့ကြလေသည်။

မြောက်ပိုင်းကိစ္စကို ဆန်းစစ်လျှင်-

(၁) မြောက်ပိုင်းခေါင်းဆောင်အမည်ခံ ရာဇဝတ်ကောင်များဖြစ်သောရော်နယ်အောင်နိုင်၊မျိုးဝင်း၊သံချောင်းတို့ သည် တရားခံများ၊တာဝန်အရှိဆုံး သူများဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။

(၂) နိုင်အောင်ဗဟိုမှ ထုတ်သည့်စာတွင် အတိအလင်း မြောက်ပိုင်းလုပ်ရပ်ကို ထောက်ခံ အတည်ပြုထား ခဲ့ပြီး၊ အတွင်းရေးမှူး ကိုအောင်ထူးမှ ထိုသူများသည် သူလျှိုများဖြစ်ကြောင်း လုံးဝတာဝန်ယူကြောင်း လက်မှတ်ရေး ထုတ်ပြန်ခဲ့သည်။

(၃)ထို့အပြင် ဒေါက်တာနိုင်အောင် ကိုသန်းဝင်းကို ပေးပို့သည့်အီးမေးတွင် ကိုမိုးသီးက နှစ်ခြမ်းမကွဲခင် သူလျှိများကို သတ်မိန့်ပေးခဲ့သည့်အထောက်အထားရှိသည်ဟုဆိုသည်။

(က) သို့ရာတွင် ယနေ့အထိ ထိုအထောက်အထားကို၊ ကိုနိုင်အောင်မှထုတ်ပြန်ပေးခြင်းမရှိချေ။

(ခ) မြောက်ပိုင်းလုပ်ကြံသတ်ဖြတ်မှုသည် မိုးသီး-နိုင်အောင် နှစ်ခြမ်းကွဲသည့်အချိန်အထိမဖြစ်သေး၊ နှစ်ခြမ်း ကွဲ စဉ်၊ မြောက်ပိုင်း ကိုယ်စားလှယ်ကိုလှဌေးက မြောက်ပိုင်းသည် ကိုနိုင်အောင်ဖက်ခြမ်း တွင် ပြတ်ပြတ် သားသားရပ်တည်ကြောင်း ကြေငြာပြီး ကိုနိုင်အောင်တို့ဖက်သို့ ပူးပေါင်းသွားခဲ့သည်။

(ဂ) ကိုနိုင်အောင် မြောက်ပိုင်းသို့ ကချင်ကျော်ကျော်တို့နှင့် သွားရောက်ပြီး မြောက်ပိုင်းထောက်ခံမှုကို ရယူအောင်ပွဲခံခဲ့သည့် အချိန်အထိ၊မြောက်ပိုင်းတွင်လူသတ်မှု မဖြစ်သေး။

(ဃ) ကိုနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ အကျဉ်းသားများကို စစ်ဆေးပြီးတချို့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်စစ်ဆေးသွားခဲ့သည်ကို လွတ်လာသူများ၏ တိကျခိုင်လုံသော ထွက်ချက် ရှိနေခဲ့သည်။

(င) ကိုနိုင်အောင်တို့နှင့်အတူ ပါလာသော ကချင်ကျော်ကျော်က၊ ကိုနိုင်အောင်တို့ပြန်သည့်အခါ ကချင်တွင်ကျန်ခဲ့ပြီး သေဒါဏ်ကျခံရသူများထဲတွင်ပါဝင်နေသည့် နန်းအောင်ထွေးကြည်ကို သေဒါဏ် ချမှတ်ထားခြင်းအပေါ်အပြင်းအထန်ကန့်ကွက်ခဲ့သဖြင့် နန်းအောင်ထွေးကြည် သေဒါဏ်မှလက်မတင်လေး လွတ်မြောက်သွားခဲ့ရပြီး အဖြစ်မှန်များကို ထုတ်ဖေါ်ခွင့် ရခဲ့ခြင်းဖြစ်သဖြင့် ကချင်ကျော်ကျော်ကိုကျေး ဇူးတင်ရပေသည်။

(စ)မြောက်ပိုင်းကိစ္စနှင့် ပတ်သက်၍ ကိုမိုးသီးဖက်ခြမ်းမှ လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်ကြောင်း ဗြောင် စာထုတ်ခဲ့ခြင်း သက်သေခိုင်လုံစွာရှိနေခဲ့သည်ကို အားလုံးသိရှိဖတ်ရှုပြီးဖြစ်သည်။ ထိုကြောင့် မိုးသီး ဖက် ခြမ်း သည် မြောက်ပိုင်းလူသတ်မှုနှင့် မပတ်သက်ကြောင်း သိနိုင်သည်။

