Thursday, November 15, 2012

ဆန် နှင့် အခြားစားသောက်ကုန်ရှားပါး ပူတာအိုဒေသခံများ အကူအညီလိုအပ်


 

သော်တာဝင်း ကုပဏီလီမိတက်နှင့် ပူတာအိုသား ဆရာဦးဆိုင်မွန်သောင်းဆီနှင့်အဖွဲ့ပူးပေါင်းစီစဉ်ကာ ဆန်ရှားပါး မိသားစုများအတွက် ဆန်အိတ် (၁၅၀)ပေးလှူခဲ့ရာတွင် မိသားစု အိမ်ခြေ (၅၀၀) ကျေးရွာပေါင်း (၁၀) ရွာအထိပေးကမ်းဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။  လိုအပ်ချက်နှင့် နှိုင်းစာသော်ကူညီကယ်ဆယ်မှုများသည် အထူးအားနည်းနေသေးကြောင်း၊ ဒေသခံအများစုအဖို့ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိသည်ဟုကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူအချို့ သုံးသပ်ပြောကြားသည်။  မြစ်ကြီးနား- ပူတာအို ကားလမ်းအဆက်အသွယ်ပြတ်သွားခြင်း၊ ရာသီ ဥတုပြောင်းလဲကာ လယ်ယာမြေ ရေတိုက်စား၊
ရေမြုပ်ခြင်း စသည့်အခြေခံ အကြောင်းများကြောင့် ဒေသခံများ ဆန်စပါးရှားပါးရခြင်း ဖြစ်ကြောင်း သိရသည်။ ယခုဆောင်းစပါးပေါ်ပြီဖြစ်၍ ဆန်ဈေးအနည်းငယ် သက်သာလာသော်လည်း အခြားစားသောက်ကုန်များ
ဈေးနှုန်းကြီးမြင့်လျှက်ရှိသောကြောင့်လူသာချင်းစာနာသော အားဖြင့် အကူအညီအထောက်အပံ့ပေးလိုသူများအောက်ပါပုဂ္ဂိုလ်များသို့  ဆက်သွယ် နိုင်ကြောင်းသိရသည်။
ဒေါက်တာ ထွန်းထွန်းဘရန် email: johnbrang@gmail.com ph: 0949587603ဆရာဦးဆိုင်မွန်သောင်းဆီ email: hoperays@gmail.com ph: 0973101970ဆရာဦးဂျေဆာရဲ့ email: walawj10@gmail.com ph: 0949233628

H.N သတင်းအဖွဲ့

No comments: