စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်၊ ရွှေဘိုမြို့
မြောက်ဘက် ၄၅မိုင်ခန့်အကွာ ကျောက်မြောင်းကို ဗဟိုပြုပြီး ရစ်ခ်ျတာစကေးလ်
၆.၈ အဆင့်ရှိ ငလျှင်တခု လှုပ်ခဲ့သည်။ (မြေပုံ-U.S. Geological Survey)
ရွှေဘို ငလျင် လူ ၆ ဦးထက် မနည်း သေဆုံး
ထို့ပြင် ငလျင်ကြောင့် နေ့လည် ၁နာရီခွဲချိန်ထိ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရွှေတွင်းလုပ်သား ၁၁ဦးတွင်းထဲတွင် ပိတ်မိလျှက်ရှိနေသည်။
သေဆုံးသူများမှာ ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော မြစ်ကူးတံတားဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် သေဆုံးသူ ၂ ဦး၊ စဥ့်ကူးမြို့ ကျည်တောက်ပေါက် စားသောက်ဆိုင်တွင်သေဆုံးသူ ၂ဦး၊ စဥ့်ကူးမြို့နယ် နွယ်ရုံကျေးရွာတွင် သေဆုံးသူ ၁ဦးနှင့် မန္တလေးမြို့ သွေးလန့်သေဆုံးသူ ၁ဦးစုစုပေါင်း ၆ဦး သေဆုံးခဲ့ကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
ယင်းမြေငလျှင်မှာ မန္တလေးမြေငလျှင်စခန်း မှ မြောက်ဘက် ၈၂မိုင်ခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း ရွှေဘိုမြို့မြောက်ဘက် ၄၅မိုင်ခန့်အကွာ ဗဟိုပြုပြီး အင်အားပြင်းထန် အဆင့် ၆.၈ ရစ်စကေး လှုပ်ခတ်သွားပြီးယင်းငလျှင်သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း နေပြည်တော်မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ဧရာဝတီကို ပြောကြားခဲ့သည်။
ငလျှင်ကြောင့် ကျောက်မြောင်းနှင့် စဥ့်ကူးဆက်နွယ်သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား တိုင်အမှတ်MP 2 နှင့် MP3 ဆောက်လက်စ ငြမ်းများပြိုကျပြီး လုပ်သား၂ ဦး (အရပ်သားတဦး၊ ဝန်ထမ်းတဦး)သေဆုံးပြီး ၁၆ဦး ဒဏ်ရာရကာ ၅ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးက ပြောကြားသည်။
“ငလျှင်က တအားပြင်းတယ်ဗျ။ တံတားကတော့ ဆောက်လုပ်စမို့ သံချောင်းတွေကအခိုင်မာမရှိသေးဘူးလေ။ တစ်ယောက်ကတော့ ဆောက်လုပ်ရေးမှာ ထိခိုက်ဒဏ်ရာရပြီး သေတာ။နောက်တစ်ယောက်ကတော့ စားသောက်ဆိုင်မှာ ပြိုကျတဲ့ အဆောက်ဦးပိပြီး သေတာပါ” ဟုဦးလှဦးကပြောသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသော သဘောင်္နှစ်စင်းလည်းရေထဲသို့ မြှပ်သွားကြောင်း သိရသည်။ ယင်းသဘောင်္ကို ပြန်လည်ဆည်ယူရန် ကြိုးပမ်းနေကြောင်းသိရသည်။
စဥ့်ကူး ဒေသခံများ၏ ပြောဆိုချက်များအရလည်း ကျည်တောက်ပေါက် စားသောက်ဆိုင် ပြိုကျရာ လူ ၂ဦးသေဆုံးပြီး နွယ်ရုံကျေးရွာတွင်လည်း တံတိုင်းတခု ပြိုရာတွင် ၁ ဦး သေဆုံးကြောင်း သိရသည်။စဥ့်ကူးတွင် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ အက်ကွဲပျက်စီးခဲ့ကြောင်းသိရသည်။
မန္တလေးမြို့ ၌လည်း မန်းမြန်မာပလာဇာတွင် အက်ကွဲပျက်စီးမှုများရှိပြီး လျှောက်လမ်းခင်းကြွေပြားများအက်ကွဲခဲ့သည်။ ၂၅လမ်း၊ ၃၅လမ်းထောင့်ရှိ တိုက်တခြမ်း ပြိုကျခဲ့သော်လည်း လူအထိအခိုက် မရှိကြောင်းသိရသည်။ သို့သော်လည်း ၂၃လမ်းဘက်ရှိ နေအိမ်တွင် လေဖြတ်ဝေဒနာခံစားပြီး အိပ်ယာထဲ လှဲနေရသောအသက် ၆၀ ၀န်းကျင်ရှိ အမျိုးသမီးတဦးမှာ သွေးလန့်သေဆုံးသွားကြောင်း သိရသည်။