ကျွန်ုပ်သည် ကိုနိုင်အောင်အုပ်စု၊ ကိုမိုးသီးအုပ်စု ဘယ်အုပ်စုကိုမှဘက်လိုက်မည်မဟုတ်၊ ကျွန်ုပ် စိတ်ဝင်စား သည်မှာ ကိုယ်စတင်၍နေ့မအိပ်ညမအိပ် ပျိုးထောင်ပေးခဲ့သော မကဒတ ကျောင်းသားတပ်မတော်ကြီး ကို ခုတုံးလုပ်ခါ ကိုယ်နေရာရရေး၊ အာဏာရရေးတို့ကိုအဆင်ချင်တုံတရားမရှိ ဘဲ သွေးစွန်းထင်းစေခဲ့သူများ ကို ဖေါ်ထုတ်ပြီးအရေးယူနိုင်ရေး၊ အနာဂါတ်မြန်မာ့နိုင်ငံရေးတွင် ဝင်မရှုပ်နိုင်ရေးတို့ကိုသာရည်ရွယ်ပါသည်။ ဘယ်သူ့ကို သာစေဘယ်သူ့ကို နာစေမရှိပါ။ရန်ကုန်တွင် မြောက်ပိုင်းအောင်းမေ့ခြင်း အခမ်းအနားသို့ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်များ တက်ရောက်အားပေးခဲ့သလို၊ ဖေဖေါ်ဝါရီ ၁၂ ရက်မန္တလေးတွင် ပြုလုပ်သော အခမ်းအနားသို့ကိုမြအေးနှင့်၈၈မျိုးဆက်များတကူးတကတက်ရောက်ပြီးကိုမြအေးမှ “ကိုထွန်းအောင်ကျော် နဲ့ကိုမောင်မောင်ကြွယ်တို့ဟာ ကျောင်းသားတွေဖြစ်တယ် ဆိုတာကျွန်တော့အသက်နဲ့ ထပ်ပြီးအာမခံရဲပါ တယ်” လို့ ပြောတာကိုကြည့်ရင် မြောက်ပိုင်းကိစ္စဟာ ကျောင်းသားတွေက သူလျှိုတွေကိုသတ်တာ မဟုတ် ဘဲ၊ သူလျှိုတွေ အာဏာရူးတွေက ကျောင်းသားတွေကိုသတ်တာ လိုဖြစ်နေတာ ကိုတွေ့ရမှာဖြစ်တယ်။

လက်ရှိ ABSDF ဗဟိုမှာ မသန်ရှင်းတဲ့သူတွေပါနေတယ်၊ မြောက်ပိုင်းအောင်းမေ့ဘွယ် အထိမ်းအမှတ်ပွဲကို ဝမ်းနည်းကြောင်းသဝဏ်လွှာပို့ရမှာကိုလက်တွန့်နေတဲ့ဗဟိုကော်မီတီဟာအမဲစက်စွန်းနေတာကို ဆေးကြော ဘို့ မလုပ်ဘဲ နွံ့ထဲကို ထပ်နှစ်လိုက်သလို ခံစားရတယ်။အောက်ခြေရဲဘော်တွေကို မကြည့်ဘဲ၊ ငါတို့ လုပ်ချင်တာလုပ်မယ်ဘယ်သူ့မှ ဂရုမစိုက်ဘူး၊ အဖွဲ့အစည်း နံမည်ပျက်ချင် ပျက်ပစေ၊ငါတို့ မှားခဲ့တာ၊ ငါ့ဆရာတွေ မှားခဲ့တာ မပေါ်အောင် ဖုံးမယ်ဆိုတဲ့တပါးကျွန် စိတ်ဓါတ်ဟာ မဆလ၊ နဝတတပ်တွေမှာ ရှိသလိုဒီမိုကရေစီရေး တိုက်ပွဲဝင် နေတယ်ဆိုတဲ့ မကဒတထဲမှာလဲရှိနေတာ ဝမ်းနည်းစွာတွေ့နေရပြီ။ ဒါကြောင့် မကဒတကနေ မြောက်ပိုင်းကိစ္စကို စုံစမ်းဘို့ ကော်မီရှင်ဖွဲ့တယ်ဆိုတာ ဘာလဲ၊ဒေါသထွက်နေတဲ့
ပြည်သူတွေကို ခေတ္တငြိမ်ဆေးများ ကြွေးပြီး နှစ်သိမ့်လိုက်သလားလို့သံသယရှိတယ်။

