လက်ပံတောင်းတောင်ကြေးနီစီမံကိန်
အစိုးရအဖွဲ့ သမ္မတရုံးမှ လက်ပံတောင်းတောင် ကိစ
ၥကို
ပြည်ထဲရေးဝန်ကြီးဌာနအား ဖြိုခွဲရှင်း လင်းရန် တာဝန်ပေးအပ်ထားသော်လည်း
ရဲတပ်ဖွဲ့ဝင်များ၏ လုပ်နည်းကိုင်နည်း မကျွမ်းကျင်မှု နည်းစနစ် မသေချာမှု
နှင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများ အားနည်းခဲ့သောကြောင့် အရုပ်ဆိုး အကျည်းတန်သည့် အကြမ်းဖက်နှိမ်နှင်းမှုပုံစံဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့်
(၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း
(၂) အတွင်းစည်းအပြင်စည်းတားခြင်း
(၃) ထပ်မံသတိပေးခြင်း
(၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး လူစုခွဲခြင်း
(၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း
(၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း
(၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း
(၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ ၍ အကြမ်းဖျင်းအဆင့်များရှိပါသည်။
အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ သော်လည်း
အဆင့်(၅) စတင်ချိန်တွင် စမ်း သပ်လေ့ကျင့်ထားခြင်းမရှိသော
ဖော့စ်ဖောရပ်စ်ပါဝင်သော မီးခိုးဗုံးများဖြင့် ပစ်ခတ်ခဲ့ရာမှ အဆို
ပါဖော့စ်ဖောရပ်စ်မှာ လေနှင့်ဓါတ်ပြုပြီး ဟိုက်ဒရိုဂျင်နှင့်
အောက်စီဂျင်ဓါတ်ပေါင်းများကို မီးလောင် ကျွမ်းစေသဖြင့် အဆင့်(၄)တွင်
ရေဖျန်းခံထားရသော လူ၊ ရွက်ဖျင်တဲများနှင့် ပစ္စည်းများ ကို
မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်ခဲ့ရသည်။
အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက် လုပ်ရ မည် မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို အဆိုပါဖြစ်စဉ်တွင် ပါဝင်သည့် အမည်မဖေါ်လိုသူ ရဲ အရာရှိ တစ်ဦးက PDK ( People Development for Knowledge) နှင့် ဖုန်းဆက်သွယ်ရာ တွင်
ပြော ကြားခဲ့သည်။
အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆ သဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိုင်း
လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မမျှော်လင့်ဘဲ မီးများ ထလောင်ခဲ့သဖြင့်
ကြောင်ငေးကြည့်နေရပြီး နောက်ပိုင်းအဆင့်များကို အောင်မြင်စွာမဆောင်
ရွက်နိုင်ခဲ့ကြောင်း၊ ထိုသို့မီးများလောင်ကျွမ်းသဖြင့်  သံဃာတော်များ ဒဏ်ရာအနာတရ ရခဲ့မှုများရှိ သည်ကို သိရှိရသဖြင့် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားသည်။
သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေ အဆင့် အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း ၊ အောက်ခြေတွင် အသုံးပြုသော လက်နက် ပစ္စည်း များအကြောင်း မသိရှိပဲ လွဲမှားစွာအသုံးပြုခဲ့မိခြင်း၊ အဓိကရုန်းနှိမ်နှင်းရေးနည်းလမ်း များကို အခြေအနေနှင့်အညီ သင့်တော်အောင် အမိန့်မပေးနိုင်ခြင်းများကြောင့်  အရုပ်ဆိုး အကျည်းတန် ခဲ့ရပြီး လုပ်ပိုင်ခွင့်ရှိသူနှင့်ပစ်မိန့်ပေးသူ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို မှာ တာဝန်ရှိ
ကြောင်း တင်ပြ လိုက်ပါသည်။
Post by: People Development for Knowledge
ဆန္ဒပြသူများအား ဖြိုခွဲရှင်လင်းရာတွင် လုပ်ကိုင်နည်းအဆင့်ဆင့်ဖြစ်သည့်
(၁)ဆန္ဒပြသူများအား မိုက်ခ် များ အော်လံများဖြင့် သတိပေးခြင်း
(၂) အတွင်းစည်းအပြင်စည်းတားခြင်း
(၃) ထပ်မံသတိပေးခြင်း
(၄) အင်အားပြင်းရေပိုက်အသုံးပြုပြီး
(၅) မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများခွဲပြီး လူစုခွဲခြင်း
(၆) အဓိကခေါင်းဆောင်များကို ဖမ်းဆီးခြင်း
(၇) ဒါဏ်ရာရရှိသူများအား သက်ဆိုင်ရာဆေးကုသမှုပေးခြင်း
(၈) လူစုခွဲလုပ်ငန်းပြီးဆုံးခြင်းဟူ
အဆင့် (၄) အထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ
အဆိုပါ အဆင့်(၅)တွင် မမျှော်လင့်ဘဲ မီးတောက်မီးလျှံများ ဖြစ်ပေါ်ခဲ့သဖြင့် ဘာဆက် လုပ်ရ မည် မသိဘဲ ကြောင်ငေးကြည့်နေခဲ့ရကြောင်းကို
ပြော ကြားခဲ့သည်။
အဆိုပါ ရဲအရာရှိက မိမိတို့မှာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွင် အသုံးပြုခဲ့သော မီးခိုးဗုံးများဟုသာ ယူဆ သဖြင့် ဆန္ဒပြနှိမ်နှင်းရေးအဆင့်များအတိ
သို့ဖြစ်၍ လက်ပံတောင်းတောင် ဆန္ဒပြမှု လူစုခွဲရေးစီမံချက်သည် အထက်မှ အောက်ခြေ အဆင့် အထိ ကောင်းမွန်စွာ ကြီးကြပ်ကွပ်ကဲနိုင်မှုမရှိခြင်း
ကြောင်း တင်ပြ လိုက်ပါသည်။
Post by: People Development for Knowledge