“ကျနော် အခု အသက် ၄၀ အထိ ကုန်ခဲ့သမျှ ငလျင်ထဲမှာ ဒီတစ်ခါ အပြင်းထန်ဆုံးပဲ။ မန္တလေးက အဆောက်အဦတွေမှာ ဆိုးဆိုးဝါးဝါး ထိခိုက်တာ မရှိခဲ့ပါဘူး။ ဒီတကြိမ် ငလျင်ဟာ မန္တလေးက အင်ဂျင်နီယာလောကကို သတိပေးလိုက်သလိုပါဘဲ။ အရင်က ငလျင်ဇုံ အဆင့် ၄ ထဲမှာရှိနေတာမို့ အဆောက်အဦးဆောက်တဲ့အခါ ငလျင်ဒဏ်ကိုပါ ထည့်သွင်း တွက်ချက်ကြရပါတယ်။ ရှေ့ ပိုပြီး သတိထားရပါတော့မယ်” ဟု မန္တလေးအင်ဂျင်နီယာတစ်ဦးဖြစ်သည့် ကိုဇင်မင်းဆွေက ပြောသည်။
အဆောက်အဦတင်မကပဲ အဆောက်အဦမှာ အသုံးပြုသော မှန်၊ အလူမီနီယံရဲ့ အရည်အသွေးကအစဂရုစိုက်ရန်လိုနေပြီ ဖြစ်ကြောင်း ကိုဇင်မင်းဆွေက ပြောကြားသည်။
မြေငလျှင်အင်အားပြင်းထန်မှုကြောင့် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ဇီးကုန်း၊ ကန့်ဘလူ၊ မုံရွာ၊ စစ်ကိုင်း၊မန္တလေး၊ မိုးကုတ်ရှိ နေအိမ်များ ပြိုကျ အက်ကွဲခဲ့ရပြီး စေတီပုထိုး အပြိုအပျက်များလည်း ရှိကြောင်း သိရသည်။
အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ် ၃၈ ရှိလေးမျက်နှာစေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် ၃၁ ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များမြေခခဲ့ရသည်။ ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး)စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့သည်။
ရွှေဘိုမြို့ အမှတ် ၅ ရပ်ကွက် ရွှေပေါ်ကျွန်းဘုရား အနည်းငယ် ပြိုကျ ပျက်စီးခဲ့ပြီး အနောက်ဈေးရပ်ကွက်ရှိလောကမာရဇိန် ဘုရားစောင်းတန်း ပျက်စီးမှုလည်း ရှိခဲ့သည်။
စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျပျက်စီးခဲ့ပြီး ယင်းရှိ အခြေခံ မူလတန်းကျောင်း ရှိကျောင်းဆောင်တဆောင် ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျခဲ့ကြောင်း သိရသည်။ ထို့ပြင်ရွှေကြက်ယက်တောင်ဘုရား တံခွန်တိုင်နှင့်မုခ်ဦး၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်း၊ ပရိယတ္တိ သတ္တမ ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့် ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့်မုခ်ဦးလည်း ပြိုကျခဲ့သေးသည်။ အမှတ်၂ ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ဦးဒဏ်ရာရခဲ့သေးကြောင်း သိရသည်။
မိုးကုတ်မြို့တွင်လည်း ဘုရားစေတီပုထိုးများ ပြိုကျပျက်စီးခဲ့ပြီး ဌာပနာများ ပေါက်ထွက်ခဲ့ကြောင်း သိရသည်။
နောက်ဆုံးရရှိသော သတင်းများအရ ဆေးရုံသို့ ရောက်ရှိသော အရေအတွက်ကို အခြေခံပြီး သေဆုံးသူ ၁၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၀ ဦး ရှိကြောင်း Save The Children က ပြောဆိုသည်။
အပြည့်အစုံဖတ်ရန် Article source: http://burma.irrawaddy.org/archives/25137 ***********************************************************************