တချို့က ABSDF ကို တိုက်ခိုက်ဘို့ မြောက်ပိုင်းကိစ္စကို ဘန်းပြနေတာ၊ABSDF ကိုဖျက်သိမ်းဖို့တောင် ပြော လာကြပြီဆိုပြီး ညာသံပေးဒီလိုဖေါ်ထုတ်မှုကို မလိုလားအပ်ဘူး၊ အချိန်မကျသေးဘူးဆိုပြီး၊ ABSDFနဲ့ အဖြစ် မှန် ဖေါ်ထုတ်ရေးကို ရင်နာလွန်းလို့ ကြိုးစားနေတဲ့ သူတွေနဲ့လှည့် ရန်တိုက်ပေးဘို့ အကွက်ဆင် လာကြတယ်။ အဲဒီလိုအော်နေကြသူတွေကို ကြည့်လိုက်တော့ ကိုနိုင်အောင့် တပည့်တပန်းတွေဖြစ်နေတာ ကို တွေ့ရတော့ သိပ်မအံ့သြမိပါဘူး အဖွဲ့နဲ့ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်ပြီး ပြစ်မှု ကျူးလွန်သူတွေကိုဖေါ်ထုတ်နေတဲ့သူ တယောက်အနေနဲ့ တခု အာမခံနိုင်တာကငါဟာ ABSDF ကို ပျက်အောင်လုပ်နေတာ မဟုတ်ဘူး၊ ကိုယ့်ရဲ့ဥာဏ်စွမ်းရှိသမျှနဲ့ တတ်နိုင်သမျှ ကြိုးစား ကာကွယ်ပေးနေ တာဖြစ်တယ်၊ လက်ရှိ ဗဟိုကော်မီတီရဲ့ ဦးဆောင်မှု မကောင်းရင်ငါတို့ ဘယ်လောက်အားပေးအားပေး ပျက်မှာဘဲ၊ ဗဟိုအနေနဲ့အမှန်တရားကို ကျောခိုင်း၊ ပြည်သူတွေ ရဲဘော်တွေရဲ့ လိုလားချက်တွေကို မျက် ကွယ်ပြု၊ လုပ်သင့်တာကို သတ္တိရှိရှိ မလုပ်ဘဲတွေဝေနေရင် ပြည်သူက ကျောခိုင်းတာကို ခံရမှာဘဲ။

ABSDF ဗဟိုမှာ သဝဏ်လွှာပို့ဘို့ ကိစ္စကို ဘာကြောင့်မလုပ်တာလဲ?
ဘယ်သူ့မှာတာဝန်ရှိလဲ?
သိရရင် သိပ်ကောင်းမယ်၊ အခု သမိုင်းဆေးတဲ့ အချိန်ရောက်ပြီ၊
ဘယ်သူက သန့်ရှင်းကြောင်း စစ်တမ်းထုတ်ဖို့လိုပြီ။

ထွန်းအောင်ကျော် 
pyustate  မှကူးယူဖော်ပြသည်။
(မှတ်ချက်။ ။စာရေးသူ ဦးထွန်းအောင်ကျော်သည် ၁၉၈၈ ခုနှစ်တွင်ABSDF ကျောင်းသားတပ်မတော် ကို စတင်ထူထောင်ရာ၌ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စုတွင်နေထိုင်လျက်ရှိသည်၊ ABSDF မြောက်ပိုင်းတွင် မတရား စွပ်စွဲသတ်ဖြတ်ခံခဲ့ရသော အထက်ဗမာပြည် ဗ.က.သ ခေါင်းဆောင် ကွယ်လွန်သူကိုထွန်းအောင်ကျော်နှင့် အမည်ချင်း ဆင်တူနေ ပါသဖြင့် စာဖတ်သူဂရုပြုနိုင်ရန် အသိပေးအပ်ပါသည်။ -ပျူနိုင်ငံ)
မိုးမခမီဒီယာမှ ကိုရစ်မှ Stand For the ABSDF ရဲ့ ပြောရေးဆို ခွင့်ရှိသူကိုညိုထက်(လမ်းသစ်ဦး)အား Stand For the ABSDF ၏ ထုတ်ပြန်ကြေငြာချက် အပေါ် မေးမြန်းချက်များ  
 
ကိုရစ်။ ။ ဒါဆိုရင် လက်ရှိ မကဒတရဲ့ သဘောထား ထုတ်ပြန်ချက်ဖြစ် တဲ့ ကော်မရှင်ဖွဲ့ပြီး စစ်ဆေး အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက် အပေါ်ကို လည်း သဘောထား ထုတ်သင့်တယ်။ 
ညိုထက်။ ။ ABSDF ရဲ့ သဘောထား ထုတ်ပြန်ချက်အပေါ် ကျနော် အနေ နဲ့ကတော့ယုံကြည်ပါတယ်။ ဗဟိုရဲ့ ထုတ်ပြန်ချက် ထဲ မှာ ကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွား မှာဖြစ်ပြီး တောင်းပန်စရာရှိ တာတွေကို လည်း တောင်းပန်သွားမယ် ဆို တာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဒီကြေငြာချက်ဟာ အမှန်တ ရားဖော် ထုတ်ရေးကိုဦးတည် တဲ့၊ ကြေငြာ ချက် ဖြစ်ပါတယ်။ 

--------------------------------------------------------------------------------------------------------------

......တချို့ကိုတော့ ပေါ့ပေါ့ ပါးပါးလေးပြောကြရအောင်ဗျာ … ပွဲလန့် တုန်းမှာ ဖျာခင်းမလို့ သူကြံရွယ်နေကြတယ်ဆိုရင်ဖြင့် ကိုရစ်ရေ … တို့မှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်လို့။ အခု ဒီကြေငြာချက်က ချစ်သူတွေရဲ့ ကြေငြာစာတမ်း လို့ ပြောရင်လည်း ရသပေါ့ဗျာ .......
-----------------------------------------------------------------------------------------------------

ကိုရစ်။ ။ နောက်ပြီးတော့ လက်ရှိ ခေါင်းဆောင်တွေနဲ့ လက်ရှိ ရပ်တည်ချက်တွေကို ရှင်းလင်း တင်ပြပြီး လက်ခံကြောင်း သဘောထား ထုတ် သင့်တယ်။
ညိုထက်။ ။ လက်ရှိ ခေါင်းဆောင်မှုဟာ ခေတ်အဆက်ဆက် ကျောင်းသားထု ကိုင်စွဲခဲ့တဲ့ ခွပ်ဒေါင်း စိတ် ဓာတ် ကို အမွေခံ လက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ ခေါင်းဆောင်မှုဖြစ်တယ်။ လက်ရှိ ခေါင်းဆောင် မှုဟာ ရှစ်လေးလုံးအရေးတော်ပုံကနေပြီးလိုက်ပါလာခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်ရဲဘော်တွေ ရဲ့ ခေါင်းဆောင် မှု ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်မှုဟာ ရှစ်လေးလုံး အရေးတော် ပုံက ပေး အပ်လိုက်တဲ့ သမိုင်းပေး တာဝန်ကို ပခုံးထမ်း ဆောင်ရွက်နေ တဲ့ ကျောင်းသား ရဲဘော် တွေ ရဲ့ ခေါင်း ဆောင် မှု ဖြစ်ပါတယ်။ လက် ရှိ ခေါင်းဆောင်မှုဟာ စိတ်ကူးယဉ်စရာ ကောင်းပေမယ့် လက်တွေ့ လုပ်ကိုင်တဲ့ အခါ အင်မ တန် ပင်ပန်း ခက်ခဲပြီး ကြမ်းတမ်းလှတဲ့ လက်နက်ကိုင် တော်လှန်ရေး ခရီးကို အနှစ် ၂၀ ကျော်သည့် တိုင် ဇွဲနပဲကြီးစွာ ရင် ဆိုင် ဖြတ်သန်းနိုင်ခဲ့တဲ့ ခေါင်းဆောင်မှု ဖြစ်တယ်။ 