ငလျင်ထပ်လှုပ်သဖြင့် ဒုတိယ သမ္မတလှည့်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ငလျင် ဒဏ်ကြောင့် ပျက်စီးပြိုကျ သွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံ ကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင် သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
The Voice Weekly
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဆောက်လုပ်ဆဲ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ
****************************************************************
ငလျင် ဒဏ်ကြောင့် ပျက်စီးပြိုကျ သွားသော ရတနာသိင်္ခ တံတားစီမံကိန်း သို့ နိုင်ငံတော် ဒုတိယ သမ္မတ လာရောက်နေစဉ် ငလျင် ထပ်မံလှုပ်ခတ် သဖြင့် ယင်းစီမံ ကိန်းသို့ မလာတော့ဘဲ လှည့်ပြန် သွားခဲ့ကြောင်း ယင်း စီမံကိန်း သို့ ရောက်ရှိနေသည့် မျက်မြင် သက်သေများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
The Voice Weekly
ငလျင်ဒဏ်ကြောင့် ပျက်စီးပြိုကျသွားသော ဆောက်လုပ်ဆဲ ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခ****************************************************************
နိုဝင်ဘာ ၁၁ က ငလျင်ပြင်းပြင်း လှုပ်သွားတဲ့ ရွှေဘိုအရှေ့ဘက် ကျောက်မြောင်းဆေးရုံရှေ့မှာ
ငလျင်ကြောင့် ရွှေတွင်း ပြိုကျပြီး ၁၁ ဦးပိတ်မိ
စစ်ကိုင်းတိုင်း
ဒေသကြီးတွင် ယနေ့ (နိုဝင်ဘာ ၁၁ ရက်နေ့) နံနက်ပိုင်းက လှုပ်ခတ်ခဲ့သော
အင်အားပြင်း ငလျင်ဒဏ်ကြောင့် စဉ့်ကူး မြို့နယ် ကန်တောင် ကျေးရွာ အနီးရှိ
ရွှေတွင်း တစ်ခု ပြိုကျပြီး ရွှေလုပ်သား ၁၁ ဦး ပိတ်မိနေကြောင်း
ရွှေလုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ ”
ငလျင်လှုပ်တော့ အလုပ်သမားတွေ မေ့မျော ကုန်တယ်။ ပြီးတော့ ပြိုကျလာတော့ အကုန်
ပိတ်မိသွားတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ယနေ့ က နံနတ်က လှုပ်ခတ်သွားသော ငလျှင်ကြောင့် မန်းမြန်မာဈေးချို ပလာဇာ ရှိ တောင်ဘက်အက်ကြောင်းများအား ပြန်လည်ပြုပြင်နေသည်။
ဓာတ်ပုံ-စွာလေး(မန္တလေး) Myanmar News International
အပြည့်အစုံဖတ်ရန် Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/4uNkbc5nKl4/blog-post_8002.html

မန္တလေးမှာ ငလျင်ထပ်လှုပ်
မန္တလေး-နိဝင်ဘာ၁၁
ယနေ့ညနေ ၅နာရီ ၂၅မိနစ် တွင် မန္တလေး၌ ငလျင်ထပ်မံ လှုပ်ခတ်သွားကြောင်း မန္တလေးမြို့ ခံ တဦးက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ အသေအပျောက်များတယ်လို့ ဖုန်းသတင်းရရှိပါတယ်။ ရတနာသီဟ ကားတစ်စင်းဆိုရင် ငလျင်ကြောမိပြီး မှောက်သွားတာ လူ၆ယောက် သေသွားတယ်လို့ပြောပါတယ်။ သပိတ်ကျင်းအချုပ်ခန်းထဲက လူတွေလည်းမြေပြိုတယ်လို့ပြောပါတယ်။
Diamond piazza မန္တလေးတွင်
ညနေ ၅း၃၅ နာရီ ငလျင်လှုပ်နေစဉ် မြင်းကွင်း