 လက်ရှိ ခေါင်းဆောင်မှုဟာ ဘယ်လို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ လက်အောက်ခံမှ အဖြစ် မခံပဲ ဗမာပြည် ကျောင်းသားထုရဲ့ အစဉ်အလာအတိုင်း ကိုယ်ပိုင် နိုင်ငံရေး ရပ်တည်ချက်နဲ့ လွတ်လပ်စွာ ရပ်တည်နေတဲ့ ခေါင်းဆောင်မှု ဖြစ်ပါတယ်။ လက်ရှိ ခေါင်းဆောင်မှုကို ဥိးဆောင်မှု ပေးနေတဲ့ ရဲဘော်သံခဲ ဟာ ၁၉၆၂ မန္တလေး ကျောင်းသား သမဂ္ဂရဲ့ခေါင်းဆောင်တဥိးဖြစ်တဲ့ (ဦး) ကိုစိုးဝင်းမောင်ရဲ့ သားဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ စိတ်ဓာတ်အမွေကို ထိုက်ထိုက်တန်တန်ဆက်ခံနေသူလည်း ဖြစ်တယ်။ဒီနေရာမှာအထူးပြု   ပြောချင်တာက ABSDF ရဲ့ ခေါင်းဆောင်မှုကို ဗကသ အစဉ်အလာအတိုင်း ရွေးကောက် တင် မြောက် တဲ့ နည်းနဲ့ ခေါင်း ဆောင်မှု တာဝန်တွေကို ရယူရတာ ဖြစ်ပါတယ်။ ABSDF ကို အဖြစ်နိုင်ဆုံး ဒီမိုကရေ စီ ဘောင်ထဲ ၀င်တဲ့ နိုင်ငံရေး စနစ်အတိုင်း တည်ဆောက် ထားပါတယ်။ ဒီလိုပါ။ ABSDF ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ မှုပုံစံဟာ ကိုယ်စားပြု ဒီမိုကရေစီ ပုံစံပါ။ ABSDF မှာ ခေါင်းဆောင်မှုတာဝန် ယူရ မယ့် သူ ဟာ အဆင့်အလိုက် ကိုယ်စားလှယ် ဖြစ်ရပါမယ်။ ABSDF ရဲ အခြေခံ နိုင်ငံရေးယူနစ်တွေဟာ တပ်ရင်းတွေ ဖြစ်ပါတယ်။ တပ်ရင်းတွေ  ရဲ့ လူဦးရည်ကို ဗဟိုပြုပြီး ကိုယ်စားလှယ် သက်မှတ်ပါတယ်။ သတ် မှတ် ကိုယ်စားလှယ်တွေကို တပ်ရင်းရဲ့ တိုက်ခိုက်ရေး ရဲဘော်တွေက ရွေးရပါတယ်။ ၁၉၉၃ အရေးပေါ် ညီလာခံမှာတော့ လက်ရုံးတပ်ဖွဲ့တွေ (ဆက်သွယ်ရေးတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့၊ ရေဒီယိုထောက် လှမ်းရေးတပ်ဇွဲ့၊ ဗဟို လုံခြုံရေးတပ်ဖွဲ့ ) ကို ကိုယ်စားလှယ်စေလွှတ်ခွင့်ပေးခဲ့ပါတယ်။ အဲဒီတပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ ကိုယ်စား လှယ်တွေနဲ့ ညီလာခံကို ဖွဲ့စည်းပါ့  တယ်။ ညီလာခံ ကိုယ်စားလှယ်တွေ က ခေါင်းဆောင်မှု ကို ရွေးကောက် တင်မြောက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် လက်ရှိ ABSDF ရဲ့ ခေါင်း ဆောင် မှုဟာ ဒမိုကရေစီနည်း ကျ ခေါင်းဆောင်မှုဖြစ်ပါတယ်။  ABSDF ရဲ့ လက်ရှိ ရပ်တည်ချက် ဟာ ခေတ်အ ဆက်ဆက် ဗမာပြည် ကျောင်းသား ထု ကိုင်ခဲ့တဲ့ “အမျိုးသား နိုင်ငံရေ့း” ရပ်တည်ချက်ပဲ ဖြစ်ပါ တယ်။ လူမျိုး တမျိုး ကိုသော် လည်းကောင်း၊  နယ်မြေတခုခု ဒေသ တခုခုကိုသော် လည်းကောင်း၊ လူတန်းစား တရပ်ရပ် ကိုသော် လည်း ကောင်း၊ ၀ါဒ တခုခုကိုသော် လည်းကောင်း ကိုယ်စားမပြုပဲ တနိုင်ငံလုံးရဲ့ နိုင်ငံရေး ရာတွေ ကို ဆောင်ရွက်နေတဲ့ နိုင်ငံရေး ရပ်တည်ချက်ပါ။ ABSDF ဟာ ရှစ်လေးလုံး အရေးတော်ပုံကြီး ကနေ ပေါက် ဖွား လာပြီး ကျောင်းသား အင်အားစုတွေက စုပေါင်း ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ။ ဒါ့ကြောင့် ABSDF ဟာ သန္ဓေပါ နိုင်ငံရေး အရ ဒီမိုကရေစီ နိုင်ငံရေး ဖြစ်ပါတယ်။ ဒါ့ကြောင့် ABSDF ရဲ့ နိုင်ငံရေး ရပ်တည်ချက်ဟာ ယနေ့ တိုင် ဒီမိုကရေစီရေး ရပ်တည်ချက် ဖြစ်ပါတယ်။ တဆက်တည်း ABSDF ဟာ ဘ၀ အရ တိုင်းရင်းသား အင်အားစုတွေရဲ့ နယ်မြေတွေမှာ ၂၃ နှစ် တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံနဲ့ အတွင်း ဘ၀ အရ လက်ရည်တပြင်တည်း လိုက်ပါခဲ့တဲ့ အင်အားစု ဖြစ်တယ်။ နောက်တခုက ABSDF ဟာ နှစ်ပေါင်း များစွာ နိုင်ငံရေးသမားတွေကြား မရှင်းမလင်းဖြစ်နေခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဗမာပြည်ကို ဖွဲ့စည်းတည်ဆောက်မယ်ဆိုတဲ့ ဦးတည်ရည်မှန်းချက်ကို နိုင်ငံရေးလုပ်ငန်းစဉ် အဖြစ် ချမှတ်ခဲ့တဲ့ အင်အားစုလည်းဖြစ်ပါတယ်။ ဒါဟာ ဗမာပြည်နိုင်ငံရေးမှာ အရေးပါတဲ့ အမျိုးသားတန်းတူရေးအတွက် ABSDF ရဲ့ ခြေလှမ်းကြီ့းပါ။ ဒါ့ကြောင့် လက်ရှိ ABSDF ရဲ့ ရပ်တည်ချက်ဟာ အမျိုးသား နိုင်ငံရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ရပ်တည်ချက်တွေ ဖြစ်ပါတယ်။  
  ဒီကြေငြာချက်ကို ရေးသား ဖြန့်ဝေတယ်ဆိုကတည်းကလက်ရှိ ခေါင်းဆောင်မှုနဲ့လက်ရှိ ရပ်တည် ချက်တွေ ကို ထောက်ခံလို့ ရေးသား ဖြန့်ဝေတာ ဖြစ်ပါတယ်။

ကိုရစ်။ ။ မကဒတ ကို ဖျက်ဆီးနေတဲ့ လူတွေကို ဘယ်လိုမျိုး သတ်မှတ်တယ်။ ဘယ်လိုမျိုး ဖော်ထုတ်တယ်။ ဘယ်လိုမျိုး ရှုတ်ချတယ် ဆိုတာ ထုတ်သင့်တယ်။ 
ညိုထက်။ ။ အထက်မှာ ဆိုခဲ့သလိုပါပဲ ABSDF ဟာ ဗမာပြည်နိုင်ငံရေးရဲ့ လှံရိုးနဲ့ လှံသွားလို့ တင် စား ခေါ်ဝေါ်  ခံခဲ့ရတဲ့ ကျောင်းသား လှုပ်ရှားမှုများနဲ့ ကျောင်းသားအဖွဲ့အစည်းတွေထဲက တခုပါ ပဲ။ ကျောင်း သားအင်အားစုတွေ ဗမာပြည်ထဲမှာ ရပ်တည်ဖို့ အခက်အခဲဖြစ်နေ တဲ့ နိုင်ငံရေးအခြေ အနေမှာ ABSDF ဟာ သေနတ်ထမ်းပြီး ဒေါင်းအလံကိုတင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါ တယ်။ ယခုလို ဗမာပြည်ထဲ မှာ ကျောင်း သား သမဂ္ဂတွေ ပြန်လည်ရှင်သန်နေနိုင်တဲ့ အခြေအနေတွေ ရောက်လာတဲ့အခါ ABSDF လုပ်ရမယ့် လုပ်ငန်းစဉ်တွေထဲမှာ ကျောင်းသားထု ညီ ညွတ်ရေးဆိုတာ မုချပါဝင်လာပါတယ်။ အခုကာလ ဟာ အဲဒီ   ကျောင်းသားထု ညီညွတ်ရေးကို လုပ်ကိုင်ဆောင်ရွက်နေရတဲ့ အချိန်ဖြစ်တယ်။ တဆက်တည်း ဗမာပြည် တွင်း နိုင်ငံရေးဟာ ရှင်သန်လာတဲ့ အနေအထားကို တွေ့နေရပါတယ်။ ဆရာဦးဝင်းတင်က ဗိုလ်(ပြုပ်) ခင်ညွန့် ကို ဝေဖန်ရင်း ဒီကနေ့ နိုင်ငံရေး အခင်းအကျင်းကို အကဲဖြတ် ထားတာရှိပါတယ်။ “ကောင်းပါတယ်။ တရားအလုပ်ပဲလုပ်ပါ ဗိုလ်ခင်ညွန့်၊ အခုက အမျိုးသား နိုင် ငံရေးကာ လ ဆိုတော့ သူက အာဏာနိုင်ငံရေး သမား ကိုး” ဆိုတာမျိုး ပြောထားတာရှိတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ အခဲဖြတ်ချက် ကလည်း ဒီကနေ့ ကာလဟာ အမျိုးသား နိုင်ငံရေးကာလပါ၊ ABSDF ဟာလည်း “အမျိုးသား နိုင်ငံရေး လမ်း စဉ်”ကို ကိုင်ထား တဲ့ အဖွဲ့အစည်းပါ။ အမျိုးသားနိုင်ငံရေးကို ဗဟိုပြုပြီး ဖြစ်တည်နေတဲ့ နိုင်ငံရေး အခင်း အကျင်းမှာ အမျိုး သား နိုင်ငံရေးလမ်းစဉ်ကို ကိုင်စွဲထားတဲ့ ABSDF အနေနဲ့ အမျိုးသား နိုင်ငံရေး အင်အား စုများ ညီညွတ်ရေး ကိုလည်း မုချ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ABSDF ရဲ့ လတ်တလော လုပ်ငန်း စဉ်တွေ ဖြစ်တဲ့ ကျောင်း သားထု ညီညွတ်ရေး၊ အမျိုး သား နိုင်ငံရေးအင်အားစုများ ညီညွတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ အချိန်မှာ ဒီကနေ့ ဖြစ်နေတဲ့ အငြင်းအခုန်တွေကြောင့် မလိုလားအပ် တဲ့ ဘေးထွက် ကိစ္စတွေကို ကြုံနေရပါတယ်။ အခု ဝေဖန် ပြော ဆိုနေကြသူတွေထဲမှာ ဆိုရင် အရေးတော်ပုံ တပ်သားတွေလည်းပါဝင်နေတာပါ။ ကျနော်ကတော့အင်အားစုတွေအနေနဲ့ပိုမိုပြီး ပေါင်းစည်းလုပ်ဆောင်ကြ ရင်တော့ ဒီထက်ပိုကောင်းတဲ့ ရလာဒ်တွေ ရရှိလာလိမ့် မယ်လို့ မြင်ပါတယ်။ 