အပြည့်အစုံဖတ်ရန် Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/FFfNJo0i6yM/blog-post_5952.html

မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် အိမ် ၁၇ လုံး ပြိုကျပျက်စီး
November 11, 2012 11:39 pm
နောက်ဆက်တွဲ မြေငလျင်များ ထပ်မံလှုပ်ခတ်မည်ကို စိုးရိမ်သောကြောင့်နှင့်
ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့်
ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ ဘောလုံးကွင်းတွင် ယာယီစခန်းထိုး၍
နေထိုင်နေကြသော ဒေသခံများ။
မလားကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအများဆုံး ကျေးရွာများတွင် ပါဝင်ပြီး တစ်ရွာတည်းမှာပင် အိမ် ၁၇ လုံး ပြိုကျပျက်စီးခဲ့သည်။
ဓာတ်ပုံ – မျိုးမင်းဦး 7Day News Journal
အပြည့်အစုံဖတ်ရန် Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/eAAE8uyclKA/blog-post_382.html

ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂ
(မန်း)မိုးဇလမှ ငလျှင်သတင်း ထုတ်ပြန်ချက် အပြည့်အစုံ
၂၀၁၂
ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ၊ (၂၆)မိနစ်၊
(၂၀)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ၅၅
မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရွှေဘိုမြို့၏ မြောက်ဘက်
(၁၅)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး (၅.၈)အဆင့်ရှိ
နောက်ဆက်တွဲ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း
မိုးဇလက သတင်းထုတ်ပြန်ခဲ့။ DVB TV News
မိုးဇလ ငလျှင် သတင်း ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ငလျင်နောက်ဆက်တွဲ – မန္တလေးမြင်ကွင်းများ (Photos: ဘကြီးအောင် Mdy iCJ)
အပြည့်အစုံဖတ်ရန် Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/Gj0pbm8qkG8/blog-post_9895.html
ဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂဂမိုးဇလ ငလျှင် သတင်း ထုတ်ပြန်ချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ငလျင်နောက်ဆက်တွဲ – မန္တလေးမြင်ကွင်းများ (Photos: ဘကြီးအောင် Mdy iCJ)
အပြည့်အစုံဖတ်ရန် Article source: http://feedproxy.google.com/~r/thithtoolwin/yIWV/~3/Gj0pbm8qkG8/blog-post_9895.html
Myanmar Earthquake
11 November 2012
Local residence look at the bridge damaged by a strong earthquake as
Myanmar soldiers walk past them, in Kyaukmyaung township, Shwebo,
Sagaing Division, northwest of Mandalay, Myanmar, Sunday, Nov.11, 2012. A
strong earthquake of magnitude-6.8 struck northern Myanmar on Sunday,
collapsing a bridge and a gold mine, damaging several old Buddhist
pagodas and leaving as many as 12 people feared dead.(AP Photo) AP

No comments:
Post a Comment