ကိုရစ်။ ။ အခုဟာက ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ချေမှုန်းကြ ဆိုတာမျိုး ဖြစ်နေ တယ်။ အခု စာက တမျိုးတော့ တမျိုးကြီးပဲ။ 
ညိုထက်။ ။ ကိုရစ်ရေ … အဆိုးမြင်တို့ ဘာတို့ဆိုတော့ ကြီးတယ်ဗျာ။ ကျနော်တို့အတွက်ရော အပြော ခံရမယ့်သူတွေအတွက်ပါ လေးစရာကြီး ဖြစ်နေတယ်။အဲလောက်ကြီးမဟုတ်ပေမယ့် တချို့ ကိုတော့ ပေါ့ပေါ့ ပါးပါးလေးပြောကြရအောင်ဗျာ …။ ပွဲလန့်တုန်းမှာ ဖျာခင်းမလို့ သူကြံရွယ်နေကြ တယ်ဆိုရင်ဖြင့် ကိုရစ်ရေ … တို့မှာချစ်သူရှိတယ် ရှင်ငရဲကြီးလိမ့်မယ်လို့။ အခု ဒိကြေငြာချက်က ချစ်သူတွေရဲ့ ကြေငြာစာတမ်း လို့ ပြောရင်လည်း ရသပေါ့ဗျာ။ 

ကိုရစ်။ ။ တခုခု နောက်က ကွယ်ပြီးတော့ ထုတ်သလို ဖြစ်နေတယ် နော်။ 
ညိုထက်။ ။ တခုခု နောက်ကွယ်က ရှိသလားဆိုတော့ မဟုတ်ပါဘူး။ အများကြီး ရှိနေတာပါ။ ဒီကြေငြာ ချက်ကို Stand For the ABSDF ဆိုတဲ့ အဖွဲ့က ထုတ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ကို ဒီလ ၁၃ ရက်နေ့လောက် က နိုင်ငံတကာရောက် ABSDF အဖွဲ့ဝင် တွေ ရဲဘော်ဟောင်းတွေက စုစည်းခဲ့ တာ ဖြစ် ပါတယ်။ တုန်လှုပ် စရာ ကောင်းလွန်းလှတဲ့ မြောက်ပိုင်း ဖြစ်ရပ်ကြီးကို ဖွင့်ချပြောဆိုကြရင်းကနေ ကျနော်တို့ ရဲ့ ဘ၀တွေ၊ အသက်တွေ၊ သွေးတွေနဲ့ ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ ၀ိဥာဉ်တွေ ပေါင်းစပ် ပါဝင်နေတဲ့ ABSDF ရဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေး ဂုဏ် သိက္ခာတွေ တစတစ လွင့်ကျ ပဲ့ကြွေနေတာကို မကြည့်ရက်တဲ့ အဝေးရောက်သား၊ သမီးတွေက တပေါက်စ၊ နှစ်ပေါက်စကနေ တစုတစည်း တည်း ပြောတဲ့ အဆင့် ကို ရောက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ Stand For the ABSDF ဆိုတဲ့ အင်အားစုကို အွန်လိုင်းပေါ်မှာပဲ သန္ဓေ တည် ခဲ့ပါတယ်။ နိုင်ငံအသီးသီးက ပါဝင်ခဲ့ကြပါတယ်။ ဒီရဲဘော်တွေဟာ ဝေဖန်ပြော ဆို နေကြ သူတွေကို တိုက်ခိုက်မယ် ဆိုတာမျိုးထက် ငါတို့ အားလုံး ထမ်းတင်ခဲ့တဲအလံကိုတော့ ဒီလို ပြောဆိုနေကြ တာတွေကို ပစ်မထားနိုင်ဘူးဆိုတဲ့ စိတ်ဓာတ်က ပိုများပတယ်။ အဲဒါ ရဲဘော်တွေ ဟာ အမေရိကန် ကနေ ရောက် လာကြတယ်၊ သြစတေးလျား ကနေေ၇ာက်လာကြတယ်၊ ထိုင်းနိုင်ငံ က ရောက် လာကြတယ်၊ နော်ဝေ က ရောက်လာကြတယ်၊ ဂျာမဏိက ရောက်လာကြတယ်၊ ဖန်လန်က ရောက် လာကြတယ်။ နယူဇလန် ကနေ ရောက်လာကြတယ်။ အဲဒီလိုနဲ့  ဒီကြေငြာစာတမ်းကို ထုတ်တဲ့အချိန် မှာတော့ Stand For the ABSDF  ရဲ့  အင်အားစုဝင်တွေဟာ ၁၀၀ ၀န်းကျင်ကို ရောက် လာပါတယ်။ ကြေငြာချက် ဝေပြီးတဲ့ အချိန်မှာ ဒီကြေငြာချက် ကို ထောက်ခံတဲ့ အဖွဲ့ဝင်တွေ၊ ရဲဘော်ဟောင်းတွေ ထပ်မံ တိုးတက် များပြား လာ ပါတယ်။

ဒီကြေငြာချက်ကို ဖြန့ချီတာ အဲဒီ အင်အာစုက ဖြန့်တာ ဖြစ်ပါတယ်။ ဆိုင်ရာ ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စား လှယ်တွေကို ရွေးချယ်ခဲ့ကြတယ်။ 

 အမေရိကားကတော့ ကျနော် (ညိုထက်) ရယ်၊   ဆောင်းယွန်းလရယ်၊ ကောင်းဇံရယ်၊
သြစတေးလျက ကိုသန်းထွဍ်ဆွေ၊ 

ဖင်လန်က ကျော်ဌေး၊ 

ဒိန်းမတ် - မျိုးဝင်း၊ စိုးမင်းအောင်၊ 

ကနေဒါ - အင်ယု 

ဆီဒင် - ဇော်လင်းထွေး 

ထိုင်း - မြတ်သူ 

နယူးဇီလန် - မင်းဇော်ရွှေ တိြု့ဖစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ကျနော် ညိုထက်နဲ့ ကိုသန်းထွဍ်ဆွေပါ။ 

ကိုရစ်။ ။ ဘာတွေကို စိုးရိမ်နေလို့လဲ 
ညိုထက်။ ။ ကျနော်တို့ စိုးရိမ်နေတာတွေကတော့ ဗမာပြည်အရေးပါ။ လက်ရှိ အခင်းအကျင်းအရ အမျိုးသား ရင်ကြားစေ့ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ရမှာ ဖြစ်သလို၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ABSDF၊ ၂၀၀၇ မျိုးဆက် ဗကသများ အဇွဲ့ချုပ်နဲ့ လက်ရှိ အစိုးရ အတွင်း ဒီမိုကရေစိ လိုလားတဲ့ အစုအဖွဲ့ကြီးတွေရဲ့ ညီ ညွတ်ရေးကို တွန်းတင်ရမယ့်အချိန် လို့ မြင်ပါတယ်။ ဆရာဒဂုန်တာရာကတော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လို့ ပြောပါတယ်။ ဆရာဥိးဝင်းတင် ကတော့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ နိုင်ငံရေး နယ်ပါယ် တိုးချဲ့ဖြန့်ထွက်နေတဲ့ အချိန်လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ ABSDF ဟာလည်း လက်ရှိ အစိုးရနဲ့ တန်းတူ ရင်ဘောင် တန်းပြီး နိုင် ငံရေး ပြဿ နာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ အစပြုနေချိန် ဖြစ်ပါတယ်။ ဒါဟာ ဘာကို ပြ တာလည်း ဆိုတော့ ABSDF ရဲ့ နိုင်ငံရေးဟာ တောတွင်း၊ နယ်စပ် နိုင်ငံရေးကနေ ပြည်တွင်း နိုင်ငံရေးအထိ တိုး ချဲ့ ဆောင်ရွက်ရတော့မယ့် ဆိုတာကို ပြနေတာ ဖြစ်ပါ တယ်။ သူ့ ကွင်းမှာ သူ့နိုင်ငံရေး သူလုပ်၊ ကိုယ့် ကွင်း မှာ ကိုယ့်နိုင်ငံရေး ကိုယ်လုပ်ဆိုတဲ့ အခြေအနေကနေ သူ့ကွင်းမှာ ကိုယ့်နိုင်ငံရေး သွားလုပ်ရမယ့် အခြေအနေဆီကို တိုးတက်ရောက်ရှိ သွားတာ ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ နိုင်ငံရေး ရှေ့တိုးသွားတာပါ။ ဒါကို အခွင့်အခါကောင်းလို့ မြင်ပါတယ်။ ဒီလို ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဗမာပြည် က မျှော် လင့်တကြီးနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ ဒီအခွင့်အခါကောင်းကို အမိအရ ယူနိုင်ရေး ဖြစ်ပါ တယ်။ ကိုရစ်ကို ကျေးဇူးတင်ပါတယ်။ ဒိလို ရှင်းလင်းပြောကြားခွင့် ပေးတဲ့အတွက်ပါ။ 

ညိုထက် (လမ်းသစ်ဦး) ၂၀ - ၂ - ၂၀၁၂  

http://www.scribd.com/doc/82796225/View-%E1%81%81ကူးယူဖော်ပြသည်။

No comments: